အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင် (government shutdown)နိုင်တဲ့ ပြဿနာဟာ နှစ်တိုင်း ဖြစ်နေတယ်။ စက်တင်ဘာလကုန်လို့ နောင်နှစ်အတွက် ငွေကြေး အသုံးစရိတ်ပြဌာန်းသတ်မှတ်တဲ့ အခါတိုင်း အစိုးရမှာ လိုငွေပြနေတယ်။ အစိုးရမှာ လုံလောက်တဲ့ ပိုက်ဆံ ရှိမနေဘူး။
အရင်တုံးကတော့ သိပ်ပြီး အာရုံ မစိုက်ဘူး။ အချိန်တန်ရင် ညှိနှိုင်းလို့ ရသွားလိမ့်မယ်။ ထုံးစံအတိုင်း အစိုးရက ငွေချေးပြီး နှောင်နှစ်အတွက် အစိုးရ အလုပ်တွေ လည်ပတ်နိုင်အောင်၊ ဝန်ထမ်းတွေ လစာပေးနိုင်အောင် လုပ်လိမ့်မယ်လို့ တွက်ဆထားတယ်။
သို့သော် အစိုးရချေးငွေက နှစ်စဥ် တဖြည်းဖြည်းနဲ့ များလာတယ်။ ကိုယ်တိုင် Department of Defense မှာ နည်းပညာ contractor တစ်ယောက်အနေနဲ့ ဝင်လုပ်တော့မှ အဲဒီ ရိုက်ခတ်မှုကို သိလာတယ်။
အစိုးရနဲ့ ဆိုင်တဲ့ ရုံးတွင်း စာတွေ ကို ဖတ်လာရတယ်။ အစိုးရ အသုံးစရိတ်အတွက် လိုအပ်တဲ့ ချေးငွေ ပမာဏကို ကွန်ဂရက် လွတ်တေ် နဲ့ သမ္မတ သဘောတူညီချက် မရရင် ဘာတွေ ပြင်ဆင်ထားရမယ်၊ သဘောတူညီချက် ရခဲ့သော် ဘာတွေ ပြင်ဆင်ထားရမယ် ဆိုတဲ့ အကြောင်းတွေပေါ။
သို့သော် ကျွန်တော်က နည်းပညာနဲ့ လုပ်နေတဲ့ အတွက် ကျွန်တော်ရဲ့ အစိုးရအလုပ်က ထိခိုက်မှု မရှိဘူးလို့ ပြောရမည်။ မရှိမဖြစ် (essential) အလုပ်လို့ သူတို့က သတ်မှတ်ကြသည်။ သို့သော် ကျွန်တော်တို့ နည်းပညာတွေကို အသုံးပြုမည့် အစိုးရ ဝန်ထမ်းတွေ (nonessential government employees)ကတော့ အစိုးရ အသုံးစရိတ် မရှိခဲ့သော် အလုပ်နားရမယ်။ လစာ မရဘူး အစရှိသည့် ဆိုးကျိုးတွေ ရှိလာနိုင်သည်။ ထိုမှ တဆင့် သူတို့ ရဲ့ အိမ်ကြွေး၊ ကားကြွေး၊ လစဥ် မှီခိုနေရသော လစာ တို့ အခက်အခဲ ရှိလာနိုင်သည်။ ဘဏ်လုပ်ငန်းတို့ လည်း အစိုးရ ဝန်ထမ်းတို့ အတွက် အတိုးအလျော့ လုပ်ရတော့ မည်။
နှစ်စဥ် နှစ်တိုင်း ကွန်ဂရက် လွတ်တော် မှာ ရီပတ်ပလစ်ကန်နှင့် ဒီမိုကရက် တို့ ညှိနှိုင်းရသည်။ အကြမ်းဖြင်းအားဖြင့် ဒီမိုကရက်တို့ အစိုးရချေးငွေကို တိုးမြှင့်ပြီး ဝန်ထမ်းတွေကို အလုပ်မပျက် ပိုနေမြဲ ကျားနေမြဲ ဖြစ်စေချင်သည်။ ထိုအခါ ရီပန်ပလစ်ကန်တို့က အစိုးရချေးငွေကို တိုးမြှင့်ယူချင်ရင် အခြား အသုံးစရိတ်တွေကို လျောရ မည်လို့ အကျပ်ကိုင်သည်။ ဥပမာ ကျောင်းသားတွေရဲ့ အကြွေးကို လျော်ပစ်တာမျိုး မလုပ်ဖို့ တောင်ဆိုကြသည်။
ဥပဒေက သတ်မှတ်ထားသည်။ အစိုးရအနေဖြင့် အသုံးစရိတ်အတွက် သတ်မှတ်ထားသော အတိုင်းအတာ ပမာဏ အထိသာ ငွေချေးယူလို့ ရသည်ဟု။ နှစ်စဥ် နှစ်တိုင်း ထိုပမာဏကို တိုးမြင့် လာခဲ့သည်။ သမ္မတနှင့်လွတ်တော်က အသုံးစရိတ်အတွက် ဘောတူညီ ချက်ရပါက ဥပဒေက ခွင့်ပြုရသည်။
သဘောတူညီချက် မရလို့ အစိုရတွင် ပိုက်ဆံမရှိခဲ့ပါက အစိုးရက ပေးစရာရှိသည့် ဝန်ထမ်းလစာများ၊ အစိုးရ ကန်ထရိုက် လုပ်အားခများ ကို မပေးနိုင်တော့ ချေ။ ထိုအခါ တိုင်းပြည် အနေဖြင့် အကြွေးမဆပ်နိုင်ခြင်း defaulting ဖြစ်သည်။
ထိုသို့ အစိုးရက အကြွေးမဆပ်နိုင်သည့် အခါ စီးပွားရေးအရ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်သည်။
စိတ်ဝင်စားစရာ ကောင်းတာက နောက်တက်လာမည့် သမ္မတသစ် ထရမ့်က လိုအပ်တဲ့ ချေးငွေ ပမာဏသတ်မှတ်ချက်ကို တိုးမြင့်ပြီး အစိုးရ ယန္တရားကို ပုံမှန်အတိုင်း ဆက်သွားချင်သည်။
ထို့အပြင် ထရမ့်က ထိုကဲ့သို့ ချေးငွေ ပမာဏ သတ်မှတ်ချက်ကို ဖျက်ပစ်ချင်သည်။ ချေးငွေ ပမာဏ မရှိတော့ပါ အစိုးရအနေဖြင့် ကြိုက်သလောက်ယူ၊ ကြိုက်သလောက် သုံး ဆိုသည့် သဘောမျိုး လည်း ဖြစ်သည်။ အစိုးရက အကြွေးမဆပ်နိုင်သည့် အဖြစ်မျိုးလည်း မဖြစ်တော့ဘူးလို့ ယေဘူယ ယူဆလို့ ရသည်။
No comments:
Post a Comment