တခါကသူငယ်ချင်းတစ်ယောက်


'ကမ္ဘာမကြေ ဗမာပြေ ဒို့ဘိုးဘွား အမွေစစ်မို ချစ်မြတ်နိုးပေ...ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ ကာကွယ်မလေ..' မနက်ကိုးနာရီထိုးပြီးတာနဲ့ တပြိုင်နက် ကျောင်းတက်ခေါင်းလောင်းသံကို စတင်ကြားရပြီ။ အဲဒီနောက် နိုင်ငံတော်သီချင်း သံပြိုင် သီဆိုသံက အမက(၁၃) ကျောင်း ခန်းမဆောင်ကနေ ဟိန်းပြီးထွက်လာသည်။ ဒီရပ်ကွက်ထဲမှာက အခုလိုကျောင်းဖွင့်တဲ့ ရက်တွေဆိုရင် ကျောင်းသားတွေရဲ့ ကစားသံ၊ စာအံသံတွေနဲ့ ဆူညံနေလေ့ရှိသည်။ ကျောင်းလေးက အမက ကျောင်းဆိုတော့ ခပ်သေးသေးရယ်။ ကျောင်းရဲ့အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့မိသားစုတွေကပဲ ဒီကျောင်းလေးမှာ သူတို့ သားသမီးတွေကို လာထားကြတယ်။ သာမန် အခြေခံလူတန်းစားတွေ လက်လုပ်လက်စား မိသားစုတွေ နေထိုင်တဲ့ ရပ်ကွက်ကွက်ထဲမှာရှိတဲ့ ကျောင်းဆိုတော့ ကျောင်းနဲ့အိမ်တွေနဲ့က ပုံသဏ္ဍာန် သိပ်ပြီးမကွာခြားလှဘူး။ အိမ်တွေကလည်း ခပ်စိပ်စိပ် ခပ်သေးသေး ကျောင်းကလည်း ခပ်သေးသေးရယ်။ ကျောင်းတက်ခေါင်းလောင်းကို တော့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းရှေ့ရပ်ပြီ လှုပ်တာ။ ပါးစပ်နဲ့ အောင်ခေါ်တဲ့အခါလည်း အော်ခေါ်ပေါ့။ အော်ခေါ်လို့ မရတဲ့ ကောင်ဆိုရင်တော့ ကြိမ်လုံးစာ မိဖို့သာ ပြင်ပေတော့။

ဆရာမလေးယောက်၊ ဆရာတစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းဆောင်လေးက ဒီရပ်ကွက်ထဲမှာရှိတဲ့ မိသားစုတွေ အတွက်ကတော့ သူတို့သားသမီးတွေရဲ့ အနာဂတ်အိမ်မက်တွေကိုဖန်တီးပေးမဲ့ ရဲတိုက်ကြီးပေါ့။ ကျောင်းရှေ့မှာက ရေခဲချောင်းဆိုင်၊ ငုံးဥပြုတ် ကြက်ဥပြုတ်ဆိုင် နဲ့ ဇီးသီးဆိုင်တွေက ကျောင်းကို ကာရံထားကြတယ်။ တခါတရံ ကျောင်းတက်ခေါင်းလောင်းသံနဲ့၊ ရေခဲချောင်းဆိုင်က ခေါင်းလောင်းသံက ရောနေတတ်သေးတယ်။ ကျောင်းတက်ပြီဆိုရင် ပထမဆုံး နိုင်ငံတော် သီချင်းကို ဆိုရတာပဲ။ ကျောင်း ခန်းမကြီးထဲမှာက အတန်းလိုက် အတန်းလိုက် အုပ်စုခွဲပြီး ထိုင်ကြရတယ်။ အခန်းဆိုတာတော့ ဘယ်ရှိမလဲ။

ခုနစ်နှစ် ရှစ်နစ် အရွယ် ကောင်လေးတွေ၊ ကောင်မလေးတွေ မတ်တပ်ရပ် လက်ပိုက်ပြီး ရိန်ထိုး ရိုင်ထိုးနဲ့ မညီမညာ ဆိုနေတာကို ဆရာမကြိမ်လုံးက ခေါင်းပေါ်ကို မကြာခဏ ဝဲပေးနေရတယ်။ လေးတန်းကျောင်းသူ ကျောင်းသား အယောက် ၅၀ လောက်ရှိတဲ့ အတန်းမှာ တူညီတာ တစ်ခုက ယောင်္ကျားလေးရော မိန်းကလေးပါ သနပ်ခါးပါးကွက်ကို ဝိုင်းပြီး ထူပိန်းနေအောင် လိမ်းထားကြတယ်။ ကျောင်းသား မိဘတွေ အိမ်မှာ သနပ်ခါးပင်တွေ ကိုယ်စီစိုက်ထားကြသလား မသိဘူး။

သနပ်ခါးပါးကွက် ထူထူ၊ ကျောင်းစိမ်းဘောင်းဘီတို က ဆော့လွန်းလို့ အလယ်ခေါင်က ချုပ်ရိုးပြဲတာကို အပ်ချည်အဖြူရောင်နဲ့ ပင့်ကူယက်သလို ပြန်ချုပ်ထားပြီး နိုင်ငံတော် သီချင်းကို မျက်လုံး စုံမှိတ် အော်ဆိုကာ ဘေးကကျောင်းသားတွေနဲ့ ပခုံးချင်း ပြိုင်တိုက်နေတဲ့ ကောင်လေးတစ်ယောက် ဆရာမရဲ့ ကြိမ်တော် ခေါင်းပေါ် ဗြုန်းကနဲ ကြလာတော့မှ တည့်တည့် မတ်မတ် ပြန်ဖြစ်လာတယ်။
'ဘကောင်း ကောင်းကောင်းရပ်ပြီး ဆိုစမ်း'
အော်သံနဲ့ အတူ ဆရာမ မျက်လုံးမျက်လုံးက ပုစွန်မျက်လုံးလို ပြူးပြီးထွက်လာတယ်။ ကြိမ်လုံးကလည်း လေထဲမှာ ပိတုံးတွေ အော်သလို့ တရွှီးရွှီး နဲ့ မြည်လာတော့မှ နိုင်ငံတော် သီးချင်းဆိုသံက ပိုကျယ်လာပြီး လှုပ်ရမ်းနေတဲ့ ခန္တာကိုယ်တွေ တည့်တည့်မတ်မတ်နဲ့ ပြန်ငြိမ် လာတယ်။ အရိုက်ခံလိုက်ရတဲ့ ဘကောင်းကတော့ အဲဒီမနက် စောစောစီးစီး ဗျောတီးခံလိုက်ရတဲ့ အတွက် ငိုမဲ့မဲ့နဲ့ ကျန်ခဲ့ရသည်။ နှပ်မညှစ်ပဲ တရှုံရှုံ လုပ်လွန်းလို့ နှပ်တွေက နှာခေါင်းပေါက်ဝမှာ အသက်ရှုတာနဲ့ အတူ ထွက်လာလိုက် ဝင်သွားလိုက်နဲ့ မျက်လှည့်ပြသလို ကလူသလို မြူသလို လုပ်နေတဲ့ ထွက်လုထွက်ခင် နှပ်တွေကို လက်ဖမိုးနဲ့ အမှီ တချက်ဆွဲသုပ်လိုက်သည်။
'...အကျိုးကို ညီညာစွာ ဒို့တတွေ ထမ်းဆောင်ပါစို့လေ ဒို့တာဝန်ကြေ..'
နိုင်ငံတော်သီချင်းကို ကမြောကသော အဆုံးသပ်လိုက်ပြီး အရှေ့မှာ ရပ်နေတဲ့ ဆရာမမျက်နှာကို တချက် လှမ်းကြည့်လိုက်သည်။

လွယ်အိပ်အသစ်ကလေးကို ပခုံးစောင်း လွယ်ထားသော ကောင်လေးတစ်ယောက် အခန်းရှေ့တွင် ခပ်ရွံရွံလေး ပေါ်လာမှ ဆရာမအာရုံသည် ထိုကောင်လေးအပေါ်ရောက်သွားသည်။ ဖိနပ်ကို လက်တဖက်ကကိုင်လျက် ကျန်လက်တဖက်ကလက်ညိုးတစ်ချောင်းထောင်ကာ အခန်းထဲသို့ ဝင်ခွင့်တောင်းနေသော ညိုမှောင်မှောင် အသားအရေနှင့်ကောင်လေးကို အားလုံးက စူးစမ်းသော မျက်လုံးများနှင့် ဝိုင်းကြည့်ကြသည်။ သေချာသည် ကျောင်းသားအသစ်တစ်ယောက် ဘကောင်းတို့ အတန်းထဲသို့ ရောက်လာတော့မည်။ ဘကောင်းတို့သူငယ်ချင်း အုပ်စု ကစားစရာ အဖေါ်တစ်ယောက် တိုးလာတော့မည် အသိနှင့် စိတ်လှုပ်ရှားစွာ အချင်းချင်း အချက်ပြကြသည်။ မိန်းကလေး အုပ်စုတွေကလည်း ဘာတွေ ပြောနေကြသည်မသိ တီးတိုးတီးတိုးနှင့် ပွစိပွစိအသံတွေက ဟိုတစ်စ ဒီတစ်စထွက်လာပြန်သည်။ အတန်းပိုင် ဆရာမကတော့ ထိုတီးတိုး ဆူညံသံတွေကို အာရုံမစိုက်အား။
'အရှေ့ကို လာခဲ့' ဟု ဆရာမခေါ်သံနဲ့ အတူ ကျောင်းသားသစ်ကလေး ကြောက်ရွံစွာနှင့် အရှေ့ရောက်သွားသည်။

ဘကောင်း ထိုင်ရသည့် ခုံတန်းသည် အရှေ့ဆုံးမှ ဆိုလျှင် ငါးတန်းမြောက် ခုံတန်း။ ထိုင်ရတော့ ပါကေးခင်းထားသော ကြမ်းပြင်ပေါ် လေးယောက် တစ်တန်း။ ကျောင်းသူကျောင်းသားအားလုံး ကျောင်းပေါ်တွင် ဖိနပ်စီးခွင့်မရှိ။ ကျောင်းပေါ်တက်လျှင် ဖိနပ်ချွတ်ပြီး ကိုယ့်ဖိနပ်ကိုယ် ကိုင်၍တက်ရသည်။ စာရေးသည့် ခုံတန်းအောက်တွင် ဖိနပ်နှင့် လွယ်အိပ်ကို စီကာ ထားရသည်။ ကျောင်းဆင်းချိန် နီးပြီဆိုလျှင် ကိုယ့် ဖိနပ်ကို မျက်ချေမပြတ် ကြည့်ဘို့သာ ပြင်ပေရော.။ သို့မဟုတ် လျှင် ကိုယ့်ဖိနပ်သည် ရံဖန်ရံခါ အမှှိုက်တောင်းထဲသို့ ရောက်နေတတ်သလို့၊ အရှေ့ဆုံးမှ ဖိနပ်သည် အနောက် ဆုံးတန်းသို့ ရောက်နေတတ်ပြီး အနောက်ဆုံးတန်းမှ ဖိနပ်သည် အရှေ့ဆုံးသို့ ရောက်နေတတ်သည်။ တခါတရံ မိန်းကလေးများ ၏ ဖိနပ်များသည်ပင် ယောင်္ကျားလေးအတန်းဘက် ရောက်နေတတ်သည်။ဖိနပ်ပျောက်သည့် မိန်ကလေးများ ခမျာမှာငိုမဲ့ ငိုမဲ့။

ဘကောင်း၏ ဖိနပ်သည် အမြဲတမ်း ဂျီးများအထပ်လိုက် ကပ်နေတတ်သည့် ရာဘာဖိနပ်။ အထူးသဖြင့် ခြေမနှင့် ခြေဖနှောင့် နေရာများက ဂျီးအထူဆုံး။ ထို ဂျီးများက သံပြားနှင့်ရံဖန်ရံခါ တိုက်ချမှ ကွာသွားတတ်သည်။ ဘကောင်းထိုင်သည့် အတန်းသည် သုံးယောက်သာ ထိုင်နေသည့်အတွက် လူသစ်ကောင်လေးထိုနေရာသို့ လာထိုင်လိမ့်မည်။ ကမ္ဘာမကြေဆိုပြီးသွားသော်လည်း ဆရာမက မထိုင်ခိုင်းသေးသည့်အတွက် အားလုံးက မတ်တတ်ရပ်လျက်ပင်။ ကျောင်းသားများ အာရုံက ဆရာမဘေးတွင် ရပ်နေသော ကျောင်းသားအသစ်ပေါ် ရောက်နေခိုက် ဘကောင်း၏အာရုံက ဘေးကသူငယ်ချင်း၏ ဖိနပ်ကို အနောက်သို့ ကန်ထုတ်နိုင်ရန်အတွက် ခြေထောက်တဖက်က တဖြည်းဖြည်းနှင့် ဖိနပ်ကို ဆွဲယူလျက်ရှိသည်။
'ဘကောင်း' ဆရာမအော်သံကြောင့် ဘကောင်း တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားသည်။ ဒီမနက် ကျောင်းသင်ခန်းစာ မစသေးခင် ဘကောင်းနာမည်ကို ဆရာမက နှစ်ခါ ခေါ်ပြီးသွားပြီ။
ငါတော့ အခြေအနေ မကောင်းတော့ဘူး အသိဖြင့် အနောက်တန်းက သူငယ်ချင်းဆီ ကန်ထုတ်ရန် အသင့်ဖြစ်နေသော ခြေထောက်ကို အသာကလေးပြန်ရုတ်ကာ လက်ပိုက်လျက် ဆရာမဆီသို့ မျက်နှာငယ်စွာဖြင့် လှမ်းကြည့်လိုက်သည်။ မိမိမျက်နှာပေး ငယ်ငယ်လေးကို ဆရာမများ သနားသွားလေမလား။ ယုတ်စွအဆုံး ရိုက်မည်ဟု ကြံရွယ်ထားသည့် ဆရာမ သနားသွားကာ ရိုက်မည့် အကြံလက်လျော့သွားလေမလား။
'ကျောင်းသားသစ် ကို နင့်ဘေးမှာ ထိုင်ပစေ။'
တော်ပါသေးရဲ့။ ဆရာမက ရိုက်ဖို့ ခေါ်တာမှ မဟုတ်ပဲ။
'ဟုတ်ကဲ ဆရာမ' အကျင့်ရနေပြီးသော တုန့်ပြန်သံဖြင့် လျင်မြန်စွာ တုန့်ပြန်ကာ ကျောင်းသားသစ်ဆီသို့ အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

ဤသို့ဖြင့် ကျောင်းသားသစ် တစ်ယောက် ဘကောင်းဘေးသို့ ကုတ်ကုတ်ကလေး ရောက်ရှိလာပါတော့သည်။
သူ၏ ဖိနပ်နှင့် လွယ်အိပ် ထားနိုင်ရင် ခုံအောက်မှ မိမိ၏ လွယ်အိပ်နှင့် ဖိနပ်ကို ဘေးသို့ တွန်းပို့ပေးကာ ဖိနပ်အောက်မှ သဲများကို လက်ဖြင့်ခါထုတ်လျက်
'မင်း ဘာလို့ နောက်ကျနေတာ လဲ' ဟု ဘကောင်း၏ အမြဲစပ်စုတတ်သော သဘာဝက အလိုအလျောက်ထွက်လာပါသည်။
'ငါ့ အဘ လှေထွက်တာ နောက်ကျလို့'
'မင်း က မြစ်ဆိပ် ဟိုဘက်ကမ်းက လာတာလား'
'အေး'
'မင်းက လှေ နဲ့ ကူးပြီး ကျောင်းလာတက်တယ်'
အံသြစွာ ကောက်ချက် ချမှုနှင့်အတူ ဘကောင်း ၏ စိတ်ဝင်စားမှုက တဖြည်းဖြည်း အရှိန်တက်လာခဲ့သည်။ ကျယ်ပြန့်လှသော မြစ်ရေပြင်ကို လှေဖြင့် ဖြတ်ကူးလျက် သူ့တို့ရပ်ကွက်စုတ်စုတ်မှ ကျောင်းသေးသေးလေးကို အားကြိုးမာန်တက် ဇွဲဖြင့် ကျောင်းလာတက်သော သူငယ်ချင်း အသစ် ကို အခြားသူငယ်ချင်းများကလည်း စိတ်ဝင်စားစွာ ခေါင်းချင်း ဆိုင်လာကြသည်။ သူ၏ အသားအရေက အမြဲနေလောင် ထားသည်ထင့်။ နက်မှောင်လွန်း၍ နက်ပြာရောင် ပင် သန်းနေတော့သည်။ လက်ဆစ် လက်ပေါက်များ က အခြားကျောင်းသားများနှင့်မတူ။ ပိုမို သန်မာနေသရောင်။ ပိုမိုကြီးမား နေသယောင်။ လှေလှော်သည့် လက်တွေပဲဟု ဘကောင်း ကောက်ချက် ချခဲ့သည်။သူ၏ လွယ်အိပ်သည် ပြားကပ်နေကာ အလွန်ဆုံရှိမှာ ဗလာစာအုပ် နှစ်အုပ်။ ပုံနှိတ် စာအုပ်ပင် ပါမည့်ပုံမပေါ်။ သူ့ ဖိနပ်က တာရာဖိနပ်။ ဘကောင်းဖိနပ်နှင့် ကွာသည့်က သူ့ဖိနပ်တွင် ဂျီးများ သိပ်ပြီးကပ်မနေ။ ကြည့်ရတာ ကျောင်းစတက်သည့်နေ့မို့လို့ ဖိနပ်မှ ဂျီးများကို ခွာချထားခဲ့သည်ထင့်။ ထို့ပြင် ကျောင်းသားအသစ်၏ ကျောင်းဘောင်းဘီ အစိမ်းရောင်က ဘကောင်းဘောင်းဘီကဲ့သို့ ချုပ်ရိုးရာများ ရှိမနေ။ အဝတ်အစားများက သစ်လွင်သည့် အသွင်သဏ္ဍန်ကို ပြနေသည်။
'မင်းနာမည် ဘယ်လိုခေါ်လဲ'
'......................'
'ကစားကျောင်း ဆင်းချိန် ငါတို့နဲ့ ဘုရားကျောင်းထဲ လိုက်ခဲ့မလား'
'အေး.. လိုက်ခဲ့မယ်'
'အခုချိန် ပုရစ်တွေ အရမ်းထွက်နေပြီကွ'
ကျောင်းသားသစ် ကောင်လေး၏ မျက်လုံး စိတ်ဝင်စားမှုဖြင့် အရောင်များ တောက်လာသည်။
‘ငါ့မှာ ပိုလိုကားတွေ ရှိတယ်’ ဟု ကောင်လေးက စတင် ၍ ဆိုလေသည်။
ဘကောင်း ၏ ပိုလိုကားချပ်များမှာ မနေ့ကပင် ဆရာမက အကုန်သိမ်းသွားသည်။
ထို့နောက် ကျောင်းသားသစ် ကောင်လေး၏ မျက်လုံးက ဇီးပြားစားနေသော ဘကောင်းဘေးမှ သူငယ်ချင်း တစ်ယောက်ဆီ ရောက်သွားကာ
‘ငါ ကို ဇီးပြား နည်းနည်းကျွေးစမ်းပါ’ ဟု ဆိုကာ အတန်းပိုင် ဆရာမဆီက တမတ်ဖိုးသုံးပြားဖြင့် ဝယ်စားရသော ဇီးပြားကို တောင်းစားလေသည်။
ဇီးပြားပိုင်ရှင် ကျောင်းသားက လက်သည်းလေးဖြင့် ဇီးပြားကို ဆိတ်ကာ ကျောင်းသားသစ်ကို ကြိုဆိုသောအားဖြင့် ကျွေးပါသည်။ ဤတွင် ချက်ခြင်း ဘကောင်းအပါအဝင် အခြားသူငယ်ချင်းများ၏ လက်များ တန်းဆီဖြန့်လျက် ‘ငါ့ ကိုလည်း နည်းနည်းကျွေးအုံး’ အသံများ အုန်းဆံလာပါတော့သည်။ ဤသို့ဖြင့် တမတ်ဖို့ သုံးပြားတန် ဇီးပြားသည် လက်သည်းလေးဖြင့် ဆိတ်ကာဆိတ်ကာ ဝေစုခွဲပေးရင်း ဇီးပြားအမှုန့်များပင် မကျန်အောင် မျက်တောင် တခတ်အတွင်း တက်တက်စင်အောင် ကုန်ပါတော့သည်။ ထိုသူငယ်ချင်းလည်း ကျန်နေသေးသည့် ဇီးပြားနှစ်ပြားကို ဘကောင်းအပါအဝင် တောင်းစားကြမည့် အငတ်သမားများရန် ရှောင်ရန်အလို့ငှာ စာအုပ်ကြားထဲသို့ အလျင်အမြန် ညှပ်လိုက်ရသည်။
လောင်းကစားစိတ် သန်လှသော ဘကောင်းက ကျန်နေသော ဇီးပြား နှစ်ပြားကို အသာငမ်းငမ်းလှမ်းကြည့်လျက်
‘နေ့လည် ကြရင် ဇီးပြားကြေး စာအုပ်လှန်တမ်း ချမလား’ ဟု အဖေါ်ညိုလေပြီ။
ဇီးပြားကြေး စာအုပ်လှန်သည် ဆိုသည်မှာ ကျောင်းသင်ခန်းစာ ပုံနှိပ်စာအုပ်ကို ခုံပေါ်တွင် ချထားကာ မိမိစိတ်တိုင်းကျ ကျရာစာမျက်နှာကို တစ်ကြိမ်လှန်ကြည့်ရပါသည်။ ထို့နောက် ထိုစာမျက်နှာ နံပါတ်ကို ပေါင်းကြည့်ကာ တစ်ဆယ်ထက်မကျော်သော နောက်ဆုံး နံပါတ်ကို ယူပါသည်။ သုံည မှ ကိုး အထိ ဖြစ်နိုင်ကာ ကိုး သည် အကြီးဆုံး နံပါတ်ဖြစ်သည်။

ထိုစဉ်က စားရသော ဇီးပြားသည် အလွန်အပြစ်ကင်းစင်ကာ အလွန်အရသာရှိလွန်းလှသည်ဟု ထင်မိပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ဂျပန်ပြည်မှ ဖိုဂေါင်းများ


ဖိုဂေါင်းဆိုသည့် ဝေါဟာရ အသုံးအနုန်း မြန်မာ စကားလုံးကို ကျွနု်ပ် ဂျပန်ပြည် ဒုတိယအခေါက် ရောက်သည့် အခါတွင်မှ စတင်ကြားဖူးပါသည်။ ကျွနု်ပ်၏ မိတ်ဆွေ ညွှန့်စံ ကတော့ သူမ သိကျွမ်းသည့် မြန်မာ၊ဂျပန်အစရှိသည့် မိတ်ဆွေအပေါင်းအသင်းများ နှင့်မိတ်ဆက်ပေးသလို့၊ ကျွန်ုပ်မေးသမျှ ကပေါက်တိ ကပေါက်ချာ ပေါက်တတ်ကရာ ဂျပန်စကားများကို အမြဲတမ်း ရှင်းလင်းပြလေ့ရှိပါသည်။ သူမသည် အလွန်တရာမှ စိတ်သဘောထားဖြူစင်သော သူငယ်ချင်းကောင်း တစ်ယောက်ပါလေ။

ကျွနု်ပ် ဂျပန်ပြည်ဒုတိယအခေါက်ရောက်တော့ တိုကျိုမြို့တွင်ဖြစ်သည်။ ရောက်ပြီး နောက်တစ်နေ့တွင် သူငယ်ချင်းဖြစ်သူ နှင့်အဖေါ်လိုက်သွားရင်း ကိုဝင်းဆိုသည့် ဂျပန်ရောက် မြန်မာတစ်ယောက်၏ အခန်းသို့ ရောက်သွားပါသည်။ မြန်မာယောင်္ကျားသားများ စုပြုံပြီးနေကြသည့် အခန်းဖြစ်သည့် အားလျော်စွာ အလွန်တရာမှ ရှုပ်ပွနေလျက် မြန်မာဟင်းချက်သည့် ရနံသည် အခန်းတွင်၌ သင်းပြန့်ကြိုင်သင်းလျက်ရှိနေပါသည်။ ကျွန်ုပ်တို့ ကိုဝင်းအခန်းရောက်သွားတော့ နေ့ခင်းစာအချိန်လည်းဖြစ်၊ ထိုနေ့က ဆိတ်သားဟင်းချက်သည်ထင်ပါရဲ့၊ မဆာလနံ မွှေးမွှေလေးက ပိုမိုဆာလောင်စေပါသည်။ ထိုနောက် ကိုဝင်းက သူသောက်လက်စ ကိုရီယားအရက်ဖြူနှင့် တည်ခင်း ဧည့်ခံပါသည်။ ထိုလူသည် ဧည့်ဝတ်အလွန်ကျေသည့် လူတစ်ယောက်ဖြစ်ရုံမျှ မက ကျွနု်ပ်နှင့် စကားပြောကြသည့်အခါ အပေါက်အလမ်း အလွန်တည့်၍ လေပေးဖြောင့်လိုက်ကြသည်မှာ ထိုကိုရီးယားအရက်ပုလင်းကြီး ကုန်သွားသည်အထိပင်။ ထိုစဉ်က သူ့တွင်ရှိသော ကက်ဆက်ရီကော့ဒါလေးဖြင့် ကျွနု်ပ်တို့ပြောသမျှကို သူသည် မှတ်တမ်းတင်ထားသည်ဟု သတိရမိသည်။ ထိုကိုရီယားအရက်သည် ကျွနု်ပ်ပထမဦးဆုံးအကြိမ် စတင်သောက်ဖူးခြင်း၊ အဖေါ်ကောင်းနှင့်လည်း တွေ့ခြင်းကြောင့် သောက်ရင်း သောက်ရင်း လွန်သွားမှန်း ညနေစောင်းပြန်တော့မှ ကျွနု်ပ်သည် အတော်မူးနေမှန်း သိလိုက်ပါသည်။ ထိုအခန်းမှ အထွက် လမ်းတွင် ကျွနု်ပ် ထိုးအံပါတော့သည်။ ကျွနု်ပ်သည် ဂျပန်ရောက်သည့် အခေါက်တိုင်း နောက်တစ်ရက် နှစ်ရက်အတွင်း အရက်မူးပြီး အံလေ့ရှိသည်။ နောင် ရက်ပေါင်းမြောက်မြားစွာအတွက် ကနဦး ဖွင့်ပွဲလုပ်သည်ထင့်။ ကျွန်ုပ် နှင့် ကိုဝင်း သိကျွမ်းပြီးသည့်နောက် ရက်အနည်းငယ်အတွင်း ထိုလူသည် ဂျပန်ပြည်တွင် တရားမဝင်နေထိုင်သည့်အတွက် ရဲဖမ်းမိသွားက မြန်မာပြည် ပြန်ရောက်သွားပါသည်။ ကျွနု်ပ် တို့ မိတ်ဆွေဇတ်လမ်းလည်း တစ်ခန်းရပ်သွားခဲ့သည်။ ထိုကိုဝင်းနှင့် ပါတ်သက်၍ ကျွနု်ပ်မိတ်ဆွေ ညွှန့်စံနှင့် သိကျွမ်းခဲ့ရပါသည်။

ဂျပန်ပြည်တွင် မြန်မာပြည်မှ ဝလုံးများ အလွန်ပေါးပါသည်။ ဝလုံးဆိုသည်မှာ အို၊ သို့မဟုတ် အိုဗာစတေး နေကြသူများကို ခေါ်သည်။ ကျွနု်ပ်တို့မြန်မာနိုင်ငံရှိ မြန်မာများသည် ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ဂျပန်သို့သွားရန်အတွက် ကြိုးစားကြပါသည်။ သူတို့ထင်သည်က ဂျပန်မှာ အလုပ် လုပ်လျှင် ပိုက်ဆံအမြားကြီးရသည်။ ဂျပန်လာရန် ကုန်ကျထားသော ပိုက်ဆံ ခဏအတွင်း ပြန်ရသည်ပေါ့။ ပိုက်ဆံတော့ ရသည်မှန်ပါ၏။ သို့ရာတွင် ပေးဆပ်လိုက်ရသော ဘဝ၏အချိန်များ၊ ကိုယ်နှင့်ယဉ်ကျေးမှုမတူညီသည့် နိုင်ငံတွင် အောက်ခြေသိမ်းလုပ်ငန်းများကို နှစ်ပေါင်းများ လုပ်ကိုင်လာကြရသောအခါ သူတို့သည် အပြောင်းအလဲကို လိုလားလာကြသည်။ သို့ရာတွင် ပြောင်းလဲဖို့ရာအတွက် သူတို့မှာ အခြေအနေများက မပေးတော့ပါ။ ဘဝသည် နစ်ပြီးရင်း နစ်လျက်သာရှိသည်။

ဂျပန်တွင် မြန်မာအများစုသည် စားသောက်ဆိုင်တွင် အလုပ်လုပ်ကြပါသည်။ တစ်ချို့ ၉-နှစ် ၁၀-နှစ် လုပ်သက်ရင့်သူများသည် စားသောက်ဆိုင်၏ အနောက်ပိုင်း ချက်ပြုတ်မှုတာဝန်ခံ ဖိုဂေါင်းများဖြစ်ကြသည်။ လုပ်သက်နည်းသူ၊ ဂျပန်စကား လည်ဝယ်အောင်မပြောတတ်သူများကတော့ ပုဂံဆေးပေါ့။ စကားပြောနိုင်သူများကတော့ အရှေ့တန်းထွက် စာပွဲထိုးလုပ်ကြရသည်။ စားသောက်ဆိုင်တစ်ခုတွင် ဖိုဂေါင်းသည် အခရာဖြစ်သည်။ သူသည် စားသောက်ဆိုင်တွင် လူလိုလျှင် လူသစ်ခန့်နိုင်သလို့၊ ရှိပြီးလူကို မကြိုက်လျှင် လည်း ဖြုတ်ပစ်နိုင်စွမ်းရှိသည်။ ဤနေရာတွင် အလုပ်အမားအခွင့်အရေးများ ဂျပန်တွင် မရှိဘူးလား မေးဖွယ်ရာရှိပါသည်။ ရှိပါသည်။ သို့ရာတွင် တရားမဝင် အလုပ်ခိုးလုပ်နေသူများ၊ ကျောင်တက်ဟန်ပြပြီး ကျောင်းမတက်ပဲ အချိန်ပိုင်းအလုပ်များကို ခိုးလုပ်နေသူများအတွက် ကာကွယ်ပေးသော ဥပဒေမရှိပါ။

ဂျပန်စားသောက်ဆိုင်များတွင် အချိန်ပိုင်း အလုပ်လုပ်လျှင် တစ်နာရီ အနိမ့်ဆုံး ယန်း၇၀၀ မှ ယန်း၁၂၀၀ အထိရကြပါသည်။ ထိုတစ်နာရီ ယန်း၇၀၀၊ ၈၀၀ ကိုမက် ၍ ဂျပန်ပြည်မှ မပြန်တော့သော(ဂျပန်ရောက် မြန်မာ ရွှေများစကားအရ ဝိုက် လိုက်သည်ပေါ့) ဆရာဝန်များ၊ အစိုးရပညာတော်သင်နှင့် လာပြီး မပြန်တော့သော ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများ၊ ဂျပန်တွင် အလည်အဖြစ်နှင့် လာပြီး ဝိုက် လိုက်ကြသော မြန်မာများ ဒုနဲ့ ဒေးနဲ့ ရှိပါသည်။ဂျပန်ရောက် မြန်မာများသည် မြန်မာဆိုလျှင် ရွှေ၊ ဂျပန်ဆိုလျှင် ခွေးဟု ခေါ်ကြသည်။ တစ်ချို့သည် ထို အချိန်ပိုင်း အလုပ်ကို (သူတို့ စကားနှင့် ဆိုရလျှင်) နှစ်ပိုင်း ဆွဲကြသည်။ ဆိုလိုသည်မှာ ဤစားသောက်ဆိုင်တစ်ခုတွင် ညနေ ၄-နာရီမှ ည၁၁-နာရီအထိ လုပ်ရလျှင် နောက် စားသောက်ဆိုင် တစ်ခုတွင် ည၁၂-နာရီမှာ နောက်တစ်နေ့ မနက် ၄-နာရီအထိ ကူးပြောင်းလုပ်ကြပါသည်။ အချိန်ပိုင်း အလုပ်နှစ်ခု လုပ်သည်ပေါ့။ အများစုသည် ထိုကဲ့သို့ အချိန်ပိုင်း အလုပ်များကို နှစ်ပေါင်းများစွာ လုပ်လာကြရသောအခါ လူသည်ထုံသွားသည်။ တုံးသွားသည်ပေါ့။ စားသောက်ဆိုင်သုံး နှင့် သာမန် အခြေခံ ရိုးရိုး အဆင့် သာရှိ သော ဂျပန်စကားတော့ ပြောတတ်လာကြသည်။ သူတို့သည် ထိုဘဝမျိုးမှ လွတ်မြောက်လို ကြသည်။ အင်္ဂလိပ်စာ၊ စကားများ လေ့လာလိုကြသည်။ ကွန်ပျုတာ ဆိုတာကိုလည်း တတ်မြောက်လိုသည်။ ပြီးလျှင် အခြား နိုင်ငံများတွင်လည်း သွားရောက် အခြေချလိုကြသည်။ သို့ရာတွင် သူတို့သည် အချိန်မပေးနိုင်။ သတ်သတ်မှတ်မှတ် မရှိသော အလုပ်ချိန်များတွင် အဆင်ပြေအောင် ပြောင်းလဲလုပ်ကိုင်နေကြရသည်။

နိုင်ငံရပ်ခြား ဒေသများတွင် မြန်မာလူမျိုးများကို ဒုက္ခရောက်အောင် လုပ်သူများသည် အခြား မြန်မာများသာဖြစ်ကြသည်။ ဂျပန်တွင် အချို့ မြန်မာဖိုဂေါင်းများသည် အလုပ်ခွင်ဝင်လာသော အခြားမြန်မာလူသစ်များထံမှ ရသည့်လခကို ဖြတ်ယူလေ့ရှိသည်။ အကယ်၍ မပေးလျှင် ထိုလူသစ်သည် ထိုအလုပ်မှ ထွက်ရသည်မှလွဲ ၍ အခြားနည်းလမ်းမရှိပါ။

ကျွနု်ပ်နောက်ဆံုံး အခေါက် ဂျပန်မှ ပြန်လာသည့် နှစ်တွင် လက်ရှိတိုကျိုမြို့ မြို့တော်ဝန်၏ နှိမ်နင်းမှုကြောင့် မြန်မာ အိုများ တော်တော်များများ မြန်မာပြည်သို့ ပြန်အပို့ခံကြရသည်။ သူတို့ အဆိုအရ ခေတ်မကောင်းတော့ ဘူးပေါ့။ ဂျပန်ရောက် မြန်မာ အိုများ၏ ဘဝသည် အလွန်သနားစရာ ကောင်းသလို၊ သူတို့ ဒုက္ခသည်လည်း မသေးလှပါ။ တစ်နေရာမှ တစ်နေရာ သွားလျှင် ရဲကို ကျီးကန်းတောင်းမှောက် အမြဲလိုက်ကြည့်နေရသည်။ ထို့အပြင် အခြား နေထိုင်ခွင့် ရှိသော မြန်မာများက စော်ကား အနိုင်ကျင့်လျှင် ခေါင်းငုံခံပေအုံး။ ရဲတိုင်မည်ဟု ခြိမ်းခြောက်လျှင် ကိုယ်ကပြန်တောင်ပန်ရသည့် ဘဝ။ ကျောတခင်းစာ အိပ်စရာ နေရာလေးကို အချိန်ပိုင်း လှည့် ၍အိပ်ကြရသည်။ ထိုကဲ့သို့ မြန်မာကို မြန်မာအချင်းချင်း ဒုက္ခပေးမှုများ ကြောင့် အချို့ မြန်မာတော်တော်များများသည် မြန်မာဆိုလျှင် မတွေ့နိုင်အောင် ဝေးရာမှာ ရှောင်ကြသည်။ ဟိုကလည်းရှောင်၊ ဒီကလည်း အားကျမခံပြန်ရှောင် ကြရင်း မြန်မာတော်တော်များများသည် နိုင်ငံရပ်ခြားတွင် ရင်းနှီးမှု၊ နွေးထွေးမှုများ ပျောက်ကွယ်ကုန်၏။ စိတ်မကောင်းစရာပါ။

ကံအားလျော်စွာ ကျွနု်ပ်တွင် မိတ်ဆွေကောင်းများ ရှိခြင်းကြောင့် ကျွနု်ပ်သည် ဂျပန်ရှိ မြန်မာများ အကြောင်း ပိုမို၍ ထဲထဲဝင်ဝင် လေ့လာမိပါသည်။ ကျွနု်ပ် မိတ်ဆွေများကလည်း သူတို့၏ စားသောက်ဆိုင်တွင် ဖိတ်သည့် အခါဖိတ်၊ သူတို့ အိမ်တွင် ကျွေးသည် အခါကျွေးနှင့် သူ့တို့၏ ခင်မင်မှုသည် ကျွနု်ပ်အတွက် အလေးအမြတ်ထားရာတစ်ခုပါ။ ကျွနု်ပ် ကလည်း ငယ်ငယ်က အစာရေစာ ငတ်ငတ်ပြတ်ပြတ် စားခဲ့ရသည်ထင့်။ ကြီးလာတော့ အစားအစုံ စားပါေတော့သည်။ ဒါတောင် ဗက်ဂျီတေရီယန်ဘ၀ ၆-လ ပဲ ခံခဲ့သည်။ မြန်မာပြည် ပြန်ရောက်တော့ အသားပြန်စားသည်။ ပြောချင်တာက ဂျပန်ပြည်မှာ ရှိတဲ့ အစားအစာ အကြောင်းပါ။ ဂျပန်အစားအစာသည် အလွန်တရာမှ ကောင်း၊ အလွန်တရာမှ ကျန်းမာရေးနှင့် ညီညွှတ်လှပါသည်။ ကျွနု်ပ်တို့ မြန်မာ အစားအစာများ ကမ္ဘာတွင် မတိုးနိုင်သေးသည်မှာ ဖန်တီးမှုစွမ်းအား နည်းခြင်း၊ အဆီများ အလွန်အကျွံ သုံစွဲခြင်းများ ကြောင့် ဖြစ်ပါလိမ့်မည် ထင်ပါသည်။ ဂျပန်တွင် နေခဲ့စဉ် ကျွနု်ပ် တမ်းတမိသည့် အရာများသည် ကျွန်ုပ်မိတ်တွေ ကိုအောင်ကျော်ဦးတို့ လင်မယားက လုပ်ကျွေးသော အိမ်တွင်းဖြစ် ယာခိနိခူ၊ နှင့် ညွှန့်စံ တို့ စားသောက်ဆိုင် တွင် ကျွနု်ပ်စားသောက်လေ့ရှိသော ဂျပန်အရက် ပူပူကို သောက်ရခြင်းပါ။ ကိုအောင်ကျော်ဦးသည် ဖိုထဲတွင် အချိန်ပိုင်း အလုပ်ကို လုပ်သည့် အားလျော်စွာ အသားငါးများကို ကောင်းမွန်စွာ ရွေးချယ်တတ်ရုံမျှမက၊ အသားငါးလှီးဖြတ်သည့် နေရာတွင် အလွန်တရာမှ ကျွမ်းကျင် ပိုင်နိုင်လှပါသည်။

စားသောက်ဆိုင်တွင် လုပ်ကြရသော မြန်မာတို့ ဘဝသည် ပင်ပန်းလှပါသည်။ သူတို့သည် အလုပ်လုပ်သည့်အချိန် ထိုင်ချိန်မရပါ။ ဖိုထဲ၌ ချက်ရပြုတ်ရသော သူက မီးအပူရှိန်ပြင်းပြင်း နှင့် ချက်ပြုတ်နေချိန်တွင် ပန်ကန်းဆေးသည့် လူသည် လှိုင်းလုံးများ သဖွယ် ဝင်လာမစဲ တသဲသဲရှိသော စားကျွင်း စားကျန်များနှင့် ပန်ကန်များကို အလျင်မှီအောင် ဆေးကြောရပါသည်။ အရှေ့တန်းထွက်၍ စားပွဲထိုးရသူကလည်း လာအမျှ ဧည့်သည်များကို ဂျပန်ထုံးစံအတိုင်း ခါးကျိုးမတတ်၊ အာပေါက်မတတ် နုတ်ဆက်ရသည့် အပြင်၊ ဧည့်သည် စိတ်တိုင်းကျ အစွမ်းကုန်ဖြည့်ဆည်းပေးရပါသည်။

ဂျပန်တွင် မြန်မာ စားသောက်ဆိုင်များသည် ကာရာအိုကေများ စီစဉ်ပေးထားပါသည်။ သို့ရာတွင် သူတို့ ကာရာအိုကေများ သည် အသံလုံခန်းလည်းမရှိ၊ မိမိထိုင်သည့် စားပွဲကနေ ဆိုကြရသည့် အတွက် အခြား အစား စားနေသည့် လူများကို အလွန်တရာ အနှောက်အယှက် ဖြစ်စေပါသည်။ တခါတရံတွင် ကာရာအိုကေ ဆိုသည့်မိုက် ကို လု၍ ခိုက်ရန်ဖြစ်ပွားလေ့ရှိသည်။ ဤသည် ကိုက နိုင်ငံခြားတွင် ရှိသော မြန်မာတို့ စရိုက်ဖြစ်သည်။

မြန်မာရွှေများသည် နိုင်ငံခြားတိုင်းပြည်များ သို့ တဖွဲဖွဲနှင့် အလုပ်အကိုင် အဆင်ပြေလို ပြေငြား လာနေကြဆဲ။ အဆင်ပြေသူများ ရှိကြသလို၊ အဆင်မပြေသူများလည်း ရှိကြသည်။ အဆင်ပြေသူများလည်း ကြိုးစားကြရင်း ပိုမို အဆင်ပြေကြစေရန်၊ အဆင်မပြေသူများလည်း တချက်တည်းနှင့် ပိုမိုအဆင်ပြေသွားကြစေရန် ဆုတောင်းပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကိုလှကို


ကိုလှကို ဆုံးတော့ သူ့ရုပ်အလောင်းကို သွားကြည့်ဖြစ်လိုက်တယ်။ မသေခင်ကတည်းက ဘိန်းစွဲပြီး ပိန်နေရတဲ့ အထဲ သေတော့ ခန္တာကိုယ်မှာ ဘာ အသားမှာ မရှိတော့ဘူး။သွေးတွေကလည်း သေရင် ခမ်းခြောက်သွားတဲ့ သဘောရှိတယ် ထင်ပါရဲ့။ အသားအရေက အရောင်အဆင်း ဘာမှ မရှိပဲ ဖြူဖတ်ဖြူရော်။ မျက်နှာမှာ လည်း အသား မရှိတော့ သွားတွေက ငေါထွက်လာတယ်။ ဝါကျင့်ကျင့်အရောင်သန်းနေတဲ့ သွားတွေက မသေခင်တုန်းကတည်းက သူ့ရဲ့ နဂိုအရောင်လား၊ သေသွားမှာ ပြောင်းလဲပြီး ပိုဝါသွားသလား မသိဘူး။ ပါးစပ် ကလည်း ပိတ်လို့ မရတော့ဘူး ထင်ပါရဲ့။ သူ့ရဲ့ ခပ်ဝဲ၀ဲ ခပ်ရှည်ရှည် နားရွက်ဖုံးတဲ့ ဆံပင်တွေကတော့ နဖူးပေါ်မှာ ဝဲကျနေတုန်း။ ရီဝေေ၀နဲ့ ဆွေးမြေ့နေတတ်တဲ့ သူမျက်လုံးတွေက တော့ အစဉ် ထာဝရပိတ်သွားပြီပေါ့။ သူသေတော့ အသက်က ဘာရှိအုန်းမှာတုန်း။ အလွန်ဆုံးရှိလှ ၃၀ ကျော်ရုံလေးပေါ့။ သူ့ ခြေမနှစ်ခုကတော့ မြန်မာလူမျိုးတွေ ထုံစံအတိုင်း ပူးပြီး ကြိုးနဲ့ ချည်ထားလေရဲ့။

တကယ်တော့ ကိုလှကိုက သာမန် လူတစ်ယောက်ပါ။ ပိုပြီးတိကျအောင်ပြောရရင်တော့ နံပါတ်ဖိုးစွဲနေတဲ့ သာမန်မြန်မာ လူမျိုးတစ်ယောက်ပါ။ ကျောက်ဆည် ကုန်းရွာက ဆင်သက်လာတဲ့ အဆက်အနွယ်တွေဆိုတော့ အသားကခပ်ညိုညို၊ မန္တလေးမှာကြီး မန္တလေးမှာနေလာတော့ ဆံပင် က ခပ်ရှည်ရှည် အမြဲတမ်း ဂုတ်ထောက်နေလေ့ရှိတယ်။ လူပုံက ခပ်ချောချော အဝတ်အစားကို စတိုင်ကျကျ အမြဲဝတ်လေ့ရှိတော့ အလွန်တရာ ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်ပါ။ ပြောလို့ ပြောတာ မဟုတ်ဘူး သူလို့ ကြည့်ကောင်းတဲ့ လူငယ်တွေက မန္တလေးမှာ အလွန်တရာမှ ပေါမှပေါ။ ကိုလှကိုဟာ ဂျင်းဘောင်းဘီကို ရှပ်အင်္ကျ ီ်လက်ရှည်တွေနဲ့ စမတ်ကျအောင် ဝတ်တတ်လေ့တယ်။ ဆောင်းတွင်းဆိုရင်တော့ သူ့ကိုယ်ပေါ်မှာ ကုတ်င်္ကျီ် ကို အမြဲတမ်း တွေ့ရလေ့ရှိတယ်။ အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက် လောကကြီးထဲက စေားစေားစီးစီး ထွက်သွားတော့ စိတ်မကောင်းစရာပါ။ အမှန်တကယ်တော့လည်း သူလိုမျိုး ဆေးဝါးသုံးစွဲ၊ နံပါတ်ဖိုးစွဲနေတဲ့ လူငယ်တွေက တဖြည်းဖြည်းနဲ့ များလာသလို့ သေဆုံးသွားတဲ့ အရေအတွက်ကလည်း များလားကြပြီ။ ဒါတောင် ကိုယ်သိတဲ့ မန္တလေးက ပတ်ဝန်ကျင် သေးသေးလေးပဲရှိသေးတယ်။ အခြားမြို့တွေ၊ နယ်စပ်တွေမှာဆိုရင် နံပါတ်ဖိုးကြောင့် ပျက်ဆီးဆုံးရှုံးသွားကြရတဲ့ လူတွေက တပုံတပင်ကြီးပေါ့။

ညီအစ်ကို သုံးယောက်ရှိတဲ့ အထဲမှာ ကိုလှကို က အငယ်ဆုံး။ ညီအငယ်ဆုံးဆိုတော့ ကျန်တဲ့ အစ်ကိုနှစ်ယောက် က သူ့တို့ ပညာ အမွေတွေ ပေးခဲ့ ကြတာပေါ့။ အစ်ကိုကြီး လုပ်တဲ့ ကိုအေးကိုကတော့ ဆိုးလွန်းလို့ ဆိုပြီး သူတို့ အဖေ ဘုရားလူကြီးက ထောင်ထဲ ထည့်ထားလေရဲ့။ အဲဒီအစ်ကိုကြီးရဲ့ ဘ၀ တစ်ဝက်ကျော်ကျော်က ထောင်ထဲမှာပဲ အဆုံးသတ်သွားတယ်။ အစ်ကို အလတ်လုပ်တဲ့ ကိုဘိုးနီကလည်း မိန်းမ နဲ့ ကလေးနှစ်ယောက်ကို လောကကြီးထဲမှာ ထားခဲ့လေရဲ့။ သူသေတော့ နံပါတ်ဖိုးထိုးတဲ့ ဆေးထိုးပိုက်က လက်မှာ တန်းလန်း။ အဲဒီ သားအမိလည်း လောကကြီးထဲမှာ မျက်နှာငယ်စွာနဲ့ပဲ ရုန်းရင်း ကန်းရင်း တစ်နယ်ခြားကို ပြောင်းသွားရရှာပြီ။ပြောချင်တာက အဲဒီ ဆေးသမား ညီအစ်ကို သုံးယောက်ထဲက ညီအငယ်ဆုံး ကိုလှကိုပါ။ တကယ်တော့ မြန်မာပြည်မှာ မထူးဆန်းလှတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ် လူငယ်တွေ နံပါတ်ဖိုးစွဲတယ်၊ ပြီးတော့ သေသွားတယ်၊ ပြီးတော့ မေ့မေ့ပျောက်ပျောက်ပေါ့။ တွေ့မြင်ဖန်များလာ၊ ဆင်တူရိုးမှား သတင်းတွေ ကြားရဖန်များလာ တော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားတွေ အနေ နဲ့လည်း ရိုးနေပြီ။ ဒါမျိုး သတင်းက မထူးဆန်းလှပေဖူးပေါ့။

တကယ်တော့ ဒါဟာ အလွန်တရာ ထူးဆန်းတာ။ ဘယ်နှယ့် ကမ္ဘာမှာ နိုင်ငံတွေ အများကြီးရှိနေတဲ့ အထဲမှာ မြန်မာပြည်မှာက နံပါတ်ဖိုး၊ ဆေးဝါးတွေက ဝယ်လို့လွယ်၊ ကုန်ကူးလို့ လွယ်၊ နံပါတ်ဖိုးကုန်ကူးပြီး တချက်ကောင်းကြံ ချမ်းသာသွားကြတဲ့ လူတွေက အများကြီး။ ပိုက်ဆံ ငွေကြေးဆိုတာ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ပမာဏ။ သိန်း ထောင်နဲ့ သောင်းနဲ့ချီပြီး ချမ်းသာကြတယ်။ သူတို့တွေက တိုင်းပြည်မှာ ဆိုင်ရာ ပိုင်ရာတွေနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာကြတယ်။ ဆိုင်ရာ ပိုင်ရာတွေကလည်း ရတဲ့ ဝန်ထမ်းလခတွေထက် မဖြစ်နိုင်စရာ ငွေကြေးတွေကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီငွေကြေးတွေရဲ့ နောက်ကွယ်မှာ က အမှောင်ကမ္ဘာ အတိ၊ သူ့တို့နေတဲ့ တိုက်အမြင့်ကြီးတွေက လူငယ်တွေရဲ့ အရိုးတွေ၊ အရည်တွေနဲ့ တည်ဆောက်ထားကြီပြီး၊ သူတို့စီးနေတဲ့ မော်တော်ကားတွေက လူငယ်တွေရဲ့ ရုပ်ကြွင်းပြာမှုန်တွေ ခင်းထားတဲ့ လမ်းမပေါ်တွေမှာ မောင်းနှင် နေကြလေရဲ့။ လူတွေ မသေခင် အဓိပ္မာယ်ရှိတဲ့ အလုပ်ကို လုပ်ကြစမ်းပါ။ လူတစ်ယောက်ကို ကောင်းအောင် လုပ်နိုင်တဲ့အတိုင်းအတာရှိတဲ့လူက လူတစ်ယောက်ကို ကောင်းအောင်လုပ်၊ လူပေါင်းမြောက်မြားစွာကို ကောင်းအောင်လုပ်နိုင်စွမ်းရှိတဲ့လူက မသေခင်လေးမှာ လူပေါင်းမြောက်မြားစွာကို ကောင်းအောင်လေး လုပ်ပေါ့။

ကျွနု်ပ်အတွေ့အကြုံအရ လူငယ်တွေ ဆေးဝါးသုံးစွဲကြသည်ဆိုတာ တကယ်တော့ စည်းစနစ်ကျတဲ့ အသိပညာနည်းပါးမှု၊ အလုပ် လုပ်ကိုင်နိုင်သည့် အရွယ်တွင် အလုပ်အကိုင် မရှိခြင်း၊ အတွေးအခေါ် အယူအဆ ထွက်ပေါက်များ ပိတ်နေခြင်း၊ ဆေးဝါးများ အလွယ်တကူ ဝယ်ယူ၍ ရရှိနေခြင်း၊ ဥပဒေသည် ငွေမျက်နှာလိုက်၍ စီးပွားရေးသမားများအား မျက်နှာသာပေးထားခြင်း စသည့် အကြောင်းအရာများကြောင့်ဖြစ်ပါသည်။ ကိုလှကိုသည် ကျွန်ုပ်နှင့် အတူသွားသည့် အခါများတွင် ၈၄-လမ်း ရုံးတော်ကြီးမှ ကွမ်းယာဆိုင် ကြီးတွင် ဖင်ဆီဒိုင်ကို ဝယ်၍ တစ်ပုလင်းလုံးသောက်လေ့ရှိသည်။ တခါတရံ ဝင်းလိုက်ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင် ကွမ်းယာဆိုင်မှ ဝယ်သောက်လေ့ရှိသည်။ နောက်ပိုင်း ဖင်ဆီဒိုင်းများ ဝယ်လို့မရတော့သည့် အခါတွင် ဆေးပြားများ သောက်ကြလေ့ရှိသည်။ ဆေးပြားများကို တက်ပလက်လို့ ခေါ်ကြသလို့ အင်္ကျ ီကြယ်သီးအရွယ်လေးများသာ ရှိသောကြောင့် ကြယ်သီးဟုလည်း ခေါ်ကြသည်။ တစ်ချို့ သူငယ်ချင်းများသည် ဆေးခြောက်ရှုကြသည်။ ဆေးလိပ်ထဲတွင် ထဲ့၍ရှုရှိုက်လိုက်ပါက အလွန်တရာ ပေါ့ရွတ်၍ ဆေးရှုသမားများ၏ အကြိုက်ပါ။ ဆေးခြောက်ကို မုန့်ဟုခေါ်သည့်အကြောင်း၊ မုန့်စားဟုပြောသည့် အကြောင်းကို ကျွန်ုပ်၏ ညောင်ပင်ဈေးမှ လေဘေးလောက အကြောင်းတွင် ပြောပြခဲ့ဖူးပါသည်။ ကျွန်ုပ် ဆေးရှုရှိုက်ခြင်းကို ကျွန်ုပ် အမေရိကရောက်မှ လုပ်ဘူးပါသည်။ ဆေးဝါးဟု ဆိုရာထက် မှိုခြောက်တစ်မျိုးကို စမ်းသပ်ကြည့်ခြင်းပါ။ ထိုစဉ်က ကျွနု်ပ်၏ အသိပညာသည် အကောင်းအဆိုးကို ဝေဖန်ပိုင်ခြားနိုင်ခြင်းရှိသည်က တစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း ရှိသည်က တစ်ကြောင်း စမ်းသပ်ခဲ့ပါသည်။ သို့ရာတွင် မူးရစ်ဆေးဝါးဟု ဆိုလျှင် လူငယ်များ မည်သည့်အရာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လုံး၀ မစမ်းသပ်သင့်သော အရာပါ။ ကျွနု်ပ်၏ ကိုလှကို သေဆုံးသွားစဉ်က သူ့၏ ရုပ်အလောင်းကို တွေ့စေချင်စမ်းပါဘိ။

ထိုကဲ့သို့ ဆေးခြောက်၊ ဆေးပြားများမှ တဆင့်တက်လျှင် ရာမ ကိုလုပ်ကြပါသည်။ ရာမ ဆိုသည်မှာ ဗုဒ္ဓဘာသာ ရာမ၊ လက္ခဏဇာတ်တော်များထဲမှ လေးတင်သည့် ရာမမင်းသားကို အစွဲပြုလျက် နံပါတ်ဖိုး ဆိုသည့် လေးကို ရာမဟုခေါ်လိုက်ခြင်းဖြစ်ပါသည်။ ဆေးထိုးခြင်း၊ ဆေးရှုခြင်းများ ကို တင် သည်ဟုခေါ်ပါသည်။ ရာမမင်းသားသည် ဒဿဂီရိနှင့်ပြိုင်၍ လေးတင်သလို့ သူငယ်ချင်းများလည်း လေး တင်ကြပါသည်။ ဆေးသမားဖြစ်ကြသည့် အတွက် သူတို့တွင် ဆေးလိပ်၊ မီးခြစ်သည် အမြဲတမ်း အသင့် ဆောင်ထားလေ့ရှိသည်။ ဆေး အမှုန့်ကို စားပွဲ သို့မဟုတ် စက္ကူပေါ်တွင် တင်ကာ ခပ်နွေးနွေးလေးဖြစ်သွားစေရန် မီးခြစ်မှ မီးနှင့် ခဏ အပူဟပ်လိုက်ရပါသည်။ ထို့နောက်မှာ စက္ကူ သို့မဟုတ် ပိုက်ဆံကို လိပ်ကာ နားခေါင်းထဲသို့ ရှုသွင်းကြပါသည်။ ထိုသို့ ရှုသွင်းပြီးသည်နောက်တွင် ဆေးအရှိန်တက်က ညိမ်သက်စွာ နှင့် အိပ်ယာထဲတွင် ခွေတော့ပါသည်။ ထိုရှုရှိုက်ခြင်းမှ အားမရ၍ နောက်ဆုံးအဆင့်တက်လျင် ဆေးအမှုန့်ကို အရည်ဖျော်ကာ လက်မောင်း သို့မဟုတ် ခြေထောက် အကြောမှ တဆင့် သွေးထဲ့သို့ ထိုးသွင်းကြပါသည်။ ထိုမှ တဆင့် ထပ်တက်လျှင် သင်းချိုင်း သို့သာ သွားဖို့ကျန်ပါတော့သည်။

ဆေးဝါးသုံးစွဲကြသူများ၏ စိတ်ခွန်အားသည် အလွန်တရာမှ အားနည်းကြပါသည်။ သူတို့၏ စိတ်အာရုံသည် ဆေးဝါသုံးစွဲပြီးလျှင် ထပ်မံ၍သာ ဆေးဝါးသုံးစွဲရန်သာ အားသန်ကြသည်။ လူငယ်လူရွယ် များသည် အလုပ်အကိုင် မရှိသေးသောအခါ စိတ်အာရုံသည် လွင့်ချင်တိုင်းလွင့်လေ့ရှိတတ်ကာ မှားသည့်အရာများတွင် တွယ်ငြိမိပါက လမ်းမှားများသို့ ရောက်သွားကြရသည်။ လူငယ်ဘဝတွင် သင့်တော်သော အားကစား လေ့လာလိုက်စားခြင်းသည်လည်း စိတ်ခွန်အားကို လန်းဆန်းစေကာ ခန္ဓာကိုယ် တည်ဆောက်ရေးအတွက်လည်း များစွာအကျိုးပြုပါသည်။ လုပ်ငန်းခွင်တစ်ခုသို့ ဝင်ရောက် လုပ်ကိုင် လိုက်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေကာ တာဝန်ယူတတ်သည့် စိတ်နေစိတ်ထားများလည်း ရှိလာပါမည်။

ကိုလှကို၏ အသုဘသည် သူ၏ အစ်ကိုများ မရှိ၊ သူ့အမေသည် သူမသေခင် ၅-နှစ်ခန့်က ဆုံးသွားနှင့်ကာ၊ သူ့၏ ညားကစ ဇနီးသည်က တရှုပ်ရှုပ်နှင့်သာ ငိုကြွေးလျက်ရှိသည်။ သြော် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေလည်း သွားရှာပကေား။ ဆေးဝါး၏သားကောင်၊ စနစ်တစ်ခု၏သားကောင် သူ၏ အသက်ဝိညာဉ်မဲ့နေသည့် ခန္တာကိုယ်သည် အားငယ်နေသယောင်။ အစွမ်းခွန်အားများ၊ အတွယ်အတာများ၊ ခံစားချက်များပိုင်ဆိုင်သည့် လူတစ်ယောက်သည် အသက်ဝိညာဉ်များ စွန့်ခွာသွားသောအခါ သူသည် အားနည်းနေသယောင်။

အနန္တမေတ္တာဖြင့်
ဘကောင်း

Mya Kyi Murderer


Everybody is staring at Mya Kyi as she is walking deliberately toward court room just like she is coming back to her home. Her eyes are still as bright as diamonds against people from the room except there is an emptiness which scares everyone the most.

Her dainty beauty doesn't appear like she just killed the man in cold blooded action two days ago. It is very ironic to find the scene that every one's eyes are setting on this beauty of criminal and admiring on her natural figure which has full capacity of attracting opposite sex. They come here today to enjoy and applause the final decision of juries as everyone is saying that she would receive the death penalty for her criminal act, but they just forget their purpose the moment Mya Kyi comes in. They feel regret immediately for their cruel thoughts when they see the beauty of Mya Kyi except a group of people whose faces are quite resembled to the face of the man whom Mya Kyi killed. Only those family members are demanding the maximum punishment for her.

Today, Mya Kyi is wearing white satin longyi and blue blouse with long sleeve. The smoothness of her silk longyi is shaping her firm and long thighs proportionally every time she makes movement. She just loose her hairs down on her right breast, and it is a perfect picture when she occasionally tries to roll it up with her pleasantly smooth of palms and looses it down again. Mya Kyi also has the beauty of confidence that she wouldn't need to look at herself in the mirror twice. She, herself, knows that she is a possessor of naturally beautified face. Everyone admit in their mind that she has, indeed, a natural born killing beauty. Mya Kyi pauses her paces for a while before entering into the room. Her eyes seem much brighter and brighter when she is looking into the crowd, and her face is exuding full of hope to find someone in the court room. "Is he going to be here?", a faint thought quickly rumble into her mind. As she looks into the group of people and scans through one by one, her hope is fading away and dying until it leaves complete emptiness in her eyes. She sighs with exasperation, and whispers "I will never able to see him again". She restores her eyes with emptiness as before ,and continues her walk into the room.

When Mya Kyi sits down in front of everyone and faces toward the judges, she finds herself sitting alone at forefront and starts feeling insecure because of the eyes of hatred, jealousy, pain and anguish from behind. She thinks about something that is clogging in her mind. "I am sensing the emptiness inside me right now. Whenever I think of my past and present, I am feeling millions of pits somewhere inside my chest, and it is digging slowly until nothing is left. I am lost somewhere between this human world and my own space; the space where I can breath in and breath out". As those thoughts are lingering on and on, Mya Kyi is drunken by the odor of this loneliness. She can not relate to the world of anxieties and angers. She finally neglects and rejects those people attacking from every corner of the sight, and try to dwell herself in complete tranquil mode.

Now, the judges are ready to scrutinize her case. The chief justice sitting in the middle and on top of everyone has the symbol of grossness and grotesque, and shows the sign of no mercy in his face. He might have been appointed carefully for this murder case. It occurs to her that she can not expect any sincere leniency except to protect herself to die like a human proudly for killing a man.

"Why did you kill the man?", start the question by the chief justice. Even though everyone already knows the reason behind it, Mya Kyi has to repeat the same answer again in which she finds it quite numb to yet another appeal. It seems everyone is pretending to making sure that they wouldn't send her to death by doing false judgment.

"He tried to torture and rape me", she answers in her emotionless tone.
"Do you say it was your self defense?", he continues.
"Yes, it was". There is no slightest hint of any regret in her answer. Not too strong tone. Not too soft tone. Just as simple as "Yes, it was".
It appears there are only two people in this room making conversation. Every time the chief justice strikes a question to Mya Kyi, the rest of the people are desperate to hear what she will reply.
"How did you defense yourself?"
"I tried with my bare hand but I couldn't, and so I hit with the knife I found from the kitchen".
"How many times did you hit?"
"I don't remember".
The roars of protest to her answer instantly come out from the crowd.
The chief justice controls over the crowd and says, "It was more than 20 times". He suggests the fact by looking at the police report.
Mya Kyi doesn't remember how many time she plunged with the knife. She didn't count when she was killing a man in order to escape from being raped. She only had in her mind that she had to escape from a monstrous rapist.

She completely understands for those people who want to revenge her for the death of their love one. It doesn't mean she has to pay the price with her own life. It is not punishment. Mya Kyi is ready to embrace all kind of punishment except revenge. The social concept is that the punishment should fit the crime. In the case of death penalty, an individual kills another human and he/she is "punished" for it by death. Punishment is supposed to be a temporary penalization for a wrongful action. Death is far from temporary. One is to learn from one's mistakes. How can the person learn if they are paying for their mistake with their life? By imposing the death penalty the individual does not learn from their mistakes and neither does society. Society demands that the punishment should fix the harm it has done. By sentencing a person to death no harm has been fixed. Revenge is inconsistent with society's demands that justice be served because the punishment has to fit the crime. The death penalty is "uncivilized, " "inhuman," inconsistent with "human dignity" and with the "dignity of life."

"Is there anything you want to say?", the chief justice asks.
Mya Kyi knows the moment that she is going to be judged for what she had done. She doesn't want to explain and say anything to get their mercy. She belongs to the mankind in which the species are not judged by the others. They judge themselves. The people in this room are not related to her species. She only wants to see "Ko Ko" before she leaves this world forever. She used to share her life with him, but she found that it was too much for her when he was asking for more to become a victim of his desires. She left him to protect her own space. The more she is having immense love and affection, the more she is capable of loving and caring, but she doesn't know where to put and unload it. It is multiplying and expending day by day if she can not find the right place for it. Sometime she longs for the right place to sit down and mold it as the way she wants but she is not given a chance, and she is carrying it on her back until her journey is ended. It could also be another turn of fortune wheel to roll down to somewhere else again. The phenomena is only implicating to someone like her who is not attaching to someone else because this kind of being are also easy to attach and connect to another kind of being without exposing the truth matter of emotions. This "connection" has no exponents to be plugged into a definitive equations that will result into the desired pathway of information to share with others. The only theory is "sense" it or "feel" it. It is just there and exist. Mya Kyi designed her pathway into the core of solid tranquil. But it is time for her now to unload her bearing emotions and desires in order to disconnect the human world.

Mya Kyi doesn't say any words and being taciturn.

Metta,
Ba Kaung

If you don't know how to fix the country, please don't break it


If you don't know how to fix the country, please don't break it. Open your mind, face the reality and see what you have done now compare with the status from 40 years ago. Are you saying that you are doing for the sake of people? No. you are not. You are only building the destructed mechanism for my country. You are blinded with the glistering light of dimonds that you are stealing from your own people. You might thought that you are making good fortunes and reputations for your next generation with those dimonds, money and power that you have, but you are wrong. You are literally wrong. You are supposed to be like a father to look after your people because you are the leader of million of people but you just turned your face away. What's it in your mind? What are you thinking?



Images from aljazeera.net


When I was young and old enough to understand the love and affection between mother and child, I saw a cow looking for her young calf with full of tears in her eyes. The calf might have somehow lost his way back home, and so mother cow went out and calling out for her child at every corner of the streets. She finally made sure that her child was safe and happy under her protection. At least, she felt something and has affection for her own child.

So, how is yours? Can you protect us? Can you make your people to be proud of being the citizen of Myanmar? My country is suffering. My people are dying with povety. I know you are such a stubborn or afraid one to face the true reality. What make you think that you can do better than others? You can't even approved your capabilities to build up the better country during past 20 years except increasing number of homeless, poverty, prostitutions, jobless, lower income rate, higher living costs. If you are afraid, tell me what you are afraid of. Are you afraid that the other people might say the true factors, and they will tell you that the things you are doing are wrong? Are you afraid that the people of Myanmar will get educated and bring the authetic visions for the bright future of the country? Do you know that the majority of your people are living in the dark world where there are no foods, no proper education, no shelters, and they are suffering? I will tell you what I am afraid of. I am afriad that my country will never able to stand up again as before because of what you had done, but I put my faith in my people for the good changes. I am sure they truly will.

Please don't tell me that our country is declining because of people. Please don't project us. We are your people. We are just ordinary citizens living within your military framework. I don't say the term "military" is evil thing, but just that you are not providing us the basic human needs. Please take your full responsibilities, otherwise let someone else take it.

Do you think this is going to last forever? Do you think you can shut down the gate of truth and reality with your military might? I don't think so. Did you ever ask yourself just like a child without having smeared influences why there are so many poverties in your country, and your people are dying in hungers and diseases while your families are celebrating birthday parties. Why? Why? Why? You are the leader of the country. Did you ever try to find a solution for those thousand of people who are dying under your dictatorship? What can you do for my country? If you can not do, what can I do for my country? What other people can do for the country? Do you need help? If you need help, just ask. It is just pretty simple. You need to accept the fact that you can not build the country alone. You also aware that Aung San Suu Kyi and other brilliant political leaders can help and lead the country. I don't understand why you don't incorporate with them. You are either too stubborn or just a dumb leader.

I don't think you are doing a good job for the country. More than 40 millions people are living in the country but as long as all those 40 millions people are not well educated, I wouldn't say you are creating the proper education system for the country. If someone say, "hey! my children are going to school and they are learning computer at home". Of course, you idiot!, you can effort to send your children to good school, but what about the other millions of people who can't even make enough incomes to provide the daily foods for their family. I am not talking about your little cheesy world. I am talking about my people. my Myanmar people. for Everyone. the whole country. Don't say our education system is not so bad. You haven't seen the world. You haven't seen the superior education system which would train the children to become managers, leaders, businessmen and they will be on top of everyone. I want my child to become a manager, to become a leader. I don't want my child to work like a slave in other counties. What can you do for that?

I am a citizen of Myanmar, but I am not proud of myself for being a citizen of Myanmar. Evertime I travel to other countries, I have more difficulties than other nationalities. Do you know why? People thought that the people of Myanmar are inferior. That's the nature of human. I have to try so hard and struggle more than others to get better impression for being a Myanmar. Why can't Myanmar people instantly be well recognized for the good courses? Can you make the people of Myanmar to be superior? I honestly want to be proud of my country. I long the time when Myanmar used to be on top of other Asia countries, but you destroyed the reputations. Don't you feel ashamed of yourself when the world is watching you as a brutal and evil one.

I took a taxi the other day in an event that it was drizzling and I was also late for my work. After having a long silent ride in the cab, me and taxi driver started to strike a conversation. What amused me the most was that everytime I tell my identity for being a Myanmar nationality in my english accent, everybody got stunned. After explaining who I am and what I do for living in a diplomatic way, the taxi driver proudly revealed the secret he had done in Myanmar 30 years ago. I am even more stunned when he told me what he did in Myanmar during those socialist days in Myanmar. He was a business man and sold watches in Yangon. He did illegal watch trafficking in Myanmar. He was able to buy lands and houses in Singapore because of his business. Since Myanmar was under socialist government, it was illegal to import and sell watches in Myanmar as private own. He said if he pay a box of whisky bottles, he could easily pass through the custom and immigration counters at the Yangon airport. Airport authorities even let him sleep with the girls they detained from illegal trafficking business. Most of the girls were about 13 or 14 years old. He is a Singaporean and the girls he raped were Myanmar but helped by Myanmar authorities. What was going on? Who is going to protect us if Myanmar government can not protect our nationalities? Where is the law? Is the law literally exist in Myanmar just not to send the people into jail for saying what they believe, but for the protection of every Myanmar citizens?

Sometime, I truly wish there will be a internal corruption inside your military framework in order to break down the structure, and so somebody could take control over the existing military power and reform the whole country. A lot of people tremendouly sacrificed their lives, their families, their properties, their love ones while doing what they believe to get better living standard for the people of Myanmar. They believe democracy is the only way out for the country. I believe it too. Since your military system didn't work for the country, you have to accept or compromise the dialogue with the other political parties.

It is really funny to see you are fooling around UN, ASEAN and other countries. How long has it been since we had our genuine election? Wow..it's been almost 20 years now. How could that happen? Well.. obviously UN is weak, international pressure is weak, ASEAN is weak, but our people get killed occasionally one by one, group by group. Military regime made up every possible tricks, they cheated, they tell lies. It comes to the realization that only the people of Myanmar can change the future of Myanmar.

Metta,
Ba Kaung