Showing posts with label misc. Show all posts
Showing posts with label misc. Show all posts

Concluded from Yahoo news and comments


Just the day after election in Burma, Republican senator, Mitch McConnell, sent out a message to renew the support for Aung San Suu Kyi and democratic forces within Burma, in a statement to US President Obama. Yahoo has the news, http://news.yahoo.com/s/afp/myanmarvoteussenate, and Americans are pouring their comments with anger and concern as if republicans are pushing President Obama to go to war with Burmese junta just like President Bush invaded to Afghanistan.

I personally think the word "to get tough" is confusing and signal to misunderstanding on how United State government should support to democratic forces in Burma. I am a Burmese who work in US and contributing tax to the United State government, I do want to overthrow Burmese military regime with continuous support from United State government, but it doesn't necessarily mean to invade Burma with the tax I am paying for. I also don't think US is in the position to engage another military act during the public outcry over the spending tax payer money in Afghanistan war.

Mitch McConnell’s support to renewing a ban on imports from Burma earlier this year, I believe this is an urge to the President Obama to put more weight on pressure to military regime; to free Aung San Suu Kyi and all other political prisoners, to send strong signal to Burmese junta and international community that United State government shall only recognize fair election process in Burma. We don’t want to see Burmese dictatorship is being infused and injected by Chinese military influence. The claws of Chinese dragon are stretching out on the world’s map.

Remember, Burmese military regime has capability to conceal the truth elements inside the country and tricked United Nation and other ASEAN counties several times, so they can prolong their ruling power more than 20 years.


ကျွန်တော့် အမိ မြန်မာပြည် အတွက်


ကျွန်တော် စာရေးသည့် အခါတွင် ဟိုအကြောင်းလေးတို့လိုက်၊ ဒီအကြောင်းလေး ဆိတ်လိုက်နှင့် စိတ်ပါလျင် ပါသလို စာတွေရေးဖြစ်သည်။ စာမရေးချင်သည့် အခါများဆိုလျင် တစ်နှစ်ကျော်လောက် စာမရေးပဲ ပစ်ထားသည်။ ပန်ချီဆွဲသည့်အခါများလိုပင်။ အနီရောင်လေး တို့လိုက်၊ အပြာနုလေး တို့လိုက်နှင့် ဘဝ၏ ကင်းဗတ်စ ပေါ်တွင် လူတွေအကြောင်း၊ ခံစားချက်တွေ အကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းတို့ကို အလျင်းသင့်လျှင် သင့်သလို ရေးဆွဲကြည့်သည်။ လူတွေ အထဲက လူတစ်ယောက်ဖြစ်သည့် အားလျော်စွာ လူ၏ ဖြစ်တည်မှုနှင့် ထိုက်တန်အောင် ရေးဖွဲ့ သီကုံး ချယ်မှုန်းချင်သည်။

အခုရေးသည့် နိုင်ငံရေး ဝါဒများ အကြောင်းသည် ကျွန်တော် သိသည့် အသိပညာ၊ အတွေ့အကြုံ ရှု့ထောင့်များမှရေးသည်။ လက်ရှိ ကမ္ဘာနှင့် မြန်မာပြည် နိုင်ငံရေး ဇာတ်ခုံမှ အခြေအနေတို့ကို ချိန်ထိုးပြီး ရေးသည်။ စာရေးသူသည် နိုင်ငံရေးအကြောင်းကို အကိုးအကားတွေ ဖောင်ဖွဲ့ပြီး စကားအများကြီးပြောတတ်သူမဟုတ်။ ကိုယ်ပြောခြင်းထက် တစ်ပါးသူပြောသည်ကို နားထောင်ကာ စိတ်ထဲမှ အကဲဖြတ်ရသည်ကို အားသန်သူဖြစ်သည်။ စာရေးသူသည် စကားအများကြီး ပြောခြင်းထက် စာအများကြီး ပြောလိုသူဖြစ်သည်။ ထို့်ကြောင့် ကျွန်တော် စာဖြင့် စကားပြောသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းသစ်ဆီကို ရောက်အောင် တက်လှမ်းကြတော့မယ် အခါ ဘယ်လိုမျိုး ဒီမိုကရေစီ စနစ်ဟာ မြန်မာပြည်နဲ့ ကိုက်ညီနိုင်သလဲဆိုတာ ချဉ်းကပ်ရမယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် မြန်မာပြည် ယဉ်ကျေးမှုနှင့် လက်ရှိမြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ့် ဒီမိုကနေစီ စနစ်ပေါ့။ ဒီစကားဟာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ အာဘော်တွေပါဝင်တယ်။ ဒေါ်စု စကားအရဆိုလို့ ရှိရင် မြန်မာပြည် ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကနေစီ စနစ်ကို ရွေးချယ် ရမှာ ဖြစ်တယ်လို့ ဆိုခဲ့ဖူးတယ်။ ကျွန်တော် စင်ကာပူမှာ နှစ် နှစ်တိတိ အလုပ်လုပ်၊ နေထိုင် စဉ် ကာလ တုံးက စင်ကာပူ ဝန်ကြီးချုပ် ဟောင်း (ဂိုချောက်ထောင်-အမှားပြင်ခြင်း) လီကွမ်းယု ရဲ့ မြန်မာပြည် နိုင်ငံရေးပေါ် ဝေဖန် သုံးသပ်ချက်ကို ရုပ်မြင်သံကြားကနေ ကြည့်လိုက်ရတယ်။ မြန်မာပြည်သူ၊ မြန်မာပြည်သားတွေဟာ ဒီမိုကရေစီ စနစ်နဲ့ မထိုက်တန်သေးဖူးလို့ သူက ဆိုတယ်။ အဲဒီတုန်းက စာရေးသူ စိတ်ဆိုး ဒေါသ ထွက်လိုက်တဲ့ ဖြစ်ခြင်း။ အဲဒီ သုံးသပ်ချက် ဟာ မသန့်စင်တဲ့ နိုင်ငံရေး သုံးသပ်ချက် တစ်ခုသာ ဖြစ်တယ်။ စင်ကာပူနိုင်ငံရဲ့ မြန်မာပြည်ပေါ်မှာ ထားရှိတဲ့ နိုင်ငံခြားရေး ဝါဒဟာ လက်ရှိ မြန်မာပြည် စစ်အစိုးရနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း မရှိဘူး။ စင်ကာပူ နိုင်ငံ ရဲ့ ပါလီမန် အုပ်ချုပ်ရေးမှာလည်း လွတ်လပ်စွာ ဆန္ဒပြခွင့် နဲ့ ဒီမိုကရေစီ ဆန်တဲ့ အတွေးအခေါ်၊ အဖွဲ့အစည်းတွေကို ဖိနှိပ် ပိတ်ပင် ထားတယ်။ စင်ကာပူ အစိုးရသည် မြန်မာပြည် အပေါ် သူ့နိုင်ငံရေးဝါဒ နဲ့ သူ သုံးသပ်တယ်။ ကျွန်တော် က ကျွန်တော့် တိုင်းပြည် ကောင်းကျိုး အတွက် သုံးသပ်ရရင် မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကနေစီ စနစ်ရဲ့ စစ်မှန်တဲ့လမ်းကြောင်းမှန်ပေါ်မှာ စတင် လျှောက်လှမ်းဖို့ အချိန်တန်နေပြီ။ မြန်မာပြည် လူထုကို ဒီမိုကရေစီ ဆိုတဲ့ မူနဲ့ အသေအချာ လမ်းကြောင်းမှန်ပေါ် တွန်းတင် ပေးရမယ်။ ဘာကြောင့်လည်း ဆိုတော့ ပြီးခဲ့တဲ့ ဆိုရှယ်လစ် စနစ်၊ လက်ရှိ စစ်အာဏာရှင် စနစ်တို့ဟာ လူထုအတွက် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် အကျိုးရလဒ် မရှိဘူးဆိုတာ သက်သေပြခဲ့တာပဲ။

ဗိုလ်နေဝင်း ရဲ့ နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လက်ရှိ စစ်အစိုးရရဲ့ အာဏာရှင် စနစ် နဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေး တွေကြောင့် တိုင်းပြည်ဟာ တိုးတက် မလာခဲ့တဲ့ အပြင် ဆုတ်ယုတ်လာတယ်။ တိုင်းပြည် တစ်ပြည် မှာ နှစ်ကာလာ အပိုင်းအခြား တစ်ခု ရောက်ရင် အဲဒီ တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်မှုဟာ ဘယ်လို ဖြစ်နေရမယ်ဆိုတာ အကြမ်းဖျင်းတွက်လို့ရယ်။ ကျွန်တော့် အလုပ်မှာ ပရောဂျက်တွေကို စီမံခန့်ခွဲရသလို အချိန်၊ လုပ်အားနှင့် အရင်းအနှီးတွေ နဲ့ တိုင်းဆကြည့်ရတယ်။ တိုင်းပြည် တစ်ခု လုံးဟာ အုပ်ချုပ်သူတွေ လက်ထဲမှာရှိပြီး သံယဇာတ အရင်းအမြစ်တွေ အသုံးချကာ အချိန်အတိုင်းအတာ နှစ် နှစ်ဆယ်ကျော် ကာလမှာ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်ကတော့ မှားယွင်းနေပြီ။ အလုပ်သဘောအရဆိုရင်တော့ ပရောဂျက် မအောင်မြင်ဘူးပေါ့။ အဲဒါဆိုရင် ပရောဂျက် မန်နေဂျာ အဲဒီ ပရောဂျက်ကနေ ထွက်ပေးရတယ်။ အခု လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်နေတယ် လို့ ပြောရင် အဲဒီ အယူအဆ အတွေးအခေါ်ဟာ လိပ်တစ်ကောင်နဲ့ အတွေးအခေါ်မျိုးပဲလို့ ကျွန်တော် မြင်တယ်။ အဲဒီလိုမျိုး အတွေးအခေါ်တွေနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာ ဝင် မတိုးနိုင်ဘူး။ နှေးပြီး နောက်ကျ ကျန်နေတယ်။ တကယ်တော့ နှေးနေ တယ်ဆိုတာ မမှန်ဘူး။ နှေး နေတယ် ဆိုတာ တိုးတော့ တိုးတက်တယ်။ နှေးတယ်လို့ သဘော ရောက်နေတယ်။ တကယ်တော့ အချို့ အပိုင်း ကဏ္ဍတော်တော်များများမှာ မတိုးတက်သည့်အပြင် ဆုတ်ယုတ်သွားတယ်။

အဲဒီတော့ မြန်မာပြည် နဲ့ လျော်ညီမယ့် ဒီမိုကရေစီ အုပ်ချုပ်ရေးမျိုး ကို လေ့လာ သုံးသပ်ဖို့။ အသုံးချ ကျင့်သုံးဖို့ လိုအပ်နေပြီ။ အဲဒီတော့ ဘယ်လိုမျိုး ဒီမိုကရေစီ ပုံစံမျိုးလည်း လို့သုံးသပ်ကြည့်တဲ့အခါ မြန်မာပြည် ဖြတ်သန်းခဲ့တဲ့ ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ် ဝါဒတွေ၊ လက်ရှိ စစ်အုပ်ချုပ်ရေးကို ကြည့်တယ်။ ဒီမိုကရေစီ နဲ့ နာမည်ကြီးတဲ့ အမေရိကန် ဒီမိုကရေစီကို ကြည့်တယ်။ ဒီမိုကရေစီနဲ့ တွဲကပ်ပြီး လိုက်လာတဲ့ လက်ရှိ ကမ္ဘာရဲ့ အရှင်းရှင် ဝါဒကို ပြန်ကြည့်ရပြန်တယ်။ စနစ်တွေ ဝါဒတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ပြဠာန်းချက်တွေ ကိုတော့ လူတိုင်း သိထား နာလည် ထားတယ်။

ဆိုရှယ်လစ် စနစ်ဆိုတာ ကွန်မြူနစ် စနစ် မထွန်းကား ခင် ကတည်း တည်ရှိလာခဲ့တဲ့ စနစ်ပဲ။ ကွန်မြူနစ် စနစ်ဆိုတာကလည်း ဆိုရှယ်လစ် စနစ်ကို အခြေခံပြီးတော့မှ တဆင့်တက် ပြောင်းလဲသွားပြီး ပိုမိုပြင်းထန်တဲ့ စနစ် ဝါဒ တစ်ခု အသွင် ကူးပြောင်းသွားတာ။ ဆိုရှယ်လစ် စနစ်နဲ့ ကွန်မြူနစ် စနစ် နှစ်ခုစလုံးက ဘုံဝါဒကို အခြေခံကြတာပဲ။ နိုင်ငံရဲ့ စီးပွားရေး၊ ထုတ်ကုန် လုပ်ငန်းတွေကို အစိုးရက ထိန်းချုပ်လိုတယ်။ နံမည် တပ်လိုက်တော့ အများပိုင်ပေါ့။ လူတန်းစာ ခြားနားခြင်း မရှိစေပဲ အားလုံး တန်းတူရှိစေတယ်။ ပုဂ္ဂလိကပိုင် မှန်သမှ ဗဟိုအစိုးရက သိမ်းပိုက် ချုပ်ကိုင်တယ်။ကွန်မြူနစ် အုပ်ချုပ်ရေးမှာ တော့ ဗဟိုအစိုးရက လူအနည်းစုလောက်ပဲ ပါဝင်တယ်။ ဒါတွေက အပေါ်ယံ သဘောပါ။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း လွတ်လပ်စ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ပိုင်တဲ့ ကုမ္ပဏီ အများကြီးပဲ။ တရုတ်ပိုင်၊ ကုလားပိုင်တဲ့ ကုမ္ပဏီကြီးတွေ။ လူဆင်းရဲ နဲ့ လူချမ်းသာ အဆင့်ကွာခြားမှုကလည်း သိပ်များပြားတယ်။ အဲဒီ ခေတ် အခါတုန်းက ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် သဘောတရားရေးရာတွေက သိပ်ခေတ်စားတယ်။ စာပေတွေကို ဖတ်ရ၊ လေ့လာခြင်း အရ သိရတာပါ။ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ကွာခြားမှုကို အခြေခံပြီး ရေးသားတဲ့ စာပေ၊ ဖွဲ့ဆိုတဲ့ တေးဂီတ တွေ အများကြီး လွှတ်ထွန်းကားတဲ့ အချိန်ပေါ့။ ဆင်းရဲတွင်း နက်သထက်နက်ပြီး ကျောပြာမွဲကျ ဖွတ်တက်လာတဲ့ မြန်မာပြည် လူထု အတွက် ဆိုရှယ်လစ် လူ့ဘောင်သစ်နဲ့ ကွန်မြူနစ် ကျင့်စဉ်တွေကသာ ထွက်ပေါက်တစ်ခုဖြစ်လာတယ်။

၁၉၆၂-ခုနစ် မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရ အာဏာ သိမ်းယူပြီး ဆိုရှယ်လစ် မြန်မာနိုင်ငံတော်ကို ထူထောင် တယ်။ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို အစိုးရပိုင် သိမ်းယူတယ်။ ဆိုရှယ်လစ် စနစ်ရဲ့ အောက်မှာ မြန်မာပြည်သူ ပြည်သားတွေဟာ ပြင်ပ နိုင်ငံခြားနဲ့ အဆက်အသွယ် လုပ်လို့ခက်ခဲပြီး သတင်းအချက်အလက်တွေကလည်း အစိုးရချုပ်ကိုင်မှုအောက်မှာပဲ ရှိတော့ လူထုဟာ မျက်စိပိတ်၊ နားပိတ်နဲ့ “အ” သွားတယ်။ မှန်တာကို ပြောရဲ၊ ဆိုရဲ ယုံကြည်မှုတွေ ရိုက်ချိုး ခံရတယ်။

ငယ်စဉ်က ဆိုရှယ်လစ် စနစ် ပညာရေးရဲ့ အောက်မှာ သင်ကြားခဲ့ရတဲ့ စာရေးသူ ကိုယ်တိုင် ပထမဦးဆုံးအကြိမ် နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အခါ ယုံကြည်မှုတွေ မရှိဘူး။ သူတစ်ပါး အခိုင်းခံရတဲ့ ဘဝမှာပဲ သိမ်ငယ်စွာ အလုပ် လုပ်ရတယ်။ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံခြား တိုင်းပြည်မှာ ကိုယ်က သိမ်ငယ်တဲ့ ခံစားချက်ကို ခံစားရတယ်။ နောင်မှ နိုင်ငံခြားတိုင်းပြည်တွေက ယဉ်ကျေးမှုကိုလေ့လာ၊ အောက်ကျ နောက်ကျဖြစ်နေတဲ့ စိတ်ကို မြှင့်တင်ရတယ်။ မြန်မာ ဆန်တဲ့ နိုင်ငံကြီးသား ပီသအောင် ပြုပြင် ပြောင်းလဲယူရတယ်။ ပြောချင်တာက ဆိုရှယ်လစ်ခေတ်မှာ ကျွန်တော်တို့ မြန်မာလူငယ် မျိုးဆက်သစ်ရဲ့ ယုံကြည်ချက်တွေ ရိုက်ချိုးခံရတယ်။ လူထုမှာ ကိုယ်ပိုင် အရည်အချင်းတွေနဲ့ လုပ်ကိုင်နိုင်စွမ်း မရှိတော့ဘူး။ သဘောကတော့ “တုံး” သွားတယ်ပေါ့။ ဓားဆိုတာ သွေးပါများ က ထက်နေတဲ့ သဘောရှိတယ်။ မသွေးပဲ မသုံးပဲ ပစ်ထားကြည့်။ ကြာရင် သံချေးကိုက် ပြီး ပျက်ဆီးသွားတယ်။ အဲဒီ သဘောပဲပေါ့။ လူတစ်ဦး တစ်ယောက်ခြင်းစီရဲ့ လုပ်နိုင်ခွင့် အရည်အချင်းတွေကို ဖွင့်ပေးမှ လူဟာ တိုးတက်လာမှာ။ လူတွေ တိုးတက်လာမှ လူ့အဖွဲ့အစည်းကလည်း တိုးတက်ပြောင်းလဲ လာမှာ။

၁၉၈၈ အရေးအခင်းဖြစ်ပြီး စစ်အစိုးရ အာဏာ ရယူပြီးနောက် မြန်မာနိုင်ငံဟာ အာဏာရှင်အုပ်ချုပ်ရေး အောက် တရားဝင် ရောက်သွားတယ်။ စစ်အာဏာရှင်တို့ ရဲ့ ထုံးစံအတိုင်း အောက်ပါ အချက် ၁၀-ချက်နဲ့ တိုင်းသူပြည်သားတွေကို လိမ်လည် လှည့်ဖျားရတယ်။

၁။ ပြည်တွင်း ပြည်ပ နှောက်ယှက် ဖျက်ဆီးသူများ ရှိတယ်လို့ အကြောင်းပြသည်။
၂။ လျှို့ဝှက် အကျဉ်းစခန်းများ တည်ဆောက်သည်။
၃။ စွမ်းအားရှင်အဖွဲ့အစည်း ကဲ့သို့သော အရပ်သားများနှင့် ဖွဲ့စည်းထားသည့် စစ်တပ် အခြေပြု အဖွဲ့အစည်များ ထူထောင်သည်။
၄။ သာမန် ပြည်သူ လူထု၊ အရပ်သူ အရပ်သားများ အား လျှို့ဝှက် ထောက်လှမ်း စောင့်ကြည့်သည်။
၅။ ပြည်သူ လူထု အတွင်း လျှို့ဝှက် ထောက်လှမ်းရေး သမားများ ထည့်သွင်းထားသည်။
၆။ အကြောင်း ပြချက် ခိုင်လုံစွာ မရှိပဲ အလျင်းသင့်လျင် သင့်သလို အရပ်သူ အရပ်သားများအား ထိန်းသိမ်း ချုပ်နှောင်ခြင်း၊ ပြန်လွတ်ပေးခြင်း များ ပြုလုပ်သည်။
၇။ အရေးကြီးသည့် လူပုဂ္ဂိုလ်၊ ပြည်သူလူထုအပေါ် သြဇာလွှမ်းမိုး နိုင်သူတို့ကို ဦးတည် တိုက်ခိုက်သည်။
၈။ လွတ်လပ်စွာ ပုံနှိတ် ထုတ်ဝေခွင့်။ ရေးသားခွင့် တို့ကို ဖိနှိတ် ချုပ်ချယ်သည်။
၉။ နိုင်ငံရေးသမားများအား နိုင်ငံတော် အား ဖျက်ဆီးနှောက်ယှက်သူဟု အမည်တပ်ကာ တိုင်းပြည် ဖျက်ဆီးသူဟု လက်ညိုးထိုး ယိုးစွတ်သည်။
၁၀။ ဥပဒေအား လိုအပ်သလို ပြုပြင် ပြောင်းလဲပြင်ဆင်ကာ ပြစ်ဒဏ်ချမှတ်လေ့ရှိသည်။
(စကားချပ်။ ဗမာပြည် အာဏာရှင် အကြောင်းကို အင်္ဂလိပ်လို ရေးကြည့်ဖူးသည်။ ငယ်ငယ် တုန်းက ချမ်းသာရဘုရား ဧကျောင်းမှာ သစ်စ အစ်စ အေဘုတ်ခ (this is a book) နဲ့ သင်လာခဲ့တဲ့ အင်္ဂလိပ်စာ ကို တိုးတက် အောင်လို့ အင်္ဂလိပ်လို ပို့စ်တွေ ကြိုးစားပြီးရေးတာ။ ပြန်ကြည့်တိုင်း အမှားတွေချည့်ပဲ။ Burmese Dictatorship မှာ ပိုပြီး အကျယ် ရေးထားတာပေါ့။

ကြားဖူးတဲ့ ဟာသကလေး တစ်ပုဒ်ရှိတယ်။ တစ်ခါက ရွာဘုန်းကြီး စာသင်ကျောင်းကလေး တစ်ခုမှာ မြို့က ကျောင်းဆရာလေး တစ်ယောက် တာဝန်ကျတယ်။ကျောင်း ဆရာလေး က စာအုပ်တစ်အုပ်ကို လက်က ကိုင်ထားပြီး သစ်(စ်) အစ်(စ်) အေ ဘွတ်(ခ်) (this is a book). ဒါဟာ စာအုပ် တစ်အုပ် ဖြစ်တယ်လို့ အင်္ဂလိပ်လို ပီပီသသ ရွတ်ပြီး သင်တယ်။ ကျောင်းသူ ကျောင်းသား ကလေးတွေက နားမလည်ဘူး။ အားလုံးက ဘာလဲ ဘာလဲနဲ့ ကျောင်းဆရာလေးကိုပဲ နဝေတိန်တောင်နဲ့ ဝိုင်းကြည့်ကြတယ်။ ကျောင်းဆရာလည်း ဘယ်လိုမှ သင်လို မရ၊ နောက်ဆုံး လက်လျှော့ပြီး အရင် စာသင်ပေးနေတဲ့ ရွာဘုန်းကြီးကို အကူအညီ တောင်းရသည်။ အဲဒီတော့မှာ ဘုန်းကြီးက ဝင်လာပြီး စာအုပ်ကို ကိုင်က သစ်စ အစ်စ အေဘုတ်ခ လို့ ပြောလိုက်မှ ကလေးတွေ အော် ဆိုပြီး နာလည်တော့တယ်။ စာရေးသူ ငယ်စဉ်တုန်းကလည်း အဲဒီ လိုမျိုး ကျောင်းသားလေး တစ်ယောက်ပါ။)

စစ် အစိုးရ လက်ထက်မှာလည်း ပြည်သူလူထုဟာ ဖွတ်သထက် ညစ်လို့ တိုင်းပြည်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ရှိနေတယ်။ ဒုက္ခသည် ဘဝဆိုတာကို ကိုယ်တိုင် ဒုက္ခနဲ့ ကြုံတွေ့ဖူးမှ ကိုယ်ချင်း စာနာတတ်တာ။ ရန်ကုန် မြို့ကြီး ပြကြီးတွေမှာ နေပြီး စည်းစိမ်ယစ်နေတဲ့ လူတွေကို နယ်စပ်က ဒုက္ခတွေ ပြောပြလို့ကတော့ ကျွဲပါး စောင်းတီး၊ နွားရှေ့ ထွန်ကျုး သလိုဖြစ်နေမှာပဲ။ စည်းစိမ်ယစ် အာဏာယစ်နိုင်တဲ့ လူတွေက လောက နိဗ္ဗာန်ဆိုတာ ဒီကမ္ဘာမြေပေါ်မှာ ရှိတာပါလားလို့ ဆိုနေကြတဲ့ အချိန်မှာ ပြည်သူလူထု အတွက်က လောက ငရဲဆိုတာ ဒီနိုင်ငံမှာ ရှိတာလို့ ငိုးကြွေးမြည်တမ်းနေကြလိမ့်မယ်။

စာရေးသူ တက္ကသိုလ်ကျောင်းသား ဘဝ သုံးတန်းနှစ်ရောက်တော့ တက္ကသိုလ်ပညာရေးကို အယုံအကြည် မရှိတော့ဘူး။ အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးပြီး သင်ကြားရတဲ့ ပညာရေးမှာ စာအလွတ်ကျက်ပြီး အဖြေစာရွက်ပေါ်မှာ ပြန်ပြီး ရေးချပြရတဲ့ စနစ်ကို စိတ်မဝင်စားတော့ဘူး။ ကျောင်းလည်း သိပ်မတက်တော့ပဲ စာပဲဖတ်တယ်။ ညပိုင်း အလုပ်လုပ်တယ်။ ဆူလေအဝိုင်း နေလ ကော်ပီကူးဆိုင်က စာအုပ်တွေက ကျွန်တော့် ကျောင်းပဲ။ ကျောင်းပြီးလို့ တတ်တဲ့ ပညာကို အသုံးချဖို့အတွက် နေရာ မရှိဘူး။ ကြီးမြင့်နေတဲ့ ကုန်စျေးနှုန်း၊ ရန်ကုန်မှာ အိမ်ငှားနေရမယ့် မန္တလေးသား တစ်ယောက်အတွက် လခစား သမားဘဝ မရပ်တည်နိုင်ခဲ့ဘူး။ အခုအခါမှာဆိုရင် စာရေးသူလို နိုင်ငံခြား ထွက်ကြတဲ့ ပညာတတ်လူငယ်တွေ ဒုနဲ့ ဒေးနဲ့။

ပညာတတ် လူငယ်တွေ နိုင်ငံခြားတွေ ရောက်တဲ့ အခါ မျက်စိပွင့် နားပွင့်နဲ့ ဒီမိုကရေစီရဲ့ လွတ်လပ်တဲ့ အရသာကို ခံစားကြရတယ်။ လွတ်လပ်စွာ ခရီးသွားလာကြရတယ်။ ကိုယ် ယုံကြည်ရာ အတွေးအခေါ် အယူအဆတွေကို လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားကြတဲ့ ဘလော့၊ စာပေ အရေးအသားတွေ ထွန်းကားလာတယ်။ မြန်မာ လူငယ် လူတော်တွေ အများကြီး ရှိတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ ရလို့ကတော့ တိုင်းပြည် တိုးတက် ထွန်းကားလာမှ ဧကန်မုချ ပဲ။ စစ်မှန်တဲ့ ဦးဆောင်မှုနဲ့ စစ်မှန်တဲ့ စနစ် မူ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ပဲ လိုတော့တယ်။

အမေရိကန်၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံတွေမှာ နှစ်ပေါင်း ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့ပြီးနောက် စာရေးသူ ဘာလေ့လာမိသလဲဆိုတော့ အရင်ရှင် စီးပွားရေးနဲ့ ဒီမိုကနေစီ စနစ်အောက်က လူနေမှု ပုံစံကို သိရှိ နားလည်လာရတယ်။ ယနေ့ အမေရိကန် နိုင်ငံမှာ ဒီ အရင်းရှင်စီးပွားရေး စနစ်ကို အမေရိကန် နိုင်ငံသားများ ကိုယ်တိုင် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ပြန်လည် ဝေဖန် ဆန်းစစ်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဒီမိုကနေစီ စနစ်ကို လက်ခံကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံမှာ အစိုးရက ဝင်ရောက် ချုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ မရှိသလောက်ပဲ။ လုံးဝမရှိတာ မဟုတ်ဘူး။ ဥပမာ စာပို့ လုပ်ငန်းဆို အစိုးရက ဝင်ရောက် လုပ်ကိုင်တယ်။ ပုဂ္ဂလိက ပိုင် (FedEx, UPS) အစရှိတဲ့ စာပို့ လုပ်ငန်းတွေ လည်း ရှိသည်။ ယနေ့ အမေရိကန် အစိုးရသည် ကျန်းမားရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်သည်။ လူတိုင်း ကျန်မာရေးနှင့် ပတ်သက်သည့် ခံစားခွင့်များ ရရန် ရည်ရွယ်သည်။ ထိုသို့ ဝင်ရောက် စွတ်ဖက်သည့် အတွက် လက်ရှိ အမေရိကန် အစိုးရအား ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးနေသည််ဟု စွတ်စွဲမှုများ ဖြစ်လာသည်။ သို့ သော် ဒီမိုကရေစီ စနစ် ကြီးထွား ခိုင်ခံလာသည်နှင့် အမျှ စီပွားရေးလုပ်ငန်း ကိုအော်ပရေးရှင်းများ တစ်စတစ်စ ကြီးထွားလာတယ်။ ထိပ်တန်းစီးပွားရေး ပညာရှင်များ၊ ငွေးကြေးပညာရှင်များ၊ ဘဏ်လုပ်ငန်းများ က အစိုးကို လက်တစ်လုံးခြား လှည့်ပတ် လိမ်လည် လှည့်ဖြားကြသည်။ ထိုသည် အတွက် အစိုးရက ဝင်ရောက် စွတ်ဖက်ရကာ စည်းမျင်း ဥပဒေဘောင်များ ချမှတ်လျက် ပြည်သူတွေ အတွက် အကာအကွယ် လုပ်ပေးရပြန်သည်။

ဘာကြောင့် အမေရိကန်တွေ ဒီ အရင်းရှင် စနစ်ကို ပြန်လည် သုံးသပ်နေကျရသလဲ။
ဒီမိုကရေစီ စနစ်က ခွင့်ပြုထားသော လွတ်လပ်စွာ ရင်းနှီးမြုတ်နှံ ရောင်းဝယ်ဖောက်ကားခွင့် ကြောင့် အမေရိကန်တို့၏ စီးပွားရေး ထိတ်တန်းတွင် ရှိနေခဲ့သည်။ ပေါင်းစည်းသော ကိုအော်ပရေးရှင်းလုပ်ငန်းများ ကြီးထွားလာသည်။ ထိုသို့ ကြီးထွားလာသောကြောင့် အမေရိကန်တို့၏ စီးပွားရေး သည် ထိုကဲ့သိုသော ကုမ္ပဏီကြီးများ၊ ဘဏ်လုပ်ငန်းများ၏ ချုပ်ကိုင် မောင်းနှင်မှုအောက် ရောက်လာသည်။ထိုကုမ္ပဏီကြီးများသည်၊ ပြည်သူတို့ အပေါ် ငွေညစ်ယူကြသည်။ ဂုတ်သွေးစုတ်သည်။

အမေရိကန်တွင် လူတန်းစား သုံရပ်ရှိသည်။ ကိုအော်ပရေးရှင်းများတွင် ရင်းနှီးမြုတ်နှံထားနိုင်သော သန်းကြွယ် သူဠေးများ၊ ၄င်းတို့သည် လုပ်ငန်းကို အကြောင်းပြ ၍ အသုံးစရိတ်များကို လုပ်ငန်းနှင့် ပေါင်းစည်းကာ အခွန်နည်းအောင် လှည့်ဖြားကြသည်။ တဖန် ဝင်ငွေနည်း လူတန်းစားလည်း ရှိသည်။ ဝင်ငွေနည်း လူတန်းစားတို့သည်လည်း ဝင်ငွေနည်းသည့်အတွက် အစိုးရထံမှ နှစ်စဉ် အထောက်အပံ့ကြေးများ၊ စားစရာ အလကား ဝယ်ခွင့် ကပ်ပြားများ ရကြသည်။ ကလေးတွေ မွေးထားသော မိသားစု ဆိုလျှင် အစိုရထံမှ နှစ်စဉ် ဒေါ်လာ သောင်းချီ ရကြသည်။ ထို့ကြောင့် အချို့ စီးပွားရေးသမားများသည်လည်း သူတို့ ဝင်ငွေနည်းကြောင်းပြကာ အစိုးရထံမှ လိမ်လည်ကာ အကျိုးခံစားကြသည်။ ဆရာဝန်၊ အင်ဂျင်နီယာ..အစရှိသည့် လခစားသမားများသည် လူလတ်တန်းစားများ ဖြစ်ကြသည်။ လခစား သမားဖြစ်သည့် အားလျော်စွာ ဝင်ငွေနည်းကြောင်း လိမ်လို့မရ။ အစိုးရက အခွန် အခတို့ကို လစာထဲမှ တစ်ခါတည်း ဖြတ်တောက်သွားသည်။ တနည်းအားဖြင့် လခစား သမားတို့သည် အမေရိကန် နိုင်ငံသား လစာနည်း လူတန်းစားတို့အတွက် လစဉ်အလှု ရံပုံငွေ ထည့်ဝင်ပေးနေရသည် ဆိုလျှင်လည်း မမှားချေ။ ဥပမာ မက်ဆီကန်လူမျိုးများ အမေရိကန်နယ်စပ်က ခိုးဝင်လာကာ အမေရိကန် နိုင်ငံရောက်သည်တွင် ကလေးတွေ သုံးလေးယောက် အနည်းဆုံး မွေးကြသည်။ ထို့နောက် အမေရိကန် အစိုးရထံမှ ထောက်ပံ့ကြေးများ ရယူသည်။ လခစား သမားများအတွက်တော့ ထည့်ဝင်ရသော အလှုအတန်း အတွက် ကောင်းမှုကုသိုလ်များ ရရှိကြသည်။

အမေရိကန်တို့၏ အရင်းရှင် စီးပွားရေး မူဝါဒသည် စားသုံးသူများ များများသုံး၊ များများဝယ်၊ များများစား ဖို့ ရည်ရွယ်သည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး စျေးကွက်သည် အလွန်ကြီးမားသည့် အတွက် ထုတ်ကုန်များကို အမြောက်အမြား ထုတ်လုပ်သည်။ အစိုးရကလည်း ရိုက်ထုတ်လိုက်သော ဒေါ်လာတန် တစ်ရွက်ကို သိမ်းဆည်း မထားစေလိုပဲ ဟိုလက်မှ ဒီလက်သို့ ကူးပြောင်းနေစေကာ ငွေကြေးကို လှည့်ပတ်စေသည်။ သုံးစွဲ စေသည်။ ပြည်သူလူထုက များများသုံးလေ၊ သုံးသည့် အခါတိုင်း အစိုးက အခွန်ရလေဖြစ်သည်။ ငွေမသုံးပဲ စုဆောင်းသူလက်ထဲ ရောက်သွားပါက ထိုငွေ သေ သွားသည်။ စီးပွားပျက်ကတ် ကြုံတွေ့ရသည့် နှစ်တွင် အမေရိကန်တို့သည် သိပ်မသုံးစွဲကြတော့။ စုဆောင်းကြသည်။ စားသောက်ဆိုင်တို့တွင် စားသောက်ခြင်းထက် အိမ်တွင် ချက်ပြုတ်စားသောက်ကြသည်။ ထို့ကြောင့် ယနေ့ အမေရိကန်အစိုးက စီးပွားရေး ပြန်လည် လည်ပတ်လာစေရန် ပြည်သူလူထုအား များများ သုံးစွဲဖို့ တိုက်တွန်းနိုးဆော်သည်။

ဒီမိုကရေစီ ဟု ဆိုရာတွင်လည်း တိုင်းပြည် တစ်ပြည်နှင့် တစ်ပြည် ကျင့်သုံးပုံ၊ တည်ဆောက်ပုံတို့ ကွဲပြားခြားနား လိမ့်မည်။ သို့သော် အခြေခံ ဥပဒေသည် အရေးကြီးဆုံးပင်။ အခြေခံ ဥပဒေကသာ အခြေခံ လူ့အခွင့် အရေးတို့ကို ကာကွယ်ပေးနိုင်မည်။ အမေရိကန်တွင် အချို့သော လွတ်လပ်မှု ပုံစံတို့ မြန်မာပြည်အတွက် အသုံးမတည့်။ သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှုဆိုတာ ရှိသေးသည်။ ယဉ်ကျေးမှု မတူညီသည်ကို အတုယူ၊ အားကျဖို့ မလို။ ကိုယ့် ယဉ်ကျေးမှု အတွက် ကိုယ်ဂုဏ်ယူတတ်ဖို့သာလိုသည်။ နိုင်ငံခြားရောက်၍ နေ့နှင့် နံနှင့် မိဘပေးခဲ့သော နာမည်အဆုံးခံကာ အင်္ဂလိပ်နာမည် ပြောင်းကြသည်မှာ အလွန် နမြောဖို့ ကောင်းသည်။ ကျွန်တော်တို့ မြန်မာ နာမည်များသည် နာမည်သိရုံနှင့် မည်သည့် နေ့တွင် မွေးသည်ကို အလွယ်တကူ တန်းပြောနိုင်သည်မှာ ဂုဏ်ယူစရာပင်။ ကျွန်တော်တို့၏ မွေးစာရင်းသည်လည်း လက်ဖြင့်ရေးရကာ အနုပညာမြောက်သော ဇာတာပင်ဖြစ်သည်။

အမေရိကန်၏ လက်ရှိ အရှင်းရှင် စီးပွားရေး။ နိုင်ငံရေးကို တီးခေါက် ကြည့်ရုံလောက်သာ ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အဖြစ်အပျက်များကို သိထားလျှင် ယုတ်စွအဆုံး မြန်မာပြည် ဒီမိုကရေစီ အတွက် ဆောင်ရန် ရှောင်ရန်များ ရရှိနိုင်သည်။ လာမည့် မြန်မာပြည် ရွေးကောက်ပွဲတွင် စစ်အစိုးဖက်မှ ပါတီသည် မဲတစ်မဲ မှ မရပဲ အကြီး အကျယ် ရှုံးနှိမ့်မည်ဟု ခန့်မှန်းမိသည်။ အဘယ်ကြောင့် ဆိုသော် ပြည်သူတို့သည် စစ်တပ်ပါတီကို တံတွေးဖြင့် ထွေး၊ အော့ နှလုံးနာလျက် ကဲ့ရဲ့ ရှုံ့ချ နေကြသည်။ မြန်မာပြည် ဒီမိုကရေစီ ရမည်။ စာရေးသူလည်း ထိုအခါ မြန်မာပြည် ပြန်ကာ စာသင်မည်ဟု အားခဲထားသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

စီးပွားရေး သီအိုရီထုတ်ကြည့်ခြင်း


ဒီရက်ပိုင်းမှာ အလုပ်များပုံက ဘယ်ကနေ ဘယ်လိုအချိန်တွေ ပျောက်ဆုံးကုန်မှန်းမသိဘူး။ ကိုယ်ဖတ်နေကျ ဟိုဟိုဒီဒီ စာတိုပေစတွေနဲ့ ဝတ္ထုဖတ်တဲ့ အချိန်ကလည်း ရေချိုးခန်း ဝင်တဲ့ အချိန်လောက်ပဲ ရှိတော့တယ်။ နောက်ပြီး ညွှန့်စံရဲ့ အနောက်တိုင်း စာပေယဉ်ကျေးမှု ဒေါက်တာဘွဲ့အတွက် စာတွေ ကူဖတ်ပေးပြီး စာတမ်းပြုစုဖို့ကလည်း ရှိသေးတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လုပ်ရမယ့် အလုပ်ဆိုတော့လည်း အပျင်းကြီးနေလို့ မဖြစ်ချေဘူး။ ကိုအောင်မိုးဝင်းရဲ့ အင်တာနက်သတင်း မီဒီယာ ဝက်ဆိုဒ်ကို ဖန်တီးပေးဖို့ကလည်း လုပ်လက်စ။ အဲဒါကလည်း ရပ်ထားလို့ မဖြစ်ပြန်ဘူး။ အဲဒီကြားထဲမှာ ငယ်ငယ်လေးကတည်းက လုပ်ချင်နေခဲ့တဲ့၊ လုပ်ဖို့လည်း ရည်မှန်းချက်တွေ ထားခဲ့တဲ့ ကိုယ်ပိုင် လုပ်ငန်းတွေပေါ့။စွန့်ဦး စီးပွားတည်ထွင်သူ ဖြစ်ဖို့အတွက် အယူအဆအသစ်တွေနဲ့ ကြံဆပြီး အစပျိုးနေရတုံး။ ဘဝရပ်တည်နေရေးအတွက် အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ရတဲ့ အချိန်၊ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးအတွက် အားကစားလုပ်ရတဲ့ အချိန်၊ သာယာတဲ့အိမ်ထောင် အတွက် အတူတကွ ဖန်တီးရမယ့် အချိန်၊ အဲဒါတွေကို နုတ်လိုက်ပြီးတော့မှ ကျန်တဲ့ အချိန်လေးထဲမှာ ကိုယ်လုပ်ချင်တာတွေ လုပ်ရတော့မှာ။ ဒီတော့ ဘလော့မှာစာရေးဖို့အချိန် တစ်နာရီလောက် ရဖို့ အချိန်ကို တစ်ခါပြန်ပြီး စီမံခန့်ခွဲရတယ်။ အိပ်မက်တွေထဲမှာတော့ စာလုံးတွေ၊ စကားလုံးတွေက အတောင်ပံတွေပေါက်လို့ ဟိုဟိုဒီဒီ ဝဲပျံနေကြတာ လိုက်ဖမ်းလို့ကို မမိနိုင်ဘူး။

အဲဒီတော့ ဗဟုသုတရဖို့ အလို့ငှာ အစုရှယ်ယာ(stock)အကြောင်းလေး တီးမိခေါက်မိကြရအောင် နည်းနည်းပါးပါးလေး ရေးလိုက်အုံးမယ်။ စာကလည်း မရေးတာ ကြာပြီဆိုတော့ လောလောဆယ် ဖတ်စရာလေး တစ်ခုဖြစ်သွားအောင်လို့ပါ။ ကိုယ်က ဘောဂဗေဒကို အထူးပြုလေ့လာလိုက်စားခဲ့တဲ့သူမဟုတ်ဘူး။ နောက်ပြီး ကိုယ်ကြီးပြင်းခဲ့တဲ့ ဘဝကလည်း နိုင်ငံတကာ စီးပွားရေးကို ဝင်ဆံ့ဖို့ မဆိုထားနဲ့ မြန်မာပြည်ရဲ့ စီးပွားရေး စျေးကွက်ကို တောင် မကပ်နိုင်ဘူး။ ဘုရားပွဲစျေးတွေမှာ ဆိုင်ခင်းပြီး လေးဘေးထည် ရောင်းခဲ့ရတဲ့ စီးပွားရေးလောက်ပဲအကျွမ်းတဝင်ရှိတယ်။ ဟဲ..ဟဲ..ပိုက်ဆံ ငါးကျပ် တစ်ဆယ် မြတ်ဖို့ အားပေါက်အောင် ရောင်းရတဲ့ အရောင်းစျေးသည်မျိုးပေါ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက မေမြို့ ညမ်တောစျေးပွဲမှာ စျေးရောင်းနေတဲ့ ဘကောင်းကို တွေ့ဖူးကြလိမ့်မယ်။ အဲဒီတော့ အခုလို နိုင်ငံတကာ အစုရှယ်ယာ အကြောင်းရေးတဲ့အခါ လက်ရှိ အတွေ့အကြုံကိုပဲ အခြေခံပြီး ရေးရမှာဆိုတော့ ပညာရှင်တွေလို သီအိုတွေ လှိုင်နေအောင် မသုံးပဲ၊ လက်တွေကြတဲ့ ဘက်ကပဲ ချဉ်းကပ်ပြီးရေးမယ်။

လူငယ်တွေ နိုင်ငံတကာကို ချေဦးလှည့်ကျတော့မယ်ဆိုရင် ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ စိတ်ထားကို ထားဖို့ အလွန်တရာ အရေးကြီးတယ်။ ရိုးရိုးကျင့်ဖို့ အတွက် စာရိတ္တကောင်းတွေရှိဖို့ လိုတယ်။ နိုင်ငံကြီးသား စိတ်ထားတွေ ထားတတ်ဖို့လိုတယ်။ နိုင်ငံတကာက အဆင့်အတန်းမြင့်မားတွေ စာကောင်းပေကောင်းတွေဖို့ ရှာဖွေလေ့လာပြီး နိုင်ငံတကာယဉ်ကျေးမှုမှာ ကိုယ့်ရဲ့ မြန်မာယဉ်ကျေးမှုနဲ့ ဝင်ရောင် ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်။ မြင့်မြင့်ကြံကြပြီဟေ့လို့ ဆိုလိုက်ရင်လည်း နိုင်ငံတကာမှာ ကိုယ်က အခိုင်းခံဖို့ သွားတာထက် ကိုယ်က သူများကို ခိုင်ဖို့၊ ကိုယ်က သူများကို အုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်နဲ့ ပြင်ဆင်ကြရမယ်။ ကိုယ့်အတွက် လိုအပ်တဲ့ လက်နက်ကိရိယာ တွေကို တတ်ဆင်ရမှာပေါ့။ ဘာသာစကားတွေ တစ်မျိုးမက ပြောတတ်ဆိုတတ်အောင် လေ့လာ၊ အထူးသဖြင့် အင်္ဂလိပ်စာ၊စကားပေါ့။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ ပညာကို တဖက်ကမ်းခပ်အောင် ကြိုးစားရမယ်။ကိုယ်တတ်ထားတဲ့ ပညာရပ် အပေါ်မှ ယောင်တိယောင်ဝါးဖြစ်နေပြီလို့ ထင်ရင် ထပ်ပြီး ကြိုးစား။ ဘယ်လောက်အထိ ကျွမ်းကျင်တတ်မြောက်ဖို့ လိုသလဲဆို တရေးနိုး ထမေး…အဖြေရှိတယ် ဆိုတဲ့ ယုံကြည်ချက်မျိုးပေါ့။ ကိုယ်တတ်ထားတဲ့ ပညာရပ်အပေါ်မှာ ကျွမ်းကျင်ပြီဟေ့လို့ ယုံကြည်မှုရှိလာရင် ခေါင်ဆောင်မှုပညာတွေ၊ စီမံခန့်ခွဲ အုပ်ချုပ်မှုပညာတွေကို၊ စွန့်ဦး စီးပွားတည်ထွင်မှု တွေအကြောင်း လေ့လာ။ ဒီလိုနဲ့ နိုင်ငံတကာမှာ မြန်မာတွေ နေရာယူလာကြရင် နောက်တက်လာမယ့် လူငယ်တွေအတွက် အခွင့်အလမ်းတွေရမယ်။ တိုင်းပြည် ပြန်လည် ထူထောင်ကြတဲ့အခါ အဲဒီလို လူတွေက မရှိမဖြစ် လိုလာကြမှာပေါ့။

စာရေးသူ ကိုယ်တိုင်က ငယ်ငယ်ကတည်းက အလုပ်အရမ်းလုပ်ချင်တာ။ ဘာအလုပ်ဖြစ်ဖြစ် လုပ်ချင်တာပဲ။ အဖေသုံးဘီးကား မောင်းတော့ ကားနောက်လိုက်တဲ့ စပယ်ယာ လုပ်တယ်။ အဲဒီတုန်းက အဖေ့သုံးဘီးကားက ရုံတော်ကြီးမှာ ဂိတ်ထိုးတာ။ ညနေကားသိမ်းပြီဆိုရင် စျေးချိုကနေ ဘုရားကြီးကို တစ်ယောက်နှစ်ကျပ်နဲ့ လူခေါ်ပြီး ကားဆွဲတယ်။ နောက် နည်းနည်းကြီးလာတော့ လေဘေးထည် ရောင်းတယ်။ နောက် စျေးချိုတိုက်တန်းက ဖိနပ်ဆိုင်မှာ ဖိနပ်ရောင်းတယ်။(အားတဲ့ အခါများကြတော့ အဲဒီ စျေးချိုတိုက်တန်းမှာ ဖိနပ်ရောင်းခဲ့တဲ့ အတွေ့အကြုံလေး ရေးရမှာပေါ့။) အဲဒီ ဖိနပ်ဆိုင်မှာ အလုပ်လုပ်တုန်းက ရတဲ့ လခက တစ်ခ သုံးထောင်။ အဲဒီ ပိုက်ဆံကို စုပြီး ရေဒီယို ကက်ဆက် ပြုပြင်သင်တန်းတက်။ပြီးတော့ အိမ်မှာ “တန်” ဆိုတဲ့ နာမည်နဲ့ ရေဒီယို၊ ကက်ဆက်ပြင်ဆိုင် ဖွင့်တယ်။ မအောင်မြင်ဘူး။ နည်းနည်းပါးပါးလေးပဲ ပြင်လိုက်ရတယ်။ “တန်” ဆိုတဲ့ နာမည်က စာရေးသူ တရုတ်စာ၊ စကားကို လေ့လာတုန်းက ရလာတဲ့ တရုတ်စာလုံးတစ်လုံးရဲ့ အသံထွက်ပါ။ နောက် တက္ကသိုလ်တက်ရတော့ အဲဒါတွေ ရပ်သွားတယ်။ တက္ကသိုလ် သုံးတန်ပြီးတော့ အလုပ်က လုပ်ချင်လာပြန်ရော။ အဲဒီအချိန်မှာ ကျောင်းပြီးသွားတဲ့ လူတွေက တစ်ယောက်ပြီး တစ်ယောက်အစုရှယ်ယာတွေ စပ်ပြီး ကုမ္ပဏီတွေ ထောင်တော့ အားကျတယ်။ ဒါပေမယ့် ကိုယ့် ပညာက မပြည့်စုံသေးဘူး။ ငွေးကြေးက မရှိသေးဘူး။ ဒီတော့ ရန်ကုန်မှာနေပြီ အိမ်တွေကိုလိုက် ကွန်ပျုတာပြင်တယ်။ ဒီတော့ လူတွေ အကြောင်းပိုသိလာရတာပေါ့။ အဲဒီတုန်းက ကိုယ်က အစုရှယ်ယာတွေ ထည့်နိုင်တဲ့ အနေအထားမရှိတော့ ကိုယ့်ကိုယ်ကို အားမရဘူး။ ကိုယ့် အရည်အချင်းတွေကို ပြန်လည် ဆန်းစစ်ရတယ်။ ဒီလိုနဲ့ စိတ်ထဲမှာ ဆူးကလေး တစ်ချောင်း ပေါက်လာပြီး တေးထားရတော့တာပေါ့။

နောက်ပိုင်းနှစ်တွေမှာ စာရေးသူ နိုင်ငံတကာကို ခြေဆန့်တော့ အစုရှယ်ယာ(stock)တွေဆိုတာ အလွယ်တကူ ဝယ်လို့ရတယ် ရောင်းလို့ တယ်ဆိုတဲ့ အမြင်တွေရှိလာတယ်။ ကုမ္ပဏီတွေ ဘယ်လို ထူထောင်ရမယ်။ အတွေးအခေါ် အကြံကောင်း ဉာဏ်ကောင်းတွေရှိမယ်ဆိုရင် စွန့်စားဦးဆောင်ပြီး လုပ်ငန်းတွေ လုပ်လို့ရတယ် ဆိုတဲ့(entrepreneurship) လမ်းစ အမြင်တွေ တွေ့ရှိလာတယ်။ စွန့်ဦး စီးပွားလုပ်ဆောင်မည့်သူ(entrepreneur) တစ်ယောက်ဟာ စျေးကွက်မှာ မရှိသေးတဲ့ အတွေးအခေါ် အကြံဉာဏ်ရှိရင် အဲဒီ အကြံဉာဏ်ကို အကောင်းအထည်ဖေါ်ဖို့ ပညာရှင်နဲ့ ငွေကြေးအရင်းအနှီး တွေလိုလာတယ်။ အဲဒါတွေကို ရအောင် ချဉ်းကပ် စည်းရုံးရတာ သူ့ရဲ့ ပညာပဲ။ Microsoft ၊ Google ၊Youtube အစရှိတဲ့ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဟာ အကြံဉာဏ် အတွေးအခေါ်ကောင်းက စခဲ့ကြတာပဲ။ သူတို့ဟာ ကျောထောက်နောက်ခံ ငွေကြေး အထောက်အပံပေးမယ့် သူတွေကို ချဉ်းကပ်ပြီး လုပ်ငန်းတွေကို စခဲ့ကြတယ်။ နောက်တော့ ငွေကြေး အရင်းအနှီးကို ပိုပြီး ကြီးမား လာအောင်လို့ အများနဲ့ သက်ဆိုင်တဲ့ အစုရှယ်ယာ အဖြစ် ဖွင့်ပေးလိုက်တော့ လူတိုင်းလူတိုင်း အစုရှယ်ယာတွေ ဝယ်လို့ ရလာတောပေါ့။

ကုမ္ပဏီတစ်ခုက ပစ္စည်းတစ်ခုကို တီထွင်ဖန်တီးလိုက်ပြီး စျေးကွက်မှာ ဝင်တဲ့ အခါ အဲဒီ ပစ္စည်းအပေါ်မှာ ယုံကြည်မှုရှိတဲ့ လူတွေက အစုရှယ်ယာတွေ ဝယ်ပြီး ရင်းနှီးမြုတ်နှံကြတယ်။ ဥပမာ ကုမ္ပဏီက အရင်းအနှီး ၁၀၀၀-ကျပ်လောက် လိုတယ် ဆိုကြပါစို့။ ဒီတော့ အစုရှယ်ယာ တစ်ခုကို ၁-ကျပ်နဲ့ အခုတစ်ထောင် ရောင်းမယ်။ နောက်တော့ ကုမ္ပဏီက အောင်မြင်မှုရှိလာပြီး အမြတ်တွေရလာတဲ့ အခါ အစုရှယ်ယာတွေရဲ့ တန်ဖိုးလည်း တက်သွားမယ်။ အဲဒီတော့ နိုင်ငံတကာမှာ အစုရှယ်ယာတွေကို ရောင်းဖို့၊ ဝယ်ဖို့ ဘယ်လိုလုပ်ကြသလဲလို့ မေးစရာရှိလာတယ်။ ကျွန်တော်တို့ စျေးဝယ်စရာရှိရင် စျေးကို သွားပြီး စျေးဝယ်ရတယ်။အဲဒီလိုပဲ အစုရှယ်ယာတွေကို ဝယ်ချင်ရင် အစုရှယ်ယာစျေးကွက်(stock market)မှာ ဝယ်ရတယ်။

ကမ္ဘာပေါ်မှာ စီပွားရေးလုပ်ငန်းတွေ အမြောက်အမြား ရှိနေတဲ့အတွက် အစုရှယ်ယာစျေးကွက်မှာလည်း လူတကာ ဝယ်လို့ ရအောင် အစုရှယ်ယာတွေ ဖွင့်ပြီးရောင်းတဲ့ ကုမ္ပဏီတွေ အများကြီးရှိတယ်။ အဲဒီ ကုမ္ပဏီတွေ ရဲ့ တိုးတက်အောင်မြင်မှု အခြေအနေတွေကို ကြည့်ပြီး အစုရှယ်ယာတွေကို ဝယ်ယူသူတွေလည်း ရှိတယ်။ ဝယ်ထားတဲ့ အစုရှယ်ယာတွေကို ပြန်လည် ရောင်းချလိုတဲ့ သူတွေလည်း ရှိတယ်။ အဲဒီတော့ အစုရှယ်ယာ ဝယ်လိုသူတွေ၊ ရောင်လိုသူတွေနဲ့ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတဲ့ စျေးကွက်ကို အစုရှယ်ယာစျေးကွက်လို့ ခေါ်ရမှာပေါ့။ ဝယ်လိုသူနဲ့ ရောင်းလိုသူတို့ရဲ့ အစုရှယ်ယာတွေ ချိတ်ဆက်ပေးရတာကို stock exchange လို့လည်း ခေါ်တယ်။ Nasdaq, New York Stock Exchange (NYSE) တို့ ဆိုတာတွေက အမေရိက အစုရှယ်ယာစျေးကွက်ရဲ့ exchange တွေပဲ။ ဒါပေမယ့် ဒီအစုရှယ်ယာစျေးကွက်ဆိုတာ ကျွန်တော်တို့ ကျောက်မြောင်းစျေး၊ ဗိုလ်ချုပ်အောင်ဆန်းစျေးတွေလို လူကိုယ်တိုင်သွားပြီး ကျွန်တော် ဒီကုမ္ပဏီရဲ့ အစုရှယ်ယာ ဘယ်လောက်ဖိုး ဝယ်ချင်ပါတယ်လို့ ပြောပြီး ဝယ်လို့ မရဘူး။ ကြားထဲမှာ ရောင်းခွင့် ဝယ်ခွင့်ရှိထားတဲ့ ပွဲစား(broker) တွေပဲ ဒီ exchange တွေမှာ အရောင်းအဝယ်လုပ်ပေးကြရတယ်။

ဝယ်လိုသူက ပွဲစား(broker) နဲ့ ချိတ်ဆက်ပြီး အဲဒီ ပွဲစားဆီမှာပဲ ကိုယ်ပိုင် စာရင်း(account) တစ်ခု ဖွင့်ရတယ်။ ပြီးတော့မှ ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အရေအတွက်ကို ပွဲစားကိုပြောလိုက်တော့မှ ပွဲစားကတဆင့် သူရဲ့ အချိတ်အဆက်နဲ့ Nasdaq, NYSE တို့မှာ ဝယ်ယူလိုတဲ့ အစုရှယ်ယာအရေအတွက်ကို တင်ပြပေးလိုက်တယ်။ အဲဒီအခါ Nasdaq, NYSE အစရှိတဲ့ stock exchange တွေက ဝယ်လိုသူတောင်းဆိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ ရောင်းလိုအားကို ရှာရတယ်။ ရောင်းလိုသူနဲ့ ဝယ်လိုသူ တွေ့ရင် အရောင်းအဝယ်ဖြစ်ပြီ။ အစုရှယ်ယာစျေးကွက်မှာတော့ အစုရှယ်ယာတွေက ကုဋေ သန်း ချီပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် stock exchange တွေကနေ အစုရှယ်ယာတွေကို ဝယ်ပေးလိုက်တာက ပွဲစား။ ဒီတော့ အဲဒီ အစုရှယ်ယာတွေက ကြားပွဲစားရဲ့ စာရင်းဇယားနဲ့ပဲဲ နာမည်ပေါက်တယ်။ ပြီးတော့မှ ကိုယ်ရဲ့ စာရင်းဇယားက ကြားပွဲစားဆီမှာ နာမည်ပေါက်မယ်။ ကိုယ်က အစုရှယ်ယာ ပိုင်ဆိုင်ကြောင်း stock exchange ရဲ့ စာရင်းဇယားတွေမှာ နာမည် မပေါက်ဘူး။ နာမည်ပေါက် လိုချင်ကြောင်း တောင်းဆိုလို့တော့ ရတယ်။ဒါက အကြမ်းအားဖြင့် ပြောတာပါ။

ပွဲစား(broker) တွေက အမျိုးမျိုးရှိတယ်။ အမေရိက စျေးကွက်၊ ဥရောပ စျေးကွက်၊ အာရှ စျေးကွက် အတွက် အစရှိသဖြင့်ပေါ့။ ကိုယ်က ဘယ်စျေးကွက်မှာ စိတ်ဝင်စားသလဲ။ ဘယ်လိုမျိုး စီးပွားရေး လုပ်ငန်းရဲ့ အစုရှယ်ယာတွေကို ဝယ်ပြီး ရင်းနှီးမြုတ်နှံချင်သလဲအပေါ် မူတည်မှာပေါ့။ နောက်ပြီး အစုရှယ်ယာ ဝယ်တယ် ရောင်းတယ်လုပ်တဲ့အခါ ပွဲစားတွေကတဆင့် သွားရတော့ ပွဲစားခ(brokerage)ပေးရတယ်။ ပွဲစားတွေ အမျိုးမျိုး ပွဲစားခ ယူပုံခြင်း မတူကြဘူး။ အများအားဖြင့် ပွဲစားတွေက အွန်လိုင်း၊ ဖုန်းတွေက ကဆင့် အရောင်းအဝယ် လုပ်ပေးကြတယ်။ etrade.com, sharebuilder.com, scottrade.com,.. ဒါတွေဟာ အမေရိက စျေးကွက်အတွက် ပွဲစားတွေပဲပေါ့။

အစုရှယ်ယာတွေ ဝယ်ယူတော့မယ်၊ ရင်းနှီးမြုတ်နှံမယ်လို့ ဆုံးဖြတ်ရင် စျေးကွက်ကို သေသေချာချာ လေ့လာ နားလည်ထားဖို့ လိုအပ်တယ်။ စိတ်လောစရာမလိုဘူး။ စျေးကွက်မှာ အစုရှယ်ယာတွေက သန်းနဲ့ချီပြီး ရှိတယ်။ အချိန်မရွေးဝယ်လို့ရတယ်။ stock, mutual funds, options..အစရှိသဖြင့် အမျိုးမျိုး ရင်းနှီးမြုတ်နှံလို့ ရတာတွေ ရှိပေမယ့်..အခုတော့ အစုရှယ်ယာ(stock) အကြောင်းပဲ ပြောမယ်။ စာရေးသူအမြင်ကတော့ အစုရှယ်ယာတွေကို ဝယ်ယူရောင်းဝယ် ကြရတာ စျေးကွက်သီအိုရီ(ဒါက ကျွန်တော် ဖန်တီးတဲ့ စကားအနေနဲ့ ပြောတာပါ) ထုတ်ရတာလို့ မြင်တယ်။ ကိုယ်ထုတ်တဲ့ သီအိုရီမှန်ရင် အကျိုးအမြတ်ရမယ်။ ကိုယ့် သီအိုရီမှားရင် ရှုံးမယ်ပေါ့။ နောက်ပြီး အစုရှယ်ယာမျိုးက စျေးကွက်မှာ အတက်အကျ သိပ်မြန်ပြီး အလွန်စွန့်စားရတဲ့ အလုပ်မျိုး။ အစုရှယ်ယာတွေရဲ့ Graph မျဉ်းတွေကို ကြည့်ရင် လှိုင်းတွေပဲ။ တက်လိုက်၊ ကျလိုက်နဲ့။ ဂရပ်မျဉ်းတွေက တစ်ဖြောင့်တည်း ဖြည်းဖြည်ခြင်း တက်သွားတာမျိုး မဟုတ်ဘူး။

စာရေးသူက ကံဆိုတာကို အယုံအကြည်ရှိတဲ့သူမဟုတ်တော့ မြတ်မှာပဲဆိုပြီး ကံစမ်းတဲ့ သဘောမျိုးနဲ့ အစုရှယ်ယာတွေ ဝယ်ယူတာမျိုး မလုပ်ဘူး။ လုပ်ဖို့လည်း အားမပေးဘူး။ စားရေးသူ ကိုယ်တိုင် ဘာလို့ ဒါတွေ လုပ်ရသလဲဆိုတော့ ရှေ့ကပြောခဲ့သလို့ ငယ်ငယ်တုန်းက လေဘေးရောင်းခဲ့တဲ့သူတစ်ယောက်အနေနဲ့ နိုင်ငံတကာစျေးကွက်အကြောင်း တီးမိခေါက်မိအောင်၊ မသိသေးတာတွေ သိအောင်၊ နောက်ပြီး စျေးကွက် သီအိုရီ ထုတ်ကြည့်ချင်လို့။ စျေးကွက်သီအိုရီ ထုတ်တယ်ဆိုတာ ထွေထွေထူးထူးတော့ ဘာမှ မဟုတ်ပါဘူး။ လက်ရှိ နိုင်ငံရဲ့ စီးပွားရေး ပေါ်လစီ၊ စျေးကွက် လမ်းကြောင်း၊ အစရှိတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီးတော့ အဲဒါတွေက ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အတက်အကျကို ဆုံးဖြတ်ကြည့်ရတာပေါ့။ နောက်ပြီး ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီကလည်း ဘယ်လိုမျိုး တီထွင်မှုအသစ်တွေ ထုတ်လာနိုင်မလဲ၊ တနှစ်စာ ပထမပတ် စာရင်းရှင်းတမ်းတွေမှာ အမြတ်အစွန်းမှရှိရဲ့လား၊ ဝန်ထမ်းတွေ ငှားနေလား၊ လျှော့ချနေလား၊ အမျိုးမျိုးပေါ့။ ယုတ်စွအဆုံး အခုလို ပွင့်လင်းရာသီ နွေဦးမှာ လူတွေ ခရီးထွက်တာ များရင် ဘယ်လိုမျိုး စီးပွားရေးစျေးကွက်တွေမှာ တိုးတက်နိုင်လဲ။ အဲဒီလောက်ထိ တွက်ဆကြည့်ရမှာပေါ့။ ဘက်ပေါင်းစုံ၊ ရှု့ထောင်ပေါင်းစုံကနေကြည့်ပြီး ကိုယ်ရဲ့ သီအိုရီ ကိုယ်ထုတ်၊ ကိုယ်ဝယ်ချင်တဲ့ အစုရှယ်ယာကို ဝယ်၊ ရောင်းချင်တဲ့ အချိန်မှာ ပြန်ရောင်း။ ကိုယ့် သီအိုရီမှန်ဖို့ သတင်း အချက်အလက်ဆိုတာ အဓိက အရေးကြီးဆုံးပဲ။

လက်ရှိ ကမ္ဘာရဲ့ စီးပွားရေး အခြေအနေကို ကြည့်ကြရအောင်။ နိုင်ငံတကာမှာ စီးပွားရေးတွေကျ၊ လူတွေ အလုပ်တွေပြုတ်၊ အလုပ်ရှိတဲ့ လူကလည်း တထိတ်ထတ်နဲ့ ငါ ဘယ်တော့ အလုပ်ဖြုတ်ခံရမလဲလို့ စိုးရိမ်စိတ်နဲ့။ ကမ္ဘာ့စီးပွားရေးက အဆိုးရွားဆုံး အခြေအနေ(great depression) ကိုတော့ ဖြတ်ကျော်ပြီးသွားပြီလို့ ဆိုရမယ်။ ဟိုး..အောက်ဆုံး အဆင့်ကို ရောက်သွားခဲ့တဲ့ အစုရှယ်ယာတွေရဲ့ တန်ဖိုးတွေဟာလည်း လှုပ်လီလှုပ်လဲ့နဲ့ ပြန်တက်လာပြီ။ ဆိုတော့ကား..ဒီအချိန်ဟာ အစုရှယ်ယာတွေ ဝယ်ပြီး ရင်းနှီးမြုတ်နှံလို့ အကောင်းဆုံး အချိန်ပဲလို့ ပြောရမှာပဲ။ စာရေးသူလို ခေါင်းအရှုပ်ခံပြီး တွက်ချက် ရောင်းဝယ် မနေပဲ၊ ကိုယ်ယုံကြည်တဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ဝယ်ထားလိုက်ရင် အရှည်မှာ အသေအချာ အမြတ်အစွန်းရရှိနိုင်တာပေါ့။ ဗဟုသုတရဖို့၊ အတွေအကြုံရဖို့ အလို့ငှာ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်လည်း ငါးရာဖိုးဖြစ်စေ၊ တစ်ထောင်ဖိုးဖြစ်စေ စမ်းကြည်ပေါ့။

မိုက်ကရိုဆော့လို ကုမ္ပဏီမျိုးက ဟိုအရင်တုန်းက အစုရှယ်တစ်ခုကို ၃၀-ဒေါ်လာ လောက်ရှိခဲ့ပေမယ့် ၁၅-ဒေါ်လာ အထိ ကျဆင်းသွားခဲ့တယ်။ အခုချိန်မှာ ပြန်တက်လာတယ်ဆိုတော့ အကြမ်းဖျင်း အစုရှယ်ယာ တစ်ခုတန်ဖိုး ၂၀-ဒေါ်လာ ပြန်ဖြစ်လာပြီ။ စီးတီဂရု(Citi Group Bank) ဆိုရင် အစုရှယ်ယာ တစ်ခုတန်ဖိုး ၂၃-ဒေါ်လာခွဲလောက်ကနေ ၉၇-ပြား အထိ ထိုးဆင်းသွားခဲ့တာ အခုဆိုရင် အစုရှယ်ယာ တစ်ခုတန်ဖိုး ၄-ဒေါ်လာလောက် ပြန်ဖြစ်လာပြီ။ ရာဟူး(Yahoo) ဆိုရင် ၂၈-ဒေါ်လာကနေ ၉-ဒေါ်လာ လောက်အထိ ကျဆင်းသွားခဲ့တယ်။ အခု ၁၄-ဒေါ်လာ၊ ၁၅-ဒေါ်လာ ဝန်းကျင် ပြန်ဖြစ်လာပြီ။ ဆိုလိုတာက စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ရင် ဒီအစုရှယ်ယာတန်ဖိုးတွေလည်း တရိတ်ရိတ်နဲ့ ပြန်လည် တက်လာရမှာပေါ့။

ဒီနေ့တော့ ဒါလောက်ပဲ တော်သေးပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း

လူးဝစ်ဗီလ်ရဲ့နှင်းမုန်တိုင်း


အလုပ်တွေကြိုးစားပြီး လုပ်နေတုန်း စာတွေ မရေးနိုင်သေးတာနဲ့ ဓါတ်ပုံလေးတွေပဲ တင်ပေးလိုက်တယ်။ နင်လားဟဲ့ လောကဓံဆိုပြီး ဖနောင့်နဲ့ပေါက် အမှုန့်ခြေပစ်ဖို့ ကြိုးစားနေတုံးပေါ့။











သင်တို့ရဲ့ သမိုင်း


သင်မွေးဖွားရာ
မြန်တိုင်းဌာနီ ပြည်ထောင်စုဝယ်
စပါးပင်လယ် လှိုင်လှိုင်ထွန်းလို့
အင်းအိုင်မြစ်ချောင်း သွင်သွင်စီး၏။
ပုထိုးစေတီ ခေါင်းလောင်းသံလည်း
ဆီးညင်းသွဲ့သို့ လွင့်ပြန့်လျှံထက်
ငြိမ့်ညောင်းသာယာ ရှိတတ်ရာ၏။

လူဖြစ်လာရာ ဤဘဝဝယ်

သင်စီးပွားရာ မျိုးဆွေတသင်း
မြန်ပြည်သားလို့ ဂုဏ်ရည်မြင့်စေ
ရဲမာန်စိတ်ဖြင့် ကြွားကြွားလွင့်ကာ
ယဉ်ကျေးတတ်စေ ချစ်တတ်စေသား။

သင်ပျိုးထောင်ရာ စာသင်ခန်းဝယ်
တပည့်အပေါင်း စုရုံးညီစေ
ပညာရင့်ကာ ပွဲလယ်တင့်လို့
သင့်ထက်သာလွန် ကြီးပွားစေသား။

သင်ဦးရွက်ရာ မြန်ဌာနီလည်း
ပြည်သူအပေါင်း ချမ်းသာအေးစေ
မဆုတ်မနစ် ကိုယ်ကျိုးစွန့်လို့
စီမံတတ်စေ ညီမျှစေသား။

သို့ပါသော်လည်း
မရိုးမကုတ် မကြိုးထုတ်ပဲ
ဒုစရိုက်နဲ့ လူ့ငနွားမိုက်
မှီတွယ်ကပ်ပါး ပျင်းရိငြားက
သင့်ပြည်ထောင်စု ဤဌာနီလည်း
စပါးပင်လယ် ကန္ဓာဖြစ်လို့
အင်းအိုင်မြစ်ချောင်း သောင်ထွန်းရာ၏
ပုထိုးစေတီ ထုံးဖြူခြောက်ခမ်း
သင့်မွေးဖွားရာ ပြည်ဆိပ်ကမ်းလည်း
နွမ်းပါးအတိ ရှိတတ်ပြန်၏။

အသိခေါက်ခက် အဝင်နက်လို့
အမှားလမ်းလိုက် အမိုက်နွံသို့
နစ်ဝင်စီးမျော ပြင်ရန်ခက်သော်
ဆိုးယုတ််ကမ္မည်း နက်နက်ထိုးထွင်း
သမိုင်းပေလွှာ ကျန်ရစ်မည်တည်း။

အနန္တမေတ္တာဖြင့်
ဘကောင်း

ခရီးသွားသူ၏ စာအုပ်(၃)


တလောဆီက ရေးခဲ့တဲ့ ခရီးသွားသူ၏ စာအုပ် မှာ (၁) ဆိုပြီး ထည့်လိုက်တာ သဘောကတော့ (၂) ဆက်ရေးမယ်ပေါ့။ သို့ပေသည့် ပညတ်သွားရာ ဓါတ်သက်ပါ ဆိုသလို ခရီးဆက်သွားဖို့ အကြောင်းက ဖန်လာတော့ ရေးလက်စကို ရပ်လိုက်တာ စာမူက ဓါးစားခံ ကြားထဲမှာ ပျောက်သွားတယ်။ တနေ့ကပဲ စီဒီတစ်ချပ်ထဲမှာ ဖြတ်ကနဲ တွေ့လိုက်ရလို့ အဲဒီ အာရုံက ပြန်ပေါ်လာတာ။ ဒါပေမယ့် လောလောဆယ် အာရုံတံခါးကို ခဏခဏ လာခေါက်ပြီး တံခါးကခေါင်းလောင်းကို တီးနေတာက လတ်တလော ရွှေ့တဲ့ပြောင်းတဲ့ ကိစ္စတွေနဲ့ပဲ ဆိုတော့ အာရုံတံခါးကို အရင်ဖွင့်ပေးလိုက်ပါရစေအုံး ဆိုပြီး ခရီးသွားသူ၏ စာအုပ်(၃) ဆိုပြီး တပ်လိုက်တာပါ။

စာရေးသူ ဂျပန်မှာ နှစ်နှစ်ကျော်လောက် အလုပ်လုပ်ပြီးတော့ မေးခွန်းတစ်ခုက ဂျပန်နိုင်ငံကို ကြိုက်လားပေါ့။ ကြိုက်တယ်ဆိုရင် ဘာဆက်လုပ်မယ်။ မကြိုက်ဘူးဆိုရင် ဘာဆက်လုပ်မယ် အစရှိသဖြင့် ထပ်ဆင့်ကဲ မေးခွန်းကရှိလာတယ်။ အမေပြောသလို ချီးကျရာ ပျော်တတ်တဲ့ ကျွနု်ပ်အတွက် ဘုရားသခင်က ကောင်းကင်ကနေ ကျွန်ုပ်ကို ကမ္ဘာပေါ်မှ ကျရာနေဆိုပြီး ပစ်ချခဲ့သည်တိုင် ကျတဲ့နေရာမှာ ရှိတဲ့ လူတွေရဲ့ ဘာသာစကား၊ ဓလေ့ ထုံးတမ်းအစဉ်အလာ၊ အစားအသောက်တွေနဲ့ အလွယ်တကူ ရောနှောပစ်နိုင်စွမ်း ရှိခဲ့တယ်။ သို့ပေသည့် သုံးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါ၊ ဆယ်နှစ်တစ်ခါ…အစရှိသဖြင့် ရှေ့အနာဂတ်အတွက် အစီအစဉ်ဆွဲလေ့ရှိတဲ့ ကျွနု်ပ်အတွက် နောက် အနှစ်နှစ်ဆယ် အတွင်း ကမ္ဘာပေါ်မှာရှိတဲ့ နယ်မြေတွေကို ကျုးကျော် ခြေဆန့်ချင်သည်က တစ်ကြောင်း၊ တစ်နေရာတည်းမှာ မပြောင်းလဲပဲ အမြဲရပ်မနေချင်သည်က တစ်ကြောင်း ဂျပန်နိုင်ငံ စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ ကောင်းပြီး ဘယ်သွားမလဲပေါ့။

ကျွနု်ပ်ကိုယ်တိုင်က ကမ္ဘာမြေကြီးကို စိတ်ဝင်စားပြီး မြေကြီး ခြံကျယ်ကျယ်တစ်ခုမှာ ငယ်ငယ်တုန်းက လုပ်ခဲ့ရပြီး ကြီးမှ လုပ်ခွင့် မကြုံတော့တဲ့ အပင်တွေစိုက်ပျိုးတာကို ဝါသနာပါတယ်။ လူတွေက ရီကြအုံးမယ်။ အခြားလူတွေ အတွက်တော့ သိပ်ပြီး ကြီးကျယ်ခန်းနားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် တစ်ခုမဟုတ်ပါဘူး။ကျွနု်ပ်အတွက် ဘဝမှာ လုပ်ချင်တာတွေအများကြီးထဲက တစ်ခုပါ။ ကောင်းပြီး ကျွနု်ပ်တတ်ထားတဲ့ ကွန်ပျုတာပညာရပ်ကို အရင်းအနှီးပြုပြီး ခြံကျယ်ကျယ်ကို ဘယ်မှာ ရနိုင်မလဲ။ မိဘကျောထောက်နောက်ခံ ငွေကြေးမရှိဘူး။ အာဏာရှိ လူတန်းစာ အသိုင်းအဝိုင်းနဲ့ အဆက်အစပ်လည်း မရှိ။ ခုခေတ်က ဗိုလ်မှုး၊ ဝန်ကြီးတွေနဲ့ သိကျွမ်းတယ်ဆိုရင်တောင် ပါးစပ်အရသာခံ ပြောနေကြတဲ့ ခေတ်ဆိုတော့ ကျွနု်လို အရာရာ ဆန့်ကျင်ပုန်ကန်လိုတဲ့ စိတ်နဲ့ ဘဝမှာ လုပ်ချင်တာတွေ လုပ်ရဖို့ ဘယ်လိုရပ်တည်ရမလဲ။ မြန်မာပြည်က ပညာတတ်လူငယ်တွေ ကော ဘာလုပ်ကြမလဲ။

ဒီတော့ ဒီလိုသုံးသပ်မိတယ်။ မြန်မာပြည်မှာ အိမ်စျေးမြေစျေးတွေက ခေါင်ခိုက်နေတော့ အလုပ်လုပ်ရင် ရတဲ့ ဝင်ငွေနဲ့ တိုက်ခန်းတောင် မကပ်နိုင်ဘူး။ ဂျပန်မှာ နိုင်ငံကသေးတော့ မြေကလည်း ရှားပါဘိနဲ့။ ကျွနု်ပ်ကို မြေကျယ်ကျယ် ပေးနိုင်မယ့် နိုင်ငံက နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိက၊ သြစတြေးလျ သို့မဟုတ် ကနေဒါ နိုင်ငံတွေကပဲ ပေးနိုင်မယ်။ ဒါကို တစ်ချို့ ပြောကြလိမ့်အုံးမယ်။ တိုင်းတပါးကို အထင်ကြီးတယ်ပေါ့။ အင်း…မသေခင်လေးမှာ လုပ်ချင်တာလေးတွေ၊ လွတ်လပ်စွာ နိုင်စွမ်းရှိတဲ့ အခွင့်အလမ်းတွေနဲ့ လူအမျိုးမျိုး အထွေထွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ လုပ်နည်းလုပ်ဟန်တွေအကြောင်း လေ့လာပါရစေအုံး။

မြန်မာနိုင်ငံသား ဖြစ်တဲ့အလျောက် နိုင်ငံတစ်နိုင်ငံကနေ တစ်နိုင်ငံသွားရတယ် ဆိုတာ ခက်တော့ အခက်သား။ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူး လက်မှတ်လုပ်ရတာ၊ အခြားနိုင်ငံရဲ့ ပြည်ဝင်ခွင့်ယူရတာ၊ ပြည်ပထွက်ခွာခွင့်လုပ်ရတာတွေက ခက်ခဲလွန်းလို့ ဧဝရက်တောင်ကို ချိုင်းထောက်နဲ့ တက်ရတာက လွယ်လိမ့်အုံး။ အထူးသဖြင့် နိုင်ငံကြီးတွေကို သွားတဲ့အခါမှာ အခုလေယာဉ်လက်မှတ်ဝယ်၊ အခု ထသွားလို့ မရဘူး။ အချိန်တွေယူပြီး ပြင်ရဆင်ရအုံးမှာ။ နောက်ပြီး ကျွနု်ပ်တတ်တဲ့ ပညာနဲ့ သွားမယ်လို့ကြည့်လိုက်တော့ စင်ကာပူကနေတဆင့် ခြေကုပ်ယူပြီးမှ သွားလို့ရမယ်လို့ လေ့လာမိတယ်။ ဘာလို့လဲဆိုတော့ တစ်အချက် စင်ကာပူမှာ အင်္ဂလိပ်စကားပြောလို့ရတဲ့အတွက် နိုင်ငံတကာနဲ့ ဆက်သွယ်ရတဲ့ အလုပ်အကိုင်တွေမှာ အခွင့်အလန်းတွေ ပိုများမယ်။ ကနေဒါကို သွားမယ်လို့ ဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံသားတွေအတွက် ကနေဒါ သံရုံးက စင်ကာပူမှာ ပဲရှိတယ်။ နောက်ပြီး စင်ကာပူဆိုတဲ့နိုင်ငံ ဘာလဲဆိုတာ မြည်းစမ်းကြည့်လိုက်ချင်သေးတယ်။

အဓိက ကတော့ ကိုယ့်ကိုယ်ကို ကို နိုင်ငံတကာ စျေးကွက်မှာ စျေးကွက်တင်ရောင်းရတာပါပဲ။ ကိုယ်ကိုယ်တိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို အစပျိုး မတည်ထောင်နိုင်းသေးခင် အတောအတွင်းပေါ့။ တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကြီးမှာ မြန်မာပြည်က ပညာတတ်လူငယ်တွေ ရေကြည်ရာ မျက်နုရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေကြရတယ်။ ဒီနေရာမှာ ပြောပြချင်တဲ့ စျေးကွက်တစ်ခုက အမေရိကန်နိုင်ငံက အလုပ်သမားရှာတဲ့ ကုမ္ပဏီခပ်သေးသေးလေးတွေက စင်ကာပူ အလုပ်သမား စျေးကွက်ကို မျက်စိကျလေ့ရှိကာ H1b ဆိုတဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရတဲ့ ပြည်ဝင်ခွင့်ကို ထောက်ခံပေးပြီး အလုပ်သမားတွေကို ငှားရမ်းကြလေ့ရှိတယ်။ လူသားအရင်းအမြစ်နဲ့ပဲ အခြေခံပြီး တည်ဆောက်ထားရတဲ့ စင်ကာပူအလုပ်အမားစျေးကွက်မှာ အရည်အသွေးပြည်ဝတဲ့ အလုပ်သမားတွေကို လွယ်လင့်တကူရနိုင်တယ်။

ဒီတော့ ကိုယ့် ကိုယ်ကို စျေးကွက်တင်ရောင်းဖို့အတွက် ကျွန်ုပ် ကိုယ်တိုင် စင်ကာပူကို ၂၀၀၆-ခုနှစ် အေပြီလ ကုန်လောက်မှာ ရောက်ခဲ့သည်။ အဲဒီ နှစ် အပိုင်အခြား ကာလတွေတုန်းက စင်ကာပူအစိုးရရဲ့ လမ်းဖွင့်ပေးမှု၊ အခွန်အထုတ်နည်းပါးမှု၊ ပညာရှင်များ လွယ်လင့်တကူ ရရှိနိုင်မှုတို့ကြောင့် နိုင်ငံတကာမှ ကုမ္ပဏီများ စင်ကာပူတွင် လာရောက်ကာ ရင်းနှီးမြုတ်နှံ လုပ်ကိုင်ကြသည်။ ကုမ္ပဏီအသစ် စတင်အခြေပြု စာရင်းသွင်းဖို့ အလွန်လွယ်ကူသလို့၊ လိုအပ်သည့် ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်၊ဖုံးလိုင်း အစရှိသည်တို့ကို စင်ကာပူ အစိုးရအနေဖြင့် နေ့ချင်းညချင်း အလျင်အမြန်ထောက်ပံ့နိုင်စွမ်းရှိသည်။ ထိုသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပရောဂျက်များ အမြောက်အမြား ပေါ်ပေါက်လာကာ လိုအပ်သည့် အလုပ်အမား အရင်းအမြစ်ကို စင်ကာပူ အစိုးရအနေဖြင့် နိုင်ငံတကာမှ အရည်အသွေးပြည့်ဝသော ပညာရှင်များ ဖြင့် ဖြည့်ဆည်းရတော့သည်။ စင်ကာပူ လူဝင်မှု ကြီးကြပ်ရေးမှလည်း လိုအပ်သည့် အလုပ်လုပ်ခွင့် ကပ်ပြားများကို အလျင်အမြန် အဆင့်ဆင့်ဆောင်ရွက်ပေးကြရသည်။

ကြက်ပေါင်ဘောလုံးတစ်လုံးကို မျက်နှာပြင် အမာတစ်ခုပေါ်သို့ ပစ်ပေါက်လိုက်ပါက ပစ်ပေါက်သည့် အား၊ ထိတွေ့မည့် မျက်နှာပြင် အပျော့အမာပေါ်မူတည်လျက် ပြန်ကန်ထွက်လာမည့် ကြက်ပေါင်ဘောလုံး၏ အမြင့်ပမာဏ မည်မျှမြင့်တက်သွားနိုင်မည်ကို တွက်ဆကြည့်နိုင်သည်။ စင်ကာပူသည် ကျွနု်ပ် ပစ်ပေါက်မည့် ကြက်ပေါင်ဘောလုံးအတွက် မျက်နှာပြင် အမာတစ်ခုဖြစ်လိမ့်မည်ဟု တွက်ဆခဲ့သည်။ ဘောလုံးကို အားအကုန်းသုံး ၍ ပစ်ပေါက်ရမည့် တာဝန်သည် ကျွန်ုပ်၏ တာဝန် ဖြစ်ချေမည်။

နိုင်ငံတစ်နိုင်ငံကို အခြေပြုကာ ထိုမှတဆင့် အခြားနိုင်ငံများသို့ ပြန်လည် ကူးပြောင်းမည်ဟု စဉ်းစားကြသည်တွင် ပညာတတ်လူငယ်အများစုသည် ကနေဒါ၊ သြစတြေးလျ၊ အမေရိကန် နိုင်ငံများကို ရွေးချယ်စဉ်းစားကြသည်။ အချို့လည်း ရောက်သည့် နေရာတွင် တင့်တိမ်ရောင့်ရဲ့ ကျရကာ၊ ဘဝကို အသစ်မှစ ဘုရင်နောင် ဖေါင်ဖျက်ရမည့် အလုပ်မျိုးကို မလုပ်လိုကြတော့။ ငွေကြေးအင်အား၊ ပြောင်းရွှေ့လို့သည့် စိတ်ပါဝင်စားမှု၊ အခွင့်အရေး၊ မိမိကိုယ်ကိုယ် ယုံကြည်ကိုးစားမှု အစရှိသည်တို့ ပေါင်းဆုံးဆည်လာရအောင် ဖန်တီးယူရပေသည်။

ကနေဒါ၊ သြစကြေးလျ နိုင်ငံတို့တွင် အခြေချ ပြောင်းရွှေ့နေထိုင်လိုသည့် ပညာတတ်လူငယ်များအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးမှ ဖိတ်ခေါ်လျက်ရှိသည်။ သို့ရာတွင် လိုအပ်သည့် အချက်အလျက်များ ပြည့်စုံရပါလိမ့်မည်။ မိမိတို့ တတ်ထားသည့် ပညာအရည်အချင်းကို အကဲဖြတ်ပေးမည့် အဖွဲ့အစည်းကို ဆက်သွယ်ကာ ကနေဒါ၊ သြစတြေးလျ နိုင်ငံများမှ လက်ခံမည့် စံကို သတ်မှတ် အမှတ်ယူရသည်။ တစ်ချိန်တည်းမှာပင် ကိုယ်တတ်ထားသည့် အင်္ဂလိပ်စာ အဆင့်အတန်း ကို သတ်မှတ်ပေးမည့် IELTS ဟုခေါ်သော အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရကာ အမှတ် ကောင်းကောင်း ရရှိဖို့ လိုအပ်ပြန်သည်။ လိုအပ်သည်များကို ပြင်ဆင်ပြီးပါက လျှောက်လွှာကြေး အမေရိကန် ဒေါ်လာ သုံးထောင်ကျော်မျှ အကုန်အကျခံကာ ကနေဒါသံရုံး၊ သြစတြေးလျသံရုံ စသည့် ကိုယ် ရွှေ့ပြောင်း အခြေချခွင့် လျှောက်ထားလိုသည့် သံရုံးကို ဆက်သွယ်လျက် လျှောက်လွှာတင်ရသည်။ တစ်နှစ်၊ တစ်နှစ်ခွဲခန့် ကြာတတ်သည်။

စာရေးသူသည် အပျင်းကြီးသည်။ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုရသည်ကို အမုန်းဆုံး။ IELTS စာမေးပွဲကို ဖြေမည်ဟု စိတ်က အားခဲခဲ့သည်မှာ လွန်ခဲ့သည့် ရှစ်နှစ်ကျော်လောက်က ဖြစ်သည်။ သို့ရာတွင် ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့။ ဒီတော့ သက်သက်သာသာ လောလောဆယ် ကိုယ်တတ်ထားသည့် ပညာနဲ့ပဲ အမေရိက ကို နောက်ထပ်တစ်ခါ ပြန်လည် အခြေချဖို့ စဉ်းစားခဲ့သည်။ သို့ရာတွင် ကျွနု်ပ် စင်ကာပူရောက်သည့် ဧပြီလတွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ H1b လျှောက်လွှာလက်ခံသည့် အချိန် ပိတ်သွားပြီး ဖြစ်သည်။ အလုပ်သမားရှာသည့် အမေရိကန်မှ ကုမ္ပဏီများလည်း စျေးကွက်မှ အနားယူသည့် ကာလဖြစ်သည့် အတွက် နှောင်နှစ် ၂၀၀၇-ခုနစ်တွင် လျှောက်မည်ဟု အားခဲထားခဲ့သည်။

စင်ကာပူတွင် MediaCorp ကုမ္ပဏီ၌ နည်းပညာ အသင်းခေါင်းဆောင်(Technical Team Lead) တစ်ယောက် အနေဖြင့် သတင်းနည်းပညာများကို အင်တာနက်တွင် တည်ဆောက်ပုံ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့သည်။ ထိုမှတဆင့် Frontline Solutions ကုမ္ပဏီ၌ ပရောဂျက် မန်နေဂျာ အဖြစ်လည်းကောင်း၊ Agility Logistic ကုမ္ပဏီတွင် စီနီယာ ပရိုဂရမ်မာ အဖြစ် လုပ်ဆောင်ခဲ့သည်။ MediaCorp တွင် အလုပ်လုပ်နေစဉ် ကာလ အတောအတွင်း ၂၀၀၇-ခုနစ် ဧပြီလအမှီ စင်ကာပူသို့ အလုပ်သမားလာရှာကြမည့် အမေရိကမှ ပွဲစားကုမ္ပဏီများအတွက် ပြင်ဆင်ထားရသည်။ ပြင်ဆင်ထားသည်ဆိုရာလည်း ထွေးထွေးထူးထူးတော့ မဟုတ်ပါဘူး။ ရယ်ဇူမီ(resume)ကို အချောသပ် ပြန်လည်ပြင်ဆင်ကာ dice.com တွင် တင်ထားလိုက်ရုံပင်။ ဖေဖေါ်ဝါရီလ၊ မတ်လ ရောက်သည်တွင် H1b စျေးကွက်သည် လှုပ်လှုပ်ရှားရှားဖြစ်လာကာ ကျွန်ုပ်၏ ရယ်ဇူမီ(resume) ကို စိတ်ဝင်စားသော ကုမ္ပဏီများ ဖုန်းခေါ်လာကြသည်။ ၉၅%သည် အိန္ဒိယကုလား လူမျိုးများ ဖြစ်ကြသည်။ သူရို့သည်ပဲ အိုင်တီ(IT) လောကကို လွှမ်းမိုးထားကြသည်ကိုး။ နေနှင့် အုံးပေါ့ကွယ်။ ငါတို့ မြန်မာတွေ အတွက် လာအုံးမည်ပေါ့။ ကြောင်ကြာကြာတော့ ရေမငုတ်နိုင်ပါဘူးလို့။

အလုပ်သမားရှာသည့် အလုပ်ရှင်နှင့် H1b ဖြင့် အလုပ်လုပ် လိုသောအလုပ်သမား တယ်လီဖုန်း၊ အီးမေးလ်နှင့် ပဲ အလုပ်လုပ်ကြရသည်။ အလုပ်ရှင်ဖက်က ဒီလူကို H1b လျှောက်ပေးဖို့အတွက် လိုအပ်သည့် ပညာ အရည်ချင်း ဘွဲ့လက်မှတ်ရှိလား။ အမေရိကန် စျေးကွက်တွင် ဝင်ဆံနိုင်သည့် အရည်အချင်ရှိလား၊ ပြောဆိုဆက်ဆံ နိုင်ပါ့မလား။ ထိုသည်တို့ကို အရင်ကြည့်သည်။ အလုပ်ရှာသည့် အလုပ်သမားဖက်ကလည်း ကိုယ့်ကိုယ်ကို စျေးကွက် ဝင်ဆံနိုင်ရန်အတွက် အင်တာဗျုး အမြောက် အမြားဖြင့် လေ့ကျင် ပြင်ဆင်ရသည်။ ထိုမှ တဆင့် လစာများ၊ စာချုပ်စာတမ်း၊ သဘောတူညီ မှုများကို ဆက်လက် ပြောဆိုရသည်။

အလုပ်ရဲ့ သဘောတရားက သည်လိုပါ။ အမေရိကတွင် အလုပ်သမားများကို တိုက်ရိုက် မငှားလိုကြသည့် ကုမ္ပဏီကြီးများ မြောက်မြားစွာရှိသည်။ သူရို့သည် ယာယီအလုပ်သမား(consultant) များကိုသာ ငှားရမ်း သုံးစွဲကြသည်။ ပရောဂျက် ပြီးသွားလျင် ထို ကုမ္ပဏီတွင်ဆက်လက်အလုပ် လုပ်စရာ မလိုတော့ချေ။ ပရောဂျက် သဘောတရားသည် ယာယီသာ ဖြစ်သည့် အတွက် ပရောဂျက်အတွက်ငှားရမ်းလိုသည့် ကုမ္ပဏီသည် အလုပ်သမားများအတွက် H1b လျှောက်ထားသည့် ကိစ္စများကို တာဝန်ယူပြီး အရှည်ငှားရမ်း လေ့ မရှိကြချေ။ ဤသည်တွင် ယာယီအလုပ်သမား(consultant) များကို ငှားရမ်း၊ ရှာဖွေပေးသည့် ကုမ္ပဏီများ ရှိလာကြသည်။ အများစုသည် အိန္ဒိယ ကုလားလူမျိုးများပိုင်သည့် ကုမ္ပဏီများ ဖြစ်ကြသည်။ ထို ကြားနေ ပွဲစားကုမ္ပဏီများကပင် အမေရိကန်နိုင်ငံ လူဝင်မှုရုံးအတွက် လိုအပ်သည့် စာရွက် စာတမ်းများ၊ H1b လျှောက်ထားသည့် ကိစ္စများကို တာဝန်ယူ လုပ်ဆောင်ပေးကြရသည်။ ထို့ကြောင့် H1b ဖြင့် အလုပ်လုပ်သည်ဟု ဆိုရာတွင် တကယ်တော့ ထို ယာယီအလုပ်သမား(consultant) သည် မိမိ၏ H1b ကိုတာဝန်ယူ လျှောက်ထားပေးသည့် ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်သည်။ အကယ်၍ကုမ္ပဏီတစ်ခုမှ ပရောဂျက် တစ်ခုပြီးသွားလျှင် ပရောဂျက်ရှိသည့် အခြားကုမ္ပဏီသို့ ကူးပြောင်းလုပ်ဆောင်ရသည်။ အလုပ်သမားတို့၏ လုပ်အားခ၊ လစာတို့အား H1b ကိုတာဝန်ယူ လျှောက်ထားပေးသည့် ကြားနေ ပွဲစားကုမ္ပဏီက ပေးသည်။ ယေဘူယျအားဖြင့် အိန္ဒိယ ကုလားကုမ္ပဏီများသည် IT သမားတစ်ယောက်ကို လစာ တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ငါးသောင်းခွဲမှ ခုနှစ်သောင်းခွဲ အထိပေးကာ ငှားရမ်းလေ့ရှိသည်။ ဤသည်မှာ အမေရိကန် အိုင်တီ(IT) စျေးကွက်တွင် အနိမ့်ဆုံး ပေါက်စျေးဖြစ်သည်။ ထို့အပြင် H1b သမားတစ်ယောက်သည် အမေရိကန် အစိုးရက သတ်မှတ်ထားသော အနိမ့်ဆုံး ပျမ်မျှလစာ ငါးသောင်းခွဲခန့် ရရှိဖို့ လိုအပ်သည်။

ပွဲစားကုမ္ပဏီကပင် ငှားရမ်းထားသော အလုပ်သမားတစ်ယောက်ကို အမေရိကသို့ လာရန် လေယာဉ်လက်မှတ် လည်း အကုန်အကျ ခံရကာ၊ ပရောဂျက် မရရှိသေးခင် ကြားကာလ(bench time) အတွင်း နေထိုင်စရာ၊ စားစရာများ စီစဉ်ပေးရသည်။ ထို့ကြောင့် အမေရိက၏ စျေးကွက် စီးပွားရေးအခြေအနေ၊ ငှားရမ်းထားသည့် အလုပ်သမား၏ အရည်အချင်း နှင့် ပရောဂျက်များ အလျင်အမြန် ရရှိနိုင်ရေးတို့သည် ပွဲစားကုမ္ပဏီများအတွက် အရေးကြီးသော အရာများဖြစ်ကြသည်။ စျေးကွက် စီးပွားရေး မကောင်းသော အချိန်၊ အလုပ်အကိုင်များ ရှားပါးသည့်အချိန်၌ H1b ဖြင့် ပထမဆုံး အကြိမ်လာမည့်အလုပ်သမားများအတွက် စျေးကွက်တွင် ပရောဂျက် အလုပ်တစ်ခုရရန် ကြာမြင့်တတ်သည်။ ထိုကဲ့သို့သော စီးပွားရေးမကောင်းသောအချိန်တွင် H1b သမားရော၊ ပွဲစားကုမ္ပဏီများပါ အလုပ်စျေးကွက်အတွင်း ဝင်ရောက်ရှာဖွေဖို့အတွက် ချင့်ချိန်ရသည်။

ထို့ကြောင့် အမေရိကန်သို့ H1b ဖြင့် အလုပ်လုပ်မည်ဟု စီစဉ်သည့် အခါတွင် ပထမဦးဆုံး အဆင့်သည် ထို ကြားနေ အိန္ဒိယ ကုလားကုမ္ပဏီများဖြင့် လုပ်ဆောင်ကြရသည်ပင်။ ထို H1b လျှောက်ပေးကြသည့် အမေရိကန်မှ အိန္ဒိယကုလားကုမ္ပဏီများသည် စပေါ်ငွေ(security deposit) အမေရိကန် ဒေါ်လာ ၅၀၀ မှ ၃၀၀၀ အထိ တောင်းတတ်ကြသည်။ ကုမ္ပဏီများ တစ်ခုနှင့် တစ်ခု မတူညီကြ။ ဤနေရာတွင် H1b လျှောက်ပေးရမည့် အလုပ်ရှင် ဖက်ကရော၊ စပေါ်ငွေ ပေးရမည့် အလုပ်အမားများအတွက် စွန့်စားစရာတွေ ဖြစ်လာသည်။

အလုပ်ရှင် ပွဲစားကုမ္ပဏီသည် အမေရိကန် အိုင်တီ(IT) စျေးကွက်အတွက် ဖြစ်နိုင်ချေရှိသော အလုပ်အမားတစ်ယောက်ကို ဒေါ်လာ နှစ်ထောင်ကျော်မျှ အကုန်အကျခံကာ H1b လျှောက်ပေးလျက် ငှားရမ်းရသည်။ အကယ် ၍ ထိုအလုပ်သမားသည် H1b ရသည့် အခါ အမေရိကန်ပြည်ဝင်ခွင့် ယူလျက် အလုပ်ရှင်ထံသို့ အဆက်အသွယ် မလုပ်ဘဲ ကိုယ်အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်သည်။ ထိုအခါ အလုပ်ရှင်ဖက်က နစ်နာရသည်။ ထို့ကြောင့် သူရို့သည် စပေါ်ငွေ တောင်းကြသည်။ အကယ် ၍ စပေါ်ငွေ ပေးထားရသော H1b အလုပ်သမားတစ်ယောက်သည် အလုပ်ရှင်နှင့် သုံးလခန့် သို့မဟုတ် ခြောက်လခန့် လုပ်ပြီးပါက ထိုပေးထားသော စပေါ်ငွွေကို ပြန်ပေးရသည်။

တဖန် စပေါ်ငွေပေးရကာ H1b ဖြင့် အလုပ်လုပ် လိုသော အလုပ်သမား အနေဖြင့်လည်း ထိုပွဲစား ကုမ္ပဏီက ငွေလိမ်သွားမှဖြင့် ဟု တွေးတော ပူပန်ရလိမ့်ရှိရသည်။ အချို့လည်း စပေါ်ငွွေပေးစရာ မလိုသော ပွဲစားကုမ္ပဏီများကို ရှာဖွေကြသည်။ ကျွနု်ပ်ကိုယ်တိုင် လေ့လာမိသမျှတွင် စပေါ်ငွွေပေးစရာ မလိုသော ပွဲစားကုမ္ပဏီများသည် သူရို့၏ H1b အလုပ်သမားများ အမေရိကန်ပြည်ဝင်ခွင့် ယူသည့်အခါ လိုအပ်သည့် စာရွက်စာတမ်းများကို အရေးတယူ ဂရုတစိုက် ဆောက်ရွက်ပေးလေ့ မရှိကြချေ။ စပေါ်ငွေ ပေးထားသော အလုပ်အမားများအတွက်သာ ဦးစားပေး ဆောင်ရွက်ကြရသည်။ အမေရိကန် လူဝန်မှုကြီးကြပ်ရေး ဝက်ဆိုက်ဒ်မှ နှစ်စဉ် H1b ရရှိသော ကုမ္ပဏီများ စာရင်း (database file) ကို ဆွဲယူ(download) လို့ ရနိုင်ကာ ထိုစာရင်းတွင် ကိုယ် အလုပ်လုပ် လိုသော ပွဲစားကုမ္ပဏီ၏ နှစ်စဉ် ရာဇဝင်ကို လေ့လာကြည့်ရှု့နိုင်လေသည်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ပြဠာန်းထားသည့် ဥပဒေအရ နိုင်ငံခြားမှ ခေါ်ယူမည့် အလုပ်သမားများ အတွက် H1b လျှောက်လွာများကို နှစ်စဉ် ဧပြီလ ၁-ရက်နေ့တွင် စတင်လက်ခံလေ့ရှိသည်။ ထို ဧပြီလ ၁-ရက်နေ့ အမှီလျှောက်လွှာများ တင်နိုင်ရန်အတွက် အလုပ်သမားရှာသည့် ပွဲစားကုမ္ပဏီများ နှင့် H1b လျှောက်လိုသော အလုပ်သမားတို့သည် ဖေဖေါ်ဝါရီလ၊ မတ်လအတေားအတွင်း လိုအပ်သော သဘောတူညီမှုများ၊ စာရွက်စာတမ်းများ အဆင်သင့်ဖြစ်အောင် အပြီးသတ် အလျင်မှီ လုပ်ဆောင်ထားဖို့ လိုအပ်သည်။

အဓိကအားဖြင့် H1b လျှောက်ထားလိုသော အလုပ်သမားသည် ဘွဲ့လက်မှတ် တစ်ခု ရရှိထားဖို့ လိုအပ်သည်။ H1b လျှောက်ထားပေးမည့် ကုမ္ပဏီက H1b အတွက် လိုအပ်သော ပညာရေးအဆင့်အတန်းကို အကဲဖြတ်ပေးသည့် အဖွဲ့အစည်းဖြင့် ဆက်သွယ်ကာ လိုအပ်သည်များကို လုပ်သွားကြရသည်။ စာရွက်စာတမ်း အမြောက်အမြားနှင့် ခေါင်းရှုပ်ခံလေ့ မရှိသော ကျွနု်ပ်အတွက် ထို့ ကဲ့သို့ H1b လျှောက်ပေးသည့် ကုမ္ပဏီများဖြင့် လုပ်ရသည်က အဆင်ပြေသည်။ လိုအပ်သော စာရွက်စာတမ်းများကို အီးမေလ် ကတစ်ဆင့် ပို့ပေးလိုက်ရုံပင်။

ဤသို့ဖြင့် ကျွနု်ပ်သည် H1b ဖြင့် အမေရိကန်နိုင်ငံသို့ ထပ်မံသွားမည်ဟု ဆုံးဖြတ်ကာ ၂၀၀၇-ခုနှစ် ဇန်နဝါရီလတွင် ကျွနု်ပ်၏ ရယ်ဇူမီ(resume)ကို dice.com တွင် တင်လိုက်သည်။ မကြာခင်တွင် အမျိုးအစား စုံလင်လှသော အိန္ဒိယကုလား လူမျိုး အသံနေ အသံထားများစွာဖြင့် ဖုန်းဆက်လာကြကာ အများစုက စပေါ်ငွေ အမေရိကန် ဒေါ်လာ ၂၀၀၀ ပေးရမည်ဟု ဆိုကြသည်။ ကျွန်ုပ်က ၅၀၀ သာ ပေးနိုင်မည်ဟု ဆိုသည့် အတွက် နောက်ဆုတ်သွားသည့် ကုမ္ပဏီများ ရှိသလို့၊ စျေးညှိရန် ကြိုးစားကြသည် ကုမ္ပဏီများလည်း ရှိသည်။ ကျွန်ုပ် အနေဖြင့် ကျွန်ုပ်၏ အတွေ့အကြုံ၊ အတတ်ပညာတို့ကို နှစ်သက်ပါက ငှားရမ်းနိုင်သည်။ စပေါ်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၀၀ ပဲ တတ်နိုင်သည်ဟု တင်းခံလိုက်သည့် အတွက် ကုမ္ပဏီ နှစ်ခု သည် လိုက်လျောလာသည်။

လွန်ခဲ့သည့်၂၀၀၆-ခုနှစ်တွင် နိုင်ငံတကာမှ အလုပ်သမားများ H1b လျှောက်လွှာတင်ကြသော အရည်အတွက်သည် ဧပြီလ ၁-ရက် လျှောက်လွှာလက်ခံသည့် ပထမဦးဆုံးရက်အတွင်း သတ်မှတ်ထားသည်ထက် ကျော်လွန်သွားသည့် အတွက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ကွန်ပျူတာဖြင့် အလိုအလျောက် ရွေးချယ်သော စနစ် စတင်ကျင့်သုံးခဲ့သည်။ ကွန်ပျုတာသည် လျှောက်လွှာများထဲမှ ကံကောင်းမည့် ကျရာလျှောက်လွှာ ကို ရွေးချယ် သည်။ ဤသို့ဖြင့် H1b လျှောက်သည့် အခါ အလုပ်သမားတစ်ယောက်အနေဖြင့် အရည်အချင်း ပြည့်မှီသော်လည့် ကံမကောင်း ပါက ကွန်ပျူတာ၏ ရွယ်ချယ်မှုထဲတွင် မပါတော့ချေ။ ထီထိုးရသည့်နှယ်။ ထို H1b ထီမပေါက်ပါက ပွဲစားကုမ္ပဏီများသည် စပေါ်ငွေကို ပြန်ပေးကြရသည်။ နောက်နှစ်များတွင် ထပ်မံကြိုးစား လျှောက်ထားကြပေအုံးပေါ့။ အချိန်တန်တော့ နပိန်ကန်လာလိမ့်မည်။

၂၀၀၆-ခုနစ် ဧပြီလ လျှောက်လွှာတင်ချိန်ကို မမှီလိုက်သော ကျွနု်ပ်အတွက် ၂၀၀၇-ခုနစ် ဧပြီလ အမှီ စတင်လျှောက်ထားနိုင်ခဲ့ရာ ကံကောင်းထောက်မစွာ H1b ကို ရရှိခဲ့သည်။ ဤနေတွင် ပြောပြချင်သည်မှ လျှောက်လွှာ စတင်လျှောက်ထာချိန်မှ စတင် ၍ ဘယ်အချိန်လောက်တွင် မိမိတို့ H1b ကို ရရှိနိုင်မည်နည်း။ ဘယ်အချိန်တွင် အမေရိကန် ပြည်ဝင်ခွင်ကို ဘယ်လို ရယူနိုင်ကာ၊ H1b ပြည်ဝင်ခွင့် ဖြင့် ဘယ်လောက် အတိုင်းအတာ အထိ အလုပ် လုပ်ကိုင် နိုင်သနည်း။ ရှင်းအံ့။ ဧပြီလ ၁-ရက်နေ့မှ စတင် တင်လိုက်သော H1b လျှောက်လွှာသည် ဇူလိုင်လ၊ သြဂုတ်လ လောက်တွင် မိမိတို့ H1b ရွေးချယ်ခံရကြောင်းကို အဖြေသိရှိရသည်။ ထိုအခါ မိမိတို့ ပွဲစား ကုမ္ပဏီက ဝမ်းသာအယ်လဲဖြင့် H1b အရွယ်ခံရကြောင်း အကြောင်းကြားသည်။ နောက်တဆင့်သည် H1b ဖြင့် အမေရိကန်နိုင်ငံ ၌ အလုပ်လုပ်နိုင်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးရုံးမှ
ထောက်ခံစာ ရယူနိုင်ရန်ဖြစ်သည်။ ထို အဆင့်သည် သုံးလလောက် ထပ်မံ ကြာမြင့်နိုင်သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးရုံး၏ စိတ်ပျက်စရာ အကောင်းဆုံး နှေးကွေးသည့် လုပ်ငန်းဆောင်ရွက်မှုဖြစ်သည်။ ထိုထောက်ခံစာ၌ H1b သမားတစ်ယောက်သည် အမေရိကန် နိုင်ငံတွင် သုံးနှစ်တိတိ အလုပ်လုပ်နိုင်ကြောင်း ဖေါ်ပြပေးထားသည်။ အကယ်၍ ထပ်မံ အလုပ်လုပ် လိုပါက နောက်ထပ် သုံးနှစ် သက်တမ်းတိုးနိုင်သည်။

ထိုထောက်ခံစာ ရရှိပြီးလျှင် သက်ဆိုင်ရာ အမေရိကန်း သံရုံး၌ ပြည်ဝင်ခွင့် ဗီဇာ ရယူရုံပင်ဖြစ်သည်။ အကယ်၍ အိမ်ထောင်ရှိသူ ဖြစ်ပါက မိမိတို့ အိမ်ထောင်ဖက်ကိုပါ တပါးတည်း အတူတကွ ပြည်ဝင်ခွင့် ဗီဇာ တံဆိပ်ကို ရယူသင့်သည်။ ကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်သည်လည်း အမြင့်ဆုံး သက်တမ်းတိုးထားသော စာအုပ်ဖြစ်ရမည်။ ပြည်ဝင်ခွင့် ဗီဇာတစ်နှစ် သက်တမ်း ရရှိမည်။ ဆိုလိုသည်မှာ မိမိတို့ နိုင်ငံကူး လက်မှတ်တွင် ရိုက်နှိတ်ထားသော အမေရိကန် ပြည်ဝင်ခွင့် ဗီဇာသည် တစ်နှစ်အတွင်း အမေရိကန် နိုင်ငံအတွင်း ဝင်နိုင် ထွက်နိုင်သည်။

ပြည်ဝင်ခွင့် လက်မှတ် ရယူပြီးပါက လေယာဉ်လက်မှတ် စီစဉ်ကာ အမေရိကန်နိုင်ငံသို့ ခြေချရုံပင် ဖြစ်သည်။ ဤနေရာတွင် ပြောစရာ ရှိသည်က နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး သုံးနှစ်လောက် ရှိထားသင့်သည်။ အဘယ်ကြောင့် ဆိုသော နိုင်ငံကူးလက်မှတ် တွင် ရိုက်နှိတ်ထားသော ပြည်ဝင်ခွင့် ဗီဇာသည် တစ်နှစ် ရှိသည်ဆိုသော်လည်း၊ ၄င်းသည် တစ်နှစ်အတွင်း အမေရိကန် နိုင်ငံသို့ ဝင်နိုင်၊ ထွက်နိုင်ကြောင်းကိုသာ ဆိုလိုသည်။ အမေရိကန် နိုင်ငံတွင် နေထိုင်နိုင်ကြောင်း သက်တမ်းကို ကိုင်ဆောင်ထားသောနိုင်ငံကူးလက်မှတ် သက်တမ်းရှိသည့် အပေါ်တွင် မူတည်၍ အမေရိကန် နိုင်ငံသို့ အဝင်တွင် ဆုံးဖြတ်ပေးသည်။ ၄င်း သက်တမ်းကို အဖြူရောင် ကဒ်(white card) ပေါ်တွင် သတ်မှတ်ပေးကာ အမေရိကန်နိုင်ငံမှ ထွက်သည့် အခါ ပြန်လည် ပေးအပ်ရပြီး၊ ဝင်သည့် အခါ အသစ်တစ်ခု ရရှိသည်။ တဖန် H1b သမားတစ်ယောက်သည် အလုပ် လုပ်ခွင့် သက်တမ်း သုံးနှစ် ရှိသည်ဟု ဆိုထားပြန်ရာ အဖြူရောင် ကဒ်တွင် ရရှိသည့် သက်တမ်းနှင့် ဘယ်လို ကွားခြားသနည်း ဟု မေးဘွယ် ရှိပြန်သည်။ မိမိတို့ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်တွင် သက်တမ်းသုံးနှစ် ရှိပါက အဖြူရောင် ကဒ်တွင် နေထိုင်ခွင့် သက်တမ်း သုံးနှစ် မည်။ သို့မဟုတ် သုံးနှစ်အောက် နည်းသော သက်တမ်းရရှိပါက အဖြူရောင်ကဒ် သက်တမ်း ကုန်ဆုံးသည့် အခါ ထပ်မံ၍ သက်တမ်းတိုးရပါမည်။ ထို သက်တမ်းတိုးရမည့် အလုပ်တို့ကို ပွဲစားကုမ္ပဏီနှင့် ရှေ့နေတို့ လုပ်ကြရလိမ့်မည်။ သုံးနှစ် ပြည့်၍ ထပ်မံ အလုပ် လုပ်လိုပါက နောက်ထပ် သုံးနှစ် သက်တမ်း တိုးနိုင်ပေ သေးသည်။

ဤသို့ဖြင့် ၂၀၀၆-ခုနှစ် ဧပြီလတွင် စင်ကာပူ ရောက်ရှိခဲ့သော ကျွန်ုပ်သည် ၂၀၀၈-ခုနှစ် ဧပြီလတွင် ဘဝခရီးကို နှင်လျက် အမေရိကန် နိုင်ငံသို့ ထပ်မံ တစ်ခါ ခြေချ ခဲ့ပြန်သည်။
အမေရိကန် နိုင်ငံ အတွင်းသို့ ဝင်သည့် အခါ ကျွနု်ပ်၏ နိုင်ငံကူး သက်တမ်းသည် ခြောက်လ နှင့် နှစ်ရက် သာ ကျန်တော့သည်။ မြန်မာ သံရုံးနှင့် ဘယ်သော အခါမှ အဆက် အသွယ် လုပ်လေ့ မရှိသော ကျွန်ုပ်သည် နိုင်ငံကူး လက်မှတ်ကို သက်တမ်း မတိုးခဲ့ချေ။ သို့ အတွက် ကံဆိုးမသွားရာ မိုးလိုက်ရွာ သလိုပင် အမေရိကန် လူဝင်မှု ကြီးကြပ်ရေး စည်းမျဉ်း စည်းကမ်း ဥပဒေ အရ ခြောက်လ ထက်ပိုသော သက်တမ်းကိုသာ နေထိုင်ခွင့် ပေးသည့် အတွက် ကျွနု်ပ်သည် အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့် နှစ်ရက် ရရှိခဲ့သည်။ ဒုက်ခေါ……။

ထို ရသည့် နှစ် ရက် အတွင်း နယူးရောက်ရှိ မြန်မာ သံရုံးနှင့် အမြန်ဆက်သွယ်ကာ နိုင်ငံကူး စာအုပ်ကို သက်တမ်းတိုးရသည်။ တဖန် နိုင်ငံကူး စာအုပ်သည် ၁၀-နှစ် ကျော်နေပြန် သဖြင့် အသစ် တစ်အုပ် ထပ်မံ လုပ်ရကာ စင်ကာပူတွင် စုဆောင်း ခဲ့သမျှ ငွေကြေးတို့သည် အိပ်ကပ်ထဲမှ ကျဆင်းလာသည့် ရေတံခွန်နယ် တဝေါဝေါနှင့် ထွက်ကျ ကုန်တော့သည်။ နိုင်ငံကူး လက်မှတ်ကို သက်တမ်း တိုးပြီးသည်နှင့် ကျွနု်ပ် အလုပ်လုပ်မည့် ကုမ္ပဏီနှင့် ဆက်သွယ်ရကာ ကုမ္ပဏီ၏ ရှေ့နေ နှင့်ပင် ကျွန်ုပ်၏ နေထိုင်ခွင့် သက်တမ်းကို ထပ်မံ တိုးမြှင့် ရသည်။ နိုင်ငံကူး လက်မှတ် သက်တမ်း သုံးနှစ် မရှိ ခဲ့သော ကျွနု်ပ် အတွက် သင်ခန်းစာပင်။ ဤသို့ ဖြင့် ကျွန်ုပ်၏ နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ရန် အမေရိကန် လူဝင်မှု ရုံး၌ လျှောက်ထားဆဲ ကာလဖြစ်သည့် အားလျော်စွာ အမေရိကန် နိုင်ငံတွင် မရှိမဖြစ် လိုအပ်သော မှတ်ပုံတင် နံပါတ် (social security number) ကိုလည်း မှတ်ပုံတင် ပိုင်ခွင့် မရှိခဲ့ချေ။ အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ရုံး၏ နှေးကွေးလှသော လုပ်ငန်းဆောင်ရွက်မှုကို စောင့်စား နေယင်း ကျွနု်ပ်သည် နယူးယောက်မြို့ အခြေစိုက် ဘာမားပွိုင့်(Burma Point) နိုင်ငံရေး အသင်း အဖွဲ့ ၏အခန်း အပေါ်ထပ်တွင် တစ်လ ငါးရာခုနှစ်ဆယ်ဖြင့် ငှားရမ်း နေထိုင်ကာ သုံးလကျော် မျှ အလုပ် အကိုင် မရှိ သောင်တင် နေခဲ့သည်။

ထို သုံးလကျော် ကာလ အတွင်း အမေရိကန်နိုင်ငံ နယူယောက်ရှိ နိုင်ငံရေး လှုပ်ရှား နေကြသူများ ကို လေ့လာ သုံးသပ် မိခဲ့သည်။ အများစုက နိုင်ငံရေး လုပ်ကြသည် ဆိုရာတွင် နိုင်ငံရေး နှင့် ပတ်သက်သည့် သိပ္ပံပညာရပ်များကို ဆည်းပူး လေ့လာမှုများ ဘာမျှ မရှိ။ ပြောပြန်ရင် လည်း ကျွန်ုပ် လွန်ရာကျမည်။ သူ့ထက်ငါ စကားများ အနိုင်လု ပြောကြလျက်၊ ဂျာအေး သူ့အမေ ရိုက် အပ်ကြောင်းထပ်သည့် နည်းလမ်းများ အဖန်တလဲလဲ ဟောင်ဖွာဟောင်ဖွာ ပြောကြကာ အမေရိကန် အစိုးဆီမှ ငွေများ လိမ်ယူကြသည်။ တကယ့် နယ်စပ် ဒေသများရှိ နိုင်ငံရေး လုပ်နေသူများ၊ နယ်စပ် ဒေသများရှိ စေတနာ အရင်းခံသည့် မြန်မာ ပညာတတ်များ နစ်နာကြသည်။

ဤသို့ဖြင့် တစ်ဖြည်းဖြည်း ဆုပ်ယုတ် ကုန်ခန်းလာသော ငွေးကြေပြဿနာ နှင့် အလုပ်လုပ်ရန် မှတ်ပုံတင် နံပါတ် (social security number) ထုတ်ယူနိုင်ခွင့် မရှိသေးသော ကျွန်ုပ်အတွက် ကယ်လီဖိုးနီးယားသို့ ယာယီ ရွေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ကာ နယ်ပြောင်းခဲ့သည်။ ကျွနု်ပ် နှင့် အလုပ် လုပ်မည့် ပွဲစား ကုမ္ပဏီက သူတို့ ငှားရမ်းပေးမည့် တိုက်ခန်းတွင် လာရောက် နေထိုင်ရန် ကမ်းလှမ်း လာသော်လည်း အခြားခြားသော အကြောင်းအရာများ ကြောင့် ငြင်းပယ်လိုက်သည်။

အမေရိကန် တို့၏ အလွန်တရာ ဆိုးရွားနေသော ယနေ့အလုပ်သမား စျေးကွက်သည် ကျွနု်ပ်အတွက် စိန်ခေါ်နေသည့် နယ်။ နယူးယောက်တွင် နေထိုင်စဉ် မှတ်ပုံတင် နံပါတ်(social security number) မရှိသည့် အတွက် ကမ်းလှမ်းလာသော အလုပ်များကိုလည်း ပယ်ချခဲ့ရသေးသည်။

ကယ်လီဖိုးနီးယားတွင် နေထိုင်နေစဉ် ကာလအတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရုံးမှ ကျွန်ုပ်၏ နေထိုင်ခွင့်ကို သက်တမ်း တိုးမြှင့် ပေးလိုက်သည့် အတွက် နောက်ဆုံးတွင် မှတ်ပုံတင် နံပါတ်(social security number) ကို ထုတ်ယူ နိုင်ခဲ့ကာ အလုပ်လုပ် ရန် အတွက် အဆင်သင့် ဖြစ်ခဲ့လေသည်။ ထိုအချိန်တွင် ကျွန်ုပ်၌ ပိုက်ဆံ တစ်ပြား တစ်ချပ်မျှ မရှိတော့ချေ။ လက်ဗလာဖြင့် ဘဝကို သုံညမှ ပြန်လည် စတင်ရတော့သည်။ ဦးနှောက် ထဲတွင် ရှိသော ကျွန်ုပ်တတ်သည့် ပညာသည်သာလျှင် ကျွန်ုပ်အတွက် အားကိုးရာပင် ဖြစ်တော့သည်။

H1b ဖြင့် အမေရိကန်သို့ လာရောက် ကြသည်တွင် အများစုသည် ပွဲစား ကုမ္ပဏီဖြင့် ချိတ်ဆက်ကာ လာကြရသည်။ အချို့လည်း ပွဲစား ကုမ္ပဏီ မသိအောင် အမေရိကသို့ ဝင်ရောက်လာကာ ခြေချကြသည်နှင့် ကိုယ့် အစီအစဉ်ဖြင့် အလုပ်ရှာဖွေကာ H1b ကို ပိုကောင်းသော ကုမ္ပဏီ ဆီသို့ ပြောင်းလဲ ယူကြသည်။ အချို့ လည်း အမြဲတမ်း နေထိုင်ခွင့် ကဒ် (green card) ရရှိသည့် အထိ ပွဲစား ကုမ္ပဏီတွင် မှေးကာ လုပ်နေကြသည်။ အချို့လည်း H1b ဖြင့် အမေရိက သို့ ခဏလာကာ ပြန်သွားကြသူများ လည်း ရှိကြသည်။ အမျိုးမျိုး ပင်။

စွန့်စားလိုသော၊ အခွင့် အလမ်းများ ရှာဖွေလိုသော မြန်မာ ပညာတတ်များအတွက် H1b ဖြင့် ဤသို့ ဤဖုံ အမေရိကန် နိုင်ငံသို့ လာရောက် အလုပ်လုပ် နိုင်သည် ကို ပြောပြရုံပင်။ ကျွန်ုပ် ၏ အတွေ့အကြုံကို ပြောပြကာ နောက်အခါ လာရောက်လိုသူများ ကျွန်ုပ်ကဲ့သို့ မဖြစ်ရစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်တတ်စေရန်လည်း ဖြစ်သည်။

အားလုံး အဆင်ပြေပါစေ။

အနန္တမေတ္တာဖြင့်
ဘကောင်း

ဗိသုကာ အနုပညာရှင်


(ငယ်စဉ်အခါက စိတ်ကူးစိတ်သန်းတွေ၊ အိမ်မက်တွေ၊ ရည်ရွယ်ချက် ရည်မှန်ချက်တွေနဲ့
လူတစ်ယောက် အကြောင်းပါ။ တွန့်လိမ်ကောက်ကွေး အသွင်ပြောင်းသွားတဲ့ ဒီစိတ်ကူး အိမ်မက်တွေ ကို Surrealism ပုံစံ ရေးကြည်တာပါ။ Sur ဆိုတာ ကျော်လွန် လွန်မြောက်သွားတဲ့ သဘောပါ။ realism ဆိုတာတော့ သရုပ်မှန်၊ အဖြစ်မှန်ကို ဆိုလိုတာပေါ့။ ကျွနု်ပ်တို့ အများသူငှာ ပြောတဲ့ Surrealism ဆိုတာတော့ သရုပ်လွန် လို့ ခေါ်ဆိုမှာပါ။ ပန်ချီဆွဲတဲ့ အခါ သဘာဝထက်ကျော်လွန်ပြီး၊ နဂိုရှိတဲ့ ပုံသဏ္ဍာန် သရုပ်ကို လွန်မြောက်ကာ စိတ်ကူးယဉ်ဆန်ဆန်၊ အိမ်မက်ဆန်တွေရှိတဲ့ ပုံတွေကို surrealism လို ခေါ်ကြမှာပေါ့။ ထို့အတူ ရုပ်ရှင်၊ ပန်းပု အစရှိတဲ့ ဖန်တီးမှု အရာတွေဟာ ရံဖန်ရံခါ လက်တွေ့ကျတဲ့ စိတ်ကူးဘောင်းထဲကနေ ကျော်လွန်သွားတတ်တယ်။ ဒါကို တစ်ချို့က စိတ်ကူးယဉ်ဆန်တယ်။ စိတ်ကူးယဉ်သမားလို့ တံဆိပ်တပ် သမုတ်တတ်ကြလေ့ရှိတယ်။ လက််တွေ့ကျခြင်းနှင့် စိတ်ကူးယဉ်ဆန်မှုတို့သည် ကိုယ့်အပေါ် တစ်ပါးသူတို့က ကိုယ်ပိုင်ပုဂ္ဂိလိကသဘောဆန်သော ဘာသာပြန်မှု တစ်ခုပင် ဖြစ်ချေမည်။
ဝတ္ထုလည်း မဟုတ်ပါဘူး။ သတိရလို့ကြည့်လိုက်တော့ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတဲ့ ဘလော့ကို ဒီညတော့ မဖြစ်ချေဘူးဆိုပြီး ဆေးထိုးလိုက်တဲ့ သဘောပါ။)

သူသည် ထူးချွန်ပြောင်မြောက်သော ဗိသုကာ အနုပညာရှင်တစ်ယောက်ဖြစ်သည်။ သူ၏ ဗိသုကာ တည်ဆောက်ခြင်း လုပ်ငန်းကို ငယ်စဉ်ကလေးဘဝ သိတတ်၊မြင်တတ်၊ ကြားတတ်၊ နားလည်တတ်သည့် အရွယ်မှစ၍ စတင်ဆောက်လုပ်တတ်ခဲ့သည်။ ထိုစဉ်က ဆောက်လုပ်ခဲ့သော သူ၏ အနုပညာလက်ရာ အိမ်များ၊ အဆောက်အဦးများသည် ခိုင်ခိုင်ခံခံ မရှိလှသော်လည်း အလွန်တရာ လှပ ဆန်းကြယ်ကာ လောကနတ်နန်းဘုံတွင် အကောင်းဆုံးသော ပုံစံများ တည်ဆောက်နိုင်ခဲ့သည်။ သူ ဖန်တီးခဲ့သော အိမ်များသည် အမြင့်ဆုံးသော တောင်တန်း အထွတ်အဖျား တို့ကို ကျော်လွန်ကာ တိမ်တောင် တိမ်စွယ်တို့ဖြင့် ရစ်သိမ်းခြုံလွှမ်းထားလေ့ရှိကာ ရဲတိုက်ကြီးသဖွယ် အံ့မခန်းရှိလှသည်။ ထိုမှတဆင့် မိုးတိမ်တို့အပေါ်တွင် မှေးမှိတ် ငြိမ်သက်လျက် ကမ္ဘာမြေပြင်ပေါ်သို့ လျှပ်တိုက် စီးမျောကာ ငြိမ့်ငြိမ့်ငြောငြော ဆင်းသက်ရလေ့ရှိသည်။ ရံဖန်ရံခါ လေညင်းတို့ ညိမ်သက် အနားယူသည့် ညဉ့်နက်သန်းခေါင် ညအချိန် စာကျက်လို့ ငြီးငွေ့ ပင်ပန်းသည့် အခါ ကောင်ကင်ဆီသို့ ငေးမောကြည့်လျက် ကြယ်စင် ကြယ်ဖူးတို့ကို တစ်လုံးခြင်း ခူးဆွတ်ကာ သူတည်ဆောက်သော အိမ်ကို အလှဆင်လေ့ရှိသည်။

သူငယ်စဉ် အခါတုန်းက သစ်ပင်၊ပန်းပင်တို့ တစ်စတစ်စ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုး ပြောင်းလဲသော ဖြစ်စဉ်ကို အလွန်စိတ်ဝင်စားလေ့ရှိသောကြောင့် သူတည်ဆောက်သော အိမ်နံရံများတွင် မေးခွန်းပေါင်းမြောက်မြားစွာကို ရေးခြစ်ခဲ့လေသည်။ ပန်းကလေးတွေ ဘယ်အချိန်တွင် ဘယ်လို ပွင့်သလဲဆိုတာ မေးထားသည်။ ပုရွက်ဆိတ်ကလေးတွေ ဘာကြောင့် တန်းစီပြီး သွားကြသလဲ ဟု ဆိုသော မေးခွန်းများလည်း ပါသေးသည်။ ရွှေငါးလေးများ ကူးခတ်နေသည်ကို မျက်လုံး မမှိတ်မသုန် ထိုင်ကြည့်လျက် လေ့လာခဲ့သေးသည်။ သို့ရာတွင် သူ၏ မေးခွန်းများကို မည်သူတစ်ဦးမျှ မဖြေနိုင်သောအခါ ထိုမေးခွန်းများသည် နံရံပေါ်တွင် တဖြည်းဖြည်းနှင့် မှိုတက် ခြစားလာကာ မှေးမိန်ပြောက်ကွယ်သွားသည်။ ထို့နောက် သူသည် သူ၏ မေးခွန်းများကို ထိုနံရံပေါ်တွင် ဘယ်တော့မှ မရေးခြစ်တော့ပဲ စိတ်ကူးလှောင်အိမ်တွင် တိတ်တဆိတ် သိမ်းဆည်းထားကာ ထူးချွန်ပြောင်မြောက်သော ဗိသုကာ လက်ရာများကို ညာဖက်လက်ဖြင့် တည်ဆောက်နေချိန်တွင် ဘယ်ဖက်လက်က ပန်းပင်တို့ကို ပြုစုပျိုးထောင်သောလက်၊ ငါးကလေးများ၊ ငှက်ကလေးများကို စည်းပွား များပြားစေသော လက်ပိုင်ရှင်တစ်ယောက် ဖြစ်စေခဲ့လေသည်။

အခြေခံ အတန်းပညာများ ကို လေ့လာ သင်ကြားနေချိန်တွင် သူတည်ဆောက်သော ဗိသုကာ အဆောက်အဦးများသည် အခြေခိုင်လေ့ မရှိချေ။ ဘောင်ခတ်ထားသော လူတို့၏ အဖွဲ့အစည်းက သူ့အား ခံစားချက်များများ ခံစားနိုင်ခွင့် မပေးထားချေ။ သူ့အတွက် ဘယ်လို နေထိုင်ရမည်။ ဘယ်လို့ ပြုမူပြောဆို နေထိုင်ရမည် အစရှိသဖြင့် သတ်မှတ်ချက်များ ချမှတ်ထားပြီးသာ ဖြစ်နေသည်။ မလူးသာ မလွန့်သာ၊ အချူပ်အနှောင်တို့ဖြင့် ပြည့်ကျပ်နေသော ပတ်ဝန်းကျင်တွင် သူသည် ထူးချွန်သော ဗိသုကာ အတတ်ပညာရှင် ပီသစွာ အလွန်တရာ မြင့်မားကာ ချွန်ထက်သော အမိုးများဖြင့် သူ၏ အဆောက်အဦးများကို တည်ဆောက်လေ့ရှိသည်။ သို့ရာတွင် သူ၏ အဆောက်အဦးများသည် တစ်ဆင့်ပြီး တစ်ဆင့် မြင့်မားစွာ တိုးတက်သွားခွင့် မရလိုက်ချေ။ သူအား ဖုံးကာ အုပ်မိုးထားသော စည်းကမ်း ဥပဒေတို့သည် သူ၏ အဆောက်အဦးတို့ကို ဖိသိပ်ချေမွ ပစ်လေ့ရှိသည်။

ရံဖန်ရံခါ သူ၏ ပန်ဝန်းကျင်မှ လူတို့က သူအား အကျိုးအကြောင်း၊ အကောင်းအဆိုး တို့ကို ဝေဖန်ပိုင်းခြားတတ်ရသည် အသိပညာတို့ရှိဖို့လိုသည်ဟုု ဆိုသည်။ ထိုသည်အတွက် ဘယ်လို လုပ်ရမည်။ အဘယ်ကဲ့သို့သော ယဉ်ကျေးမှု ဘောင်အတွင်းတွင် နေထိုင်ရမည် အစရှိသဖြင့် တင်းကျပ်ထားလေ့ရှိသည်။ ပုံမှန်အားဖြင့် ထိုအရာများသည် ယေဘူယျ မှန်ကန်သည်ဟု ထင်ရသော်လည်း သူ့အတွက် လေ့လာစူးစမ်းခွင့်၊ တွေ့ခွင့်၊ မြင်ခွင့်၊ ကြားခွင့် စသည့် အတွေ့အကြုံများ ဆုံးရှုံးသွားလေသည်။ သူသည် အများသူငှာ လုပ်ဖူး၊ သိဖူး၊ ကြားဖူး ထားသည်အရာများကို ပျင်းရိငြီးငွေ့စွာ လေ့လာ သင်ယူခဲ့ရလေသည်။

သူတည်ဆောက်သည့် အိမ်များ ပြိုလဲဖျက်ဆီးခံရသည့် အခါတိုင်း သူသည် နာကျင်ရသည်။ ရင်သွေးငယ်တစ်ယောက် ဆုံးရှုံးသွားသော သားသည်မိခင်ကဲ့သို့ ကြေကွဲရလေ့ရှိသည်။ ဤသို့ဖြင့် သူသည် ဓါးတစ်လက်ဖြင့် တစ်ချက်ခြင်း အမွန်းခံရသော ဒဏ်ရာရ ကျားနာတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် ကြီးပြင်း အရွယ်ရောက်ကာ လူငယ်လူရွယ်တစ်ယောက် ဖြစ်လာချိန်တွင် သူတည်ဆောက်မည့် ဗိသုကာလက်ရာများကို ဖျက်ဆီး ခြေမွမည့် လူများက နေရာမျိုးစုံ၊ ထောင့်ကွယ်အမျိုးမျိုးမှနေ ၍ မှောင်ရိပ်ခို ချောင်းမြောင်း တိုက်ခိုက်ကြလေ့ရှိသည်။

အဖန်ဖန် အခါခါ ဆုံးရှုံး ချေမွခံလိုက်ရသော အခါ သူသည်လည်း တန်ပြန် တွန်းကန် တုံ့ပြိုင်နိုင်သည် ဟူသော အခြေခံ အုပ်မြစ်ကို တစ်စတစ်စ လေ့လာ တွေ့ရှိလာသည်။ တွန်းတွန်းတိုက်တိုက် မီးဇာကုန် ရေခန်း၊ ဘုရင်နောင် ဖောင်ဖျက်သည့် စိတ်ဓါတ်တို့ စတင် မွေးဖွားလာခဲ့သည်။ ဆုံးရှုံး ထိုးနှက် ခံရဖန်များသော အခါ ကိုယ်ပိုင် အစစ်အမှန်ကို လျို့ဝှက်တတ်သော အလေ့အကျင်တို့ ကျင့်သုံးလာသည်။ သူ၏ လျို့ဝှက်စွာ နေတတ်လာမှုတို့ကြောင့် နောက်ဆုံး ၌ သူ၏ ဖခင်သည်ပင်လျှင် သူသည် အဘယ်ကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို ပင် မသိတော့ချေ။

“မင်းဆိုတဲ့ ကောင်က လမ်းဘေးရောက်မှာ..ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူ့ အဖေက သူ့ကို ပြောတော့ ဘိန်းစားရုပ်၊ ခန္ဓာကိုယ် ပိန်ပိန်ခြောက်ခြောက် နဲ့ ဆံပင်အရှည် အလည်ခွဲ အောက်မှ သူ့၏ မျက်လုံးက တချက် လက်ကနဲ ဖြစ်သွားတယ်။ အဆောက် အဦးပေါင်း မြောက်မြားစွာကို ဆောက်လုပ်နေသော သူ၏ လက်ဖဝါး အစုံတွင် အဘယ်ကဲ့သို့သော ခွန်အားများ ကိန်းအောင်းနေမည်ကို ထိုစဉ်က သူကိုယ်တိုင်ပင် မစမ်းသပ် မစစ်ဆေးရသေးချေ။

သူ၏ အိမ်များသည် ပုံစံ အမျိုးမျိုး စုံလင်လှသည်။ နုနုညံ့ညံ့ ပျော့ပြောင်းသော ဖယောင်းတို့ဖြစ်တည်ဆောက်ရသည့် အိမ်များလည်းရှိသည်။ သံမဏိတို့ဖြင့် အတိပြီးသော လေးထောင့် စပ်စပ် အိမ်များလည်းရှိသည်။ အချို့သည် အလွန်တရာ ဆန်းကြယ်လွန်းသောကြောင့် ကမ္ဘာမြေပေါ်မှ လူအများပင် မမြင်ဖူးသေးသော ပုံစံဆန်းများဖြစ်သည်။ သူသည် သူတည်ဆောက်ထားသော အိမ်များကို ရောင်းဖို့ ကြိုးစားသည်။ သူ၏ ပြခန်းသို့ လူအများ လာရောက် ကြည့်ရှုကြသောအခါ ထိုသူတို့ကို လေ့လာရသေးသည်။

“ခင်ဗျာမှာ နည်းပညာ အသစ်အဆန်းတွေ နဲ့ဆောက်ထားတဲ့ ပုံစံ ဆန်းဆန်းလေး အိမ်လေးတွေ မရှိဘူးလား” လို့ မေးတဲ့လူရှိတဲ့ အခါဆို သူရဲ့ လျို့ဝှတ်တဲ့ နည်းပညာနဲ့ ဆောက်ထားတဲ့ အိမ်ပုံစံတွေကို ထုပ်ပြရလေ့ရှိတယ်။ သူရဲ့ နောက်ကြောင်း ရာဇဝင်ကို မသိတဲ့ လူတချို့ကတော့ သူ့အပေါ်ကို ကြွားကြွားဝါဝါနဲ့ ငွေကြေးအမြောက်အမြားပေးပြီး သူ့ရဲ့ အိမ်တွေအကုန်လုံးကို ဝယ်ယူမယ် ဆိုတဲ့ အကြောင်း၊ သူတို့သည်သာ အကောင်းဆုံးသော လူတန်းစားများ ဖြစ်ကြသည် ဆိုတဲ့ အကြောင်း အကျယ်တဝင့် လာပြောတတ်ကြတယ်။ တစ်ပါးသူကို စိတ်ဝင်တစား လျို့ဝှက် လေ့လာတတ်လေ့ရှိတဲ့ သူကတော ပြုံးပဲ ကြည့်နေလိုက်တယ်။ မိန်းကလေးတွေအကြောင်း၊ မိန်းမလှလေးတွေကိုမှ စိတ်ဝင်စားတဲ့ ယောကျာင်္းဘသားတွေကြသော မိန်းမချော၊ မိန်မလှလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ အိမ်မျိုးကို ထုတ်ပြရတယ်။ သူတို့လို လူမျိုးတွေက အိမ်ဆို နုနုရွရွ ကယုကယ ကနုတ်ပန်းလေးတွေနဲ့ ဖော်ကျုးထားမှ စိတ်ဝင်စားကြတာကိုး။

သူဟာ သူရဲ့ အိမ်တွေရဲ့ အပြင်ပန်းကို သင့်တော်ရာ ပုံစံ အမျိုးမျိုးနဲ့ မှုန်းချယ်ထားပြီး သူ့ရဲ့ လျို့ဝှက်တဲ့ တကယ့် ကိုယ်ပိုင် အခန်းကို မျက်စိရှုပ်စေတဲ့ ဆေးရောင်စုံ အမျိုးမျိုး ချယ်သထားပြီး ကာကွယ် ဖုံးအုပ်ထားတယ်။ ဒါမှလည်း သူတစ်ယောက်တည်း သူရဲ့ အိပ်ခန်းမှာ ထိုင်ပြီး လူတွေအကြောင်းကို မမြင်ကွယ်ရာကနေ အသေးစိတ်လေ့လာနိုင်မှာဖြစ်တယ်လို့ ဆိုလေ့ရှိသည်။ အိပ်ခန်းလို့ ဆိုပေမယ့်လည်း သူမှာ ပိုင်ဆိုင်ထားတာဆိုလို့ အလွန်တရာ များပြားပြီး အံ့မခန်း အဖိုးတန်တဲ့ အကာင်းဆုံးသော စာအုပ်စဉ်ကြီးတွေ၊ ရှာဖွေ စုဆောင်းထားတဲ့ တံဆိပ်ခေါင်းအဟာင်းတွေပဲရှိတယ်။ တံဆိပ်ခေါင်းဆိုတာ တကယ်တော့ သူတို့ဟာ လှပစွာ ဘောင်လေးတွေ ခတ်ထားတဲ့ သေးကွေးလှတဲ့ ပန်းချီကားလှလှလေးတွေပဲ မဟုတ်ဘူးလား။

သူ၏အဖေက သူ့ကို အသက်မွေးဝမ်းကြောင်း ပညာတစ်ခုတတ်စေချင်သည်။ အသက်မွေးဝမ်းကြောင်းပညာဆိုသည်မှာ ဘာကို ဆိုလိုမှန်း သူနားမလည်။ သူတည်ဆောက်ထားသော အိမ်များ၊ အဆောက်အဦးများအကြောင်း ပြောပြရန် စကားစကြည့်သည်။ သို့ရာတွင် မည်သူတစ်ဦးမှ နားမလည်သော အခါ ကိုယ့်အကြောင်းကို တစ်ပါးသူတို့အား ပြောပြ ဖေါ်ပြခြင်းထက် သူ့တို့ အကြောင်းကို ပြဇာတ် ဝတ္ထု ဖတ်သလို လေ့လာ ဖတ်ရှုတော့သည်။ ဤသို့ဖြင့် သူသည် လျို့ဝှက်သော လူတစ်ယောက်ဖြစ်လာသည်။ ထို့နောက် သူသည် ခမ်းနားဆန်းကြယ်သော အိမ်ကြီး အိမ်ကောင်းများကို အလျင်အမြန် တည်ဆောက်ခြင်းထက် အိမ်ဆောက်ရန်အတွက် လိုအပ်သော ကျယ်ပြန့်သည့် အခြေခံ အခင်းအကျင်းကို လိုက်လံရှာဖွေရတော့သည်။

သူ တည်ဆောက်ထားသော အိမ်များတွင် ရေးဆွဲထားသော ရုပ်ပုံလွှာများ တွင် အချို့သည် နှစ်ပရိစ္ဆေဒ ကြာမြင့်လာသည်နှင့် အမျှ ပျောက်ကွယ်သွားကြသည်။ ငယ်စဉ်ကလေးဘဝကတည်းက စဉ်ဆက်မပြတ်ရေးဆွဲလေ့ရှိသော ဆံပင်ရှည်ရှည်နှင့် တရုပ်မကောင်မလေးတစ်ယောက်သည် သူကြီးပြင်လာသောအခါ မှေးမှိန်ပျောက်ကွယ်သွားသည်။ မူလတန်းကျောင်းသား ဘဝက သူငယ်ချင်းနှင့် အတူတကွ ရေးဆွဲလေ့ရှိသည့် ကာတွန်းစာအုပ်သည့် သေတ္တာထဲတွင် အသေပိတ်ဆို့ကာ ဘယ်တော့မှ ပြန်လည် ဖွင့်မကြည့်တောချေ။ အချို့ ပုံကြမ်းတို့သည် အရည်ပျော် စီးကျကာ ပုံဏ္ဍာန် ပျက်သွားကြသည်။
အချို့သော ပုံရိပ်တို့သည်ကား အချိန်ကာလအပေါ် မူတည်လျက် တစ်စတစ်စပီပြင်လာသော သဘောရှိသည်။ သူ့အတွက် မှတ်မှတ်ရရ ပီပြင်လာသော ပုံရိပ်ပေါင်းများစွာထဲမှ ပီပြင်လာသော လက်ရာတစ်ခုမှာ မုန်တိုင်းဒဏ် ခံနိုင်သော တောင့်တင်းခိုင်မာသည့် အိမ်ဆောက်ရန်ဖြစ်သည်။

ငယ်ရွယ်စဉ်အခါက မာန်မာနတို့ ပြည့်လျံ ဖြိုးမောက်လျက် ခွန်အားတို့ဖြင့် ကျားကန်ထားသော အချိန်၊ ဖိသိပ် ချိုးနှိမ်မှုတို့နှင့် ထိတ်တိုက် ရင်ဆိုင်တွေ့ကြရသည့် အခါတွင် သူသည် အဝေးသို့ လွင့်စင်သွားခဲ့ရသည်။ ဖြူစင် အားနည်းသူတို့ အပေါ် အနိုင်ယူ၊ ကြီးစိုးကြလေ့ရှိသည့် လူတို့၏ အဖွဲ့အစည်းထဲသို့ သူရောက်သွားချိန်သည် အားလုံးက သူ့အပေါ် လွှမ်းမိုးနိုင်ရန် ကြိုးစားကြသည်။ ထိုအခါ သူသည် တိုက်ပွဲဝင် တိုက်ဆင်တစ်ကောင်ကဲ့သို့ နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ခွန်အားတို့ကို ပြင်ဆင်ရတော့သည်။ လျို့ဝှက်တတ်သော သူ၏ သဘာဝကြောင့် လူတို့က သူ့အပေါ် လွှမ်းမိုးနိုင်ကြပြီဟု ထင်ကြလေသည်။ သူ့အပေါ် လူတို့၏ ထင်မြင်ယူဆချက် ဘာသာပြန်ချက်တို့က ပုံသဏ္ဍာန်မျိုးစုံ ရောင်ပြန်ဟတ်နေချိန်တွင် သူသည် ခွန်အားအပြည့်ဖြင့် ထိုးစစ်ဆင် နိုင်ခဲ့သည်။ သူသည် ရုန်းကန် ထကြွခဲ့သည်။

ထို့နောက် သူ၏ ဗိသုကာ လက်ရာများကို တစ်ခုပြီး တစ်ခု စျေးကွက်တင် ရောင်ချဖို့ ကြိုးစားကြည့်သေးသည်။ သူ၏လက်ရာများကို တာဝန်ယူ တည်ဆောက်ပေးမည့် လူ တစ်ယောက်ပြီး တစ်ယောက် တွေ့ကြည့်သည်။

ဓနရှင် စီးပွားရေးသမားတစ်ယောက်သည် ဆုံလည်ကုလားထိုင်တွင် ထိုင်လျက် စီးကရက်ကို ဟန်ပါပါ တစ်ချက်ဖွာကာ သူကို မျက်လုံးမှေးကြည့်သည်။
“အင်း….မင်းရဲ့ လက်ရာတွေက မဆိုးပါဘူး. ဒါပေမယ့် မင်းရဲ့ ဖန်းတီးမှုလက်ရာတွေအပေါ် ငါက ကိုးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်. ပြီးတော့ ငါ့ခိုင်းသမျှ မင်လုပ်ပေးရမယ်.”
ထိုစဉ်က သူ့၏ လက်ဖဝါးတို့သည် တုန်ခါလျက် ထိုင်ခုံတွင် ထိုင်နေသူကို ဘယ်ပြန်ညာပြန် နဘန်ကျင်းလိုလှသည်။ အကျိုးအမြတ်တွက်ချက်လေ့ရှိကြသော စီးပွားရေးသမား သကောင့်သားတို့၏ သဘာဝကို ရွံမုန်းခဲ့သည်။

အခြား စီးပွားရေး သမားတစ်ယောက်က လူကြီးလူကောင်းဆန်ဆန် ဝတ်ဆင်လျက် နုညံ့သော စကားကို ဆိုသည်။
“မင်းရဲ့ ဘဝတက်လမ်းတွေ အတွက် ငါမြေတောင် မြှောက်ပေးမယ်. ငါ့ဆီမှာဆိုရင်တော့ လူရည်သန့်တွေနဲ့ပဲ ပြောဆိုဆက်ဆံရမှာ. မင်းလာခဲ့တဲ့ သူခိုး၊ ကြမ်းပိုးတွေ အသိုင်းအဝိုင်းမျိုးတော့ မဟုတ်ဘူး.”
“အလဲ့…ဒီလူက တယ်ဟုတ်ပါလား…ငါ့ရဲ့ သူခိုး၊ ကြမ်းပိုး အကျင့်တွေနဲ့ ဘီးလူးဇာတ် မခင်း ခင် ပြန်မှပဲ”
ဒါတောင် သူသည် ငါးခူတစ်ကောင်လို လှောင်ပြုံးတစ်ခုကို နူတ်ခမ်းတစ်ဖက်တွင် အသာအယာ ကွေးတင်လျက် ကိုယ်ကို မတ်ထားကာ ပြောဖြစ်အောင်ကို ပြောလိုက်သေးသည်။
“ခင်ဗျား ပြောတဲ့ လူရည်သန့်တွေဆိုတာ ဆင်းရဲနွမ်းပါး အားနည်းတဲ့ လူတွေအပေါ် ပညာရှိနည်းနဲ့ တဖက်လှည့် ဂုတ်သွေးစုတ် အကျိုးအမြတ်ယူနေတဲ့ လူတွေကို ပြောတာလား..”

လူတွေက ခက်ပါတယ်။ အမှန်ကို တည့်တည့်ပြော၊ အရှိုက်ကို ထိသွားသော ရှုးရှုးရှဲရှဲနဲ့ လူကြီးလူကောင်း အရည်ခွံကွာပြီး နင်ပဲငဆ၊ မင်းကဘာကောင်းလဲ၊ ဘာအားကိုးရှိလို့ လာပြောတာလဲ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ သူ့ကို အခန်းထဲက နှင်ထုတ်ပါလေရော။

ဤသို့ဖြင့် သူသည် သူ၏ ဗိသုကာ လက်ရာများကို ပြန်လည် တည်ဆောက်ဖို့ အတွက် ရင်းနှီး ပေးဆပ်မှုများ ဖြင့် စတေးရတော့မည်ကို လေ့လာခဲ့ရသည်။ သူသည် အထူးအခွင်အရေးများ ရလေ့ရှိသည့် စစ်ဗိုလ်၊ ဝန်ကြီးတို့၏ မိသားစုတွင် လူဖြစ်မလာခဲ့ချေ။ သူ၏ မိဘများသည်လည်း ရေပွက်ရာ ငါးစာချတတ်သည့် အခြားစီးပွားရေးကဲ့သို စီးပွားရေး အမြင်လည်း မရှိခဲ့။ အနှစ်နှစ်ဆယ်ကျော် အင်္ကျီ အသစ်ဝယ် မဝတ်ဖူးသော မိသားစုတွင် ကြီးပြင်းလာသော သူ့တွင် စိတ် ဓါတ်ခွန်အားတစ်ခုသာလျှင် ကိုးကွယ် အားထားရာ ဖြစ်ခဲ့သည်။

တစ်နေ့တွင် သူ၏ သူငယ်ချင်း မိန်းကလေးတစ်ယောက်က သူမ၏အစ်ကိုအတွက် အမှတ်တရ ဘုန်းကြီး ဆွမ်းကပ်မည့် ပွဲကို ဖိတ်သဖြင့် သူရောက်သွားသည်။ သူရယ်၊ ဆွပ်ကပ်မည့် မိန်းကလေးနှင့်၊ အခြား မိတ်ဆွေ အနည်းငယ်မျှသာ ရှိသည်။ သာမန် သေးငယ်သော ပွဲနေ့လေးတစ်ခုဖြစ်ခဲ့သည်။ သူငယ်ချင် မိန်းကလေးက ၁၉၈၈-ခုနစ် တွင် မြန်မာပြည် စစ်တပ်၏ ဖမ်းဆီး သုတ်သင်မှုကြောင့် ပျောက်ဆုံးသွားခဲ့ရသော သူမ၏ အစ်ကို တက္ကိုလ်ကျောင်းသားအတွက် နှစ်ပတ်လည် ဆွမ်းကပ်သည့် ပွဲဖြစ်သည်။ ထို့နေ့က သူမကြောင့်၊ သူမအတွက် အိမ်လေး တစ်အိမ်ဆောက်ဖြစ်ခဲ့သေးသည်။

ဟိုတလောက သူဆီမှ အဆောက်အဦး ပုံကြမ်းတွေကို ခဏဆိုပြီး ငှားရမ်းသွားသော လူတစ်ယောက် ယနေ့ထက်တိုင် လိုက်ရှာလို့ မရသေးချေ။ သူ၏ လက်ရာများကို ယူဆောင်သွားလျက် ဘယ်ကမ္ဘာ၊ ဘယ်လောကတွင် ပုန်းရှောင်နေသည် မသိ။ ပေးလိုက်ပြီ ဖြစ်သော ထိုလက်ရာ ဖန်းတီးမှုများအတွက် သူ့တွင် ဒုတိယအကြိမ် ထပ်မံ၍ ဖန်တီးလိုစိတ် မရှိချေ။

တစ်နှစ်လျှင် တစ်ကြိမ်ခန့် သူရေးခြစ်ထားသော အဆောက်အဦး ပုံကြမ်းတို့ကို လှန်လှောရှာဖွေကြည့်သည့် အခါ အသက်ကြီးလှသည်နှင့် အမျှ သိပ်ပြီး မကျန်တော့သည်ကို တွေ့ရသည်။ ငှားရမ်းပြီး ပြန်မပေးသူတွေ လည်း ရှိသည်။ လမ်းခရီး တလျှောက်တွင် တစ်ချို့လည်း ကျရစ်ခဲ့ကာ ဘယ်ရာတွင် ဘာတွေ ကျန်ရစ်ခဲ့သည်ကို မသိရတောချေ။

အနန္တမေတ္တာဖြင့်
ဘကောင်း

ချစ်သူလာတော့ နိုးထခဲ့တယ်


အကြည် အိမ်ကို ရောက်လာတော့ မောင်က ငယ်ငယ်လေးဘဲ ရှိသေးတယ်။ မေမေကပြောတော့ အကြည်က ဟိုးဟို အဝေးကြီးကနေ ပြောင်းလာတာတဲ့။ ပြီးတော့ မောင်တို့ နဲ့ အတူတူ နေရအောင် လာတာတဲ့။

အဲတုန်းကတည်းက အကြည်က ထမီဝတ်တတ်နေပြီ။ အကြည်ကို စတွေ့တုန်းက နဖူးအပြောင် ဆံပင်ကို အနောက်မှာ စုပြီး စည်းထားတယ်။ အကြည်ရဲ့ ကြည်လင်ရှင်းပနေတဲ့ မျက်နှာလေးက နောင်အနာဂတ်တွေ အထိ မပြောင်းလဲပဲ အမြဲတမ်း လန်းဆန်းနေခဲ့တယ်။

မောင် မှတ်မိသလောက်ဆို အဲဒီတုန်းက မောင်က ငါးနှစ်လောက်ပဲ ရှိအုန်းမယ်။ မေမေရော၊ ဖေဖေရောက မောင့်ကို သိပ်ပြီး အလိုမလိုက်ဘူး။ ခပ်တည်တည်နဲ့။ မောင်က ဖေဖေ အနားကို ကပ်ဖို့ ချောင်းတိုင်း ဖေဖေက အမြဲ မောင်းထုတ်တယ်။ သူ့ကြည့်လိုက်ရင် သတင်းစာကြီးဖတ်လိုက်၊ စာရေးလိုက်နဲ့။ နောက် မေမေကလည်း ဖေဖေ အနားပဲ ကပ်ပြီး စကားပဲ ပြောနေတယ်။

ရုပ်ရှင်သွားရင်လည်း မောင့် ကို မခေါ်ချင်ကြဘူး။ မောင်မသိအောင် တိတ်တိတ်လေး သွားကြတယ်။ ညညဆို မောင်က တစ်ယောက်တည်း အိပ်ရတယ်။ မောင့်မှာ အရုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကြာတော့ မောင် ဒီအရုပ်တွေ နဲ့ မဆော့ချင်တော့ဘူး။

မောင်တို့ အိမ်မှာ အဖေ့ဖက်က အမျိုးတွေ ရွာက လာနေပြီး ကျောင်းတက်နေတဲ့ ကောင်မလေး နှစ်ယောက်တောင်ရှိတယ်။ဒါပေမယ့် အဲဒီ ကောင်မလေးတွေက အရမ်းညစ်ပတ်တာ။ နှပ်ချီးတွေညစ်ပြီးရင်လည်း သူရို့ ထမီကို ပြန်သုပ်ပစ်တာ။ ရေလည်း မှန်မှန်မချိုးဘူး။ နံလည်း နံသေးတယ်။ သူရို့က မောင့်ကို ထမင်းခူးပေးပြီးရင် ထမင်းပုဂံကို မောင့်ရှေ့ချပေးထားပြီး စကားပဲပေါနေကြတယ်။

အကြည် ရောက်လာတော့ မောင်က အကြည်နဲ့ပဲနေတယ်။ အကြည်က အရမ်း သန့်ရှင်းတာ။ အကြည်ကိုယ်လေးက အမြဲမွှေးနေတာပဲ။ မောင် အကြည်ရဲ့ ကိုယ်နံလေးကို အမြဲမှတ်မိတယ်။ပင်ကိုယ် ကြာညို နံ့ သင်းသင်းနဲ့ သနပ်ခါးရည်ကျဲနံ့လေး အမြဲတမ်းရောနေလေ့ ရှိတတ်တဲ့ အကြည်ရဲ့ ကိုယ်သင်းနံ့လေးတွေဟာ မောင်မြတ်နိုးတာလေးတွေပေါ့။

ညအိပ်လို့ မောင့်နဘေးမှာ အကြည် ကိုယ်နံလေးမရှိရင် မောင် နှာခေါင်းတရှုပ်ရှုပ်နဲ့ အကြည်ကို အိပ်ရာဘေးမှာ လိုက်ရှာတော့တာဘဲ။ မတွေ့ရင် မောင့် မျက်လုံး အလိုလို ပွင့်လာပြီး အကြည်ကို လိုက်ရှာရတယ်။

မောင်အိပ်ရင်လည်း အကြည်ရဲ့ လက်ကလေးတွေ ကိုင်ပြီးမှ အိပ်တတ်တယ်။အကြည်က မောင့်ကို အရာရာ ကာကွယ်ပေးသူလို့ မောင်ယုံကြည်တယ်လေ။ သွယ်သွယ်လျလျ အကြည်လက်ဖဝါးလေးနဲ့ မောင့်လက်ကို ကိုင်ထားပေးမှ မောင် လုံခြုံတယ်လို့ ခံစားရတယ်။

အကြည်ကပြောတယ်။ “အမလေး..သူ့နာမည်ကလည်း တင်တင်စည်းစည်းနဲ့ မောင်တဲ့။ မောင်ကြီးလာရင် မောင့်နားမှာ ကောင်မလေးတွေ တစ်ယောက်မှ ကပ်ကြမှာ မဟုတ်ဘူးတဲ့”။ မောင်ကလည်း စကားပြောရင် ကိုယ်ကိုယ်ကို မောင်လို့ ပဲပြောတယ်။

အကြည်က မောင့်ကို အမြဲစတယ်။ “မောင့် မိန်းမက ဘယ်သူလဲ”လို့ မေးရင် မောင် က “အကြည်ပေါ့” လို့ ပြန်ဖြေတော့ အကြည်က တခိခိနဲ့ အရမ်းရီတယ်။ ပြီးတော့ မောင့် ကိုယ်လုံး ဖြူဖြူတုတ်တုတ်ကလေးကို သူ့ရင်ခွင်ထဲမှာ ထည့်ပြီး ဖက်ထားတယ်။

မောင့်ထက် ခေါင်းတလုံးစာ မြင့်နေသေးတဲ့ အကြည်ကို မောင်က အရာရာ ယုံကြည်ကိုးစားခဲ့တယ်။ အဲတုန်းက အကြည်ကို မှီတွယ် ပွေ့ဖက်ခဲ့ရတဲ့ မောင့်လက်ကလေးတွေ အခုလို ကြီးမားကျယ်ပြန်ပြီး အားအင်တွေ မရှိခဲ့သေးဘူး။

အကြည် မောင့်ကို စတဲ့ စကားတစ်ခွန် မှတ်မိသေးတယ်..”ကလေး လက်က သေးသေးလေးတွေ။ အကြည်ကို တောင် မချီနိုင်ဘူး”တဲ့။..အဲတုန်းကတည်းက မောင်က မှတ်ထားခဲ့တာ။ “တစ်နေ့ အကြည်ကို မောင်စွေ့ကနည်း ပွေ့ပြီး ချီမယ်လို့”။

အကြည် လက်ဖဝါးကို အားကိုးတကြီးဆုပ်ကိုင် ပြီးမှ ကျောင်သွားရလေ့ရှိတဲ့ မောင့်လို သကောင့်သား ငချွတ်ကလေးက အကြည်ကို ပွေ့ချီနိုင်ဖို့ အဲဒီတုန်းကလည်း ကြိမ်းဝါးခဲ့တာ။

မောင် ကျောင်းသွားဖို့ဆိုရင် အကြည်က အကုန် လုပ်ပေးမှ မောင် ကျေနပ်တယ်။ မေမေကဆို မောင့်ကို သနပ်ခါးပါကွက် အထူကြီးတွေ လိမ်းပေးလေ့ရှိတယ်။ မောင် အဲဒါဆို အရမ်း မုန်းတာပဲ။ ကျောင်းရောက်တာနဲ့ အဲဒီ သနပ်ခါးပါကွက်ကြီးတွေကို ပြန်ဖျက်ပစ်တာပဲ။

အကြည်ရောက်တော့မှ အကြည်က မောင် စိတ်တိုင်းကျ အကုန်လုပ်ပေးတယ်။ မောင့်ပါးကို ပေါင်ဒါမှုန့်လေးနဲ့ ပွတ်ပေးတယ်။ မောင့် ဆံပင်ကိုလည်း အုန်းဆီနဲ့ ဆံပင်ကော် ရောပြီး အမောက် ကလေးဖြစ်အောင် လုပ်ပေးလေ့ ရှိတယ်။ အဝတ် အစားဆိုလည်း အကြည်က မောင့်အတွက် မီးပူတိုက်ပေးပြီးသား။

အကြည်က မောင့်ကို ကျောင်းအပို့ အကြို လုပ်ပေးရတယ်။ တနေ့ မောင် ကျောင်းကအပြန် လမ်းမှာ သံစူးတော့ အကြည် မောင့်ကို အိမ်ရောက်တဲ့ အထိ တလမ်းလုံး ကျောပိုးခဲ့တယ်။ မောင် ငိုတော့ အကြည်လည်း ငိုတယ်။ အဲဒီနေ့က အကြည် မောင့်ကို တညလုံး မအိပ်ပဲ သံစူးတဲ့ ဒဏ်ရာကို ခဏ ခဏ ထကြည့်ရတယ်။

မောင့် နဖူးပေါ်က ဆံပင်လေးကို သပ်ပေးပြီး စိုးရိမ်တကြီးနဲ့ ကြည့်နေခဲ့တယ်။ အကြည်တော့ သိမှာ မဟုတ်ပါဘူးလေ။ သတိထားမိချင်မှ သတိထားမိမှာ။ အဲထိအချိန်က စပြီး မောင့် ရဲ့ ကနဦး သိတတ်စနှလုံးသားလေးထဲမှာ အကြည့်ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားက အစားထိုးဝင်ရောက်ခဲ့တယ်။

အကြည်က အရမ်းတော်တာ။ အိမ်မှာဆို မေမေက အိမ်မှုကိစ္စတွေ အကုန်လုံး အကြည်နဲ့ လွှဲထားတယ်။ မောင် အိပ်ရာ နိူးတဲ့ အချိန်ဆို အကြည်က ရေချိုး သနပ်ခါး လူးပြီးသား။ အကြည် မျက်နှာလေးက ယဉ်ကျေးလှတဲ့ မနက်ခင်းရဲ့ မခို့တရို့ကဗျာတပုဒ်လိုပဲ။ အကြည် မျက်နာ ကလေးလေးက အရမ်း ကျက်သရေ ရှိနေတာ။

မောင် က အကြည်ကို အရမ်းချစ်တာ။ အိပ်ရာဝင်ရင် မောင်က အကြည်ကို နမ်းပြီးမှ အိပ်လေ့ရှိတယ်။ အကြည် ဘယ်သွားသွား အကြည်နောက် မောင် က တကောက်ကောက် တောက်တဲ့ကပ် ကပ်သလိုလိုက်နေလေ့ရှိတယ်။

------------------------------------------------------------------------------------------------

အကြည် မောင့် ဘဝထဲက ထွက်သွားခဲ့တာ အခုဆိုရင် ၁၅-နှစ်လောက် ရှိရော့မယ်။ မောင့်ဘဝမှာ အကြည်နဲ့ နေခဲ့ရတဲ့ နေ့ရက်တွေဟာ အပျော်ရွှင်ဆုံးပဲ။ ညညဆို အိပ်ရာဘေး စမ်းပြီး လန့်နိုးရတဲ့ ညတွေဆို ခဏခဏပဲ။ မောင် တက္ကသိုလ် ကျောင်းသား ဘဝရောက်တဲ့ အထိ အကြည်ကို မေ့လို့ မရဘူး။
အကြည် မရှိတော့တဲ့ နောက် ကိုယ်ဘာသာကိုယ် တစ်ယောက်ထဲ နေရတာကို နှစ်ချိုက်ခုံမင်လာတယ်။မောင့်ရှင်သန်နေတဲ့ အိမ် နဲ့ ပတ်ဝန်းကျင်တွေမှာ မောင်ဟာ ရှိနေပေမယ့် မရှိသလို တိတ်ဆိတ်စွာ ပျောက်ကွယ်နေလေ့ရှိတယ်။ ပတ်ဝန်းကျင်မှာ လူတွေက မောင့်ကို မသိလိုက် မသိဘာသာ လစ်လျူပြုထားတဲ့ အချိန်စက်ဝန်းထဲမှာ ရှင်သန်နေခဲ့တယ်။

ပန်းလိပ်ပြာလေးတွေ ရောင်စုံဝဲနေသလို့ မိန်းမလှကလေးတွေ ပေါင်းစုံလှတဲ့ တက္ကသိုလ်ကျောင်းဥယျာဉ်မှာ သင်ကြားနေတဲ့ မောင့်ဘဝဟာလည်း တကယ်တော့ ခြောက်ခြောက်သွေ့သွေ့နဲ့။ အို..ကွယ်..တကယ်တော့ မောင်ဟာ အကြည်ဆိုတဲ့ ဘာသာတစ်ရာ တစ်ခုတည်းကို ကိုးကွယ်နေသူပါလေ။

မောင် ဒီနေ့ ကျောင်းကပြန်ရောက်တော့ အိမ်မှာလူတွေ သန့်ရှင်းရေးတွေလုပ်ကြ၊ ချက်ကြ ပြုတ်ကြနဲ့ အလုပ်တွေ ရှုပ်နေကြတယ်။ မောင့် ဖေဖေရော၊ မေမေရောက အဝတ်အစား အကောင်းတွေ ဝတ်လို့။

မောင့် ကိုလည်း အဝတ်အစား မြန်မြန်သွားလဲခိုင်းတယ်။ လေဆိပ်မှာ ကိုကိုနဲ့ အကြည်ကို သွားကြိုရမယ်တဲ့။ အကြည်တို့ ပြန်လာပြီတဲ့။ မောင် ပျော်လိုက်တာ။ အိမ်ပေါ်ကို တခါတည်း ခုန်ပေါက်ပြီး တက်သွားလိုက်ခဲ့တယ်။ တစ်အိမ်လုံးက ပျော်နေကြတယ်။ အကြည် ပြန်လာတော့မယ်။ ကိုကိုရော ပြန်လာတော့မယ်ပေါ့။

လေဆိပ်ရောက်တော့ လူတွေက အများကြီးပဲ။ ပစ္စည်းတင်တဲ့လူနဲ့။ ပစ္စည်းချတဲ့ လူနဲ့ ဆိုင်ရာ ဆိုင်ရာ လာကြိုတဲ့ လူတွေ တော်တော် များတယ်။ မေမေနဲ့ ဖေဖေ့က လေဆိပ် ထဲကို အယင်ဦးဆုံး ဝင်သွားလိုက်ပြီ။

မောင်လည်း လိုက်သွားမလို့။ အကြည့်ကို တွေ့ရင် ပေးရအောင်လို့ ဆိုပြီး ယူလာတဲ့ ပစ္စည်း ကလေးကို စမ်းအကြည့်မှာ၊ မောင် သိလိုက်ပြီ။ အိမ်မှာ ကျန်ခဲ့ပြီ ဆိုတာ။ မောင်လည်း စိတ်ထဲမှာ တော်တော် ပျာယာခတ်သွားတယ်။ မောင် သိပ်စိတ်ညစ်တာပဲ အကြည်ရယ်။

နောက်တော့ မောင်လည်း မထူးတော့ဘူး ပြန်ယူရင် အချိန်မှီတန်ကောင်းပါရဲ့ ဆိုပြီး
မောင် ကားယူပြီး အိမ်ကို အမြန်ပြန်မောင်းလာတာ။ မောင့် စိတ်ထဲမှာ တော်တော် ပျာရာခတ်နေတယ်။ အကြည်ကို မှီမှ မှီပ မလားလို့။ မောင့် အာရုံထဲမှာ အကြည်ကို တွေ့တွေ့ချင်း ဒီပစ္စည်းလေးကို ပေးချင်နေတာ။

မောင် ကားမောင်းလာတာ အိမ်ကို ဘယ်ကနေ ဘယ်လို ရောက်သွားမှန်း မသိဘူး။ အိမ်ကနေ ကားကို အမြန်ပြန်မောင်းလာခဲ့တယ်။ မောင့် စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး။ ဟာလာ ဟင်းလင်း ဖြစ်နေတယ်။ မောင် သိတာ တစ်ခုပဲ ရှိတယ်။ မောင် အကြည်ဆီ အမှီ ပြန်သွားရမယ်။ အကြည်နဲ့ တွေ့ရင် အကြည်ပျော်အောင်၊ အကြည် ဝမ်းသာအောင် အကြည် ဒီပစ္စည်းလေး မောင်နဲ့ တွေ့တွေ့ချင်း မြင်စေချင်တယ်။
------------------------------------------------------------------------------------------------

မောင် အကြည်ကို တောင်းပန်ပါတယ်။ မောင် အကြည်ဆီကို အမှီလာခဲ့ပါတယ်။ အကြည်ကို ပေးဖို့ ဆိုပြီး အကြည်ကို လွမ်းတိုင်း ရေးထားတဲ့ မောင့် ကဗျာ စာအုပ်ကလေးကိုလည်း ယူလာခဲ့ပါတယ်။

ဒါပေမယ့် အကြည်ရယ်။ လောကကြီးက မောင့်ကို အကြည်နဲ့ မတွေ့စေချင်တော့ဘူး ထင်ပါရဲ့။ အဲဒီ ကားအကြီးကြီးက မောင် ရှောင်တာတောင် အလွတ်တော့ဘူး။ မောင့် ကဗျာ စာအုပ်လည်း အဲဒီ ကားအကြီးကြောင့်စုတ်ပြဲကုန်တယ်ကွယ်။ မောင်လေ အကြည် ပျော်နေတဲ့ မျက်နာလေးကို မြင်ချင်လိုက်တာ မမြင်လိုက်ရဘူးကွယ်။

မောင့် ကဗျာတွေကို လည်း အကြည်ကို ရွတ်ပြရမဲ့ အခွင့် အရေး လည်း မောင် မရလိုက်တော့ ဘူးနော်။ ဒါပေမယ့် မောင် ပျော်ပါတယ်။ အကြည်ရဲ့ ပန်းခြင်းလေးတွေ၊ အကြည် မောင်အပေါ် သတိရနေမှုတွေက မောင် ဘယ်ဘဝရောက်ရောက် မောင် သိပ်ပျော်နေမှာပါ။

၂၀၀၀-ခုနစ်၊ နိုဝင်ဘာလ
အနန္တမေတ္တာဖြင့်
ဘကောင်း

ခရီးသွားသူ၏ စာအုပ်(၁)


(၁)
ကျွနု်ပ် ဘဝတလျှောက် တက္ကသိုလ်တက်နေစဉ်မှအစ နိုင်ငံရပ်ခြားသို့သွားကာ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်း နေထိုင်နေရသည်က များသည်။ သို့နှင့် အတူ ခရီးသွားလေ့ သွားဖန်ရှိသည်က တစ်ကြောင်း နေရာဒေသ မျိုးစုံ၊ တိုင်းတပါးတို့၏ ယဉ်ကျေးမှု အနုပညာ ဘာသာစကား တို့ကို ထဲထဲဝင်ဝင် ရင်းနှီးလေ့လာခွင့် အခွင့်ထူးတစ်ရပ် ရရှိခဲ့ပါသည်။

မြန်မာ စာလုံး ဝိုင်းဝိုင်းစက်စက် ကလေးများအား ပုံနှိတ်စာအုပ်ပေါ်တွင် မြင်တွေ့ ဖတ်ရှု့ရသည့် အရသာကို ခုံမင်နှစ်သက်သော ကျွနု်ပ် အတွက် ခရီးသွားခြင်းသည် ထိုလေ့လာမှတ်ရှု့ခဲ့သော စာလုံးလေးများအား မိမိရောက်သည့် နေရာတိုင်းတွင် ပြန်လည် အသက်ဝင်စေလျက် နေရာဒေသ၊ အဆောက်အဦး၊ ဘာသာစကားတို့ကို အစီအရီ ပြန်လည် အညွှန်းတတ်ကာ စိတ်ကူး ဗဟုသုတနှင့် လက်တွေ့မြင်ကွင်းတို့အား ပုံဖေါ်ရသဖြင့် ကြည်နူးပီတီဖြစ်ခြင်း အရသာကို မြိန်ရေ ရှက်ရေ ခံစားရပါတော့သည်။

စာဖတ်ခြင်း အနုပညာသည် ကျွနု်ပ် ဘဝရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော နေ့စဉ် စားသုံးရသည့် အစားအစာနှင့် သောက်သုံးရသည့် ရေကဲ့သို့ တန်းတူ အရေးကြီးလှပါသည်။ အလွန်ကြီးကျယ် ခန်းနားသော စာရေးဆရာများ နှင့် ကြီးကျယ် ခန်းနားမှု မရှိသော စာရေးဆရာများ၏ စာအုပ်များကို ဖတ်ရှု့ရခြင်းသည် ထို့သူတို့နှင့် စကားစမြည် ပြောဆိုရသလိုပင်။

ညစ်ညော် ဟောင်းနွမ်း၍ ဝါကြင့်ကြင့် အရောင်သမ်းကာ ပိုးဥများ၊ ခြများ စားလျက် ကြွေကျလှုမတတ် စာအုပ်အပောာင်း အမြှင်းများမှ အနံအသက်များသည် ကျွနု်ပ်အတွက် ပြင်သစ်ပြည်လုပ် ရေမွေးအနံ့ထက် ပိုမို မွှေးကြိုင်လှပါသည်။ စာရွက်များကို နုနုရွရွ ယုယုယယ တရွက်ခြင်းလှန်ကာ ထူးခြား ဆန်းပြား၍ ကျစ်လစ်သိပ်သည်းသော စကားလုံးလေးများကို တစ်လုံးခြင်း တရွေ့ရွေ့ ဖတ်ရင်း ရင်ခုန်ရသည်မှာလည်း ပီတိဖြစ်စရာပင်။

သို့ရာတွင် ကျွနု်ပ်၏ သာလွန်ပြင်းပြသော အတ္တသည် ကိုယ်ဖတ်သည့် စာအုပ်အား အပိုင်ရမှ ဖတ်မည်ဆိုသည့် အတွက် ငယ်စဉ်အခါ ကျောင်းသားဘဝ ပိုက်ဆံမရှာတတ်သေးသည့် အရွယ်တွင် စာအုပ်ဝယ်ရသည့်အတွက် စားစရာမရှိ အငတ်ဘေးကြုံရသည့် အခါများလည်း မနည်းလှချေ။

လူဆိုသည်က စာဖတ်လာသည့် သက်တမ်းရင့်ကျက် များပြားလာသည်နှင့် အမျှ စာရေးချင်လာလေ့ရှိသည်။ ထို့အတူ မိမိခံစား သိရှိနားလည်လာသော အရာများကို လည်း စကားလုံးများ အသွင် ကူးပြောင်း၍ စာပေ အနုပညာ တစ်ခုကို ဖန်တီးချင်လာသည်။

(၂)
ဤသို့ဖြင့် ခရီးသွားခြင်းမှ ရရှိလာသော ဗဟုသုတများ၊ ထိုဘဝခရီးလမ်း တလျှောက် ဖြတ်သန်းလာခဲ့ရသော ရယ်ရွှင်ဖွယ် ပျော်စရာများ၊ ငိုကြွေးဖွယ် နာကျင်ခြင်းများ၊ လွမ်းမောဖွယ် အဆွေးသောကများ၊ ဆွတ်ပျံ့ဖွယ် ကြည်နူးမှုများ ဖြင့် တည်ဆောက်ထားသော ကျွနု်ပ်အတွက် မှတ်တမ်း မှတ်ရာ ဖတ်စရာ တစ်ခု အနေဖြင့် ရေးသား အုံးမည်ဟု စဉ်းစား ကြံဆမိသည်။

ခရီးတစ်ခု သွားခြင်းသည် စာအုပ် တစ်ထောင် ဖတ်သည်နှင့် ညီမျှသည်ဟု အထက်တန်းကျောင်းသားဘဝ ပထဝီ သင်သည့် ဆရာက ပြောခဲ့ဖူးပါသည်။ သို့ရာတွင် ကျွနု်ပ်သွားခဲ့သော ခရီးများအကြောင်းကို ပြန်ပြောင်းပြောပြရန် စာအုပ် တစ်ထောင်မျှ မရေးနိုင်ပါ။ သို့သော် တတ်နိုင်သလောက် အကျိုးများ၊ အများသူငှာ မှီးငြမ်းနိုင်ရန် ရေးသား ဖော်ပြပါမည်။

ခရီးသွားခြင်းသည် အမြင်ကို ကျယ်စေလျက် အတွေးကို ရှင်းစေပါသည်။ နွားခြေရာခွက်ထဲမှ ဖားသူငယ်ကဲ့သို့သော ကျင်းမြောင်းသည့် အတွေးအမြင်ကို ကွယ်ပြောက်စေလျက် လူအမျိုးမျိုး အထွေထွေ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယုံကြည်ကိုးကွယ်မှု ဘာသာတရားတို့ခြားနားစွာ ကမ္ဘာပေါ်တွင် ဖြစ်တည်နေသည်ကို လူသားဆန်ဆန် လူသားထဲက လူသားတစ်ယောက် အဖြစ် မြင်စေပါသည်။

သို့တည်းအတွက် ကြုံကြိုက်လျှင် ကြုံကြိုက်သလို အပေါင်းအသင်း မိတ်ဆွေများကို၎င်း၊ နိုင်ငံခြားသို့ တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်းလာရောက်ရှာဖွေရန် ချဉ်းကပ်လာကြသော လူငယ်များကို၎င်း သင့်တော်သော အကြံညာဏ်ကို ပေးစွမ်းနိူင်ခဲ့ပါသည်။

ကျွနု်ပ် မလေးရှားနိုင်ငံသို့ သွားရောက်စဉ်အတွင်း လေ့လာ မှတ်တမ်းတင်ခဲ့သမျှကို အစပြု၍ လူအများ ဗဟုသုတ ရစေရန် အလို့ငှာ ပြန်လည်း ဖောက်သည်ချ ဝေမျှပါမည်။ တကယ်တော့ ကျွနု်ပ်တို့ မြန်မာများ သည် ဟိုးအရင် ရှေးအခါကတည်းက တရပ်တကျေးသို့ ခရီးသွားကာ အိမ်ယာထူထောင် ယဉ်ကျေးမှုများ ဖလှယ်လေ့ရှိခဲ့ကြသည်။

မလေးရှားနိုင်ငံသို့ ရေလမ်း၊ကုန်းလမ်း၊ လေကြောင်းလမ်းများ ဖြင့် ဝင်ရောက် ၍ရသည်။ မြန်မာနိုင်ငံသားများအတွက် မလေးရှားဗီဇာရှိထားရန် လိုအပ်သလို၊ မိမိ၏ ပတ်စပို့သက်တမ်းမှာလည်း အနည်းဆုံး ခြောက်လခန့် ရှိထားရန် လိုအပ်သည်။

(၃)
(စကားမစပ် မြန်မာနိုင်ငံ၏ ပတ်စပို့ သက်တမ်းတိုးသည့် နည်းစနစ်သည် အလွန်ပင် မှားယွင်းနေသည်။ သက်ဆိုင်ရာမှ အသေအချာ လေ့လာ ၍ပြုပြင်ဖို့ လိုအပ်ပါသည်။ ဥပမာ ပတ်စပို့သက်တမ်း ငါးလခန့်သာ ရှိသည့် လူတစ်သောက် သက်တမ်း တိုးမည် ဆိုပါက သက်တမ်းအသစ်သည် ထိုငါးလကုန်ဆုံးမည့် နေ့စွဲမှ စတင် တိုးလိုက်သည် မဟုတ်ပဲ သက်တန်းတိုးရန် လျှောက်သည် နေ့စွဲမှ စတင် တိုးပေးလိုက်သည်။ ထိုသည့်အတွက် ပတ်စပို့သက်တမ်း ငါးလခန့် နစ်နာ ဆုံရှုံးသွားရပါသည်။ စည်းစနစ်များ နည်းပညာများသုံးလျက် အသေအချာ ပြုပြင်လျှင် ရနိုင်ပါသည်။ စကားချပ်)

မလေးရှားနိုင်ငံ ပီနန်၊ လန်ကာဝီ စသည့် ဆိပ်ကမ်းမြို့များ သို့ ရေလမ်းဖြင့်ကူး၍လာလို့ ရသလို့ ကွာလမ်လာပူ နိုင်ငံတကာလေဆိပ်သို့ လေယာဉ်ခရီးဖြင့် သွား၍လည်း ရသည်။ ထိုင်းနိုင်ငံ မှတဆင့် မီးရထား စီးလျက် မလေးရှား နိုင်ငံ တလျှောက် ဖြတ်ကာ စင်ကာပူနိုင်ငံအထိ သွား၍လည်း ရသေးသည်။

ကျွနု်ပ် စင်ကာပူနိုင်ငံအတွင်း နေထိုင်စဉ်ကာက၌ စင်ကာပူမှနေ၍ ဘတ်စ်ကားဖြင့် ပီနန်နိုင်ငံသို့ သွားပါသည်။ တစ်ညလုံး စီးသွားရသော ခရီးဖြစ်ကာ ကားခ စင်ကာပူ ၄၄-ဒေါ်လာအထိ ပေးရပါသည်။ သာမန် ခရီးသွားနည်းသည့် ရက်များတွင် ပိုမိုဈေးနည်းပါလိမ့်မည်။

စင်ကာပူတွင် ဘတ်စ်ကား လက်မှတ်ရောင်းသည် ဆိုင်များ အများအပြားရှိပါသည်။ Golden Mile သို့မဟုတ် China Town ရှိ Peoples' Park Complex တွင် လက်မှတ်များ ဝယ်ယူရရှိနိုင်ပါသည်။

မလေးရှားသို့ သွားသော ဘတ်စ်ကားများ၏ ထိုင်ခုံများသည် အလွန်ကျယ်ပြန့်ကာ သက်တောင့်သက်သာရှိလှပါသည်။ မိမိဝယ်ယူသော လက်မှတ် အရောင်းဆိုင် travel agent ပေါ်မူတည် ၍ ခရီးအဆုံး ပီနန်မြို့ မည့်သည့် နေရာတွင် ရပ်မည်နည်းဟု မေးမြန်းဖို့ လိုအပ်ပါသည်။

ကျွနု်ုပ်သွားစဉ်က Transtar Travel Agency မှ ဘတ်စ်ကားဖြင့် သွားသည့် အတွက် စင်ကာပူ လာဗန်းဒါး (Lavender) MRT မှ ည ၉-နာရီတွင် ထွက်သော ဘတ်စ်စကားသည် နောက်တနေ့ မနက် ၈-နာရီခန့်တွင် အရှေ့တောင် အာရှ အရှည်လျားဆုံးသော ပီနန် တံတားကို ဖြတ်ကာ ၉-နာရီခန့်တွင် ပီနန်မြို့ ဆန်ဂိုင်(အိ) နီ့ဘွန် ဘတ်စ် တာမင်နယ်လ်(Sungai Nibong Bus Terminal) တွင် ရပ်ပါသည်။

(၄)
ကားမထွက်ခင် မိမိတွင် ပါရှိသော အထုပ်များကို ကားဝမ်းဗိုက်အိမ်အထဲ အလျင်းသင့်သလို့ အခြားလူအများ၏ အထုပ်များနှင့် ရောနှောလျက် မိမိဘာသာ စီရီထည့်ထားရပါသည်။ ကားထွက်သည်ပင် ညိမ့်ညိမ့်ညောညောရှိလှသည်။ ကျယ်ကျယ်ဝန်းဝန်းလည်း ရှိလှသည့် အပြင် အအေးဒဏ်မခံနိုင်၍ လိုအပ်လျှင် မိမိတို့ ထိုင်သည့် နေရာ အပေါ်တည့်တည့်ရှိ အအေးဓာတ်ပေးထားသော အပေါက်ကို ပိတ်လိုက်လို့ ရသည်။ သို့တည်းမဟုတ် မွန်းကျပ် မနေစေရန် ခပ်ဟဟ အပေါက်ကလေး ဖွင့်ထားလို့လည်းရသည်။

စင်ကာပူနိူင်ငံ လာဗန်းဒါး(Lavender) MRT မှ ထွက်သည်ပင် ဆိပ်ကမ်း မြင်ကွင်းများကို ဖြန်သန်းလျက် တစ်နာရီကျော်ကျော်ခန့် မောင်းပြီးသွားပြီးသည့်နောက် စင်ကာပူ၊မလေးရှား နယ်စပ်သို့ ရောက်ပါသည်။

စင်ကာပူနိုင်ငံ နယ်စပ်မှ အထွက်တွင် ကားပေါ်မှ ဆင်းရကာ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အဆောက်အဦးထဲသို့ လမ်းလျှောက်ဖြတ်သန်းလျက် စင်ကာပူမှ ထွက်ခွာသွားကြောင်း ပတ်စပို့တွင် တံဆိပ်များ ထု၊ ခြေလက် အညောင်းဆန့် ကိုယ်လက် သန့်စင်လျက် တစ်ဆယ့်ငါးမိနစ်ခန့်အကြာတွင် အသင့် စောင့်နေသော ကားပေါ်သို့ ပြန်တက်ကာ စင်ကာပူမြေမှ လုံလုံလျားလျားထွက်ခွာရသည်။

ထိုသို့ စက်ကာပူမြေမှအထွက် ကွမ်းတညက် မရှိတရှိတွင်ပင် မလေးရှားမြေပေါ်သို့ စတင်ချဉ်းနှင်း ဝင်ရောက်လာကာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းဖို့အတွက် ကားပေါ်မှာ ဆင်းရပြန်သည်။ သည်အကြိမ်တွင် ကားဝမ်းဗိုက်ထဲတွင် ထည့်ထားသော မိမိတို့ အထုပ်အထည်များကိုပါ တပါတည်း ယူဆောင်သွားရသည်။ ကြုံလျင် ကြုံသလို မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးမည်ထင်ပါသည်။

မလေးရှားနိုင်ငံသို့ အဝင်တွင် ပါလာသော မလေးရှားဗီဇာနှင့် ပါတ်စပို့ကို ပြရပါသည်။ လည်ပတ်ရန်အတွက် ၁၄-ရက်ခန့် ဝင်ခွင့် တံဆိပ်တုံးကို ထုပေးပါသည်။ ထိုမလေးရှား လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းပြီးပါက အသင့်စောင့်နေသော ဆိုင်ရာ ဆိုင်ရာ ဘတ်စ်ကားအပေါ်သို့ တက်ကာ ပီနန်ခရီးစဉ်ကို ဆက်ပါတော့သည်။

လမ်းတွင် ကိုယ်လက် သန့်စင်ရန်၊ အညောင်းဆန့်ရန် နှစ်ကြိမ်ခန့် ရပ်နားပေးပါသည်။ စင်ကာပူ မြို့ပြ အဆောက်အဦးများ (Concrete Jungle) မှ လွန်မြောက်လျက် မြင်ကွင်းကျယ်များ၊ လူနေအိမ်ခြေ ပုပု သေးသေးများ၊ ရံဖန်ရံခါ မည်းမှောင်နေသော လူနေအိမ်များကို မလေးရှား နိုင်ငံ၏ နယ်မြို့လေးများတွင် စတင်မြင်တွေ့ရပါတော့သည်။

(၅)
တကယ်တော့ ဟိုအရင်ကနဦး ခရစ်သက္တရာဇ် ၁၈၀၀-ခုနှစ် နောက်ပိုင်း ဝန်းကျင်ခန့်တွင် မြန်မာအများ အပြားသည် မလေးရှားနိုင်ငံ ပီနန်မြို့သို့ ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြသည်။

အများစုသည် ငါးဖမ်းသမားများ ဖြစ်ကြကာ ငါးဖမ်းလှေများ ဖြင့် ဝင်ရောက် နယ်ချဲ့ နေထိုင်ကြသည်။ မြန်မာ အများစုသည် ပုလောတီကပ် (Pulau Tikus) ရှိ ဗမာရွာ (Burmese Village) တွင် စုရုံး နေထိုင်ခဲ့ကြသည်။ ထို့အပြင် ကမ်းရိုးတန်း တလျှောက်တွင်လည်း ငါးဖမ်း အသက်မွေးဝမ်းကျောင်းခြင်းဖြင့် အခြေချ နေထိုင်ကြသေးသည်။

ယနေ့ လက်ရှိ ပီနန် ဗုဒ္ဓဘာသာ မြန်မာဘုန်ကြီးကျောင်းဝင်းသည် ခရစ်နှစ် ၁၈၀၃-ခုနှစ် သြဂုတ်လ ၁ရက်နေ့တွင် စတင် တည်ထောင်ခဲ့သည်။ ဂျော့လေတွန်(George Layton) ဆိုသူထံမှ ညိုညာ ပိတုံး(Nonia Betong) ဆိုသည့် အမျိုးသမီးက စပိန်ဒေါ်လာ ၃၉၀ ဖြင့် ဝယ်ယူခဲ့သည်။ ကျောင်းတော်ကို တည်ထောင်စက နန္ဒီ မိုးလား(Nanday Moloh Temple) ကျောင်းဟု ခေါ်တွင်ခဲ့သည်။ညိုညာ ပိတုံး(Nonia Betong), ညိုညာ မီးရပ်(Nonia Meerut), ညိုညာ ကိုလား(Nonia Koloh) နှင့် ညိုညာ ဘူလန်(Nonia Bulan) ဆိုသည့် အမျိုးသမီးလေးဦးမှ စုပေါင်း ၍ တည်ထောင် ကိုးကွယ်ခဲ့ကြသည်။

ထို့နောက် မြန်မာများသည် တစစ များပြားလာပြီး ထိုင်ဗုဒ္ဓဘာသာဝင်များနှင့် အတူ ပိုမိုကြီးမားသော ကျောင်းဆောက်လုပ်ရန်နှင့် သင်ချိုင်းမြေဆောက်လုပ်ရန် အတွက် အင်္ဂလန် ဗစ်တိုးရီးရား ဘုရင်မကြီးထံ စာရေး အသနားခံစာ တင်ခဲ့ကြသည်။ ထို့နောက် ဘုရင်မကြီးသည် အရှေ့အိန္ဒိယကုပ္ပဏီမှ တဆင့် မြန်မာနှင့် ထိုင်း ပူပေါင်း၍ ပိုမို ကြီးမားသော ကျောင်း တည်ဆောက်ခွင့် ပြုခဲ့သည်။

ခရစ်နှစ် ၁၈၄၅-ခုနှစ်အတွင်း မြန်မာဘုန်းကြီးကျောင်းအား ထိန်းသိမ်းစောက်ရှောက် ရသူများမှာ နွန်းမေ(Nong May) နှင့် ဘွန်ခန်း(Bon Khan) တို့ ဖြစ်ကြသည်။ ထိုသူတို့ ကွယ်လွန်သွားသည့် နောက်ပိုင်းတွင် မြန်မာလူမျိုး ကိုပေါင်း(Koo Pao)၊ ဘိုးအို(Poh Oh) နှင့် ချန်ဂရစ်(Changerig) ဆိုသူ သုံးဦးအား ခန့်အပ်ခဲ့သည်။

ထို့နောက် ခရစ်နှစ် ၁၉၄၈-ခုနှစ်တွင် ပီနန် တရားရုံးမှ မောင်ဖိုးမင်း၊ မောင်ရွှေနီနှင့် မောင်ရွှေဒုံး တို့အား ဘုရားကျောင်းကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ခန့်အပ်ခဲ့သည်။

(၆)
ထို ပီနန်မှ မြန်မာ ကျောင်းထိုင် ဆရာတော်အစဉ်အဆက်မှာ
- ဆရာတော် ဦးနန္ဒမာလာ (ခရစ်နှစ် ၁၈၀၃-၁၈၄၂)
- ဆရာတော် ဦးသုတိ(ခရစ်နှစ် ၁၈၄၂-၁၈၆၅)
- ဆရာတော် ဦးပဉ္စာရ(ခရစ်နှစ် ၁၈၆၅-၁၈၉၇)
- ဆရာတော် ဦးညာနဝါစ(ခရစ်နှစ် ၁၈၉၇-၁၉၂၂)
- ဆရာတော် ဦးဇာဂရ (ခရစ်နှစ် ၁၉၂၂-၁၉၅၇)
- ဆရာတော် ဦးသီမာလ(ခရစ်နှစ် ၁၉၅၇-၁၉၇၂)
- ဆရာတော် ဦးပါရနဝါစ(၁၉၇၂-လက်ရှိ)

ပီနန်ရှိ မြန်မာများ သည် ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည် ကြသူများ လည်း ဖြစ်ကြသည်။ ထိုစဉ် အခါက မြန်မာများသည် ကုန်ပစ္စည်းများ လဲလှယ်ခြင်းဖြင့် ကုန်ကူသည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထို့အပြင် အချို့သည် ဆေးလိပ်ခုံ၊ သနပ်ဖက်ပွဲရုံ ပိုင်ရှင်များလည်းဖြစ်ကြသည်။

ပညာတတ်မြန်မာများသည် အစိုးရဋ္ဌာနများတွင် ဝင်ရောက် လုပ်ကိုင်ကြကာ မြေတိုင်းအရာရှိများ၊ မီးရထား ရုံပိုင်များ၊ စာရေး စာချီများလည်း ဖြစ်ကြသည်။ ဆရာဝန်များ လည်း ပါဝင်ကြသည်။

ပီနန်ရှိ မြန်မာ ဆေးလိပ်ခုံလုပ်ငန်းကို စင်ရော်ကျုံး(Sin Yew Kyong) ဆိုသူက စတင်၍ ခရစ်နှစ် ၁၈၉၀-နှစ် မှ ၁၉၆၁-ခုနှစ် အထိ အစပျိုး လုပ်ကိုင်ခဲ့သည်။ ပီနန်သို့ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် မြန်မာပြည်မှ ရောက်ရှိကာ ဆေးလိပ်ခုံလုပ်ငန်းကို အမှတ် ၈၊ တာဗွိုင်းလမ်း(Tavoy Road)၊ ပီနန် တွင်တည်ထောင်ခဲ့သည်။

ထိုဆေးလိပ်ကုပ္ပဏီမှ ၁၉၃၀-ခုနှစ်ဝန်းကျင်တွင် မြန်မာ ဆေးလိပ်သမ အယောက် သုံးရာနီးပါး ခန့်အပ် အလုပ်ပေးခဲ့သည်။ ထို့နောက် စင်ရော်ကျုံးသည် သူ၏ ဆေးလိပ်အရောင်းဆိုင်ကို အမှတ် ၂၂၊ ပရမ်ဂျင် လိန်း၊ ပီနန် (22, Prangin Lane, Penang) သို့ ပြောင်းရွှေ့ဖွင့်လှစ်လျက်၊ ဆေးလိပ် လိပ်သည့် ရုံကို အမှတ် ၁၉၊ အီစတန် လမ်း၊ တိုင်ပင်း၊ ပီရက် (19, Eastern Road, Taiping, Perak) သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုဆေးလိပ်ရုံကို စင်ရော်ကျုံး၏ သားနှစ်ယောက်ဖြစ်သူ စင်ဟော်လုံး(Sin Hock Leong) နှင့် စင်တိုင်ဟို(Sin Tien Ho) တို့က ဦးစီးခဲ့သည်။

(၇)
ဆေးလိပ်ခုံလုပ်ငန်းတွင် လုပ်ကိုင်နေကြသော မြန်မာမိန်းကလေးအများစုသည် တရုတ်လူမျိုးအခြေချ ဝင်ရောက်လာကြသူများနှင့် အိမ်ထောက်ရက်သား ကျ သွားကြလေ့ရှိသည်။ ထိုကဲ့သို လူမျိုးခြားများ နှင့် အိမ်ထောင်ကျကြရခြင်းဖြင့် ပီနန်ရှိ မြန်မာများသည် အခြားလူမျိုးစုများ နှင့် ပေါင်းစည်း သွားကြသည်။

အောက်ပါ အကြောင်းအရာများသည် ပီနန်ရှိ ဒါတိုမေရီ ဂျေ ရစ်ချီ(Dato’ Mary J. Ritchie) ဆိုသူ၏ ပြောကြားချက်များဖြစ်ပါသည်။ အလျင်းသင့် သလို့ မြန်မာ ပြန်ဆိုပြထားပါသည်။

ကျွန်တော့် အဖွား မညို(၁၈၄၀-၁၉၂၁) က မြန်မာပြည်ကနေ ပီနန်ကို လာခဲ့တာပါ။ ပြီးတော့ ဒီပီနန်မှာပဲ ကျောက်မျက်ရတနာ လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ကျွန်တော့် အဖေ မောင်ရွှေဒုံး က ကုန်သည်ပါ။ ဘယဆေးဝါးနဲ့ စက်ဘီးရောင်းတဲ့ လုပ်ငန်းကို လုပ်ခဲ့တယ်။ သူဟာ တေးဂီတကို အလွန်တရာ မြတ်နိူးပြီးတော့ လူမှုရေးလုပ်ငန်းတွေမှာလဲ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ခဲ့သေးတယ်။ ကျွန်တော့် အမေ မက် အစ် ချန်ရတ်ဗီရုတ်(Meh Itt Chanradvirode) ကတော့ ထိုင်းနိုင်ငံ ဗူးခက်(Phuket) သူပါ။ သူမဟာ ရိုးရာ ဆေးဝါးနဲ့ ဆေးကုသခြင်း လုပ်ငန်းတွေကို အလွန်တက်ကြွစွာ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော့် မှာ မောင်နှမ မွေးချင်း ဆယ်ယောက်ရှိခဲ့တယ်။ ညီအစ်ကို ခုနစ်ယောက်၊ နှမနဲ့အစ်မ မိန်းကလေး သုံးယောက်ရှိတယ်။ ကျွန်တော့် အစ်မအကြီးဆုံးက မစန်းရင်လို့ ခေါ်တယ်။ အစ်ကို အကြီးဆုံးကတော့ မောင်ဆောင်းစန် လို့ ခေါ်တယ်။ ကျွန်တော့ ဦးလေး မောင်ရွှေတီ ကတော့ မြေတိုင်းစာရေးပါ။ သူကတော့ အလုပ်ကအနားယူပြီး တိုင်ပင်(Taiping) မှာ နေပါတယ်။ ကျွန်တော့် အဒေါ်ကတော့ မယ်မိပါ။

ပီနန်သို့ အဝင် မနက်ဝေလီဝေလင်း အချိန်၊ အလင်းမှိန်မှိန်ပြပြကို ကားပေါ်မှာ ဝိုးတဝါးအိပ်ပျော်ရင်း မသိလိုက် မသိဘာသာ လွန်မြောက်ခဲ့သည်။ ပီနန်တံတားကို ဖြတ်တော့ မနက် ချင်းချင်းလင်းလို့ အရာရာအားလုံး ထင်းထင်းမြင်နေရပြီ။ အချိန်ကြည့်လိုက်တော့ မနက် ၈-နာရီ ကျော်ကျော်ခန့်။


ကိုးကားချက်များအား ကျွနု်ပ်၏ ခရီးသွားစာအုပ် အဆုံးတွင် ထည့်ပေးပါမည်။

လွတ်မြောက်ရာ


ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာနဲ့ အိပ်ရာမှ နိုးလာခဲ့သည်။ အသိစိတ်က ပင်ပန်းနွမ်းနယ်လို့ ဖျားနာနေပြီ။ ဦးနှောက် ကလည်း ဘာတစ်ခုမှ အလုပ် မလုပ်တော့။ သူမကိုယ်တိုင် ကိုယ့်ရဲ့လက်ရှိ ဖြစ်ပျက်နေတဲ့အနေအထားကို ဝေဖန်ဆန်းစစ်နိူင်တဲ့ အတွေးစ တစ်မျှင်ကလေးလောက်မျှ မတွေးတောနိုင်။

သာလွန်ထူးကဲစွာ ပူပြင်းလှတဲ့ နွေရာသီရဲ့ မနက် ဆယ်နာရီ ထိုးသည့် အချိန်။ ဖန်ဝါနေမင်းက စကြာဝဠာ၏ အလယ် ဗဟိုတည့်တည့် အမြင့်ဆုံး အမှတ်သို့ ရောက်ရှိလို့ နေသည်။မိုးကောင်းကင်အောက် ရှိ အရာဝတ္တုအားလုံးကိုလည်း အရောင် တလက်လက် တောက်ပစေသည်။

အလင်းရောင်ဖြင့် ထိတွေသမျှ အာကာပြင် တစ်မိုးအောက်တခွင်ရှိအရာအားလုံးသည် ပူပြင်းလျက်၊ အလွယ်တကူ အရည်ပျော်သွားတော့ မယောင်။ လမ်းမ မျက်နှာပြင်များ အပေါ်မှ ကပ်တရာစေး အနံများကလည်း ထွက်လာနေသည်။ တချို့ ကတ္တရားများသည်ပင် လေထဲသို့ အငွေ့ပျံကုန်ကြပြီ။

အပူဒဏ်ကြောင့် လူသွား လူလာ တိတ်ဆိတ်လျက်ရှိကာ လမ်းမများပေါ်တွင် မကြာခ ဏ ဆိုသလို တလျှံညီးညီးထွက်ပေါ်နေသော တံလျှပ်များ ကြောင့် ရုတ်တရက် ကြည့် လိုက်လျှင် တံလျှပ်များ၏ နောက်ကွယ်ရှိ အရာများကို ပြက်ပြက်ထင်းထင်း မမြင်ရ။ ဝေ့ဝေ့ဝါးဝါးသာ ရှိလှသည်။စိုပြေ လန်းဆန်းနေသော ရွက်စိမ်းများပင်လျှင် တစ်ခဏ ချက်ခြင်း နွမ်းလျော် သွေ့ခြောက်သွားကြသည်။ သစ်ရွက်များသည်လည်း မကြာခင် ကြွေကျ တော့ မယောင် လှုပ်ခါ ယိမ်းနွဲ့နေကြ၏။

သူမအိပ်နေရသည့် ထပ်ခိုးက သုံထပ်ဆောင် အဆောက်အဦး၏ သွပ်အမိုး အောက်တည့်တည့်တွင် ရှိသည်။ ဤ ထပ်ခိုး အဆောင်ခန်းသည် သူမကဲ့သို့ မိန်းမတစ်ယောက်ကို အကျဉ်းထောင်သို့ မပို့ခင် ထိန်းသိမ်းဖမ်းချုပ်ထားရာ နေရာတစ်ခုလည်း ဖြစ်သည်။

နေလုံးက တစ်လက်မခြင်း တစ်လက်မ တဖြည်းဖြည်းမြင့်တက်လာသလို့၊ အခန်းတွင်းရှိ အပူချိန်ကလည်း တဖြည်းဖြည်းမြင့် တက်လာသည်။ အပူရှိန်ကြောင့် အဆောက်အဦး၏ အမိုးနှင့် နံရံများ တဖျစ်ဖျစ် အသံများ ပင် ထွက်နေတော့သည်။

အကယ်၍သာ အလင်းရောင်က သူမမျက်နှာကို ကန့်လန့်ဖြတ် ထိုးကျ မလာခဲ့လျှင် မိန်းမိန်းမောမော အိပ်စက်နေခြင်းမှ သူမနိုးထလာအုံးမည် မဟုတ်။ အလွန်ပူပြင်းလှသော ဤအခန်းအတွင်းမှ အပူချိန်က ခြွေးသီးခြွေးပေါက်များ ပြိုးပြိုးပြိုက်ပြိုက်ထွက်စေကာ သူမဝတ်ထားသည့် ချည်သားအင်္ကျီ နောက်ကျောဘက်တစ်ခုလုံးကို ရွှဲရွှဲစိုစေသည်။

အခန်း ဖွဲ့စည်း တည်ဆောက်ထားပုံကလည်း လူဝင်ပေါက် တံခါးမကြီးတစ်ပေါက်မှ လွဲ၍ ပြူတင်းပေါက်ငယ်များလည်း မရှိ။ အထူးသဖြင့် အခန်းတံခါးမကြီးကို ပိတ်လိုက်လျှင် အခန်းအတွင်း နှင့် အပြင်လောကကြီးအဆက်အသွယ် ပြတ်သွားပေတော့မည်။ သို့ပေသည့် အလင်းရောင်တန်းကတော့ နံရံနှင့် အမိုး အကြား ပတ်ကြားအက်မှ နေ၍ တိုးတိတ်ညင်သာစွာ တွားသွားဝင်ရောက်လာနေသေးသည်။

သူမ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။ မနေ့ကတည်းက ဘာအစားအစာမျှ မစားရသေးကြောင်း သတိရမိ၏။ အသိတရားက တဖြည်းဖြည်း ဝင်လာသည်နှင့် ခန္တာကိုယ်တစ်ခုလုံး၏ သွေးများက သွေးကြေားများ အထဲ ပြင်ထန်စွာ ပေါက်ကွဲလုမတတ် တိုးဝင်နေကြလျှက် ရှိသည်။ နားထင် ဘေးတစ်ဖက် တစ်ချက် အထိ သွေးများ တိုးဝင်လာကာ ရှိသမျှ အသိအာရုံကြောများကို ဖိသိပ်လျက်ရှိနေသည်။ မကြာခင် သူမ၏ ဦးခေါင်းတစ်ခုလုံး ပွင့်ထွက်သွားတော့ မည့် အလား သွေးများ အထိန်းအကွတ်မဲ့စွာ ကပြောင်းကပြန် တွန်းထိုး ခုန်လှုပ်နေသည့် အသံကို သူမကိုယ်တိုင် ကြားရသည်။

သူမ ရုတ်တရက် စဉ်းစားမိလိုက်သည်။ သူမ၏ ဦးခေါင်းကို ခန္တာကိုယ်ကြီးမှ ခွာထုတ်ပစ်လျက် ဖိသိပ် ထုနှက် ရိုက်ချပစ်လိုက်မည်။ ဤသို့ဖြင့် ခေါင်းထဲမှ ရှိသမျှ ဝေဒနာများလည်း ပါးစပ်၊ နှာခေါင်း၊ နားရွက် အပေါက်များမှာ ယိုစီးထွက်ကျသွားစေမည်။ ထို့နောက် ကျိုးကြေ ကွဲထွက်သွားသော ဦးခေါင်းခွံ အရိုးများ၊ ဦးနှောက် အပိုင်းအစများ၊ ပြုတ်ထွက်သွားသော မျက်လုံးများ၊ သွားများကို တစ်စုတစ်စည်းတည်း ကြုံးယူကာ လုံးထွေးပစ်လိုက်မည်။ သွေးစိမ်းရှင်ရှင်များ တစိမ့်စိမ့် နှင့် လက်ချောင်းများ အကြားမှ ယိုစီးဆင်းကျလာစေလျက် ထိုလုံးထွေးထားသော မိမိ၏ ဦးခေါင်းအစိတ်အပိုင်းများ အလုံးအထွေးကို မီးမြှိက် လောင်ကျွမ်းစေကာ တလျံညီးညီးတောက်လောက်နေသော မီးဘောလုံးသဖွယ် အသွင်ပြောင်းစေလိုက်မည်။ ထို့နောက် အပြင်းထန်ဆုံးသော အရှိန်ဖြင့် အုတ်နံရံဆီသို့ ပစ်ပေါက်လိုက်မည်။ နံရံနှင့် ထိရိုက်မိသည့် တစ်ခဏ အခိုက်အတန့်အတွင်း စကြာဝဠာ အထိ မြည်ဟိန်းသောအသံ ကျယ်လောင်စွာပေါ်ထွက်စေလျက် သန်းပေါင်းမြောက်မြားစွားသော အမှုန်အမွားကလေးများ သဖွယ် ပြန့်ကျဲသွားပေလိမ့်မည်။ ထိုနှင့်အတူ သူမ၏ ပြင်းထန်သော ခေါင်းကိုက် ဝေဒနာလည်း ပျောက်ကွယ် သွားလိမ့်မည်။

ထိုကဲ့သို့ ကြီးမားလှသော ဝေဒနာ အတိုင်းအဆကို ခံစားနေရလျက် သူမ၏ အတွေးစဉ်များ လွင့်ကာ လွင့်ကာနှင့် စီးမျောနေခိုက်၊ ပြင်းထန်သော ရေငတ်သည့် ဝေဒနာက သူမ၏ လည်းချောင်း တလျောက် ဓါးသွားထက်ထက်နှင့် မွန်းသည့် အလား တိုက်ခိုက်လာပြန်သည်။ ဝေဒနာ သက်သာစေရန် အလို့ငှာ ရေစက်ကလေး တစက်လောက် သူမအော်ဟစ် တောင်းဆိုလိုက်သည်။ သူမ မည်သည့် အသံမျှ မရေရွက်နိူင်။ သူမကိုယ်ကိုင် ကိုယ့်နူတ်ခမ်းတွေ လှုပ်ရှားဖို့ ခွန်းအား မရှိတော့မှန်း သတိပြုမိသည်။ သူမ အရမ်း အားနည်း နေသည်။

စစ်ထောက်လှမ်းရေးမှ သူမကို မဖမ်းမိခင် နေ့တစ်ရက်ကို သတိရမိသည်။ ထို့နေ့က သူမ၏ တစ်နှစ်သား အရွယ် သားကလေးအား တွေ့ရန် သွားသည့်လမ်းပေါ်တွင် ဖြစ်သည်။ သားကလေးအား မွေးသည့် နေ့သည် သားကလေး၏အဖေအား စစ်ထောက်လှမ်းရေးများက အိမ်မှနေ၍ ဖမ်းဆီးခေါ်ယူသွားသည့် နေ့။ ထိုမှ စကတည်းက တစ်နွယ်ငင် တစ်စင်ပါလျက် စစ်ထောက်လှမ်းရေးများက သူမနောက်သို့ မျက်ခြေမပြတ် တရစက် စောင့်ကြည့်နေကြတော့သည်။ ထို့ကြောင့် သားကလေးအား သူမ၏အမေလက် အပ်ကာ ထားခဲ့လျက် အဝေးတစ်နေရာသို့ ပုန်းရှောင်ပြေးခဲ့သည်။

သို့ တိုင်အောင် အစိုးရ၏ ထောက်လှမ်းရေးသမားများက အကွက်ကျကျ စနစ်တကျ ပြင်ဆင်လျက် လမ်းထောင့်များ နေရာတိုင်းတွင် လျို့ဝှက်စွာ စောင့်နေကြသည်။ သားသည် မိခင်တစ်ယောက်သည် မည့်သည့်နည်းနှင့်မဆို သူမ၏ သားငယ်အား ပြန်လာကြည့်လိမ့်မည်ဟု မိခင်၏ မေတ္တာပမာဏကို ခန့်မှန်းလျက် သူမ၏ သားကလေးအား မမြင်တွေ့နိူင်ခင် လမ်းတဝက်မှနေ၍ သူမအား ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။

သူမအား ဖမ်းဆီးချုပ်နှောင်ရန်အတွက် မဖြစ်နိုင်ဆုံးသော ရယ်စရာကောင်းသည့် အကြောင်းပြချက်ကား ရဟန်းသံဃာတော်များ စုရုံးလမ်းလျှောက်ကြသည်တွင် အစားအစာများ နှင့် သောက်ရေများ ဆည်းကပ် လှုဒါန်းမိသည့် အတွက်ဟု ဆိုလေသည်။ အဘယ်ကဲ့သို့သော ရူးသွပ်ရယ်ရွင်ဖွယ် အကြောင်းပြချက် တစ်ခုပေတည်း။

တိုင်းပြည်အတွင်းတွင် အလွန်အမင်း ယိုယွင်းပျက်ဆီးနေသည်ကိုလည်း သူမ သိရှိနားလည်ထားသည်။ စစ်အုပ်ချုပ်ရေးမှ အစိုးရ အရာရှိများသည် ရွံရှာဖွယ် စီးပွားရေးသမားများနှင့် ခြေကျင်လိမ် ရောမွေပေါင်းစည်းလျက် သူတို့၏ မွေးနေ့ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပနေချိန်တွင် တဖက်က ပြည်သူပြည်သားများသည် အစားရေစာ ငတ်မွတ်ခေါင်းပါးသည့် ဒဏ်ကို ခံစားကြရလျက် သေကြေပျက်ဆီးကြရသည်။

အမှန်တော့ သူမသည်လည်း သာမန် မိန်းမတစ်ယောက်ပါပဲလေ။ဒါပေမယ့် လူ့အဖွဲ့အစည်းတွင် မည့်သည့် အရာသည် မှန်သည်။ မည့်သည့် အရာကတော့ မှားသည် ဟူ ၍ ခွဲခြမ်းစိတ်ဖြာကာ အမှန်အတွက် မားမားရပ်တည်ခဲ့သည်။ လူ့ဘဝ နေထိုင်မှု အဆင့် အတန်း အနိမ့် အမြင့် ခြားနားခြင်းကို သိရှိနားလည် အကဲဖြတ် ဝေဖန်တတ် စေရန် လူတစ်ယောက် အနေဖြင့် ထူးကဲသော အသိပညာညဏ်များရှိရန် မလိုအပ်ပေ။ လူအဖွဲ့ အစည်းတွင် လူတိုင်း ညီတူ မျှတူ အဆင့် အတန်းတူ ညီမျှစွာ နေထိုင်နိူင်စေရင် အခြေခံ စည်းကမ်းဥပဒေများက ရှိနေရပါသည်။ အကယ် ၍သာ လူအဖွဲ့အစည်းတစ်ခုတွင် ထိုကဲ့သို့သော အခြေခံ ဥပဒေများ မရှိ၊ ပျောက်ဆုံးနေလျှင်၊ လူတစ်ယောက်အနေဖြင့် အသေအချာ ကျိုးကြောင်း ဆင်ခြင် ဝေဖန် သုံးသပ်ကြည့် ၍ ရနိူင်သည်ကား ထိုကဲ့သို့သော ကျွနု်ပ်တို့ နေထိုင်ကြရသည့် လူ့အဖွဲ့အစည်းသည် လုံးဝဥသုံ ပျက်ဆီးယိုယွင်းနေသည်ဟု ဝေဖန်နိုင်ပေသည်။

သူမသည် ခင်ပွန်သည် ယောင်္ကျား အား ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ ပြည်သူလူထု၏ အစွမ်းအစ ပြည်သူ့အာဏာအပေါ်တွင် ယုံကြည် ကိုးစားလာခဲ့ရကာ ပြည်သူလူထုသည်သာ သူမ၏ ဘဝနှင့် တိုင်ပြည် အတွင်းမှ ဘဝပေါင်း မြောက်မြားစွာကို ဖိနှိတ်ချုတ်နှောင်မှုများ အောက်မှ လွတ်မြောက်အောင် လုပ်နိူင်လိမ့်မည်ဟု ယုံကြည်လာခဲ့သည်။ သူမ ဘဝ၏ ချစ်ခင် နှစ်သက်သည့် လူများ ဆုံးရှုံးရသည့် ဘဝအဓိပ္ပာယ်ကို မည်သူမှ နားလည်နိူင်မည် မဟုတ်ချေ။

သူမ သည် ခွန်အားများမြင့်တင်လျက် ကိုယ့်ကိုယ်ကို အားတင်းကာ တိုင်းပြည်၏ အနာဂတ်ကို ပြောင်းလဲနိူင်မည့် အားများကို မောင်းနှင်ရတော့မည်။ အမှောင် ကမ္ဘာတွင် နေထိုင် နေရသည်မှာ အချိန်ကာလအားဖြင့် တော်တော် ကြာမြင့် နေပြီ။ အပြောင်းအလဲများ ဖြင့် တောက်ပနေမည့် အနာဂတ် အလင်းရောင် လိုလေပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း