Redemption


She woke up with heavy headache sickening her consciousness. Nothing seem to be working in her brain as she couldn’t make any of logical thoughts to find the present condition of herself. It was eleven o’clock in the morning with exceptionally hot summer season. The sun was almost at the peak of its zenith and shimmering every object under the sky.

Everything the light touch under the sky was so hot and could easily melt away. The odors of tar were coming out from the surface of the roads, and some were already vaporized into the air. Occasionally - like a fata morgna rising out of the deserted roads, one couldn’t vividly see the objects behind it except blurring. Even the greenery of the leaves was dried out instantly and the leaves were quivering about to fall off very soon.

Her garret was right under the zinced roof of three-storied building, and was also a place to detain a girl like her before she was sent to jail. As the sun was arising inches by inches, the temperature inside the room was getting higher and higher, and making the roof and the wall of the building sizzled.

She would still be in deep sleep and wouldn’t wake up if it weren’t the sunlight casting down on her face and the sweats, caused by the extremely warm temperature inside the room, underneath of her back, were soaking her cotton blouse.

Even though the room was designed without having any small windows, except only one main front door, specifically to cloister her from outside world, but the light was already able to find a way to sneak and crawl into her room through a small crevice from the top end of the wall.

She barely opened her eyes and started to realize that she still hasn’t eaten any food since yesterday. As the sense of consciousness was slowly coming back in her mind, the blood of her entire body was throbbing into her veins and pressing down all the sensible nerves up to both sides of her head. She could feel that the sound of blood pounding was almost blasted out of her head.

She thought for a while that she was so desperate to detach her head right away, ram it down until the pains were leaked out from her mouth, nose, and ears, and so that it left only the crash pieces of skull, brain, eye balls, and the teeth, again mold it into a one dense sphere head smeared with blood, spilling through her fingers, burned it and transformed into a flaming ball. And threw it down on the asphalt with its utmost acceleration, the moment when it stroke, it would shatter into a trillion bits and vanished this terrible pain away.

While her thoughts were lingering on and on with enormous degree of sufferings, a strong thirst was suddenly assailed her throat cutting like a sharp knife. She cried out for a drop of water but she couldn’t make any sound except the realization that she didn’t even have enough strength to open her mouth. She was too weak.

She remembered the day before she was captured by the military intelligent that she was on her way to see her son, who was only one year old. He was born the day his father was taken away from home by the military officers. Since then military officers were chasing her and tracking down every movement she made, she had to leave her son immediately with her mother, and disappeared for a while. But government spies were carefully orchestrated, waiting every corners of the street, knowing that a mother of a child would definitely come back, and snatched her before she was able to see her son.

The only ridiculous reason they could gave in order to arrest her was that she made her sincere offerings of foods and water to the monks of marching. How absurd it was. She knew that there were so much of corruptions in the country, nasty businessmen involved and blended together with the government military officers enjoying their birthday parties while people of the country are suffering and dying from famine.

She was just an ordinary girl, but stood up for what was right and what was wrong in the society. One doesn’t has to have superior knowledge to make a proper judgment of the difference between inferior and superior state of living. There are fundamental principles of the human world that we, people, are supposed to live like any other class of the human societies. If those principles were lacking, then one could definitely rationalized that the society we were living in was having total destruction.

She had lost everything including her husband, and became the one believing in the power of the people who can emancipate her life and the lives of the country. No one would understand what life it was loosing her love ones.

She strengthened and geared up herself to drive the force of will to change the future of her country. She had been living in the dark world for a long time. She needed a light of changes.

Metta
Ba Kaung.

မင်္ဂလာပါ


ညက အိပ်လို့ မပျော်တဲ့ ည။ ဘယ်လိုဖြစ်ပြီး အိပ်လို့ မရတော့လည်း မသိဘူး။ အတွေးစဉ် ကွင်းဆက်တွေက မပြတ်တော့။ နောက်ပြီး ကိုယ့် အကျင့် က တစ်ခုခု လုပ်တော့မယ်ဆိုရင် လုပ်မယ့် အရာကို ညအိပ်တဲ့အချိန်မှ အဖန်တလဲလဲ သမ္မာပတ်ဝင်စားပြီး ဆုံးဖြတ်ချက်ချမယ့် ညဏ်စဉ်ကို တစ်ညပြီး တစ်ညထူထောင်တာ။(စာကလည်း ဒီလိုရေးမှ အတိအကျ မှန်မယ်။) ဒါက ကိုယ့် အကြောင်း တစ်စိတ်တစ်ဒေသပါ။ ဒီညတော့ စာလည်း နည်းနည်း ရေးအုံးမယ်။ဇနီးက ဘလော့ရေးရင် လူတိုင်းဖတ်လို့ရအောင် အင်္ဂလိပ် ပဲ ရေးခိုင်းတော့ သူ့ စိတ်တိုင်ကျ လည်း ရေးပေးနေရတယ်။ စာရေးမယ် စိတ်ကူးတာနဲ့ ကွန်ပျူတာရှေ့ထိုင်၊ ညနေ အလုပ်မပြန်ခင်တုန်းက ဆီဗုံး နဲ့ ကွန့်မင့်ထဲမှာ မိတ်ဆွေ အချို့က နူတ်ဆက်ထားတဲ့ စာလေးတွေ သတိထားမိတော့ လေးလေးစားစားနဲ့ ပြန်ရေးအုံးမှ အသိကဝင်လာတာ။ နဂိုက ဆီဗုံးတွေ၊ ကွန်မင့်တွေကို ပြန်ပြီး စာရေးလေ့မရှိ၊ ဒါပေမယ့် ဒီလူကြီးတွေက လာလာနူတ်ဆက်တော့ ကိုယ့်မှာ အပြစ်ရှိလာသလိုပဲ။

အမြဲသွားလည်ဖြစ်တဲ့ ဘလော့မိတ်ဆွေတွေကလည်း များများစားစားမရှိ။ ကိုစိုးထက်၊ ကိုသင်ကာ၊ မမေငြိမ်း၊ ကို(Better Tomorrow) ဒါလောက်ပါပဲ။ ကိုစိုးထက်ကတော့ အပေါင်းအသင်း မိတ်ဆွေပေါ။ ခင်တတ်မင်တတ်ပုံလည်းရတော့ ဒီလူကြီး ဘာတွေ လုပ်နေလဲပေါ့။ သူ့ နာမည်ကို ကလစ်လိုက်ရင် သူဆီ အလွယ်တကူရောက်သွားတာပဲ။ နောက် မမေငြိမ်း ရဲ့ ဘလော့ကို သွားချင်ရင် သူ့ဆီမှာ လင့်ကရှိတာ။ ကိုသင်ကာက အနုပညာနယ်ဖက်မှာ တော်တော်ကြိုးစားနေတဲ့ လူတစ်ယောက်။ နောက် သူ့ရဲ့ လစဉ် စုစည်းပေးတဲ့ စာကောင်းပေကောင်း ဘလော့လစ်တွေက ကျွန်တော့်လို အိမ်ထဲကုတ်နေတဲ့ လူအတွက် အကျိုးကျေးဇူးရှိတယ်။ Manual Semantic Web (Web 3.0) ကနဦးပေါ့။

မမေငြိမ်းက စာရေးရင် ဂရုတစိုက်ရေးလို့ သွားဖတ်ဖြစ်တာ။ ကိုယ်စာရေးရင်တော့ ခေါင်းစဉ်ဆို ပေးချင်ရာ အလွယ်တကူ ပေးလိုက်တာ။ မှတ်မှတ် ရရ ဟိုတလောက ရေးတဲ့ ပို့တစ်ခုဆို ရေသန့်ဘူး ဆိုပြီး အလွယ်တကူ ပေးပြီး၊ နောက် ကိုယ်ဘာသာ ကိုယ် မကြိုက်နေဘူး။ ကိုသင်ကာနဲ့ မမေငြိမ်းဆီမှာ ကိုယ်နဲ့ စိတ်အစာတွေ့ မယ့် အရာတွေက ရှိတတ်တယ်။ ကို(Better Tomorrow) ကတော့ လေးစားမိလို့၊ နောက် ကိုယ့် မြန်မာလူမျိုးတွေ အခြေအနေကို သူ့ ရီပို့တွေမှာ တစေ့တစောင်း အကဲဖြတ် သုံးသပ်လို့ရတယ်။ ဒီလူကြီးတွေရဲ့ စာတွေ ကောင်းတယ်လို့ မပြောတော့ပါဘူး။ ကောင်းခြင်း၊ ဆိုးခြင်း ဝေဖန်တာ တုန်လှုပ်မဲ့ လူတွေ မဟုတ်လို့ပဲ။

ပု၈္ဂိုလ်ရေး အမြဲရှောင်ပေမယ့် ဒီတခါတော့ နာမည်တွေတတ်ပြီး ရေးလိုက်တော့ ခွင့်လွတ်ကြပါ။

မြန်မာဘလော့တွေမှာ ချစ်စရာကောင်းတာ တစ်ခုရှိတယ်။ လာလည်ကြတယ်။ နူတ်ဆက်ကြတယ်။ အားပေးကြတယ်။ တစ်ခါတစ်ရံ ရန်ဖြစ်ကြတယ်။ ဒါတစ်ချို့ လူချင်း မသိဘူးနော်။ ဘလော့ ရေးတဲ့ လူတွေရဲ့ စာပေအရေးအသား အကြောင်းအရာ တွေနဲ့ လောက်ပဲ ခင်ကြ၊ မင်ကြတာ။

ကျွန်တော် မောင်ဘကောင်း ဆီ လာလည် သူများအား ကျေးဇူးတင်ပါ၏

မြန်မာ စကားလိမ်


စကားလိမ်တွေနဲ့ ပြောတဲ့ စကားသံ မကြားရတာ ဆယ်စုနှစ် တစ်စုကျော်ပြီး နှစ်ဆယ်စုနှစ်လောက်လောက်ရှိသွားပြီ။ ငယ်ငယ်တုန်းက မန္တလေးဖိနပ်တွေ ရောင်းတဲ့ ဖိနပ်အရောင်းသမားဘဝတုန်းကဆို ဒီစကားလိမ်က လှိုင်နေအောင် သုံးရ ပြောရတာကိုး။ အဲဒီတုန်းကလို ကိုယ်နဲ့ အပြိုင် စကားလိမ်တွေကို လွတ်ပြီးပြောနိုင်တဲ့ အသိမိတ်ဆွေ သူငယ်ချင်တွေလည်း အခုမရှိတော့ဘူး။ သတိရမိပါရဲ့။

တကယ်တော့ ဟိုအရင် မန္တလေးက လူငယ်တွေရဲ့ ပြောဟန်ဆိုဟန် ဝတ်ပုံစားပုံတွေက တစ်ခြားဒေသ၊ နေရာတွေနဲ့ မတူ တစ်မူကွဲပြားတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ထီးနန်းတည်ခဲ့ နေခဲ့တဲ့ မြို့ဆိုတော့ စကားအသုံးအနှုန်းကလည်း တစ်ခါတစ်ရံ နန်းမူနန်းဟန်ပါတယ်လို့ ထင်တယ်။ ဥပမာ ရှုး(shoe) စီးတယ်ဆိုတာကို ခြေနင်းစီးတယ်ပေါ့။ ညဉ့်နက်သန်းခေါင် တစ်နာရီကို နာပြန်တစ်ချက်ထိုး သည် အစရှိသဖြင့်ပေါ့။

နောက်ပိုင်း ဆက်သွယ်ရေးတွေ သိပ်ကောင်းလာတဲ့ ခေတ်ကြတော့ ဒေသသုံးစကားတွေ ကူးသန်းဖလှယ်ကြ၊ နောက်ပြီး အဝတ်အစား ဒီဇိုင်းတွေကလည်း နေရာအနှံ အလွယ်တကူရောက်နိုင်တော့ တစ်ကျောင်း တစ်ဂါဋာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုတဲ့ စကားက မှေးမှိန်လုနီးပါးရှိရော့မယ်။

စကားလိမ်က ဘယ်ကဘယ်လို စတင်ပေါ်ပေါက်လာသလဲဆိုတာတော့ ကိုယ်ကိုယ်တိုင်လည်း သုတေသန မလုပ်အားတော့ မလုပ်နိုင်ဘူး။ မြန်မာစကားတွေကို သုတေသနလုပ်နိုင်တဲ့ ပညာရှင်တွေ အများကြီးထွက်လာရင်တော့ သိပ်ကောင်းမှာပဲ။

မှတ်မိသလောက် ငယ်ငယ် လေးတန်း ငါးတန်းအရွယ်လောက်က စပြီး “တစ်” ကို အခြေခံထားတဲ့ စကားလိမ်ကို စတင်နားလည်ပြီး ပြောဖြစ်ခဲ့သည်။ အဲဒီတုန်းက ကိုယ့်ကို “တစ်” စကားသင်ပေးတဲ့ သူငယ်ချင်းက ဒါဟာ မြေအောက်တော်လှန်ရေးသမားတွေ၊ သူပုန်တွေ သုံးတဲ့ စကားဆိုပြီးပြောထားတော့ အဲဒါပဲ စွဲနေတာ။

စကားလိမ်တွေ အမျိုးမျိုးရှိမှာပေါ့။ ကိုယ်သိသလောက်တော့ စုဆောင်းပြီး ပြောပြမယ်။
၁။ တစ် စကား
၂။ စန် စကား
၃။ ကို စကား
၄။ တကော် စကား

ဒီတော့ စကားလိမ်ဆိုတာ ဘာလဲ။ ဘယ်လို သုံးသလဲ။ ဘယ်လို အကျိုးသက်ရောက်သလဲ အစရှိတဲ့ မေးခွန်းတွေ စာဖတ်သူတို့ မေးကြမိမယ်။

စကားလိမ်ဆိုတာ နေ့စဉ်သုံးနေ့တဲ့ မြန်မာစကားဝါကျတွေကို ကာရံအလိုက် ပြောင်းပြန်လုပ်ပြီး ပြောတာပါပဲ။ တနည်းအားဖြင့် မြန်မာစကားကို မြန်မာ နားမလည်အောင် ပြောခြင်းပေါ့။ အခြေခံ အကျဆုံးသော မြန်မာ စကားလိမ်ဆိုတာက ဘာစကားလုံးမှ အပိုမထည့်ပဲနဲ့ နဂိုအရှိအတိုင်း ပြောင်းပြန်လုပ်ပြောတာ။

ဥပမာ “သဒတ်တာမှ ဆတ်တာ” တယ် ဆိုတဲ့ စကားလိမ်ကို စဉ်းစားကြည့်ရအောင် ။ အပြောကို သာ အခြေခံထားတဲ့ အရာဆိုတော့ ဒီနေရာမှာ စာရေးသူတို့၊ စာဖတ်သူတို့ စကားလိမ်ရဲ့ စကားလုံး သတ်ပုံအမှား အမှန်ကို မစဉ်းစားဘူး။ အသံကိုပဲ ယူမယ်။

“သဒတ်တာ” ဆိုတာ သဒ္ဒါတတ် လို့ ပြန်ပြောင်း ကောက်ယူလို့ ရတယ်။ “ဆတ်တာ” ဆိုတာ စာတတ် ပေါ့။ အပြည့် အစုံကြည့်မယ်ဆိုရင် “သဒတ်တာ မှ ဆတ်တာ” တယ် ဆိုတာ “သဒ္ဒါတတ် မှ စာတတ်” လို့ ပြောခြင်းပါ။

နောက်တနည်းအားဖြင့် “သဒတ်မတာ ဆတ်မတာ၊ သဒ္ဒါမတတ် စာမတတ်” ဆိုပြီး ပြောကြလေ့ရှိသည်။ ဒါဟာ အခြေခံ အကျဆုံးသော စကားကို လိမ်ခြင်းပဲ။ တလောကပဲ လူတစ်ယောက်က ကျွန်တော့နာမည် ဘကောင်း ကိုအခြေပြုပြီး “ဘောင်းက” ဆိုတဲ့ နာမည်နဲ့ ခင်ဗျားတို့ ပြောပြောနေတဲ့ ဆီဗုံးဆိုတဲ့ အရာထဲကို ခင်ဗျားတို့ ပြောသလို့ ဝင်ပြီး အော်သွားသေးတယ်။ ဘောင်းကဆိုလို့ သတိထားမိလိုက်တာပါ။

ဆိုလိုတာက “ဘကောင်း” ဆိုတဲ့ စကားစုကို ရိုးရိုးသာမန် လိမ်လိုက်ရင် “ဘောင်းက” ဆိုပြီးရလာတယ်။ ဒါပေမယ့် “တစ်” စကားဆိုတဲ့ စကားလိမ်ကို သုံးလိုက်ရင်တော့ “ဘစ်တကစ်တောင်း” ဆိုပြီး ထွက်လာတယ်။ ကဲ ဘယ်လိုလဲ။ နားလည်ပါ့မလား။

လွယ်လွယ်လေးပါ။ “တစ်” ဆိုတဲ့ စာလုံးကို ကိုယ်လိမ်ချင်တဲ့ စားလုံရဲ့ အနောက်မှာ ကပ်ထည့်လိုက်ပြီး လိမ်လိုက်တာပေါ့။ ဒီတော့ ဘတစ် ကောင်းတစ်။ ဘစ်တ ကစ်တောင်း။
ဒါဟာ “တစ်” စကားရဲ့ အခြေခံပါပဲ။

စကားလိမ် တွေကို တစ်ပါတ်လောက် အပြောကျင့် လိုက်ရင် ပြောသူရော၊ နားထောင်သူပါ စဉ်းစား စရာမလိုပဲ သာမန်စကား ပြောသလို ကရားရေလွှတ် တတွတ်တွတ် ပြောနိုင်တယ်။

စာရေးသူ ဖိနပ်အရောင်းသမားတုန်းက “စန်” စကားပြောတယ်။ တခါတရံ ဈေးဝယ်သူ မသိစေချင်တဲ့ အကြောင်းအရာတွေကို လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ “စန်” စကားသုံးပြီး လှမ်းပြောရတာ။ ဈေးဝယ် မေးတဲ့ ဖိနပ်ဆိုဒ် က မရှိဘူးဆိုရင် အခြင်းခြင်း လှမ်းမေး။ သင့်တော်တာနဲ့ ဈေးဝယ်ကို ရအောင် ပြန်ရောင်းရတယ်။

စကားလိမ်တွေက ဘာသာစကား အခြားတစ်ခုလိုပဲ။ ကိုယ်ပြောတာတွေ အခြားသူတစ်ပါး မသိစေချင်ရင် စကားကို လိမ်ပြီးပြောလို့ရတယ်။ စကားလိမ်ကို အကျင့် မရှိသူအတွက် ဘာပြောလိုက်မှန်း မသိတော့ဘူး။

“စန်” စကားက “တစ်” စကားနဲ့ မတူဘူး။ ကိုယ်လိမ်ချင်တဲ့ စကားလုံးရဲ့ အရှေ့မှာ ထည့်ရသည်။ “တစ်” စကားကတော့ ကိုယ်လိမ်ချင်တဲက စကားလုံးရဲ့ အနောက်မှာ ထည့်ရသည်။ “စန်” စကားနဲ့ ကျွန်တော့နာမည် ခေါ်ရင်တော့ စဘန် စောင်းကန် လို့ပဲ ခေါ်လို့ရပါတယ်။ စန်ဘ စန်ကောင်း။

“စာစန် စတ်ဖန် စူသန် တို့ စိုးကျန် စားစန် စောပြန် စိကျန် ပါ”။ စာဖတ်သူ တို့ ကြိုးစား ပြော ကြည့် ပါ။

“ကို” စကားကတော့ တစ်ချိန် စာရေးသူ ငယ်ငယ်တုန်းက “စန်” စကား ပြောစဉ် အသုံးပြုခဲ့သော စကားဖြစ်ပါသည်။ ဒါပေမယ့် အဲဒီတုန်းက လူကလည်း လူငယ်။ ဆေးဝါးတွေ သုံးစွဲတဲ့ သူငယ်ချင်းတွေ ကြားမှာ ဆိုတော့ သုံးတဲ့ အသုံးအနှုန်းတွေက တစ်မူကွဲပြားပါလိမ့်မယ်။

“ကို” စကားက “စန်” စကား လိုပါပဲ။ ကိုယ်လိမ်ချင်တဲ့ စကားလုံးရဲ့ အရှေ့မှာပဲ ထည့်ရပါသည်။ ဘကောင်း ဆိုတဲ့ နာမည် ခပ်စုတ်စုတ်ကို “ကို” စကား သုံးပြီး ခေါ်မယ် ဆိုရင် “ကဘို ကောင်းကို” လို့ ခေါ်တာပေါ့။

ဆေးသမားတွေက ဆေးခြောက် ကို မုန့် လို့ ခေါ်တယ်။ ဆေးခြောက် ကို ဆေးလိပ်ထဲမှာ ထည့် ပြီး ရှုရှိုက်တာကို မုန့်စားသည်။ မုန် ရှုသည်။ မုန့်ဖြုတ်သည်။ မုန့်ကိုင်သည် အစရှိသဖြင့် အဆင်ပြေ သလို ပြောကြသည်။ ယခုခေတ် လူငယ်တွေ ပြောတဲ့ စကားတွေနဲ့ဆို တွဲပြီး သုံးလို့ ရတဲ့ ကြိယာတွေက အများကြီး။ ကြွေး သည်။ တွယ် သည်။ နွှာ သည်။ ဖဲ့ သည်။

အများအားဖြင့် ဒီသူငယ်ချင်းတွေက မိဘတွေ အရှေ့မှာ၊ အခြားလူတွေ ကြားမှာ မသိစေခြင်တဲ့ စကားတွေကို “ကို” စကားလိမ်တွေနဲ့ ပြောကြသည်။ မုန် ဖြုတ်သည် ကို “ကုတ်မို ကို ကုတ်ဖြို” မယ်လို့ ပြောကြသည်။ ဒီအကြောင်း ကို ကျွန်တော် ၏ ညောင်ပင်ဈေးသစ်မှ လေဘေးလောက တွင် ရေးဖူးပါသည်။

နောက် “တကော်” စကားပါ၊ “တကော်” စကားကတော့ အများစု မိန်းမလျာ အခြောက်တွေ ပြောတာပါ။ သို့ ပေမယ့် မှတ်မှတ်ရရ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အလုပ်ခွင်မှာ လုပ်ဖော် ကိုင်ဖက် မိန်းကလေး နှစ်ယောက် “တကော်” စကား ပြောတာ ကြုံဖူးလိုက်သေးတယ်။

ကိုယ်က “တကော်” စကား အလေ့အကျင့် မရှိတော့၊ သူတို့ ပြောတာတွေက နားမလည် လိုက်ဘူး။ စကားလိမ်တွေက အဲဒီလောက် စွမ်းတာ။

“တကော်” စကားက “တစ်” စကား ကဲ့သို့ မိမိလိမ်လိုသော စကားလုံး၊ စကားစု အနောက်တွင် ကပ်လျက် လိမ်ကာ သုံးရပါသည်။ “တကော်” သည် စကားလုံး နှစ်လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ကြောင့် လိမ်သည့် အခါ ပိုခက်သလို နာထောင်သူအတွက်လည်း ပိုမို ခက်ခဲပါသည်။

ဥပမာ အားဖြင့် “အချော် တစ်ကောက် တွေ ပျော်တကော် တဲ့ စကော်တကား က ခေါ်တကက် သည်။”
အခြောက်တွေ ပြောတဲ့ စကား က ခက်သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း