ဝါစာကမာ ရေးမိရေးရာ


ခင့်ပါးပြင်ပေါ်က မွှေးလျလျ သနပ်ခါး
မောင့်ပါပြင်ပေါ်က နွမ်းလျတဲ့ မျက်ရည်
ဒီနှစ်ခု ငြိမ်းချမ်းရေး ရသွားရင်
လောကကို အလှဆင်မယ့်
ဆေးတစ်စက် ဖြစ်သွားမှာပါခင် ရယ်။


++++++++++++++++++++++
ကြောင်ကြာကြာ ရေမငုတ်နိုင်ဘူး
ယောင်ချာချာ ကိုယ်တစ်ယောက်တည်းမှာဖြင့်
မာန်တင်းလို့ ပြင်ကာနေ
ဟန်ရေးဖွဲ့လို့ ပြန်ရေးခက်သမို့
အလိုလေ
ဘယ်နှာကြီးပါလိမ့်
လွမ်းရက်ကယ် ဖြေမဆည်းနိုင်
ခင်လေးရေ ပြန်လာခဲ့တော့
ရင်မှာလေ ဗျာပါလိုက်ဆွေး
တောင်ပုံရာ အဝတ်တစ်ပုံနဲ့
လှမ်းလင့်လို့ ကြိုကာနေမယ်
အလွမ်းသင့်တဲ့ ဒဏ် မချိအောင် ခံနေရတာမို့
ခက်ချေပြီ နောင်ခါများမှာဖြင့်
တစ်ယောက်တည်း ချက်ကာစား
လက်မောင်းတော်ပင့် အားမာန်ကိုတင်း
ဆေးပေအုံးတော့ ပုဂံတွေ
အိုကွယ်
လွမ်းလှချည်ရဲ့။

ပြစ်ဒဏ်





သည် တရားရုံးခန်း အတွင်းသို့ အေးဆေးစွာ လမ်းလျှောက်လာသည့် မြကြည်၏ အသွင်သဏ္ဍာန်က တရားရုံးသို့ တရားရင်ဆိုင်ရန်လာသည့် တရားခံတစ်ယောက်နှင့်မတူ။ အလွန် အေးချမ်းသည့် တည်ငြိမ်မှုဖြင့် ခရီးဝေးမှ အိမ်ပြန်လာသည့် လူတစ်ယောက် အလား။ လူတိုင်း မျက်လုံးက မြကြည်ကိုသာ ငေးမောကြည့်နေရလေသည်။

သူမ၏ မျက်လုံးများက သိမ်ငယ်ခြင်း၊ အားငယ်ခြင်း ဆိုသည့် အရိပ်အရောင်များ မရှိ။ အကြည့်တစ်ချက် ဝေ့ကာ ဝေ့ကာ ကြည့်သည့် အခိုက်တွင် စိန်ပွင့် ငယ်များ အလား တဖျတ်ဖျတ် တောက်ပနေလျက် စူးရှသည့် သူမ၏ မျက်ဝန်း အစုံက လူတိုင်း၏ စိတ်နှလုံးကို သိမ်းကြုံး ဖမ်းစားကာ တုန်လှုပ် စေသည်။ ရီေ၀ ညို့ယူသည့် ညို့ ဓာတ်များ မရှိ၊ ပျော်ရွှင်ကြည်နူး နှစ်သိမ့်စေတတ်သော အကြင်နာ ရိပ်များလည်း မသန်း၊ ခက်ထန် တင်းမာသော မာန်မာနများလည်း လွှမ်းမိုးမှု မရှိပဲ ကြည်လင်တောက်ပ ခံစားချက်မဲ့သော နက်မှောင်သည့် သည်မျက်လုံးများသည် ခံစားချက်ကို ဦးစားပေးလေ့ရှိသော လူသားကမ္ဘာမှ လူများကို ဆန့်ကျင် တိုက်ခိုက်နေသည့်နှယ်။

မြကြည်၏ ယဉ်ကျေး သိမ်မွေ့ နုညံ့ဟန်သည် လွန်ခဲ့သည် နှစ်ရက်က လူတစ်ယောက်အား သွေးအေးအေးနှင့် သတ်ခဲ့သည့် မိန်းမတစ်ယောက်ကဲ့သို့ လားလားမျှ မအပ်စပ် ဆက်စပ်ယူလို့မရပေ။ သဘာဝက ပေးသည့် ဆန့်ကျင်ဖက် လိင်များအား အလွယ်တကူ ဆွဲဆောင်နိုင်သည့် အလှတရား ဆုလဒ်ကို ပိုင်ဆိုင်ထားသည့် လူသတ်သမား မိန်းမတစ်ယောက်၏ ခန္ဓာကိုယ် အချိုးအစားကို လူတိုင်းက ငေးမောကြည့်ရှု့နေရသည့် တရားရုံးအတွင်း သည်မြင်ကွင်းက အလွန်ရီဖို့လည်း ကောင်းလှပါသည်။ သည် တရားရုံးခန်းအတွင်းရှိ လူများက မြကြည်အပေါ်တွင် စီရင်ချက် ချမည့် တရားစီရင်သူများ၏ နောက်ဆုံးအမိန့်ကို လက်ခုပ်တီး သြဘာပေးကြရန် လာရောက် နားထောင်ကြသူများဖြစ်ကြသည်။ လူတိုင်း ကလည်း သည်မိန်းမတော့ သူမကျုးလွန်ခဲ့သည့် လူသတ်မှုအတွက် သေဒဏ်ပဲ ရမှာပဲ၊ တချို့ကလည်း သေဒဏ်ပဲ ပေးသင့်တယ် အစရှိသည်ဖြင့် အမျိုးမျိုး ထင်မြင်ယူဆချက်များ ပေးနေကြသည်။ ထိုကဲ့သို့ ထင်မြင်ချက် အမျိုးမျိုးပေးကြရင်း မြကြည် အတွက် စီရင်ချက်ကို လက်ခုပ်တီးကြမည့်သူများသည် တရားစီရင်ရာ အခန်းထဲ သိမ်မွေ့စွာလမ်းလျှောက်ဝင်လာသည့် မြကြည် ကို တွေ့မြင်လိုက်ရသည့် အခိုက်အတန့်ကာလအတွင်း တွေေ၀ ငေးမောကုန်ကြရ၏။ မြကြည်၏ ပျိုမြစ် နုယဉ်သော အလှသည် မြင်တွေ့ရသူအပေါင်း သူမအပေါ်ထားရှိသော သူတို့၏ ရက်စက်တတ်သော စိတ်ဆန္ဒကို နောင်တရစေသည်။ တနည်းအားဖြင့် မြကြည်၏ အလှက ရှုမြင်ရသူတိုင်းကို စက္ခုပဒသာ ပြေပြစ်စေလျက် ရက်စက်တတ်သည့် စိတ်နှလုံးရှိသူကိုပင် သိမ်မွေ့နုညံ့စေလေသည်။

သို့ပေမယ့်လည်း ဒီတရားရုံးခန်းထဲတွင် အာဃာတမီးများ တလျံညီးညီး လောက်မြိုက်လျက်ရှိသော လူတစ်စုရှိနေပါသေးသည်။ အသေအချာကြည့်ပါက ထိုလူများသည် မြကြည် သတ်ခဲ့သည့် လူ၏ မျက်နှာသွင်ပြင် ပုံပန်းသဏ္ဍာန် ဆင်တူကြလျက် အသတ်ခံရသူ၏ ဆွေမျိုး အပေါင်းအပါများ ဖြစ်ကြသည်မှာ ယုံမှားဘွယ် မရှိပေ။ သူတို့ လိုချင်သည်က မြကြည်အတွက် အဆုံးစွန်း အမြင့်မားဆုံးပြစ်ဒဏ်ကိုသာ ချမှတ်စေချင်ကြသည်။ သေဒဏ်မှ လွဲ၍ အခြားဘာများ ဖြစ်ချေမည်နည်း။ သူတို့သည် မြကြည်အား သေစားသေစေချင်ကြသည်။

တရားစီရင်ချက် ချမည့် ဒီနေ့အဖို့ အဖြူရောင် ပိုးလုံချည် ပျော့ပျော့ နှင့် အပြာရောင် ရင်ဖုံးလက်ရှည် အင်္ကျီကို ဝတ်ဆင်ထားသော မြကြည်၏ ကျော့ရှင်းသော ကိုယ်ဟန်အမူအရာက အားလုံးထဲတွင် တမူထူးခြားလွန်းလှပေသည်။ ခြေလှမ်းများ အသိမ်းအနုပ် အကြွအလှမ်းတိုင်းတွင် ပိုးကတီပါ လုံချည်၏ နုညံ့မှုက သူမ၏ သွယ်စင်း ရှည်လျားလျက် တောင့်တင်းလှသော ပေါင်လုံးရှည်များကို အချိုးအစားကျနစွာ ပုံဖေါ်ပေးလျက်ရှိနေသည်။ ပိတုန်းရင့်ရောင် ဆံပင်တစ်ထွေးကို သူမ၏ ညာဖက် ရင်အုံးပေါ်တွင် ဖြေလျော့ ချလျက် သွယ်သွယ်လျလျ နုထွေးလှသော လက်ဖဝါးဖြင့် မခို့တရို့လုံးထွေးကာ ဆံပင်များ လေအလွင့်တွင် ပါတော့မည့် စိုးရိမ်ဟန်ဖြင့် ထွေးပွေ့ထားလျက်ရှိသည်။ ရံဖန်ရံခါ ဆံပင်များကို လိပ်တင်လျက် တဖန် စိတ်ပြောင်းသွားသည့် ဟန်ဖြင့် ပြန်ချကာ နက်မှောင်လွန်းလှသည့် သူမ၏ ဆံကေသာများက လက်ကနဲ လက်ကနဲ ဖွာကြဲလျက်ရှိနေသည်။

တကယ်တော့ မြကြည်၏ အလှသည် ယုံကြည်မှုဖြင့် တည်ဆောက်ထားသော အလှ။ မြကြည်သည် ကိုယ်တွင်ပိုင်ဆိုင်ထားသော မိန်းကလေးတစ်ယောက်၏ ကိုယ်ပိုင်အလှကို ယုံကြည်သည်။ ဘယ်သောအခါမျှ လွန်ကဲစွာ ပြင်ဆင်ခြင်း မရှိ၊ မကြာခဏဆိုသလို မှန်ကြည့်တတ်သည့် မှန်ကြိုက်မမျိုး မဟုတ်ပဲ ကိုယ်ပိုင် အလှအပေါ်တွင် ယုံကြည်မှုဖြင့် ထပ်ဆင့်မွန်းမံထားသော နှစ်ထပ်ကွမ်း အလှပိုင်ရှင်မျိုး။ သူမကိုယ်တိုင်လည်းသိသည်။ သူမသည် သဘာဝက ဖန်တီးပြင်ဆင်ပေးထားသော အလှပိုင်ရှင်။ မြကြည်ကို တွေ့မြင်သူတိုင်းက သူမသည် သူမပိုင်ဆိုင်သည့် အလှတရားဖြင့် လူအပေါင်းအား ညို့ယူဖမ်းစား လှုပ်ခါနိုင်စွမ်းရှိသူ ဖြစ်ကြောင့် ဝန်ခံရပေလိမ့်မည်။

တရားရုံး၏ ဝင်ပေါက် တံခါးကို ဖြတ်လျက် အခန်းထဲသို့ မဝင်ခင် အခိုက်အတန့်အတွင်း လှမ်းနေသည့် ခြေလှမ်းကို အသာအရာ ရပ်တန့်ကာ အခန်းတွင်းသို့ မျက်လုံးဝေ့ကြည့်လေသည်။ အခန်းအတွင်း၌ ရှိနှင့် နေပြီးသော လူအုပ် အတွင်းသို့ မျှော်လင့်ချက်များဖြင့် တောက်ပလျက်ရှိသော မျက်လုံးအစုံဖြင့် တစ်ဦးချင်းဆီကို လိုက်လံကြည့်ရှု့ကာ သူမတွေ့ချင်လွန်းလှသော လူတစ်ယောက် သည်လူအုပ်ထဲတွင် ပါဝင်လေမလား။ “သူ ဒီကို လာမှ လာပါ့မလား” တုန်လှုပ်နေသော အတွေးစတစ်စ က တိတ်တခိုးလေး အတွေးထဲ ဖြတ်သန်းသွားခဲ့သည်။ တစ်ဦးတစ်ယောက်ချင်းကို ကြည့်ရှု့သွားပြီးတိုင်း မျှော်လင့်ချက် အခိုးငွေ့တန်းများက သူမ၏ လှပသော မျက်လုံးအစုံမှ မှေးကာ မှိန်ကာဖြင့် တဖြည်းဖြည်းချင်း အားနည်းသွားကြကာ နောက်ဆုံး သူမ၏ နဂိုမူလက ရှိနှင့်ပြီးသော ခံစားချက်မဲ့နေသော မျက်လုံး အစုံအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။ မခံရပ်နိုင်သော နာကျင်မှုနှင့် သက်ပြင်းကို တိုးညင်းစွာချလျက်
“ငါ သူကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူး” ဟု တီးတိုးရေရွှတ်မိသည်။ထို့နောက် ရပ်တန့်ထားသောခြေလှမ်းကို အသာအယာ ကြွလှမ်းလျက် ပိုးထမိန်ပျော့ပျော့ကို ခြေဖျားတွင် ခပ်ကာ အခန်းထဲသို့ လမ်းလျှောက် ဝင်ရောက်သွားခဲ့သည်။

အရှေ့ဆုံးမှ ခုံတန်းတွင် အားလုံးကို ကျောပေးလျက်၊ စီရင်ချက်ချမည့်သူများကို မျက်နှာမူကာ ထိုင်ချလိုက်သည်တွင် သူမနံဘေး၌ မည်သူမှ ထိုင်မနေသည်ကို သတိပြုမိသည်။ အမုန်းမီးတောက်များဖြင့် တောက်လောင်နေသော မျက်လုံးများ၊ မနာလိုဝန်တိုခြင်းများ၊ ပြင်းပြသော ဝေဒနာခံစားချက်ပေါင်းမြောက်မြားစွာဖြင့် ခြုံလွှမ်းထားသော ရုံးခန်းအတွင်းထိုင်နေကြသည့် သည်လူအပေါင်းတို့ အလယ်တွင် မြကြည်သည် လုံခြုံမှုပျောက်ဆုံးနေသော တစိမ်းပြင်ပြင် ဖြစ်နေချေသည်။

မြကြည်၏ စိတ်ကူး မိုးတိမ်တောင်တိုက် အထဲတွင် အမြဲတမ်း တစ်ဆို့နေလေ့ရှိသော အစိုင်အခဲများ အကြောင်း ရုတ်တရက် စဉ်းစားမိလေသည်။ “ငါ့ရဲ့ ရင်ထဲမှာ ဘာမှ မရှိတော့တဲ့ ဒီ နတ္တိတရားကို ခံစားနေရပြီပဲ။ ငါဖြတ်သန်းလာခဲ့တဲ့ အတိတ်ကအကြာင်းအရာတွေ၊ လက်ရှိ ဖြစ်ပျက် ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို စဉ်းစားကြည့်မိတိုင်း ငါ့ရင်ထဲမှာ သန်းပေါင်းမြောက်မြားစွားသော နာကျင်မှုတွေနဲ့ ပြည့်နှက်နေပါလား။ ဒီနာကျင်မှုတွေဟာ ငါ့ကိုယ်မှာ ဘာမှ မကျန်တော့တဲ့ အထိ ထိုးနှက်ခဲ့ကြတယ်။ တကယ်တော့လည်း ငါဟာ ဒီလူတွေရဲ့ ကမ္ဘာနဲ့ ငါပိုင်ဆိုင်တဲ့ ငါ့ကမ္ဘာကြားထဲမှာ ပျောက်ဆုံးနေရသူပါပဲလား။ ငါ့ကမ္ဘာထဲမှာဆိုရင် ရဲရဲဝန့်ဝန့် အသက်ရှုရဲတဲ့ ငါဟာ ဒီအခြားကမ္ဘာက လူတွေအကြားမှာ သူတို့ရဲ့လိုအင်ဆန္ဒတွေ ဖြည့်ဆည်းပေးရင်းနဲ့ အသက်တောင် မရှုဝန့်ပဲ မောပမ်း နွမ်နယ် လှပြီကွယ်”
သူမ၏ အတွေး တိမ်ဆိုင်များသည် လိမ့်ကာ လိမ့်ကာ လွင့်ပါးစီးမျှောနေရင်း အထီးကျန်ဆန်အဖော်မဲ့ခြင်း ရနံများဖြင့် မူးရစ်တွေဝေ ငေးမောနေမိသည်။

မြကြည်၏ အဇ္ဈတ္တစိတ်သဏ္ဍာန်သည် ဤအခန်းအတွင်းမှလူအပေါင်းတို့၏ ကိုယ်ပိုင် အတ္တများ၊ ဒေါသများဖြင့် တည်ဆောက် ဖွဲ့စည်းထားသော ကမ္ဘာဖြင့် မည်သို့မျှ ပေါင်းစပ်၍ မရနိူင်ခဲ့ချေ။ ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လာကြသော သူတို့၏ မျက်လုံးများကို လစ်လျူရှု ဖယ်ရှားပစ်လိုက်ကာ သူမပိုင်ဆိုင်သော စိတ်အာရုံအတွင်းတွင် လုံးဝ ငြိမ်းချမ်းသော ကိုယ်ပိုင် ကမ္ဘာတစ်ခုကိုသာ တည်ဆောက်နေလေတော့သည်။

တရားစီရင် ဆုံဖြတ်ချက် ချမည့်သူများသည်လည်း သင့်တော်သည့် နေရာတွင် ထိုင်နေကြကာ မြကြည်၏ လူသတ်မှု ကို အမျိုးမျိုး အဖုံဖုံ စစ်ဆေးမေးမြန်းရန် အဆင်သင့် ဖြစ်နေကြလေပြီ။ တရာသူကြီးမင်းက အခြား တရားရုံး အဖွဲ့ ဝင်များ၏ အလယ် ထိပ်ဆုံးတွင် ထိုင်လျက် လောကစည်းစိမ်ကို ပြည့်ဝစွာ စားသုံးထားကြောင်းကို သူ၏အဆီများပြည့်ဖောင်းနေသော ခန္ဓာကိုယ် အသွင်သဏ္ဍာန်က ဟစ်ကြွေး အော်မြည်နေသယောင်ပင်။ ကြင်နာသနားတတ်သည့် အရိပ်အယောင်ပင် သူမျက်နှာ၌ ရှာ၍ မတွေနိုင်ခဲ့ချေ။ မြကြည်၏ လူသတ်မှုကို ကိုယ်တွယ်ဖြေရှင်းရန် အထက်မှ အရာရှိများက ဤတရားသူကြီးအား အသေအချာ စီစစ် ရွေးချယ်ခန့်အပ်ခဲ့ပေသည်။ မြကြည်အတွက် သနား ညှာတာ ထောက်ထား ပေးမည့် စီရင်ဆုံးဖြတ်ချက်မျိုးကို မျှော်လင့် နေမည့် အစား မိမိအား စော်ကားခဲ့သည့် ယောင်္ကျားတစ်ယောက်အား ကိုယ့်ကိုယ်ကို ကွာကွယ်သည့် အနေဖြင့် သတ်ခဲ့သည့် အတွက် ချမှတ်မည့် သေဒဏ်ကို ရဲဝန့် ဂုဏ်ရှိစွာ ခံယူရန် လူသားတစ်ယောက်အနေဖြင့် အဆင်သင့် ဖြစ်နေလေပြီ။

“မင်း ဘာကြောင့် ဒီလူကို သတ်ခဲ့တာလဲ” ဟု တရားသူကြီးမင်းက မေးခွန်းကို စတင် မေးမြန်းလေသည်။ မှုခင်း စတင်ဖြစ်ပွားစဉ် ကတည်းက မြကြည် ပြစ်မှုကျုးလွန်ရခြင်း၏ နောက်ကွယ် မှ အကြောင်းအရင်းကို ဖြောင့်ချက်ပေးရင်း အကြိမ်းပေါင်းမြောက်မြားစွာ စစ်ဆေးမေးမြန်းခြင်းကိုလည်း ဖြေကြားခဲ့ပြီးပြီ။ လူတိုင်းသည်လည်း ဤမေးခွန်း၏ အဖြေကို သိနေကြပြီးဖြစ်သော်လည်း မြကြည် သည်အဖြေကို ထပ်မံဖြေကြားရပေအုံးမည်။ အဖန်တလဲလဲ လျှော်ဖွတ်ထားသော မွဲပြာပုဆိုးကဲ့သို့ သူမ၏ တုန့်ပြန်ဖြေကြားရမည့် အဖြေသည်လည်း ထုံထိုင်းနေသော မွဲပြာအဖြေပဲ ဖြစ်လာလိမ့်မည်။ တကယ်တော့လည်း သည်လူများက သူတို့ပြုလုပ်နေသည့် အရာများသည် မှန်ကန်ကြောင်း သက်သေပြချင်သည့်အတွက် ဟန်ဆောင် မေးမြန်းနေကြခြင်းဖြစ်သည်။ဤ သည်ကို လိုအပ်၍ဟူသော အကြောင်းပြချက်ဖြင့် ပြကြပြန်သည်။

“သူက ကျွန်မကို ညှဉ်းပန်း နှိတ်စက်ပြီး မုဒိမ်း ကျင့်ဖို့ ကြိုးစားခဲ့လို့ပါ"
ခံစားချက် ကင်းစင်သော လေသံံဖြင့် မြကြည်သည် တုန့်ပြန် အဖြေကို ဖြေကြားခဲ့သည်။ ဟန်ဆောင်ခြင်း မရှိ။ ဖုံးကွယ်ခြင်း မရှိ။ ကြောက်ရွံခြင်း မရှိ။ တောင်းပန် အသနားခံခြင်း လည်း မရှိ။
တရားသူကြီးမင်း က မေးခွန်းကို ဆက်လက်၍ မေးမြန်းပြန်သည်။
“ဒါဟာ မင်းကိုယ်မင်း ကာကွယ်တာကို ပြောချင်တာလား”
“ဟုတ်ပါတယ် ရှင်”
သူမ ၏ အဖြေတွင် နောင်တရခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မရှိ။ တင်းမာ ပြတ်သားသော လေသံလည်း မဟုတ်။ ပျော့ပြောင်း သိမ်ငယ်သော လေသံလည်း မဟုတ်။ ရိုးရှင်းစွာပင် “ဟုတ်ပါတယ် ရှင်” ဟု တုံ့ပြန် ဖြေခဲ့သည်။
တရားရုံးခန်းမ တစ်ခုလုံးသည် တရားသူကြီး ၏ မေးခွန်းများ၊ မြကြည်၏ ပြန်လည် ဖြေကြားသည့် အသံများဖြင့်သာ လွှမ်းမိုးနေလျက် အခန်းထဲတွင် သူတို့ နှစ်ယောက်ထဲ ရှိသည့် အလား ထင်မှတ်ရပေသည်။ တရားသူကြီးမင်းက မေးခွန်းတစ်ခု မေးလိုက်တိုင်း နားထောင်နေကြသူ အပေါင်းက မြကြည် မည်ကဲ့သို့ တုန့်ပြန်ဖြေဆိုမည်ကို စိတ်လှုပ်ရှားစွာ နားစွင့် နေကြလျက် မြကြည် မဖြေဆိုခင် ကာလအတိုင်းအတာသည် အပ်ကျသံကြားလောက်အောင်ပင် တိတ်ဆိတ်နေလေ့ရှိသည်။
“မင်း ကိုယ့် ကိုယ်ကို ဘယ်လို ကာကွယ် ခဲ့ သလဲ”
“ကျွန်မ လက်နဲ့ သူကို တွန်းထုတ်ပြီး ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် မီးဖိုဆောင်မှ တွေ့တဲ့ ဓားနဲ့ပဲ သူ့ကို ထိုးနှက်ခဲ့ပါတယ်”
“မင်း သူ့ကို ဘယ်နှစ်ကြိမ် ထိုးနှက် ခဲ့သလဲ”
“ကျွန်မ မမှတ်မိတော့ ပါရှင်”
မြကြည် ဖြေသည့် အဖြေကို မကြေနပ်၍ ဆန္ဒပြ ဟစ်အော်သံများက လူအုပ်အတွင်းမှ ရုတ်ချည်း ဆိုသလို ဟိန်းထွက်လာခဲ့သည်။
တရားသူကြီးမင်း လည်း ဆူညံပွက်လော ရိုက်နေသည့် လူအုပ်ကို ငြိမ်သက်စေရန် အမိန့်ပေးပြီ “မင်းဟာ အချက်ပေါင်း ၂၀ ကျော် ထိုးနှက်ခဲ့တယ်” ဟုဆိုကာ ရဲ ဋ္ဌာနမှ လူသတ်မှု စစ်တမ်းကို ဖတ်လျက် မြကြည်အတွက် အဖြေကို ဖြည့်စွက် ပေးသည်။

အချက်ပေါင်း မည်မျှ ထိုးစိုက်ခဲ့သည်ကို မြကြည် အမှန်တကယ်ပင် မမှတ်မိတော့ပါ။ မိမိ မုဒိမ်းကျင့်ခံမည့် ဘေးမှာ ကာကွယ်ရန် လူတစ်ယောက်ကို ဓားဖြင့် ထိုးနှက် နေခိုက် မည်ရွေ့ မည်မျှ ဟူ ၍ အကြိမ် အရေအတွက်ကို လည်း မရေတွက်နိုင်အား။ ကြောက်မက်ဖွယ်ရာ ရက်စက်ယုတ်မာသော မုဒိမ်းကောင်၏ အန္တရာယ်မှ လွတ်မြောက်အောင် ကြိုးစားရသည့် စိတ်အာရုံတစ်ခုတည်းသာလျင် သူမ စိတ်သဏ္ဍာန်တွင် ကပ်ညှိနေခဲ့သည်။

မြကြည် နားလည်ပေးပါသည်။ သူမ သတ်ခဲ့မိသည့် လူ၏ ဆွေမျိုးသားချင်း များသည် သူတို့ ချစ်ခင်သည့် လူတစ်ယောက် သေဆုံးသွားရခြင်းအတွက် တုံ့ပြန်လက်စားချေလိုကြပေမည်။ ဤသည်ကား လူ့သဘာဝပေသည်။ သို့ပေမယ့်လည်း ထိုလက်စားချေ တုံ့ပြန်လိုသူများကို မြကြည်၏ ဘဝဖြင့် ပေးဆပ် အလျော်ပေးရမည်ဆိုလျှင် အဓိပ္ပာယ် မရှိ။ ထိုပေးဆပ်ခြင်းသည် အပြစ်ဒဏ်မဟုတ်။ မြကြည်သည် တရားသူကြီးက ချမှတ်မည့် အပြစ်ဒဏ် အမျိုးမျိုးကို ပွေ့ဖက် ကြိုဆိုရန် အဆင်သင့်ရှိပါသည်။ သို့ပေမယ့် လက်စားချေ တုန့်ပြန်ခြင်းမျိုးကိုတော့ မဟုတ်။

လူ့အဖွဲ့အစည်းက လက်ခံထားသော သဘောတရားအရ ပြစ်မှုတစ်ခုအတွက် သင့်တင့် လျောက်ပတ်သော ပြစ်ဒဏ်တစ်ခု ရှိသင့်သည်။ဒါဆိုလျှင် လူတစ်ယောက်က အခြား လူတစ်ယောက်ကို သတ်လိုက်သည့်အတွက် ထိုသတ်လိုက်သည့်လူအတွက် ပြစ်ဒဏ်သည် သေစား သေစေသည့်အပြစ်ဒဏ်ပေလော။ တကယ်တော့ အပြစ်ပေးခြင်းဆိုသည်မှာ အမှားအယွင်းပြုလုပ်ခဲ့သည့် အပြုအမှုအတွက် ယာယီအပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သင့်သည်။ သေစားသေစေသည့် အပြစ်ဒဏ်သည် ယာယီအပြစ်ဒဏ်ခတ်ခြင်းနှင့် လားလားမျှ လျှော်ကန်သင့်မြတ်ခြင်း မရှိ။ တစ်စုံတစ်ယောက်သည် ကိုယ်ပိုင် အမှားများကို လေ့လာသုံးသတ်ရန်ဖြစ်သည်။ အကယ် ၍ လူတစ်ယောက်သည် သူ၏အမှားများအတွက် သူ၏ဘဝဖြင့် ပေးဆပ်ရမည် ဆိုပါက ထိုသူသည် မည်ကဲ့သို့ အမှားကို ပြန်လည် လေ့လာ သုံးသတ်နိုင်မည်နည်း။ သေစားသေစေ အပြစ်ဒဏ်ခတ်ခြင်းသည် ပြစ်မှုကျုးလွန်သူအား သူ့အမှားအတွက် ပြန်လည် သုံးသတ်နိုင်ခွင့် မရှိသလို၊ လူ့ အဖွဲ့ အစည်းသည်လည်း ပြန်လည် သုံးသတ်နိုင်စွမ်း မရှိတော့ပေ။ လူအဖွဲ့ အစည်းသည် ပြစ်မှုတစ်ခုကြောင့် ပျက်ဆီးသွားသော အခြေအနေတစ်ခုကို ပြန်လည်ပြုပြင်ဖာထေးရန်အတွက် ပြစ်ဒဏ်များကို တောင်းဆိုလေ့ရှိကြသည်။ လူတစ်ယောက်အား သေစားသေစေ ပြစ်ဒဏ်ချမှတ်ခြင်းသည် မည်သည့် အခြေအနေ အရပ်အရပ်ကိုမျှ ပြန်လည်ပြုပြင် ဖာထေးခြင်းမရှိ။ ထို့အပြင် သေစားသေစေ အပြစ်ဒဏ်သည် ခေတ်ဟောင်းမှာ မဖွံဖြိုးသေးသော လူ့အဖွဲ့အစည်းမှ ကျင့်သုံးခဲ့သော အယူအဆ၊ လူသားဆန်ခြင်းလည်း မရှိ၊ လူသားတို့၏ ဂုဏ်သိက္ခာ လူဘဝ၏ ဂုဏ်သိက္ခာတို့နှင့် လိုက်လျော ညီထွေခြင်း မရှိပေ။

“မင်းမှာ အခြား ဘာများ ထပ်ပြောစရာ ရှိသေးလဲ”
တရားသူကြီးမင်းက မေးလေပြီ။

ဤအခိုက်အတန့်ကို မြကြည် သိလိုက်ပြီ။ သည်လူများသည် သူမပြုလုပ်ခဲ့သည် အမှုအတွက် သူမအပေါ် တရားစီရင်ချက်များ ချကြတော့မည်။ ထိုသူတို့၏ သနားညှာတာမှုကို ရရှိရန်အတွက် အရာရာအားလုံးကို ထပ်မံရှင်းပြ ဖြေရှင်းရန် မြကြည် စိတ်မပါတော့။ မြကြည်ဆိုသည့် မိန်းမတစ်ယောက်သည် ကိုယ့်အပေါ်ု အခြားလူများက စီရင်ဆုံးဖြတ်သည်ကို လက်မခံ။ ဤ အခန်းတွင်းထဲတွင် ရှိသော လူများသည် မြကြည် ယုံကြည်သော ကမ္ဘာထဲမှ လူများ မဟုတ်။ မြကြည်၏ ကမ္ဘာသည် မိမိကိုယ် သာ မိမိ စီရင်ဆုံးဖြတ်မည်သာ။

သို့ပေမယ့်လည်း မြကြည် သူမ၏ ကမ္ဘာကို အစဉ်ထာဝရ မစွန့်ခွာသွားခင် ကိုကို့ ကိုတော့ နောက်ဆုံးအနေဖြင့် တွေ့မြင် လိုက်ချင်သည်။ ကိုကို့ ကို သူမ၏ ဘဝအား ပေးဆပ် ဝေမျှ ခဲ့ဘူးသည်။ သို့ပေမယ့် ကိုကိုက သူ၏ စိတ်ဆန္ဒလိုအင်ကို သာ ဦးစားပေး ရှေ့တန်းတင်လာသည့် အခါ ကိုကို၏ ဆန္ဒသားကောင် အဖြစ်မှ လွန်မြောက်ရန် ကိုကို့ ကို စွန့်ခွာခဲ့သည်။ မြကြည်၏ ကိုယ်ပိုင် ကမ္ဘာလေးကို ကာကွယ်ရန် အလို့ငှာ ကိုကို နှင့် လမ်းခွဲခဲ့သည်။

အမှန်တကယ်တော့ မြကြည်အတွက် အလွန်တရာ ကြီးမားကျယ်ပြန့်သော ချစ်ခြင်း မေတ္တာ တရားကို ပိုမို ပိုင်ဆိုင်ထားလေ တခြားသူတစ်ပါးအား ပိုမို၍ ချင်ခင် ကြင်နာ ယုယချင်လေဖြစ်သည်။ သို့ပေမယ့် ထိုအချစ်မေတ္တာတရားများကို မည်သူက လက်ခံမည်နည်း။ မည်သည့် နှလုံးသားတွင် သိမ်းဆည်းထားမည်နည်း။ သိမ်းဆည်းထားရန် နေရာမှန် မတွေ့သမျှ သူမ၏ အချစ်မေတ္တာများသည် နေ့စဉ်နှင့် အမျှ ဆတိုး ဆတိုး တိုးပွားနေလျက် ရှိလေသည်။ တခါတရံတွင် သူမအတွက် နေရာမှန် တစ်နေရာလေးများ ရှိလိမ့် လေမလားဟု လွမ်းဆွတ်မိကာ မိမိ၏ ခံစားချက် နှလုံးသားကို စိတ်တိုင်းကျ ပုံစံအမျိုးမျိုး ပြောင်းလဲ ပုံဖော်ကြည့်ချင်သည်။ သို့ရာတွင် သူမအတွက် ထိုအခွင့်အရေးများ မရရှိခဲ့။ ဘဝခရီး မဆုံး သရွှေ့ သည် ခံစားချက် ဝေဒနာကို သယ်ဆောင်နေရအုံးကွယ်။ ဒါဟာလည်း ကံတရားရဲ့ ဘီးတစ်ပတ် အခြားတစ်နေရာမှာ လည်ပတ် ရပ်တန့်သွားရမည့် သဘောပေ လေလား။

ဒီဖြစ်စဉ်မျိုးဟာလည်း မြကြည်ကဲသို့လူမျိုး အခြား လူသားတစ်ယောက် အပေါ်တွင် တွယ်တာ မှီခိုလေ့ မရှိသူများအတွက်သာ ဖြစ်ပျက် နေလေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် မြကြည်ကဲ့သို လူမျိုးများသည် အခြား လူသားတစ်ယောက်အပေါ် အလွယ်တကူ စိတ်ခံစားချက် အမှန်ကို မဖေါ်ပြသည့်အပြင် တွယ်တာ ပေါင်းစည်းလေ့ မရှိကြပေ။ ထိုပေါင်းစည်းမှုကိုလည်း တိကျသော အဓိပ္မာယ် ရရန်အတွက် လေ့လာ ဘာသာပြန်ဆိုရန် မဖြစ်နိုင်။ ထိုပေါင်းစည်းလိုသည့် စိတ်စေတသိတ်ကသာ အခြားလူသားများနှင့် ခံစားချက် ဝေမျှရန်အတွက် လမ်းကြောင်းတစ်ခု အသွင် ဖြစ်ပေါ်စေသည်။ သည်အတွက် နိယာမသဘောတရားသည် အာရုံခံကြည့်ရုံပင်ဖြစ်ချေသည်။ သို့မဟုတ် နှလုံးသားဖြင့် ခံစားကြည့်ပါ။ ပေါင်းစည်းမှုဆိုသည်မှာ တည်ရှိနေပါလိမ့်မည်။

မြကြည် ကိုယ်တိုင်သည်လည်း သူမ၏ စိတ်စေတသိတ် စေညွှန်းရာ လမ်းကြောင်းကို ပြည့်ဝသော ငြိမ်းချမ်းခြင်းအသွင်သို့ ဖန်တီးယူခဲ့သည်။ သို့ပေမယ့် ယခု အချိန်များမှာတော့ သူမ သယ်ဆောင်ထားရသော စိတ်နှလုံးသား ခံစားချက် အလုံးစုံတို့ကို သည်လူသားကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ရန်အတွက် ဖြုတ်ချ ထားပြစ်ခဲ့ရတော့မည်။

မြကြည် မည်သည့် စကားကိုမျှ တုန်ပြန်မပြောတော့။ တိတ်ဆိတ်ငြိမ်သက်စွာ နေလေတော့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ရေးမိရေးရာ


တိတ်ဆိတ်ညရဲ့ လွှမ်းမိုးမှုအောက်မှာ စိတ်ကူးထဲ ပေါ်လာမိသမျှ ရေးမိရေးရာ များပါ။

------------------------

"ဗျို့ ကိုရင် ဘယ်တုန်းက ပြန်ရောက် သလဲဗျ"
"နာပြန် ၂-ချက် တီးလောက်ကဘဲ"
"အမှင်း လည်း ဆာလှကရော.. လာလဗျာ တခါတည်း ဝင်စားချေ"
"ဆာကပြီရော..ငယ်ထိပ်နေရိုက် နေဘီဖျာ့"
"သလိုဆို လက်ဆေးလဖျာ။ သလောက်ကြာမင့်ဟာ ပသို့မို့ နောက်ကျနေသတုံး"
"နှမလေး ကောက်သိမ်းစောင့်ရသဖျာ"
"ထိုင်လေ့"

------------------------

"မသောင်းစိန်ကို ကျွန်တော် မေတ္တာ ရှိနေမိပြီခင်ဗျာ"
"အပျော် သဘောနဲ့ ကျွန်မကို မကျီစားပါနဲ့လား ရှင်ရယ်"
"ဘုရားမှာ တိုင်တည်ပြီး သစ္စာရေ သောက်ဆို သောက်ပါ့မယ် ခင်ဗျာ၊ မေတ္တာစစ် နဲ့ ချစ်ခင်နေမိလို့ပါ"
"ကျွန်မ ကြောက်လှတယ်ရှင်"
"မိဖများကို လိုက်ပြောဆို လိုက်ပြောပါမယ် ခင်ဗျာ။"
"ကျွန်မ တက္ကသိုလ် ဘွဲရလို့ အလုပ်ရတဲ့အထိ စောင့်ပါလားရှင်"
"ဟာဗျာ ဒါဆို ၅-နှစ်လောက် ထိ စောင့်ရမှာ၊ ၂-နှစ်လောက်တော့ လျော့ပေါ့ပေးပါအုံး"

------------------------

"ဟေ့ယောင် မင်းဘယ်တွေရှောက် ဒိုးနေတာတုံး။ ဟိုမှာ ဘဲကြီး အမွေးပွနေပြီ"
"ဟာ အရေးထဲ မင်းက အစိမ်းကြီး လာစားနေပြန်ပြီ။ ငါ စော်နဲ့ ချိန်းထားတယ်ကွ။ စော်က စောက်ရမ်း မိုက်တယ်။"
"မင်း ဘယ်တုန်းက ညှိသွားတာတုန်း။ မြွှေတော့ မဖမ်းနဲ့နော်"
"မနေ့ကတွေ့တာကွ။ တော်ကီ ကောင်းကောင်းပွားလိုက်တာ ပါလာတာ"
"'ဒါတော့ ငါမသိဘူး ကိုယ့်လူ။ ဒီမှာတော့ ကွိုင် တက်နေပြီ"
"ဟိုကောင်တွေပဲ ဘဲကြီးကို သွားပြီ မြွှေဖမ်းတာနေမှာပေါ့"
"မင်း ဘယ်လိုလုပ်မလဲ။ ဒီကောင်တွေကို ဟဲဗီးကြီး ကောက် ကျွေးလိုက်မလား"

------------------------

အနန္တမေတ္တာဖြင့်
ဘကောင်း

Management and Leadership for the people of Myanmar


There are many different ways of approaching into the perspectives of management. It can range from the basic matters of managing oneself, managing family and household issues, managing the various sizes of projects, managing teams and organizations, and managing and leading the country.It happened to me writing this article in my blog today was that if we, Myanmar people, are systematically moving forward to the right path of achieving the democracy one day, we are definitely going to need plenty of skillful democratic leaders and followers for the future Myanmar.

Since our culture has depending, humble and obedient relationship among the family members, we grew up under the intensive and warmth care of our parents even we were old enough to take care of ourselves. Parents usually decide our futures in general; the majoring subject we study in university, to whom we should marry....etc. The majorities of parents involves into the affairs of their children. After being built up and educated the youth of Myanmar people with the morality of social behaviors in which there are greater influences of Buddhism and depending cultures, most of them are incapable of instant decision making and risk taking when they encounters to deal with the critical situations. If you flip through the world history books, there is no Myanmar who ventures to the top of Mount Everest. There is no Myanmar who travels around the world with a single bike or a boat, and also it is quite difficult to find someone from Myanmar who can be counted as a world class business man or scientist. Where are they? Why they can not even be acknowledged in our mankind history? I only happened to read one Myanmar book which is basically about the very firsts of Myanmar, the pioneers of Myanmar. Most of those pioneers did great jobs 50 years ago, but nothing tremendously happen these decades. Sport is a good example.

Our education system has so much corruption and tangent from the actual need of high level education system for the students. University and high school teachers are only exercising by taking bribes under government policies which guarantee the students to pass the exam within short period of timeframe as long as students do not involve nor relate to any form of political activities to oppose the military government. Students finished the school, and graduated without having concrete knowledge of their majoring subjects. The mentality of the students has been severely spoiled under the management of military regime. Students believe in the fact that it is easy to pass the school exam if they pay the money to school teachers. 40 years ago, it used to be an unacceptable and insulting manner if students pay the bribes to their respected teachers for the purpose of passing exam, but morality rate is declining dramatically during the years of military management. Older generation of teachers are well qualified and they keep their pride for being a good teacher by not taking any form of bribes, but by only providing their knowledge and passing it to the students.

Because of the poor education infrastructure constructed by the government policies which are primarily aiming to grow the count of universities and schools in every state and division without fulfilling the skillful teachers, students are suffering lack of proper training and study materials. Even in the state high schools, students are trained in such a way that everyone has to learn the contents of the books by heart instead of giving them a chance to think on their own the meaning of the subjects they are learning. Students are so used to memorizing everything.

The missing parts in the daily life of high school students are sport activities and field trips for the environmental studies. Parents only encourage their children to take private tuitions from school teachers, and also practice hiring someone who can give guidance while their kids are studying at home. Those fashions are being adopted for the primary school goers, high school students, and also even for some university students. What happened to the youths? They are less believing in themselves. They dare not to stand on their own.

Their physical strengths are not strong enough. They are doing less sport and outdoors activities except battling with the school lessons and homework to memorize almost everything. Because of the declining economy in Myanmar, most households are struggling with their lower incomes. Only very few households are able to effort to drink milk every day. During Second World War, Myanmar people used to call Japanese as "Japan Ng Pu" which means short Japanese. But it is not true now. Average Japanese are at least from 5 feet to 6 feet tall. Since World War II, Japan is trying so hard and pushing forward their people until now to cope with the Americans.

Students from Japan and Western countries have been trained the basic of management and leadership skills since they were young. Kids are encouraged to manage themselves instead of depending on their parents all the time. It is not about culture differences. It is about how kids should be trained systematically to direct into a superior life style. If one is familiar with the leadership skills, it is not so difficult to become a follower as well and known of how to pay respect to good leaders. It is also easy to evaluate and make better judgment to the policies enlightened by the leaders. There is a natural harmony between leaders and followers in general atmospheres.

We, Myanmar people, have a very disappointing habit. If any major crisis happened in the country, the leaders are engaged into conflicting each other before making primary decision for the good courses. Sometime I wonder how this nasty habit carried over generation to generation from the time of Myanmar's last King, Thee Baw, killing all the royal bloods in order to avoid the possible rivals when he take over the position of the king. As long as this practice is happening and passing over to our next generation, Myanmar will never ever able to stand on our own. I met some Myanmar democratic leaders who are based in Tokyo. The first thing they did was pointing their fingers each others, and finally split into two groups. One accused another, and some said they are doing the political activities just to have a stay in Japan. Please do as long as there are activities and people doing for the good courses of Myanmar. It is really important that one must able be a good follower to become a good leader.

Myanmar has two kinds of education systems; Military University education system which was controlled and trained by military personnel, and public Universities are for the ordinary class of Myanmar people. A lot of military personnel have been deployed in Russia for the further study especially in nuclear technologies.

Every year, Japanese government provides the scholarship programs for South East Asia countries and brings the talented people to study in Japan. Since Japan is an economically strong country, Japanese government always helps the people of Myanmar in educational environment. But mostly only the military personnel and the relatives of military families always enjoy the opportunities of scholarship programs provided by Japanese government. There is no job guarantee for the fresh graduates who graduated from public Universities.

If we look ahead ten years from now, new leaders will come out to mange the country and also new generation will have to compete with the people trained by the military education system. I find the people from public Universities are still weak in education system. Education system is really important and it plays a vital part for the future of the country. Without having superior foundation of the education system, how are we going to train the leaders who will lead the country in the future? How are they going to manage the country? Military education system has at least military management and its dictatorship. To compete with the military framework, we are going to need to learn the leadership skills and management for the democratic trend, political sciences which we are not allowed to study in Myanmar, diplomatic and communication skills in order to engage into the international societies and organizations. At least, we can rebuild our mentalities which have been ruined by the military system.

Metta,
Ba Kaung

ပေါ်ဦးသက်


ကျွနု်ပ် ကြိုက်နှစ်သက်သော မြန်မာ ပန်ချီဆရာများထဲမှ တစ်ဦးကို ပြပါဆိုလျှင် ပေါ်ဦးသက်ကို ပြရပါလိမ့်မည်။ ကျွနု်ပ်အတွက် သူ၏ ပန်ချီကားလေးများသည် အလွန်တရာမှ ချစ်စရာကောင်းကာ အပြစ်ကင်းလွတ် နေလေ့ရှိသည်။

ပေါ်ဦးသက်အား ၁၉၃၆-ခုနှစ် မန္တလေးတွင် မွေးဖွားခဲ့ပါသည်။ သူ၏ ဖခင် ဦးလှကြီးသည်လည်း အနုပညာကျောင်းတွင် စာသင်လျက်ရှိနေသော အနုပညာသမားတစ်ယောက်ဖြစ်သည်။ ပေါ်ဦးသက် ၏ မိခင်သည် ပေါ်ဦးသက် ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ရာ ဖခင်ကြီးကပင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရပါသည်။ ဒုတိယ ကမ္ဘာစစ်ပြီးသည့် နောက်မြန်မာပြည်အတွင်း ငြိမ်းချမ်းရေး အောင်ပွဲများ ကျင်းပချိန်အတွင်း လက်ပစ်ဗုံးတစ်လုံး မတော်တဆ ပေါက်ကွဲမှုကြောင့် ၁၂-နှစ် အရွယ် ကလေးဘ၀ တွင် သူ၏ ညာဘက် လက်တစ်ဖက် ဆုံးရှုံးခဲ့ရလေသည်။

The Laquer Table
Water colour
11x15 in

Under The Lofty Palms
Water colour
11x15 in


Toddy Palm Climber and Family
Water colour
16x10 in


Postman for Japan Stamp Competition
Water colour
12.5x8.5 in


Family Prepares to Collect Toddy Juice
Water colour
10x14 in

Oxen Team
Water colour
11x15 in


Strawberry Sellers
Water colour
11x15 in

Shan Festival in Taunggyi
Water colour
11x15 in

ညာလက်ကိုသာ အမြဲတန်းသုံးလေ့ရှိသည့် ညာသန်သမား ပေါ်ဦးသက်သည် ထိုအချိန်မှစ၍ ဘက်လက်ကိုအသုံးပြု စာရေးခြင်း၊ ပုံဆွဲခြင်းများကို ကြိုးစားလေ့ကျင့်ရခဲ့သည်။ ထို့နောက် သူသည် ကျောင်းပြန်တက်ရန်အတွက် လွန်စွာမှ တုံ့နေကာ သူ၏ ကျောင်းပညာရေးသည် ဒုတိယတန်းမှာပင် ရပ်တန့်နေခဲ့သည်။ ကံကောင်းစွာပင် သူ၏ဖခင်ကြီး ၏ မိတ်ဆွေကောင်း တစ်ယောက်က အလားအလာကောင်း၍ ထွန်းပေါက်နိုင်မည့် အနုပညာရှင် ပေါ်ဦးသက်အား ကျောင်းပြန်တက်ရန် တိုက်တွန်းနိုင်ခဲ့လေသည်။ ထို့နောက် သူသည် အခြေခံ ပညာရေး စနစ်ကို အောင်မြင်စွာ ကြိုးစားနိုင်ခဲ့သည်။

Fortune Teller and Clients
Water colour
11x15 in

Book Seller on Yangon Bar Street
Water colour
11x15 in


Leaving The Monastery
Water colour
10x14 in

Food Stall Near Monastery
Water colour
10x14 in

ပေါ်ဦးသက်သည် ပန်ချီဆွဲခြင်း အနုပညာကို သူ၏ ဖခင်ကြီးဆီမှ သင်ယူခဲ့လေသည်။ အသက် ၁၅-နှစ် အရွယ်တွင် ပန်ချီဆရာ ဦးဘသက်နှင့် ဦးခင်မောင် တို့ထံမှ ပန်ချီပညာရပ်များကို ဆက်လက် ဆည်းပူးကာ ဦးဘသက် နာမည်ကို ဆွဲယူလျက် သူ၏ နာမည်တွင် သက် ဆိုသည်ကို ထည့်ကာ ပေါ်ဦးသက် ဟူ၍ ဖြစ်ခဲ့ပေသည်။ သူကျောင်းတက်နေစဉ် ကာလအတွင်း ပန်ချီပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်ပေါင်း မြောက်မြားစွာကို ဆွတ်ခူးနိုင်ခဲ့သေးသည်။ ၁၉၅၉-ခုနှစ်တွင် အမေရိကန်မှ အနုပညာကျောင်းတစ်ခုက ပေးသော စာပေးစာယူ စကောလားရှစ်ကိုလည်း ရရှိခဲ့လေသည်။ အသက် နှစ်ဆယ်တစ်နှစ် အရွယ်တွင် သူသည် သူ၏ အနုပညာဖြင့် အသက်မွေး ဝမ်းကြောင်းခဲ့ကာ ထိုစဉ်က မဂ္ဂဇင်းစာစောင်များ၊ မန္တလေးပြည်သူ နေ့စဉ် သတင်းစာ၊ ကြေးမုံ သတင်းစာ၊ ရန်ကုန် လူထု နေ့စဉ် သတင်းစာတို့တွင် သရုပ်ဖေါ်ပုံများ၊ ကာတွန်းများ ရေးဆွဲခဲ့လေသည်။

Paying Respect to monk
Water colour
12x15 in

Morning Offering
Water colour
10x14 in


Mother and Child Visit Monastery
Water colour
10x14 in

Bringing Offering at Monastery
Water colour
10x14 in


Novice Procession
Water colour
12x15 in

A Vow
Water colour
9x13 in

ယူနီဆက် ရန်ပုံငွေရှာရန်အတွက် "Asian Harbor Scene"(1974) နှင့် "Market"(1975) ဆိုသည့် ပန်ချီးကား နှစ်ကားကိုလည်း ဆွဲပေးခဲ့သေးကာ ထိုပန်ချီးနှစ်ကားကို ဒိုယာရီမျက်နှာဖုံး၊ တံဆိပ်ခေါင်းများ၊ ပို့စကတ်များ ပုံနှိတ်ရာတွင် အသုံးပြုခဲ့သည်။ မြန်မာပြည် အစိုးရနှင့် UN ကကျင်းပပေးသော စာပေ အနုပညာ ပြပွဲ ပြိုင်ပွဲများအတွက် လိုအပ်သော သရုပ်ဖော်ပုံများကို လည်း ရေးဆွဲပေးခဲ့သည်။ ထို့ပြင် သူ၏ သရုပ်ဖော်ပုံများကို ဥရောပနှင့် အမေရိကန် နိုင်ငံများတွင်လည်း ကျောင်းပညာသင်ရိုးတန်းများတွင် အသုံးပြုကာ ပုံနှိတ်ထုပ်ဝေခဲ့သေးသည်။ ၁၉၆၃-ခုနှစ် ရန်ကုန်၌ သူ၏ တစ်ကိုယ်တော် အနုပညာပြပွဲကျင်းပခဲ့ကာ ပြပွဲဖွင့်လှစ်ပြီး ခဏတာ အတွင် သူ၏ ပန်ချီကားများ အကုန်လုံး ရောင်းလိုက်ရကာ သူ၏ ပထမ အဦးဆုံး အောင်မြင်မှုပင် ဖြစ်ခဲ့လေသည်။

Banana Seller
Water colour
11x15 in

Banana Farmer
Water colour
11x15 in


Papier Mache Toys
Water colour
11x15 in

Sailing down the Irrawaddy River
Water colour
11x15 in

ထို့နောက် ပေါ်ဦးသက်အား မြန်မာ့ ယဉ်ကျေးနှင့်အနုပညာကို အနောက်တိုင်း ခေတ်သစ် ပန်ချီရေးနည်း ရေးဟန်များဖြင့် ရောစပ် မွှေနှောက်နိုင်သည့် အတွက် အနောက်တိုင်းမှ အနုပညာရှင်များ အကြားတွင် လူသိများလာခဲ့သည်။ ဆေးလိပ်အား အလွန်အကျွံ သောက်သုံးသူ တစ်ယောက် ဖြစ်ခဲ့သည့် အားလျော်စွာ၊ ၁၉၉၃-ခုနှစ် အေပြီလ ၁၃ ရက်နေ့တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် အသက် ၅၇-နှစ်အရွယ်တွင် မန္တလေး နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

Storm KingမွSculptureမ်ား


Storm King အနုပညာစု စည်းမှုများရှိ သည့်နေရာ သည်နယူး ယောက်မြိှု့ ဂျော့ဝါရှင်တန် တံတားမှ တစ်နာရီခန့် ကားမောင်းသွားရသော မောင်းတိန်းဖစ်လေ(Mountainville) မြို့တွင် တည်ရှိပါသည်။Storm King အနုပညာများ ပြသထားသည့် နေရာသည် အခြား အနုပညာ ပြခန်း မြူဇီယန်(Museum)များကဲ့သို့ အဆောက်အဦး အခန်းထဲများတွင် ပြသထားခြင်းမဟုတ်ပဲ အလွန်ကြီးမားသော အနုပညာ ဖန်တီးမှုလက်ရာများကို ဧက ၅၀၀ထက် မက ကျယ်ဝန်းသော ပန်းခြံကြီးထဲအတွင်း နေရာအနှံအပြား၌ တည်ဆောက်ပြသထားပါသည်။ အမိုးအကာဟူ၍ လုံးဝမရှိပဲ ကြီးမားကျယ်ပြန့်သော မိုးကောင်းကင်နှင့် လှပကျယ်ဝန်းသော ကုန်းမြေပြန့်၊ မြေလှိုင်းတို့ အကြားတွင် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း နိုင်ငံတကာမှ ကျော်ကြားသော အနုပညာရှင်များ ၏ လက်ရာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ Storm King ၏ အနုပညာပြခန်းသည် ကောင်းကင်နှင့် မြေပြင်ဖြစ်၍ လာရောက်လည်ပတ်သူများသည် သဘာဝ၏ အလှကို ခံစားနိုင်သလို တပြိုင်တည်းမှာပင် အနုပညာလက်ရာများကိုလည်း အာရုံပြု ခံစားလေ့လာနိုင်ပေသည်။ ကျယ်ပြန့်သော မြေအပြင်တွင် မတူညီသော အမျိုးမျိုး အဖုံဖုံ modern sculpture များဖြင့် နေရာအနှံ ပိုင်းခြားပြသထားသည့် အနေအထား ပုံစံမျိုးဖြစ်လည်း ဖြစ်သည်။ ထို့အပြင် ထို အနုပညာ လက်ရာများသည် ရာသီဥတု အပြောင်းအလဲ၊ ပတ်ဝန်းကျင် အလင်းအမှောင် အနုအရင့် အပေါ်မူတည်၍ လည်ပတ်လေ့လာသူများကို တစ်ကြိမ်နှင့် တစ်ကြိမ် မတူခြားနားသော အာရုံဝင်စားမှုကို ရရှိစေပါသည်။
Virtual Tour



Kenneth Snelson
Free Ride Home, 1974
Aluminum and stainless steel; 30' x 60' x 60'


Andy Goldsworthy
Two Oak Stacks


Mark di Suvero
Beyond, 2004
steel, 24' x 21' 6" x 20' 6"

Mark di Suvero
Frog Legs, 2002
Steel; 26’ 8” x 11’ radius


Chakaia Booker (b.1953)
No More Milk and Cookies, 2003
Rubber tires and wood; 14 ½ x 28 x 24’


Chakaia Booker (b.1953)
The Conversationalist, 1997
Rubber tires and wood; 20 x 21 x 12’

ထို အနုပညာ စုစည်းမှုစင်တာ (Art Center) ကို ၁၉၆၀-ခုနှစ် Ralph E. Ogden နှင့် H. Peter Stern ဆိုသူတို့ နှစ်ဦးပူးပေါင်းထားသည့် Star Expansion Company က စတင်တည်ထောင်ခဲ့ကာ တည်ထောင်ကာစ Hudson Valley မှ ပန်ချီဆရာများအတွက် ဟုသာ ရည်ရွယ်ခဲ့သည်။ Ogden သည် ၁၉၆၁-ခုနှစ် အော်စတြီရား(Austria) သို့ အလည်အပတ် သွားရောက်စဉ် ကျောက်တုံးကျောက်ဆောင်ခဲများဖြင့် တည်ဆောက်ထားသော ရုပ်ဝတ္ထုပစ္စည်း ပုံပန်းသဏ္ဍာန်များကို လေ့လာခဲ့ပြီး ထိုအနုပညာရပ် အပေါ်တွင် စိတ်ဝင်စားလာခဲ့သည်။ ထိုနောက် သူတို့၏ အနုပညာပြခန်း၏ အပြင်ဘက် ကွင်းပြင်ကျယ် ဥယျာဉ်တစ်ခုကို ဝယ်ယူကာ David Smith ၏ sculpture လက်ရာများဖြင် စတင် တည်ဆောက်ခဲ့လေသည်။

Alexander Calder
Southern Cross, 1963
Sheet metal, rod, bolts and paint, 243 x 324 x 211 inches



Alexander Calder
The Arch, 1975
Steel painted black, 600 x 498 x 418 inches


Peter Lundberg (b.1961)
Dancing with Torsten, 2003
Cast concrete and stainless steel, 30 x 13 x 10’, 25 tons



Peter Lundberg (b.1961)
Ingemar, 2002
Cast concrete and stainless steel, 23 x 11 x 10’, 33 tons

(Pictures and movie are taken from http://www.stormking.org/)

အနန္တမေတ္တာဖြင့်
ဘကောင်း

ဖရန့်စစ် ဘေကွန်


ဖရန့်စစ် ဘေကွန်(Francis Bacon) သည် အိုင်ယာလန်နိုင်ငံ ဒတ်ဘလင်မြို့၌ မိဘ အင်္ဂလိပ်လူမျိုးများမှ မွေးဖွားလာသော အင်္ဂလိပ်လူမျိုး ပန်ချီဆရာ တစ်ယောက်ဖြစ်သည်။ သူ့အား အောက်တိုဘာလ ၂၈-ရက် ၁၉၀၉-ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင် အက်ဒီ ဘေကွန်(Eddy Bacon) သည် ဘိုး(အ်) စစ်ပွဲ(Boer War) မှ စစ်ပြန်တစ်ယောက်ဖြစ်ကာ ပြိုင်မြင်းများကို ထိန်းသိမ်းလေ့ကျင့်ပေးသည့် အလုပ်ကို လုပ်ခဲ့သည်။ သူ၏ မိခင် ဝင်းနီ(Winnie) သည် စတီးလ်လုပ်ငန်း၊ ကျောက်မီးသွေးတွင်းလုပ်ငန်းများမှ အမွေစား အမွေခံတစ်ယောက်လည်းဖြစ်လေကာ သူ၏မိခင်အား အပေါင်းအသင်း အဖော်မင်သော၊ အိမ်မှုကိစ္စများ ပြုပြင် ထိမ်းသိမ်းမှုမရှိသူအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ဖရန့်စစ် ငယ်စဉ်က မိသားစု သူနာပြုဆရာမဖြင့် ကြီးပြင်လာခဲ့ရသည်။ သူ့သည် ပန်နာရင်ကျပ် ရောဂါသည်တစ်ယောက် ဖြစ်ကာ ခွေးနှင့်မြင်းများကို ထိတွေ့ကိုင်တွယ်လို့ မရသော အလွန်ပြင်းထန်သော ရောဂါလည်းရှိပြန်သည်။ ထိုစဉ်က သူ့၏ မိသားစုသည် အိုင်ယာလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံ နှစ်နိုင်ငံအကြား အသွားအပြန် မကြာခဏ ဆိုသလို့ အိမ်ပြောင်းရွှေ့နေထိုင်ကြရသဖြင့် အခြေအနေပျက်သော အနုပညာခံစားချက်သည် သူ၏ ဘဝတလျှောက်လုံးတွင် စွဲမြဲသွားခဲ့ရလေသည်။

PaintingHead VIStudy for Crouching Nude


Lying Figure with Hypodermic SyringeMan with DogPortrait of Michel Leris


Study after Velazquez's Portrait of Pope Innocent XOedipus and the Sphinx (after Ingres)



Self-Portrait

လန်ဒန်သို့ ၁၉၂၅-ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့ပြီး အိမ်တွင်း ဒီဇိုင်းရေးဆွဲသူ အဖြစ်စတင်လုပ်ကိုင်ခဲ့သည်။ ဘေကွန်သည် ငယ်စဉ်က အနုပညာကို စနစ်တကျဖြင့် ကျောင်းများ၊ သင်တန်းများတက်ကာ သင်ယူလာခဲ့သူတစ်ယောက် မဟုတ်သော်လည်း ၁၉၄၅-ခုနှစ် လန်ဒန်မြို့ Lefevre အနုပညာ ပြခန်းတွင် ပြသခဲ့သော သူ၏ "Three Studies for Figures at the Base of a Crucifixion" ပန်းချီကားသည် လူအပေါင်းကို ကိုင်လှုပ်ကာ အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။ သူ၏ လက်ရာများသည် Expressionist ပုံစံများ ဖြစ်ကာ၊သူ၏ တွန့်လိမ်ရွဲ့စောင်းနေသော လူသားတစ်ယောက် အသွင်သဏ္ဍာန် ပန်ချီကားသည် ပုံမှန်အနေအထားမှာ အခြေပျက်စေအောင် ဖန်တီးထားသည်။ နိုင်ငံတကာမှ သူ၏ ပန်ချီလက်ရာများကို အသိအမှတ်ပြု ဂရုပြုမိလာသည့် ၁၉၅၀-ခုနှစ်လောက် အတောအတွင်းတွင် သူ၏ ကိုယ်ပိုင် ပန်ချီဆွဲနည်း ဆွဲဟန် ကို တီထွင်၍ မှုန်မှိုင်းနေတတ်သော အကြောင်းအရာ ပုံစံများဖန်တီးခဲ့သည်။ သူ၏ မသတီစရာ ကောင်းလှသော ပျက်ဆီးယိုယွင်းကာ ရွံရှာဖွယ်အတိရှိသော လူသားပုံသဏ္ဍာန်ရုပ်ပုံ များအပြင်၊ ခရစ်တော်၏ ဂုဏ်အင်္ဂါများကို ဖေါ်ကျုးလေ့ရှိသည့် ထိုခေတ်မှ အနုပညာရှင်များ လိုက်နာကြသော ထုံးတမ်းအစဉ်အလာနည်းပညာများကို သူ၏ ပြန်လည်ဆန်းသစ်ထားသော သုံးခုပေါင်းစပ်ထားသည့် ပုံသဏ္ဍာန်အရွယ်အစား ပန်ချီနည်းပညာသုံးကာ အနှိဋ္ဌာရုံလူသားပုံရိပ်များ ဖန်တီးခြင်းဖြင့် ကမောက်အမဖြစ်အောင် အသေအချာဖန်တီးခဲ့လေသည်။

Three Studies for Figures at the Base of a Crucifixion (1) (2) (3)

Second Version of Triptych 1944 (1) (2) (3)

Triptych May - June


Three Studies of figures on Beds

ဘေကွန်သည် အေပရယ်လ ၂၈-ရက် ၁၉၉၂-ခုနှစ် စပိန်နိုင်ငံ မဒရစ်မြို့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း