ထိုင်းနိုင်ငံ ၂၀၀၇-ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပုံ


ထိုင်း သို့မဟုတ် ယိုးဒယား သည် မြန်မာတို့နှင့် နီးစပ်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သလို့ ယဉ်ကျေးမှုလည်း အများကြီး နီးစပ် တူညီလှသည်။ မြန်မာတို့သည် ထိုင်းကို သိသလို့ ထိုင်းတို့သည်လည်း မြန်မာနှင့် မစိမ်းလှချေ။

ဘုရင့်နောင်၊ အနော်ရထာတို့ လက်ထက်လောက်တွင် မြန်မာများ ထိုင်းတို့ အပေါ် လွမ်းမိုး အုပ်စိုးခဲ့သည်တွင် ယနေ့အချိန်အထိ ထိုင်းတို့၏ သမိုင်းစာမျက်နာများတွင် မြန်မာတို့သည် နယ်ချဲ့ ကျုးကျော်သူများ ဖြစ်ခဲ့သည်။ တနည်းအားဖြင့် မြန်မာတို့ ဘုန်းမီးနေလ ထွန်းတောက်ခဲ့သည်။ အိမ်းနီးချင်း နိုင်ငံတို့အပေါ် စစ်ရေးအရ၊ လူမျိုးရေးအရ လွမ်းမိုးနိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် ကာလအတွင်းလောက် က ထိုင်နိုင်ငံ ဘန်ကောက်မြို့နှင့် အယုဒယမြို့ သို့ ရောက်သွားချိန် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု၊ အခြေခံလူတန်းစားတို့၏ နေထိုင်ပုံ၊ ပတ်ဝန်းကျင် အနေအထားတို့သည် ကျွန်တော်တို့ မြန်မာ နိုင်ငံနှင့် တော်တော်များတူညီသည်ကို တွေခဲ့ရသည်။

ဘန်ကောက်မြို့ပေါ်သို့ ခြေချလိုက်သည်နှင့် တိုက်တာ အဆောက်အဦများ၊ လမ်းအနေအထား ယဉ်ကြောများ၊ သစ်လွင်နေသော တက်စီကားများ နှင့် လက်ကိုင်ဖုန်းများ ကိုင်တွယ် အသုံးပြုသော တက်စီမောင်းသမားများကို မြင်တွေ့ရသည်။ တိုင်ပြည် တစ်ပြည်၏ တိုးတက်လု ပြယုဒ်ကို ခံစားမိသည်။ ခေတ်မှီဖွံဖြိုးတိုးတက်စေမည့် အခြေခံ အုတ်မြစ်များကိုမြင်ရသည်။ နိုင်ငံတိုးတက်စေသည့် အခွင့်အရေးများကို အလွယ်တကူ လက်ခံပြောင်းပြစ် နိုင်စွမ်းလည်း ရှိသည်။

သင်္ကြန်ရက်အတွင်း အယုဒယရောက်တော့ အယုဒယ၏ သင်္ကြန်နေသည် ပူပြင်းလှသည်။ လူငယ်များ ဆိုင်ကယ်ခပ်ကြမ်းကြမ်းစီးလျက် ရေပက်ခံထွက်နေကြသည်မှာ ကျွန်တော်တို့ မန္တလေးနှင့် ဘာများ ကွာသေးသနည်း။ ထိုင်းလူငယ်တစ်ယောက်၏ဆိုင်ကယ်ကို ငှားကာ အနောက်တွင် ဦထုပ်မပါ၊ ထိုင်စီးလျက် ရေပက်ခံလူအုပ်ကြားထဲဖြတ် ကာဂိတ်သို့ အမှီသွားရသည့် အဖြစ်အပျက်သည် မန္တလေးမှ သူငယ်ချင်းများကို အမှတ်ရစေသည်။

ကျွန်တော်နေသည့် ဘန်ကောက်မြို့အလယ်မှ သူငယ်ချင်း၏ တိုက်ခန်း ဝရမ်တာတွင် စက္ကူပန်းပင်ကြီးရှိသည်။ ခြောက်ခြောက်သွေ့သွေ့နှင့် ဟိုတစ်စ၊ သည်တစ်စ အဆုပ်လိုက် အဆုပ်လိုက် ပွင့် နေသော စက္ကူပန်းများကို တွေ့တော့ မန္တလေးအိမ်က စက္ကူပန်းရုံကြီးကို သတိရမိသည်။ (ဝရမ်တာ အင်္ဂတေပတ်ကြားအက်များ အကြားမှပုရွက်ဆိတ်ကလေးများ အစီအရီ တန်းစီလျက် တရွေ့ရွေ့သွားနေသည် တစ်နာရီခန့် မညောင်းတမ်း ထိုင်ကြည့်မိခဲ့သေးသည်။)

အိမ်အပြင်မှ ထွက်လိုက်တော့ မုန့်ရောင်းသည့် အိမ်ဆိုင်ကလေးရှိသည်။ အိမ်တံခါးသည် ရန်ကုန်ရှိ မြေညီထပ် တိုက်ခန်းများတွင် အများဆုံး အသုံးပြုကြသည့် သံဘာဂျာတံခါး။ အထဲကို လှမ်းကြည့်လိုက်တော့ ကုတင်တစ်လုံးနှင့် ဆာလာအိမ်အထုပ်များကို တွေ့ရသည်။

အိမ်ရှင်မိန်းမက အိမ်ရှေ့တွင် ပုဂံဆေးနေသည်။ မုန့်ဆိုင် နံဘေးတွင် အသုပ်စုံရောင်းသည့် ဆိုင်ရှိသည်။ အသုပ်စုံဆိုင် ဆိုသည့် သဘောကို ပိုမို အသက်ဝင် ပီပြင်စေသည်မှာ အမျိုးသမီး သုံးယောက် ထိုင်ပြီး အစာကို မြိန်ရည်ရှက်ရည် စားနေကြသည်။ နံနံပင်၊ ငရုပ်သီးအမှုန့်၊ အချဉ်ရည် များလည်း တွေ့ရသည်။ ဆိုင်အနောက်တွင် မိန်းမတစ်ယောက် က ဂဏန်းကို ငရုတ်ဆုံထဲတွင် ထည့်ထောင်းကာ အစာစားနေသည့် မိန်းမသုံးယောက်နှင့် စကားလှမ်းပြောနေသည်။

ထားပါလေ။ ဒါက အကြမ်းဖျင်း ဝါစာကမာ လူနေမှုပုံစံ ပုံဖေါ်ရုံသက်သက်ပါ။ ပြောချင်တာက အဲဒါမဟုတ်ဘူး။ ထိုင်းနိုင်ငံ ဘယ်လို တည်ဆောက်ထားသလဲ။ အခုလို မြန်မာနိုင်ငံနှင့် ဆင်တူလှတဲ့ ထိုင်နိုင်ငံမှာ သူတို့ရဲ့ တိုင်းပြည်ခေါင်းဆောင်တွေက ဘယ်လို့ အုပ်ချုပ်နေသလဲ။ ပြည်သူတွေမှာ ဘယ်လို အခွင့်အရေးတွေ ရှိပြီး၊ ဘယ်လို နည်းစနစ်တွေက တိုင်းပြည်ကို ပဲ့ကိုင် ပေးထားသလဲ။

ကိုယ်ရောက်ခဲ့သည့် နိုင်ငံတိုင်းတွင် မြန်မာပြည်နှင့် ချိန်ထိုးကြည့်လျက် ရှု့ထောင့်မျိုးစုံမှ ဆန်းစစ်ကြည့်လေ့ရှိသည့် အတိုင်း ထိုင်းနိုင်ငံကို မြန်မာပြည်နှင့် နှိုင်းယဉ်ကြည့်မိသည်။ အလွန်ခေတ်မှီတိုးတက်နေသော အနောက်တိုင်းနိုင်ငံများ၊ ဂျပန်၊ စင်ကာပူ အစရှိသည့် နိုင်ငံတို့နှင့် စာလျက် ထိုင်းနိုင်ငံသည် ပထမ အဆင့်အနေဖြင့် နိုင်ငံရေးအရ ရော၊ လူနေမှု ယဉ်ကျေးမှု ရှု့ထောင့် ကပါ မြန်မာနိုင်ငံနှင့် နှိုင်းယဉ်ကြည့်သင့်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် အတွက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ၂၀၀၇-ခုနစ် ဒီဇင်ဘာလ ၂၃-ရက်နေ့မှာ ကျင်းပ ပြီးစီးခဲ့တယ်။ ဒါကလည်း ၂၀၀၇-ခုနှစ် သြဂတ်(စ်)လ ၁၉-ရက်တုံးက အသစ်ပြုပြင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်တယ်။
၂၀၀၇-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၁၉၉၇-ခုနှစ် အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက ထောက်ခံမဲ(Yes) ၅၆.၆၉ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ(No) ၄၁.၃၇ ရာခိုင်နှုန်းနဲ့ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ (ထောက်ခံမဲ ပေးတာ မမှန်တဲ့ မဲအရေအတွက် ၁.၉၄ ရာခိုင်နှုန်းခန့် ရှိတယ်။)

ထိုင်းနိုင်ငံ၏ အခြေခံ ဥပဒေအရ အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representation) ဟူပြီး လွှတ်တော်နှစ်ရပ်ရှိသည်။ ထိုသည် အတွက် ရွေးကောက်ပွဲလည်း နှစ်ရပ်ရှိတယ်။

၂၀၀၇-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်အရ ယခင် အထက်လွှတ်တော် အမတ်လောင်း (Senators) အရေအတွက် ၂၀၀ ကနေ ၁၅၀ အထိ လျှော့ချခဲ့တယ်။ ဒီ ၁၅၀ ထဲကနေ ၇၄ဦးကို အဖွဲ့ဝင် ၇-ဦးပါတဲ့ ဗျုရိုကရက် နဲ့ တရားရုံး ဋ္ဌာန ရွေးချယ်တင်မြောက်ရေး ကော်မတီကနေ ရွေးချယ်တာ ခန့်အပ်တာ(appointed) ဖြစ်တယ်။ ကျန်တဲ့ ၇၆ နေရာအတွက် တိုင်းစီရင်စု ၇၅-နေရာက တစ်ဦးချင်းစီ နဲ့ မြို့တော်ဘန်ကောက်ကနေ ၁-ဦး စုစုပေါင်း ၇၆-ဦးကို သီခြားရွေးကောက်ပွဲဖြင့် (elected)တိုက်ရိုက် ရွေးချယ်တယ်။

အခြေခံ ဥပဒေ အသစ်အရ အထက်လွှတ်တော် အမတ်လောင်းများ သည် မည်သည့် နိုင်ငံရေး ပါတီ အဖွဲ့အစည်း ကိုမျှ ကိုယ်စားမပြုရဟု ကန့်သတ်ထားသည်။ထို့ အပြင် ယခင် အောက်လွှတ်တော် အမတ်လောင်း (House of Representatives) အရေအတွက် ကိုလည်း ၅၀၀ ကနေ ၄၈၀ အထိ လျှော့ချခဲ့တယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် ဝန်ကြီး ချုပ်သည် လေးနှစ်တာ သက်တမ်း တာဝန်ထမ်းဆောင်ခွင့် ရှိသည်။ ဝန်ကြီးချုပ်ကိုလည်း ကိုယ်ပိုင် စီးပွားရေး ကုမ္ပဏီ တည်ထောင် ပိုင်ဆိုင်ခွင့် မှ တားမြစ်ထားသည်။

ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ရည်ရွယ်ချက်ကလည်း ပြည့်စုံကောင်းမွန်တဲ့ ဒီမိုကရေစီ ရရှိဖို့ အတွက် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ပါပဲ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အတွက် လိုအပ်တဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်တယ်။ အဓိက ရည်ရွယ်ချက်တွေက တော့ တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ ဖုံးကွယ်မှုမရှိရဘူး၊ အဓိပ္ပာယ်လည်း ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ပါပဲ။ ထို့ အပြင် အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေး သမားတွေကို နိုင်ငံရေးလောကထဲ ရောက်လာဖို့ ရွေးချယ် ခန့်အပ်ဖို့လည်း ပါတယ်။

ဒီတော့ ထိုင်းနိုင်ငံရဲ့ အောက်လွတ်တော် အမတ်လောင်းများအတွက် အထွေထွေ ပါတီစုံ ရွေးကောက်ပွဲ ဘယ်လို ရွေးချယ်တင်မြောက် ကြသလဲဆိုတာ လေ့လာကြည့်ကြရအောင်။

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေကိုယ်စားလှယ် (Constituency Candidate) ရွေးချယ်တင်မြှောက်ခြင်းနှင့် ပါတီစာရင်းကိုယ်စားလှယ် (Party-list Candidate) ရွေးချယ်တင်မြှောက်ခြင်း ဟူ၍ နှစ်ပိုင်းရှိသည်။ ဒီရွေးကောက်ပွဲ စနစ်ကိုလည်း ၂၀၀၁-ခုနှစ် နောက်ပိုင်းမှာ စတင် ကျင့်သုံးလာခဲ့ကြတာ။

ထိုကဲ့သို့ နှစ်ပိုင်း ရှိသည်အတွက် မဲပေးရသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် မဲကဒ်ပြားနှစ်မျိုးဖြင့် မဲပေးရသည်။

ပထမပေးရသည့်မဲမှာ ပါတီစာရင်းကိုယ်စားလှယ် ရွေးချယ်ရန်ဖြစ်သည်။ မဲပြားမှာ မရမ်းစေ့ရောင်ဖြစ်ပြီး မဲပြားပေါ်တွင် ပါတီများ၏ ကိုယ်ပိုင်နံပါတ် များသာ ပါရှိသည်။ နံပါတ်နှင့် ယှဉ်လျက်ရှိ ကွက်လပ်တွင် မိမိတို့ပေးလိုသည့် ပါတီအတွက် ကြက်ခြေခတ်၍ ဆန္ဒပြုရသည်။

ဒုတိယမဲမှာ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ် ရွေးချယ်ရန်ဖြစ်သည်။ အစိမ်းရောင် မဲကဒ်ပြား ဖြစ်သည်။ မဲကဒ်ပြားပေါ်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ပိုင်အမှတ်စဉ်များကို အစီအစဉ် အလိုက်ရိုက်နှိပ်ထားသည်။ အမှတ်စဉ်များနှင့် ကပ်လျက် ကွက်လပ်တွင် မိမိတို့ပေးလိုသည့် ကိုယ်စားလှယ် အမတ်လောင်းအတွက် ကြက်ခြေခတ် ၍ မဲပေးဆန္ဒပြုရသည်။

မဲကဒ်ပြား နှစ်မျိုးစလုံး၏ ညာဘက်အောက်ဒေါင့်တွင် သီးခြားအကွက် တစ်ခုစီပါရှိကာ မဲဆန္ဒမပြုလိုပါက ကြက်ခြေခေတ်ရန်ဖြစ်သည်။ သို့ရာတွင် မဲပေးခြင်းမပြုပါက ဥပဒေအရ နိုင်ငံသားတစ်ဦး အနေဖြင့် အောက်ပါ အခွင်အရေး ခံစားခွင့် အချို့ ဆုံးရှုံးပါသည်။
၁။ အထက်လွှတ်တော်(Senate)၊ အောက်လွှတ်တော်(House)၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး မှုးနှင့် ဒေသအတိုင်ပင်ခံ အဖွဲ့အစည်းများ၊ ကျေးရွာလူကြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်ပိုင်ခွင့်
၂။ အထက်လွှတ်တော်(Senate)၊ အောက်လွှတ်တော်(House)၊ ဒေသအုပ်ချုပ်ရေး၊ ဒေသအတိုင်ပင်ခံ အဖွဲ့အစည်းများ၊ ကျေးရွာလူကြီး ရွေးချယ်ခံရန် လျှောက်ထားခွင့်
၃။ ဥပဒေပြု မူကြမ်းကို ပြင်ဆင်သုံးသပ် နိုင်ခွင့်
၄။ ဒေသဆိုင်ရာ အတိုင်ပင်ခံ အဖွဲ့များမှာ ထုပ်ပြန်သော စည်းကမ်းများနှင့် ပတ်သက်၍ ပြင်ဆင်သုံးသပ် နိုင်ခွင့်
၅။ အထက်တန်း အရာရှိများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှုးများ၊ ဒေသဆိုင်ရာအတိုင်ပင်ခံ အဖွဲ့များ အား တာဝန်မှ ထုတ်ပစ်ခြင်း အတွက် အထက်လွှတ်တော်သို့ အသနားခံစာ တင်ခွင့်

အဲဒီ မှာ ၄၀၀ ကို မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်လောင်းများ (Constituency Candidates) အထဲမှ ရွေးချယ်ပြီး၊ ကျန်တဲ့ ၈၀-ဦးရေကို အချိုးကျ ကိုယ်စားပြု (Proportional Representation) စနစ်ဖြစ် ရွေးချယ်ခြင်း ဖြစ်တယ်။

(က) မဲဆန္ဒနယ်မြေ အလိုက် ကိုယ်စားလှယ်ရွေးချယ်ခြင်း
- မဲဆန္ဒ နယ်မြေ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပုံမှာ သမာရိုးကျ မဲသာသူ အနိုင် စနစ်ဖြစ်သည်။
- မဲဆန္ဒ နယ်မြေ(၄၀၀) အနက် မဲဆန္ဒနယ်မြေတစ်ခုစီမှ ပြည်သူ့ကိုယ်စားလှယ် တစ်ဦး ကျစီ ရွေးချယ် တင်မြှောက်သည်။
- တိုင်း စီရင်စု (Province) တစ်ခု အတွက် ပြည်သူ့ ကိုယ်စားလှယ် အရေအတွက် သတ်မှတ်မှုသည် ထိုတိုင်းစီရင်စု ရှိ လူဦ ရေ နှင့် ထိုင်း နိုင်ငံ၏ စုစုပေါင်း လူဦရေး ၏ အချိုး ပေါ် အခြေခံ တွက်ချက်သည်။
- တိုင်း စီရင်စုရှိ လူဦးရေ (/) ထိုင်း နိုင်ငံ လူဦး (x) ၄၀၀ = ရရှိသည့် ပြည်သူ့ ကိုယ်စားလှယ် ဦးရေ
- ရွေးချယ် တင်မြောက် ခံရသော အောက် လွှတ်တော် ကိုယ်စားလှယ်များ ( House Members) သည် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရလျှင်၊ ခန့် အပ်သည့် နေ့မှ စ၍ ရက်ပေါင်း(၃၀) အတွင်း လွှတ်တော် ကိုယ်စားလှယ် နေရာမှာ ဖယ်ရှားရသည်။

(ခ) ပါတီစာရင်း အလိုက် ကိုယ်စားလှယ်ရွေးချယ်ခြင်း
နိုင်ငံရေး ပါတီ အသီးသီးသည် ဦးရေ(၈၀) ထက် မပိုသော ကိုယ်စာလှယ် လောင်း စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ် ရက် မတိုင်ခင် အချိန်မှီ ပေးပို့ရသည်။ ယင်း စာရင်းတွင် ပါတီတစ်ခုမှကိုယ်စားလှယ် တစ်ဦး၏ နာမည်သည် အခြားပါတီတွင် နာမည်ထပ်ပြီး မပါဝင်စေရ။ အမဲဆန္ဒပေးသူ အနေဖြင့် မိမိတို့ နှစ်သက်ရာ ပါတီ တစ်ခုမှ ကိုယ်စားလှယ် တစ်ဦးကိုသာ မဲပေးခွင့်ရှိသည်။

စုစုပေါင်း မဲအရေအတွက်၏ (၅) ရာခိုင်နှုန်းအောက် မဲရရှိသော ပါတီများသည် ပြည်သူ့ ကိုယ်စားလှယ် ရွေးချယ်ခွင့် မရရှိတော့ပါ။ ၎င်းတို့ ရရှိသော မဲများကို လည်း ပယ်ဖျက် ရသည်။ ကျန်မဲ အရေအတွက် ကို (၈၀) ဖြင့် စား ၍ရသော ရလဒ်ကိန်းဂဏန်းသည် ကိုယ်စားလှယ် တစ်ဦးအတွက် (ရွေးချယ်ရန်) လိုအပ်သော မဲအရေအတွက် ဖြစ်သည်။

ပါတီစာရင်းအလိုက် ရရှိမည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေကို တွက်ချက် ရာတွင် ယင်းပါတီက ရရှိသော မဲအရေအတွက်ကို ကိုယ်စားလှယ်တစ်ဦးအတွက် လိုအပ်သော မဲအရေအတွက်ဖြင့် စားရန်ဖြစ်သည်။

ဤနည်းဖြင့် ရရှိသော လွှတ်တော် ကိုယ်စားလှယ် ဦးရေသည် (၈၀) ထက်လျှော့နည်း နေပါက လိုအပ်သော နေရာ အရေအတွက်ကို ကြွင်းကျန်သော မဲအများဆုံး ပိုင်ဆိုင်နေသည့် ပါတီများက ရရှိစေရန် ခွဲဝေပေးရသည်။

ပါတီစာရင်း ကိုယ်စားလှယ် အတွက် မဲတွက်ချက်ပုံ နမူနာမှာ
အမှတ်စဉ်ပါတီအမည်ရရှိသည့် မဲအရေအတွက်
၁။က၄,၀၅၀,၀၀၀
၂။၆,၁၂၀,၀၀၀
၃။၇၀၀,၀၀၀
၄။၁၂,၅၀၀,၀၀၀
၅။၇,၃၃၀,၀၀၀
၆။၉၀၀,၀၀၀
၇။၁,၄၀၀,၀၀၀
-----------------------------

စုစုပေါင်းမဲ၃၃,၀၀၀,၀၀၀

- စုစုပေါင်း မဲ အရေအတွက်၏ ၅ ရာခိုင်နှုန်း - ၁,၆၅၀,၀၀၀
- ပယ်ဖျက်ရမည့် မဲမှာ ပါတီ “ဂ” မှ ၇၀၀ ၀၀၀, ပါတီ “စ” မှ ၉၀၀ ၀၀၀, ပါတီ “ဆ” မှ ၁ ၄၀၀ ၀၀၀
- ပယ်ဖျက် ရမည့် စုစုပေါင်း မဲ - ၃ ၀၀၀ ၀၀၀
- ပယ်ဖျက်ပြီး လက်ကျန်မဲ - ၃၃ ၀၀၀ ၀၀၀ (-) ၃ ၀၀၀ ၀၀၀ = ၃၀ ၀၀၀ ၀၀၀
- ရွေးချယ်ခံရရန် ကိုယ်စားလှယ်တစ်ဦးအတွက် လိုအပ်သော မဲမှ ၃၀ ၀၀၀ ၀၀၀ (/) ၈၀ = ၃၇၅ ၀၀၀

ထို့ကြောင့် ပါတီအသီးသီးမှ ရွေးချယ်ခန့်အပ်ရမည့် ပါတီစာရင်းအရ ကိုယ်စားလှယ် ဦးရေမှာ
(ပါတီ ရရှိသော မဲ အရေအတွက် (/) ၃၇၅ ၀၀၀)

ပါတီအမည်ပါတီရရှိမဲရွေးချယ်ခန့်အပ်ရမည့်(ရရှိ)ဦးရေကြွင်းကျန်မဲ
က၄,၀၅၀,၀၀၀၁၀၃၀၀,၀၀၀
၆,၁၂၀,၀၀၀၁၆၁၂၀,၀၀၀
၁၂,၅၅၀,၀၀၀၃၃၁၇၂,၅၀၀
၇,၃၃၀,၀၀၀၁၉၂၀၄,၇၅၀
-----------------------------
စုစုပေါင်း၇၈


ပါတီ (က) နှင့် (ဃ) သည် ကြွင်းကျန်မဲ အများဆုံး ပိုင်ဆိုင်သောကြောင့် (၈၀) မပြည့် သဖြင့် လျော့ နေသာ (၂) နေရာ အတွက် (၁) နေရာစီကို ခွဲဝေ ရရှိသည်။

အောက်ပါ ဇယားသည် ၂၀၀၇-ခုနှစ်တွင် ရရှိသည့် ရွေးကောက်ပွဲမဲ အခြေပြ ဇယားဖြစ်သည်။
Party Constituency Proportional TOTAL
Votes % Seats Votes % Seats
People's Power Party 26,293,456 36.63 199 14,071,799 39.60 34 233
Democrat Party 21,745,696 30.30 132 14,084,265 39.63 33 165
Thai Nation Party 6,363,475 8.87 33 1,545,282 4.35 4 37
For the Motherland 6,599,422 9.19 17 1,981,021 5.57 7 24
Thais United National Development Party 3,395,197 4.73 8 948,544 2.67 1 9
Neutral Democratic Party 3,844,673 5.36 7 528,464 1.49 0 7
Royalist People's Party 1,632,795 2.27 4 750,158 2.11 1 5
Others 1,897,953 2.64 1,626,234 4.58 0
Valid votes 71,772,667* 100 400 35,535,767 100 80 480
No Votes 906,216 2.32
Invalid Votes 2,539,429 6.51
Total Turnout 38,981,412 85.38

* As constituencies elect between one and three MPs, some people have two or three votes.



ဤသည်မှာ ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲ နှင့် အချိုးကျ ကိုယ်စားပြု ရွေးချယ်တင်မြောက်ပုံ တစ်စိတ်တဒေဖြစ်သည်။

သို့ရာတွင် ထိုင်းနိုင်ငံ နိုင်ငံရေး အခြေအနေသည်လည်း ၂၀၀၆-ခုနစ်မှ စတင်၍ စစ်တပ်မှ ဝင်ရောက် စွတ်ဖတ်နေခဲ့သည့် အတွက် ဘာဆက်လုပ်ကြမလဲလို့ မေးခွန်းတွေ မေးစရာ ရှိနေပါသေးသည်။

ကိုးကားချက်။
၁။ Journal of constitutional Affairs
၂။ Thailand Electroal System
၃။ Electroal Politics in Thailand
၄။ Election Guide

အနန္တမေတ္တာဖြင့်
ဘကောင်း

2 comments:

Anonymous said...

ကောင်းတယ်ဗျို့ ကိုဘကောင်းရေ
အကြမ်းဖြင့်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာတော့ ထိုင်းဟာ မြန်မာပြည်နဲ့ အပြတ်အသတ်ကွာလောက်အောင် ရှေ့ရောက်နေပြီဗျ။ လူတိုင်းရသင့်တဲ့ အခွင့်အရေးတော်တော်များများရပြီး လူက လူလိုနေရတယ်။ တိုင်းရင်းသားတွေ သွားကြည့်ပါလားလို့ ထောက်စရာရှိပါတယ်။ ဟုတ်ကဲ့ ကျနော်ကိုယ်တိုင် အဲဒီနေရာတွေမှာ သွားနေတဲ့သူမို့ လယ်ကွင်းထဲမှာ 4-wheels တွေလယ်ထဲမောင်းချလာပြီး တောင်ယာစိုက်နေတဲ့ သူတွေပဲ ပြလိုက်ချင်ပါတယ်။ အနိမ့်ဆုံးအားဖြင့် စာမတတ်တဲ့ တောင်သူမကြီးတွေတောင် ဟမ်းဖုန်းတော့ ကိုင်နိုင်ပါသေးတယ်။

တစ်ဖက်မှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာကတော့ အတော်ဆုတ်ယုတ်တယ် ပြောရမှာပဲ။ ဘာသာရေးအားနည်းသွားတယ်။ လူနေမှု အနောက်တိုင်းဆန်လွန်းတော့ မြန်မာမျက်စိနဲ့ကြည့်ရင် ဘုရားတစရာပါပဲ။ Living Together ဆိုတာကတော့ ထမင်းစား ရေသောက်ကိစ္စလိုပါပဲ။

မြန်မာပြည်မှာကတော့ ရုပ်ပိုင်းမတိုးတက်ဘူး၊ စိတ်ပိုင်းရောဆိုတော့ သူ့နည်းသူ့ဟန် မကောင်းသော ဆုတ်ယုတ်ခြင်းနဲ့ ဆုတ်ယုတ်တယ် ပြောရတော့မှာပါပဲ။

သင်ကာ

Anonymous said...

ထိုင်းနိုင်ငံမှာ တော်တော်များများက မိန်းမလျာ ဖြစ်သွားကြတယ်။ ဘယ်က ဘယ်လို ဘာအကြောင်းအရာတွေက ဖြစ်စေတယ်ဆိုတာ နားမလည်းသေးဘူး။ အသိ စိတ်ပညာရှင် တစ်ယောက်ကတော သူ့သားတွေ ငယ်ငယ်လေးကတည်းက မိန်ကလေးတွေကို ဘယ်လိုကြည့်ရမယ်ဆိုတာ သင်ပေးထားတယ်။ ကြီးလာရင် အခြောက်ဖြစ်မှာ စိုးလို့တဲ့။ ငယ်ရွယ်တဲ့ ၁၈-နှစ်အောက် လူငယ် မိန်းကလေး၊ ယောင်္ကျား တွေရဲ့ ဟော်မုန်း အပြောင်းအလဲတွေ သဘာဝအရ ဖြစ်ပေါ်လာတတ်ပေမယ့် သင့်တင်လျောက်ပတ်တဲ့ ပညာပေးရေးတွေ လိုအပ်တယ်။ မလိုလား အားတဲ့ လူမှုရေး ဆိုးကျိုးတွေ ကာကွယ်နိုင်အောင် လို့ပါ။

အနောက်တိုင်းပညာရေးမှာတော့ အထက်တန်းရောက်လာတဲ့ မိန်းကလေးတစ်ယောက် ယောင်္ကျားလေးသူငယ်ချင်း မရှိဘူး၊ ဒိတ် မလုပ်ဘူးဆိုရင် ကျောင်းသားရေးရာက မိဘတွေကို ခေါ်တွေ့တယ်။ ဒီကျောင်းသူ ဘာမှား နေသလဲ ပေါ့။

အနောက်တိုင်းမှာ ကြီးပြင်လာတဲ့ ကလေးတွေရဲ့ မြန်မာ မိဘတွေ အတွက် အမြဲတန်း ခေါင်းကိုက်၊ စဉ်းစား ဆွေးနွေးစရာတွေပါ။

Post a Comment