Myanmar conscription law


The military regime unfolded one of its tactical cards by enacting the conscription law – effectively sparking widespread concern among the nation's youth. Myanmar endow a significant young population.

It is apparent that the introduction of the conscription law serves a dual purpose: to legalize forced recruitment to avoid scrutiny from ASEAN and Western nations. ASEAN, prioritizing the semblance of peace and adherence to local laws, and therefore find itself predicament where it must navigate its interests alongside those of the military regime, which has escalated what began as a Spring revolution into a full-blown civil conflict. What can we expect from ASEAN when birds of a feather flock together with similar interest?

Drawing from my experiences in organizational management and social dynamics, it is evident that outsiders perceive the situation in Myanmar as conflict and dire. Realistically, it seems implausible to enforce conscription on every eligible individual. However, this move likely lays the groundwork for bolstering the military presence in regions engaged in conflict with Ethnic Armed Organizations (EAO) and People's Defense Forces (PDF).

With approximately 20% to 30% of the population falling within the conscription age range, the number of affected young people is staggering.



Understandably, many young people may opt to leave the country to evade military service. Unfortunately, not everyone, particularly those who lack access to higher education, enjoys the privilege of this choice. While it may not offer remotely close to a practical solution, my advice remains consistent: prioritize education and knowledge acquisition. By fostering critical thinking and discernment, individuals in Myanmar can cultivate the intellectual capacity to discern between right and wrong amidst these turbulent times.

DEI Impact


သမ္မတ‌ဟောင်း ဒေါ်နယ်‌‌ဒရမ့် တစ်ယောက် တရားရေးရာကိစ္စတွေ ရင်ဆိုင်နေရကတည်းက သူ့အကြောင်း မကြည့်ဖြစ်တာ ကြာပြီ။ ဟိုး အရင်းတုံးကတော့ တပါးသူအပေါ် စော်ကားမော်ကား ပြောဆိုတတ်တဲ့ သူ့အကြောင်းတွေ ကြည့်ဖြစ်သည်။ သူက ဘာလဲ‌ပေါ့။ လူအရတော့ သူ့ ကို ထောက်ခံစရာ အကြောင်း မရှိချေ။ အမေရိကန် သမ္မတ‌ဟောင်းတွေ အကြောင်းတွေ ကြည့်တဲ့ အခါ သမ္မတဟောင်းအိုဗားမားရဲ့ အိမ်ဖြူတော် နောက်ဆုံး ညစာစားပွဲကို အနှစ်သက်ဆုံးဖြစ်သည်။ လက်ရှိသမ္မတကတော့ ပျင်းစရာကောင်းလွန်းလှသည်။ သို့သော်လည်း ကိုယ်မဲပေးခဲ့တဲ့ ပါတီတွေ အနိုင်မရတာ နှစ်ကြိမ်ရှိသွားပြီ။ စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယနွယ်ဖွား နစ်ကီဟေလီက ရီပါပလစ်ကမ် ပါတီဝင်။ အင်္ဂလန် ဝန်ကြီးချုပ် ရီရှီစူးနား ကလည်း ကွန်ဆာဗေးတစ် ပါတီဝင်။ ထိုပါတီတွေရဲ့ နိုင်ငံရေး မူဝါဒက အခြေစိုက် ပြောင်းအ‌ရွေ့နေထိုင်လိုသူ (immigrant) နိုင်ငံခြားသားတွေအတွက် ကောင်းကျိုးသိပ်မရှိလှဘူး။ ဘာကြောင့်များ အိန္ဒိယနွယ်ဖွားတွေ နိုင်ငံရေးမှာ ကွန်ဆာ‌ဖေးတစ် အယူအဆ ယိမ်းသွားကြသလဲဆိုတာ စဥ်းစားမိသေးသည်။ မြန်မာ နွယ်ဖွား အချို့ ကွန်ဆာ‌ဖေးတစ် အယူအဆ ယိမ်းသွားကြတာ အကြမ်းအားဖြင့် နားလည်လို့ ရသည်။

၁။ သူရို့ မျိုးဆက်မှာ ပင်ပင်ပန်းပန်း အလုပ်ကို ကြိုးစား၊ အခွန်အထုတ်တွေ ပေးဆောင်ခဲ့ပြီးမှ နောက်မှာ ဝင်ရောက်လာတဲ့ အခြေစိုက်သူတွေက အစိုးရထံမှ လက်ဖြန့်ပြီး တောင်းစားကြတာကို မ‌ကျေနပ်ကြတာ။ general burmese mentality. (oh no no. don't say it. wawwiwa)

၂။ ဒီမိုကရက်အချို့ တွေ လက်ဝဲ အရမ်း ယိမ်းကြတဲ့ အခါ စိတ်ပျက်တာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲတပတ်ပြန်လည်လာတာနဲ့ အတူ၊ မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန်နိုင်ငံကို အခြေစိုက်ဖို့ ရွှေ့ ပြောင်းလာကြတဲ့ မြန်မာနွယ်ဖွား နိုင်ငံသားတို့ အကြောင်း၊ မြန်မာ လူမူကွန်ယက်မှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက် (content) တွေ (sex joke, sex education,sex insult, ..etc) တွေ့ရဖန်များလာတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ လူ့အဖွဲ့အစည်းမှာ ပြောင်းလဲလာတဲ့ လူမှု့ရေး ပုံစံ (social landscape) နဲ့ ၎င်းတို့ရဲ့ ဖြစ်လာနိုင်ချေ ရှိတဲ့ ရိုက်ခတ်မှု (potential social impact) တို့ကို စဥ်းစားမိသည်။ sex education ပေးတယ် ဆိုတဲ့ ခေါင်းစဥ် အမိုးအောက်မှာနေတဲ့ လူအချို့ရဲ့ အပြောအဆိုက ပညာပေးတာထက် ဒါက ဒီလို လုပ်လို့ရပါတယ်ဆိုတဲ့ ရေးလာမြောင်းပေးတဲ့ သဘောကို ဆောင်တာ တွေ့ရသည်။ လူမှုကွန်ယက်ကို သုံးတဲ့ အသက် ၁၆-နှစ်အောက် ကလေး တွေ အများကြီး ရှိကြသည်။ ၎င်းတို့အတွက် ရင်လေးမိသည်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကပင် ဖလော်ရီဒါ ပြည်နယ်မှ ဥပဒေ တစ်ခု အတည်ပြု ခဲ့သည်။ အသက် ၁၆-နှစ် အောက် ကလေးတွေကို လူမှုကွန်ယက် ပေးမသုံးရဆိုတဲ့ ဥပဒေ။ ရီပါပလစ်ကမ်တွေ လွှမ်းမိုးတဲ့ လွတ်တော်ကနေ အတည်ပြုခဲ့တာကိုး။တူမလေးက မြန်မာနိုင်ငံက ပညာရေး၊ လူမှုရေး အတွေးအခေါ် အယူအဆ အစရှိတာတွေနဲ့ ထိတွေ့ အခြေခံပြီး ပညာရေး အဆင့်အတန်း နိမ့်ကြတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာရမှာကိုး။ မြန်မာ ယဥ်‌ကျေးမှုကို မည်သို့ပင် ဖက်တွယ်နေပါစေ၊ လက်တွေ့မှာ သူကလေးရဲ့ အနာဂက်က မှောင်မှိက်လွန်းလှသည်။ တကယ်တော့ ယဥ်ကျေးမှုဆိုသည်ကား လူတဦးချင်းရဲ့ အမူအကျင့်တွေ ပေါင်းစပ်ပြီးမှ ဖြစ်ထွန်းလာကြတာ မဟုတ်ပါလော။

အပြောင်းအလဲများလွန်းပြီး ရှုပ်ထွေးလွန်းလှတဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်း (sophisticated society) မှာ ကျင်လည်ဖို့ (navigate) အတွက် မြင့်မားသော ပညာအရည်အချင်း၊ အတွေးအခေါ် ၊ ရှု့ မြင်သုံးသပ်ဖို့ လိုအပ်သည်။ ကျား မ တန်းတူ အခွင့်အရေး (gender equality) ရဖို့ တောင်းဆိုနေကြတဲ့ ကြားထဲမှာ လိင်တူနဲ့ လိင်အပြောင်းအလဲလုပ်ထားသူတွေ (gender neutral, gender identity) ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတစ်နိုင်ငံအတွက် လူဝင်မှု ပြဿနာ (immigration crisis) တွေ အကြာင်း၊ နိုင်ငံရေး အပြောင်းအလဲမှာ ဖြစ်လေ့ရှိတဲ့ အပြောင်းအလဲ (social norm) တွေ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပညာရှင်တို့ရဲ့ မတူကွဲပြားတဲ့ ရပ်တည်ချက် ခံယူချက်တွေကို နားလည်နိုင်မှ ယနေ့ လူ့အဖွဲ့အစည်းမှာ အဆင့်အတန်းမြင့်မြင့် ကျင်လည်နိုင်မည်။

ဆိုခဲစေ မြဲစေဆိုတဲ့ စကားရှိပေမဲ့လည်း ကိုယ်ပြောသည့် စကား၊ ကိုယ်ရေးသည့် စာ၊ အသုံးအနှုံးတို့သည် အထက်က ‌‌ပြောခဲ့သည် လူမှု ရေးပြဿနာတို့နဲ့ အစဥ် ချိန်ထိုး တွက်ဆပြီး ပြောတတ်၊ ဆိုတတ်ရသည်။ ပစ်လွတ်လိုက်တဲ့ နူတ်ထွက်စကားတို့သည် ဘူမာရမ် (boomerang) လို ကိုယ်စီ တစ်ပတ်ပြန်လည်လာတတ်တဲ့ သဘောရှိသည်။ သက်သေ သာဓကအဖြစ် ရိုအင်ဂျာအရေးကဲ့သို့သော မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိသည်။ နိုင်ငံရေး စီပွားရေး မူဝါဒ၊ လူမှုရေး အတွေးအခေါ် အယူအဆတို့သည်လည်း ဘူမာရမ် ကဲ့သို့ပင်။

မနေ့က ဒေါ်နယ်‌‌ဒရမ့် မဲဆွယ်ပွဲမှာ ပြောတာ ကြားလိုက်ရသည်။ သူသာ သမ္မတ ဖြစ်ခဲ့ပါက DEI (diversity, equity, and inclusion) program တွေ ရပ်ပစ်မည်လို့ ကြိမ်းဝါးထားသည်။ ဒီမိုကရက် သမ္မတ လက်ထက်မှာ လူတိုင်း တန်းတူ အခွင့်အရေး ရအောင် DEI မူဝါဒတွေကို ပညာရေးနယ်ပယ်၊ အစိုးရ လုပ်ငန်းတွေ မှာ ထဲထဲဝင်ဝင် ချမှတ်ထားသည်။ ပုဂ္ဂလိက နယ်ပယ်တွေဖြစ်တဲ့ ကိုအော်ပရိတ် (corporate) ကုမ္ပဏီတွေလည်း အများပြည်သူအလိုက် ထို မူဝါဒကို လိုက်လျောရသည်။ လက်တွေ့ DEI သဘောသဘာဝက အရည်အချင်း တော်တာ တတ်တာထက်၊ ယောင်္ကျား မိန်းမ အရည်အတွက် မျှမျှတတ၊ အသားရောင်မတူညီတဲ့လူ အရည်အတွက် မျှမျှ တတ ရှိဖို့က ဦးစား‌‌ပေးပထမအဆင့် ဖြစ်သည်။ ပြီးတော့မှသာ အရည်းအချင်းကို ဒုတိယဦးစားပေးအနေ ဖြင့် စဥ်းစားရသည်။ ထို နိုင်ငံရေး မူဝါဒ ဘူမာရမ် ကိုတော့ ပစ်လွတ်လိုက်ကြသည်။ ထို မူဝါဒရဲ့ ကောင်းကျိုး ဆိုးကျိုး ကို ကျွန်တော်တို့ စောင့်ကြည့် သုံးသပ်ကြည့်နေကြဆဲပင်။

နယူးယောက်မြို့ မှာ ရပ်ကွက်အလိုက် ကျောင်းကောင်းတယ်၊ မကောင်းဘူး ဆိုပြီး ရှိကြသည်။ DEI မူအရ မြို့တော်ဝန်က အောင်ချက်မ‌ကောင်းသောကျောင်းမှ ကျောင်းသူ ကျောင်းသားများကို အောင်ချက်ကောင်းသော ကျောင်းများဆီသို့ ပိုပြီး ကျောင်းသူ ကျောင်းသားများကို မျှတအောင် ရောမွေ ပစ်လိုက်သည်။ အောင်ချက်ကောင်းသော ကျောင်းမှ ကျောင်းသား မိဘများက မကျေနပ်ကြချေ။ သူရို့ သားသမီးတွေကို ဆိုးသွမ်းသော ကျောင်းသားများနှင့် အတူတကွ စာသင်ယူရသည် မကြိုက်ကြ ချေ။ အချို့ ကျောင်းသားတွေကလည်း ဆရာ ဆရာမကို အနိုင်ကျင့်သည် အထိ ဆိုးကြသည်။ ဥပ‌ဒေက ဘာမှ လုပ်လို့ မရ။ ရုပ်ရှင်ထဲကလို လူစွမ်းကောင်းဆရာတွေ လက်တွေ့ မှာ မရှိကြချေ။

တက္ကသိုလ်ဝင်ခွင့် လျှောက်ကြသည့် အခါတွင်လည်း DEI မူအရ အသားအရောင်အလိုက် လူဦးရေ မျှတအောင် ရွေးချယ်ကြရသည်။ အာရှနွယ်ဖွား ကျောင်းသူကျောင်းသား မိဘတို့ ငြီးတွားကြသည်။ ကျောင်းတွေက လက်ခံသည့် လူဦးရေကို အသားရောင် မတူညီသော လူမျိုးနွယ်တို့ အလိုက် ရွေးချယ်လက်ခံကြသည်။ မည်သို့ပင် အရည်အချင် ပြည့်မီပါစေ ကိုယ့်အသားရောင် ကိုယ့်လူမျိုးစုအတွက် လူပြည့်သွားပါက ကျောင်းဝင်ခွင့် ရလိမ့်မည် မဟုတ်ချေ။ လူ့အဖွဲ့အစည်းကို အဲလို တည်ဆောက်ဖို့ အစိုးရ မူက လမ်းကြောင်း ချပေးထားတာကိုး။ အ‌ကောင်းဆုံးဆိုတဲ့ လူ့အဖွဲ့အစည်း နှင့် မျှတသော လူအဖွဲ့အစည်းတို့ရဲ့ လွန်ဆွဲ အားပြိုင်မှု ပုံရိပ်ပင်။ ထိုမူတွေရဲ့ ကောင်းကျိုး ရှိသလို ၊ ဆိုးကျိုးတွေ လည်း ရှိသည်။

မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲဖြစ်တိုင်း နိုင်ငံခြားသို့ ပြောင်းရွှေ့ အခြေချတဲ့ မြန်မာနိုင်ငံသားတို့ အများ အပြား ရှိခဲ့သည်။ ဦးသန့် အရေးအခင်းမှ စလို့၊ ၈၈ အရေးအခင်း၊ ၉၆ အရေးအခင်း၊ ရွှေဝါရောင်မှစလို့ လက်ရှိ နွေဦးတော်လှန်ရေး။ ကျွန်တော်တို့ နိုင်ငံ တော်လှန်ရေးသည် နှစ်ရှည်ကြာအုံးမည်။ အရေးအခင်းတိုင်းမှာ ကိုယ်ယုံကြည်ရာ နိုင်ငံရေး ရပ်တည်ချက်အတွက် အသက်ပေးဆပ်ခဲ့ရသူတွေ အများကြီးရှိခဲ့သည်။ လည်တဲ့သူ သို့မဟုတ် လည်လည်ဝယ်ဝယ်ရှိတဲ့သူတွေ နိုင်ငံခြားရပ်ခြား လွတ်မြောက်ရာကို သွားနိုင်ကြသည်လို့ ပြောရမည်။ လည်လည်ဝယ်ဝယ် မရှိတဲ့ သူတွေက စောင့်နေကြတုံး။ မဆီမဆိုင် ကန်တတ်ကီပြည်နယ်မှာ နေတုံးက သိကျွမ်းခဲ့တဲ့ ကိုစောဆီးကို သတိရမိသေးသည်။ သူ့နာမည် အရင်းက ကိုလှမောင်၊ အညာသား။ ကရင်နာမည်ကို နယ်စပ်ကနေ သူဝယ်ခဲ့တာတဲ့။

ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တော်လှန်သူတို့ အခက်အခဲ ဆင်းရဲ ဒုက္ခခံလျက် အသက်ပေး တိုက်ပွဲဝင်နေကြဆဲပင်။ ပြီးခဲ့သော အရေးအခင်း အဆက်ဆက်တို့ကို အခြေပြုပြီး ဘဝသစ်ကို တည်ဆောက်ကြသော အခြေစိုက် မြန်မာ(myanmar immigrant) တို့ရဲ့ ဘဝတည်ဆောက်မှု၊ အပြောင်းအလဲတို့ကို ခန့်မှန်း သုံးသပ်ရသည်။ အခြေစိုက် မြန်မာလူမျိုးတို့သည် အများစုက နိုင်ငံရေး ခိုလှုံခွင့်ဖြင့် တရားဝင် နေထိုင်ခွင့်ကို ပြောင်းယူကြရသည်။ အများ မိုးခါရေ သောက်သည့်အခါ သူရို့ လည်း သောက်ကြရတာကိုး။ မည်သို့ပင် ဆိုစေကာမူ တောင်အမေရိကမှ ဝင်ရောက်လာသည့် လူမျိုးစု၊ တရုတ်နိုင်ငံက ဝင်ရောက်လာသည် တရုတ်နိုင်ငံသား အရည်အတွက်တို့နှင့် နှိုင်းယှဥ်သည့် အခါ မြန်မာလူမျိုး ပြောင်းရွှေ့ အခြေစိုက်နေထိုင်သူရသူတို့ အလွန်နည်းကြသေးသည်။ တောင်အမေရိကမှ တရားမဝင် ဝင်လာသောအခြေစိုက်သူ (immigrant) တို့ကို ကိုင်တွယ်‌ဖြေရှင်းဖို့ မူဝါဒများကိုလာမည့် အမေရိကန် သမ္မတ‌ရွေးကောက်ပွဲတွင် ဆုံးဖြတ်ကြရအုံးမည်။ သမ္မတ‌ဟောင်း ဒေါ်နယ်‌‌ဒရမ့် လက်ထက်တွင် H1-b နှင့် ခေါ် ယူသော ပြည်ပ အလုပ်သမား ဦးရေ အများကြီး လျော့ချခဲ့သည်။

ယနေ့ အချိန်တွင် မြန်မာပြည်ရဲ့ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ အချက်ကောင်းလို့ သုံးသပ်မိသည်။ ၎င်းတို့ ရည်ရွယ်ချက် အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့ကြသည်။ နယ်မြေစိုးမိုးမှု နဲ့ အတူ၊ သြဇာအာဏာသည်လည်း အတူဒွန်တွဲ ပါလာသည် မဟုတ်ပါလော။ သူ့ရို့သည် သူရို့ တိုက်ယူရရှိသည့် နယ်မြေအတွက် သြဇာအာဏာကို ဆုတ်ကိုင်ထားကြလိမ့်အုံးမည်။ တနေ့က ဝ၊ ကိုးကန့် လူမျိုးတို့အကြာင်း မှတ်တမ်းတင်ထားသော (documentary) ရုပ်ရှင်ကို ကြည့်မိသည်။ ၎င်းတို့၏ ယဥ်ကျေးမှု၊ အုပ်ချုပ်မှု စနစ်တို့သည် မြေပြန့် မှ တိုင်းရင်းသားတို့ (ကျွန်တော်အပါအဝင်) ပါးစပ်အဟောင်းသားနဲ့ ကြည့်ရအောင် အလှမ်းဝေးလွန်းလှသည်။ ရခိုင်ပြည်နယ် လွတ်‌မြောက်ခဲ့မည် ဆိုရင်တောင် အနည်းဆုံး ရခိုင်ပြည်မှ အဘုချေ အကြောင်းကို ကျွန်တော်သိလိမ့်အုံးမည်။ မြန်မာနိုင်ငံရေးအကြောင်း ‌ပြောချင်ပေမယ့် ပြည်ပမှာ လွတ်မြောက်နေသူ တစ်ယောက်အနေဖြင့် ပြောချင်သည့်အရာအချို့ မြိုသိပ်ရသည်။ ပြည်တွင်းကို ပြန်ရောက်လို့ ရင်ဖတ်ချင်း နီးတဲ့အခါမှ အိတ်သွန်ဖာမှောက် ခံစားချက်တို့ကို ပြောတော့ မည်။

နှမ အလတ်မလေး အမေရိကန်နိုင်ငံ နေထိုင်ခွင့်ကံစမ်းမဲ‌ပေါက်လို့ အမေရိကန်နိုင်ငံရောက်စက ‌ပြောသည့် စကားကို မှတ်မိသည်။ နောက် သုံးနှစ်လောက်နေတဲ့ အခါ မြန်မာပြည် ပြန်မည်လို့ ကြွေးကြော်ခဲ့သည်။ ကျွန်တော်က ပြုံးပဲ ကြည့်နေခဲ့သည်။ ထိုစကားကို ကြားခဲ့ရတာ လွန်ခဲ့သော ဆယ်နှစ်‌ကျော်က။ ယနေ့ ထက်တိုင် သူကလေး ဒီနိုင်ငံမှာ ရှိနေသေးသည်။ လူ့လောက လူ့ဘဝတွေအကြောင်း နားလည် သိတတ်လွန်းလို့ အရာရာကို အပြုံးဖြင့် နားလည်စွာ ကြည့်တတ်ခဲ့ရသည်။ ခံစားချက်တို့နှင့် လက်တွေ့ ဘဝသည် အလှမ်းဝေးလွန်းလှသည်။ မည်သို့ပင် ဆိုစေ ကံစမ်းမဲပေါက်လို့ ရောက်သည်ပဲ ဖြစ်ဖြစ်၊ အတု လက်ထပ်လို့ ရောက်သည်ပဲ ဖြစ်ဖြစ် (ဟိုတလောက ဒေါ်လာ သုံးသောင်းနဲ့ လိင်တူချင်း အတုလက်ထပ်ပြီး ခေါ် လို့ရတယ်ဆိုတဲ့ သတင်းကြားမိလို့ စိတ်ဝင်တစား နားထောင်မိသေး သည်။ နောက်မှာ အော် ငါနဲ့မှ မဆိုင်တာ ဆိုပြီး စိတ်လျော့ လိုက်ရသေးသည်)၊ အများ မိုးခါရေ သောက်သလို ခိုလုံခွင့်နှင့်ပဲ နေနေ ။ အားလုံးကို ချစ်ခင်စွာ ကြိုဆိုမိသည်။ ရံဖန်ရံခါ ကျွန်တော်က ခင်ဗျားထက် စောရောက်တာ ကြာနေပြီး ဆိုပြီး နှစ်တွေ လာကြွားသူကို တွေ့ ရတတ်သည်။ ကျွန်တော်တို့ အားလုံးသည် အတူတူနှင့် အနူနူ ပဲ မဟုတ်ပါလော။ အနူနူကို လက်မခံပါက ကျွန်တော်ပဲ နူလိုက်ပါရစေ။

အဲဒီတော့ ပြောကြ ဆိုကြ ရေးကြတဲ့ အခါ အပြစ်လွတ်တဲ့ စာ၊ အပြစ်လွတ်တဲ့ စကား ဘယ်လို လုပ်ရ ပါ့လို့ မေးစရာ ရှိတာပေါ့။ ပိန်တာ၊ ဝတာ၊ အိုတာ ပျိုတာ၊ ယောင်္ကျား မိန်းမ၊ လိင်တူ လိင်ကွဲ အသားရောင် မတူတာတွေကို အပြစ်လွတ်တဲ့ စကား ပြောတတ်ဖို့ လေ့ကျင့် ယူရသည်။ လေ့လာရသည်။ တဖြည်းဖြည်းချင်းနဲ့ အပြစ်လွတ်တဲ့ စကားကို ပြောတတ်လာလိမ့်မည်။ သို့ မဟုတ်ပါ ကျွန်တော်တို့ မြန်မာ လူအဖွဲ့အစည်းသည် နွံထဲမှာ နစ်သထက် နစ်နေ အုံးမည်။ ယဥ်ကျေးမှု နောက်ကောက်ကျ ကျန်နေ အုံးမည်။

The rise of UWSA

Over the past two years, I have been following Wa Channel and Wa State TV media anticipating insights into the activities of the United Wa State Army (UWSA). Throughout this period, UWSA has maintained a relatively low profile on social media, behaving pretty well I would say, not doing anything falan falan on social media, even in the aftermath of the Myanmar military coup in February 2021, where they are sidelining their military strength.

I also wanted to see how Tun Myat Naing’s ambition align with the de facto state of Wa and his adaptation on how Wa state was shielding its territory against the arbitrary despotism of the Myanmar regime. 

Recently, it seems that the UWSA is inching closer to wielding its sovereignty and bolstering its military capabilities. I applaud for that. However, the governing principles of the state and their commitment to upholding the rule of law remain largely unknown to the Burmese people. 

I am skeptical that UWSA's inclination to extend its military campaigns to the lowlands and establish authority there. The substantial cultural differences and the unpredictable behavior of the Burmese people pose significant challenges to such an expansion. 

In revisiting the latest iteration of the United States' Burma Act, now incorporated into the National Defense Authorization Act (NDAA) 2023, I noted substantial differences from the original version introduced in the Senate and passed by the House of Representatives. This revised Burma Act appears to lend support to the National Unity Government (NUG) but does not explicitly endorse Ethnic Armed Organizations (EAOs) or People's Defense Forces (PDFs). I wonder what would entail with the latest swing of NUG’s foreign policy towards China, but I do not think it matters either way. 

Washington's political stance on Myanmar reflects a stringent criterion: anyone, be it activists, politicians, or lobbyists, who approach Washington must pass the "Rohingya exam." United States Agency for International Development's (USAID) announcement of an additional $87 million to support Rohingya refugees in December 2023. The Biden administration has also declared $116 million in humanitarian assistance for the people in Myanmar, Bangladesh, and the region. It is apparent that the U.S. aims to decisively resolve the Rohingya crisis, ensuring it does not recur. Given that this financial aid is sourced from taxpayers, it is likely that Republicans will seek to shift their focus towards domestic affairs in the long run

The Novice

If I recollect my fading memories in the most nostalgic way; longing the friendship we had, it was one of mellow and slow-moving days toward the end of summer time in Nara; the city I personally find certain resemblance of my hometown, Mandalay, in many different ways. For instance, people of Nara speak distinct dialog different from Tokyo for that one could only fathom how the culture of past monarchy in the region still influence in ordinary daily life. We were just strolling along side of deer park where deer were freely roaming around occasionally in close contact with human visitors. Her eyes were glistering with excitement and full of curiosity about me. On contrary, I was quite and shy one at the receiving end by simply answering the series of questions throwing at me without seemingly to stop.

“Chris-san. were you a monk when you are young?” she asked. “You mean novice?” understanding what she meant to ask and confirming her question.

She said, “yes”. To my pleasant surprise with a bit of bewilderment and amusement to her question while my mind was processing every possible social misfortune whether I had revealed my protected childhood memory to someone she might know.

I asked. “How do you know?”

“Every Burmese men have to be a monk when they are young, right?”. She must have done her homework about Burmese men and culture.

“Ah. so desu ne”. I confessed in her language while my mind was slipping away to my childhood when I was a novice simply following the cultural footsteps of every Burmese boy who entered into novicehood at the age of 10 to 20 years old.

I was only 10 years old when I became a little monk wearing saffron robe.

It was a very important ceremony and big event for my parents. A month before the ceremony, I was sent to monastery in order to understand Buddhist teachings and learn prayers.

My grandmother used to offer rice, and occasionally combine with dishes whenever there was a special event, to every monk who stop by at the front door of our house every morning before I was born. I was told that one of those monks who received my grandmother’s offering became the head monk of the monastery after a few years. He also became a regular monk receiving my mother’s offerings every morning after my grandmother retired from her daily routine.

The time comes when I reached 10 years old, my parents started planning to ordain me as a young monk along with my sister and cousins. Girls will be prepared for becoming nun, but all focus are on boys who be entering into young monkhood officially. Head monk took me as his disciple and guided me with moral principles according to Buddhist way of teaching a month before my ordain ceremony.

It was a very foundation of Burmese society how religion and ordinary citizens are knitted together. It can also be reckoned as a sense of how Buddhist monk repaying their obligation to the families of offering charitable deeds to them, and therefore in return they preach Buddhism and teach Buddhist way of living.

I was regarded as the most intelligence one among other disciples by head monk. I could recite Buddhist prayers both basic and advanced ones. Buddhist prayers are composed of Pali language, classical and liturgical language of the Theravāda Buddhist canon, a Middle Indo-Aryan language of north Indian origin akin to Sanskrit dialects. The same way how Catholic monk reciting prayers in Latin.

It was a grand ceremony according to our lower-middle class family standard. Free flow of foods was served to everyone along with family, friends, and relatives who came and observed me as a little boy going to become a novice. My head was shaved in front of the monk while my parents were holding each end of the shaving cloth to collect my hairs. Once my head was shaved, I squatted down in front of the monk and held my saffron robe and reciting prayers in a way of asking permission to wear the holy robe. The head monk gave his blessing, and I was officially ordained to be a novice.

I was sent to a monastery at the age of 10 after the ceremony, and it was the first time I was supposed to sleep away from my parent especially from my grandmother. I did not know how to handle the loneliness. I was just only a child among other novices whom I did not know anyone. Traditionally, I was expected to stay in monastery at lest seven days but as soon as the light went down, I run away from monastery and went back home to sleep with my grandmother as usual. The next morning, I was playing with my friend outside of my house. My holy saffron robe was gone, and I became a layboy again. I do not know how much money my parents spent for that day just for only I lasted one night being as a novice.

To this day, Buddhist Burmese men are still regarded and expected to be a novice or monk at some point of their life. Some goes extra length and never come back to become a layperson again. Some only latest a few hours. Nevertheless, there are always certain people, outside of Burmese culture, who are always fascinated about Burmese culture and our way of thinking

EAOs advancement



I have been cautiously following the recent orchestrated large-scale military campaign launched by coordination between ethnic armed organizations and people defense forces against Myanmar military, police, and militia groups across northern Shan State. I do not know the level of collaboration between ethnic armed organizations and people defense forces in term of financial and tactical weapons, but the alliance of EAOs, which includes the Myanmar National Democratic Alliance Army (MNDAA), Ta’ang National Liberation Army (TNLA) and Arakan Army (AA), is claiming victory over hundreds of Myanmar’s military strongholds and took control of several towns, including strategic areas and key border crossings with China. 

There has been speculation among certain groups of political commentators saying that China was backing up behind the attack which is utterly unlikely the case in my opinion. In fact, on the other contrary, prolonged civil war is hindering the progress of Beijing’s investment and businesses in Myanmar. Nevertheless, the victory of the recent campaign was applauded by the people of Myanmar and saw it as a sign of hope after Myanmar military’s bloody crack down and inhumane tactic on citizens who oppose regime. 

It is absolutely crucial that EAOs shall maintain their strong foothold and defense the cities they captured from potential counterattack by military regime. The question is how EAOs will do it? For decades, ethnic armed groups (EAOs) in Myanmar have created various money streams to expand their troops and buy tactical weapons by mean of extorting “protection” payments, ဆတ်ကြေး, from smugglers, engaging in illicit logging and jade mining projects, and trafficking drugs. With the implementation of “Business for Peace” (B4P) platform back in 2013, Myanmar has greatly suffered massive environmental degradation due to deforestation and unregulated mining. 

The quid pro quo agreement between EAOs and former Myanmar’s governments to adopt B4P only benefited to the elite group of people for decades. 

It is an inevitable fact that EAOs are in desperate need of fundings and additional resources to sustain their victory over time. The same goes to Myanmar military regime as well. The news streaming from northern Myanmar about MNDAA’s practice, similar tactic as Myanmar military regime, by kidnapping ordinary citizens and asking for ransom money to raise their funding was very concerning as it has already been causing dislike and major concern among local people. I came to aware a few weeks ago that my loved ones were forced to make extorting “protection” payments. Instead, it should have been volunteered funding to support the cause of the downfall of Myanmar’s military. 

In order to resolve this dire situation, EAOs has no other way except trafficking drugs which would ethically outweigh our educated conscious mind. Donation alone is not a sustainable solution in the long run. The longer this war is dragging on, the unintended consequences are unprecedented and paramount in the future

အပိုင်းဆက် မသိတဲ့ မြကြည်

ညသည် တိတ်ဆိတ်လွန်းလှသည်။ အထူးသဖြင့် လျှပ်စစ်မီး အစဥ်ပြတ်တောက်လေ့ရှိတဲ့ လောင်းကြီးပုတီးကုန်ရွာမှာ ပိုပြီး တိတ်ဆိတ်လွန်းလှသည်ဟုထင်သည်။ လျှပ်စစ်မီးကို အမှီသဟဲပြုရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ညရဲ့ သဘာဝအောက်မှ အတုံးအရုန်း ရှုံးနိမ့်ကြဆုံးကုန်ကြရသည်။ လရောင်တွေ ဂုဏ်တက်တဲ့ည။ ကြယ်ရောင်တွေ မြူးတူးခုန်ပေါက်တဲ့ ညတွေလည်းဖြစ်သည်။ မြန်မာပြည် ကျေးလက်တောရွာတနေရာက တဲအိမ်တစ်အိမ်ရဲ့ ကွတ်ပြစ်ပေါ်မှာ လှဲလျောင်းနေရင်း အနောက်တိုင်းတေးဂီတ ပေါ့တစ်(ရှ်)ဟတ်တီဝိုင်းရဲ့ သံစဥ်နားထောင်နေသူ သူမအတွက် မတူညီတဲ့ ယဥ်ကျေးမှုနှစ်ခု အားပြိုင်အလဲထိုးကြသည့် ကြိုးဝိုင်းထဲက ဒိုင်လူကြီးတစ်ယောက်လိုခံစားရသည်။ အမြင်အာရုံက ဆူးပုတ်၊ ထနှောင်းပင်တို့ ဝန်းရံထားတဲ့ ကျေးလက်ကရွာ။ နေ့လည်ခင်းက နွားလှည်းတို့ ဖြတ်မောင်းထားသော ဖုန်းထူထူနှင့်မြေလမ်းသည် ညကြတော့ တိတ်တဆိပ် လှဲလျောင်းနေသည်ကို ကွတ်ပြစ်‌ပေါ်က လှမ်းကြည့်ရင်း မြင်ရသည်။ သစ်တိုသစ်စတို့နှင့် ကျိုးပဲ့နေတဲ့ ခြံစည်းရိုးက ခြံဝင်းထဲ လူဝင်ရင်တောင် သူရို့နှင့် မဆိုင်သလို မသိကျိုးကျွံပြုကြသည်။ အိမ်နောက်ဖေး နွားတင်းကုတ်က နွားခြေးနံ့က ညလေတိုက်တဲ့အခါ အိမ်ရှေ့အထိ လွင့်ပါလာလေ့ရှိသည်။ ထိုအမြင်နှင့် အနံ့အာရုံ နှစ်ခုကြားထဲမှာ ညင်ညင်သားတိုးဝင်လာတဲ့ အကြားအာရုံရဲ့ ခံစားချက်က လုံးလုံးကြီး အပ်စပ်လို့ မရ။ ဆွဲဆွဲမြေ့မြေ့ သီဆိုနေတဲ့ အနောက်တိုင်းသူ အဆိုတော်တစ်ယောက်ရဲ့ ခံစားချက်က ပိုပြီး ထူးဆန်းတဲ့ ရသကိုပေးနေတယ်လို့ မြကြည် ခံစားရသည်။ ထိုအရသာကို ကြိုက်သည်။ ထူးဆန်းပြီး ဆန်းသစ်တယ်လို့ ထင်သည်။ မောင့်ကိုတောင် ပြောပြဖူးသည်။ ခေတ်မှီတိုးတက်တဲ့ နိုင်ငံမှာခရီးသွားနေတုံး နိုင်ငံခြားကအမြန်ရထားပေါ်မှာ နေလင်း‌အောင်ရဲ့သိုင်းဝတ္ထုဖတ်တဲ့ လူတစ်ယောက်အကြောင်း။ အဲဒီလူအကြောင်းပြောပြီး ဟာသလုပ်ခဲ့အမျှ။ အခုတော့ ကာလဝိပါက် နောက်ပိုးတက်ပြီး ကံကြမ္မာရဟတ်တစ်ပတ်လည်တယ်ထင်ပါရဲ့။



တိုးတိုးညင်းညင်း ဖွင့်ထားတဲ့ သီချင်းသံကို နားထောင်နေရင်း မောင့်ကို သတိရမိသည်။ မောင်နဲ့ စသိတော့ မောင်နားထောင်တဲ့ သီချင်းတွေကြောင့် အံသြမိသည်။ မောင်က ရိုးရိုးသာမန် လူသိထင်ရှားမရှိတဲ့ အဆိုတော်တွေနဲ့ သူတို့ တီးခတ်တဲ့ သံစဥ်တွေကို မြတ်မြတ်နိုးနိုး နားထောင်လေ့ရှိသည်။ ရံဖန်ရံခါ အမျိုးသမီးတေးသံရှင်တွေကိုလည်း စွဲစွဲမြဲမြဲ နားထောင်သည်။ မောင့်က ယောင်္ကျားလေးဖြစ်ပြီး ဘာဖြစ်လို့ မိန်းမတွေဆိုတဲ့ သီချင်းတွေ နား‌ထောင်တာလဲလို့ မြကြည်က စကားနာထိုးတော့ မောင်က တဟားဟား အော်ရီသည်။ မောင်က ရီမောစရာရှိရင် လူတွေကြားထဲလည်း ခွက်ထိုးခွက်လှန်ရီမောလေ့ရှိသည်။ မိန်းမတွေ သီဆိုတဲ့ သီချင်းနဲ့ သူရို့ခံစားချက်ကို နားထောင်တတ်ရဖို့ ယောင်္ကျားမိန်မ မရွေး လူရဲ့ နှလုံးသားက လိုအပ်တယ်လို မောင်က ပြောတယ်။ မြကြည်နားထောင်တဲ့ သီချင်းတွေကြည့်ပြီး မောင်က ကလီရှေး(clichéd) လို့ ပြောရင် မြကြည် မကျေနပ်။ မောင့်ရဲ့ ဂီတရသ အကြိုက်တွေနဲ့ မြကြည် ထိတွေ့ နားလည်ထားတဲ့ တေးဂီတ၊ စာပေတို့က လားလားမျှ မတူညီကြချေ။ မြကြည် မထိတွေ့ မခံစားဖူးတာကြောင့်လည်း ဖြစ်သည်။

မောင်ရှိမှ မြကြည် လုံခြုံမှုကို ခံစားရသည်။ ညတွေ ညဥ့်နက်အထိ အလုပ်လုပ်လို့ အလုပ်ပြီးမှ အိပ်ခန်းထဲဝင်လာတဲ့ မောင့်ခြေသံကြောင့် "မောင်"လို့ယောင်ရမ်းအော်ခေါ်ပြီး မြကြည် လန့်နိုးတဲ့အခါ "ကလေး" လို့ မောင့်ရဲ့ ညင်သာပြီး ကြင်နာမှုအပြည့်ပါတဲ့တုံ့ပြန်သံကြားမှ စိတ်ချလက်ချ ပြန်ပြီးအိပ်ပျော်လေ့ရှိသည်။

သူများတွေ အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေး ဒီကမ္ဘာမှာ မရှိသေးဘူးဆိုတဲ့အကြောင်း ငိုကြွေးငြီးတွားပြီး သီချင်းလုပ်ပြီးဆိုနေတဲ့အချိန် မောင်မှာ အဲဒီဆေးတွေကို ဘူးကြီး ဘူးငယ်တွေနှင့် အပြည့် ရှိနေသည်။

ဘာသာရေးရဲ့ ရိုက်ခတ်မှုများ

ကျွန်တော်တို့ မြန်မာယဥ်ကျေးမှုတွင် တဆင့်စကား တဆင့်နားဆိုသည့် သဘောသဘာဝသည် အများကြီးသက်ရောက်သည်။ စီးပွားရေး သဘောတရား၊ ပညာရေး သဘောတရားတို့တွင် အောက်ခြေမှ စတက်ရတယ်ဆိုတဲ့ ပညတ်တွေရှိသည်။ ဘာသာရေးတွင်လည်း ထိုသဘောတရားနှင့် မလွတ်ချေ။ တန်ခိုးကြီး ဘုရားများ၊ တရားဟောပုဂ္ဂိုလ်တို့သည်လည်း သာမန် နတ်ကွန်းဆန်ဆန်၊ သာမန် ကျမ်းစာဖတ် ပုဂ္ဂိုလ်အဆင့်မှ တက်ရသည်။ ဘုရင်တွေ၊ ဧကရာဇ်တွေကြောင့် ဖြတ်လမ်းမှတက်ပြီး တန်ခိုးကြီးသွားသော ဘုရားဆင်းတု၊ တရားဟောပုဂ္ဂိုလ်များ ရှိသလို၊ တစ်ခေတ်ပြီးမှ တစ်ခေတ် တန်ခိုးဖြည်းဖြည်းချင်းတက်ရသော ဘုရားဆင်းတုများလည်းရှိကြသည်။ 

အရင်တုံးကတော့ ဆိုက်ကားသမားကိုးကွယ်သည်။ ဆိုက်ကားသမားက စွမ်းတယ်၊ မှန်တယ်လို့ ညွှန်းလိုက်လို့ ကျောင်းဆရာကိုးကွယ်သည်။ ကျောင်းဆရာက စွမ်းတယ်၊ မှန်တယ်လို့ ညွှန်းလိုက်လို့ ကျောင်းသားမိဘ ကိုးကွယ်သည်။ တဖန် ကျောင်းသားမိဘက စွမ်းတယ်လို့ ညွှန်းလိုက်လို့ မင်းဆရာ မိန်းမကိုးကွယ်သည်။ မင်းဆရာမိန်းမ ကိုးကွယ်လို့ ရုပ်ရှင်မင်းသား ကိုးကွယ်သည်။ ရှပ်ရှင်မင်းသား ကိုးကွယ်လို့ ဆိုက်ကားသမား တစ်ရပ်ကွက်လုံးလိုက်ပြီးကိုးကွယ်ကြသည်။ ဒီလိုနှင့် တဖြည်းဖြည်းချင်းတက်ရသည်။ တကယ့်ဖြစ်စဥ်ကတော့ ပိုပြီး သိမ်မွေ့ ရှုပ်ထွေးတာပေါ့။ ၎င်းတို့၏ မူလဘူတကို တကူးတက မည်သူကမျှ ဝေဖန်ဆန်းစစ်ခြင်း လုပ်မနေတော့ချေ။ အရှိသဘောကိုပဲ လွယ်လင့်တကူလက်ခံတတ်ကြသည့် သဘောရှိသည်။ 

ဘာသာရေးကို အရေခြုံ၊ နီးစပ်ရာ အသိုင်းအဝိုင်းကို စွမ်းတယ်လို့ လှုံ့ဆော်ခိုင်းလိုက်ခြင်းဖြင့် လွယ်လင့်တကူ တန်ခိုး သြဇာ ရအောင်လုပ်လို့ရနိုင်သည့် လူ့ပတ်ဝန်းကျင်ဖြစ်သည်။ မျက်လွှာချပြီး သိမ်သိမ်မွေ့မွေ့ တရားစကားပြောပါက စျာန်ရပုဂ္ဂိုလ်အဖြစ် အထင်ခံရနိုင်ဖွယ်ရှိသည်။ သို့သော် တကယ့်ပိုမိုကျယ်ပြန့်သည့် လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ယျထာဘူတကျကျ ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည် မရှိကြချေ။ စစ်ကိုင်းတောင်ရိုး သီတဂူချောင်ထွက် ဘာသာရေးပုဂ္ဂိုလ်သည်လည်း ထိုနည်းနှင်နှင်ပင်။ ငယ်စဥ်က ရပ်ကွက်တရားဟောပွဲများတွင် တွေ့ဖူး ကြုံဖူးသည်။ လူတို့သည် တန်ခိုး သြဇာ အခြွေအရံတို့ ရှိလာသည့်အခါ မာန်တက်တတ်သည့် သဘောရှိသည်။ စီပွားရေး အောင်မြင်သူတို့ စီးပွားရေးမာန်တတ် တတ်ကြသည်။ ပညာထူးချွန်သူတို့ ပညာမာန်တတ်တတ်ကြသည်။(ဖောလိုဝါများသူတို့ ဖေ့ဘုတ်မာန်တက်သလိုပင်။ 😁ခိ) ထိုသဘောပင်။ 

ထိုကဲ့သို့ ဘာသာရေးမာန်ရှိသည့် တရားဟော ပုဂ္ဂိုလ်တို့သည် ယဥ်ကျေးမှုအရ သိမ်မွေ့ နှိမ့်ချသော ဘာသာရေးကိုင်းရှိုင်းသူတို့၏ ကျောကုန်းကို လှေကားထစ်သဖွယ် အသုံးချပြီး ၎င်းတို့ ဘာသာရေး ပန်းတိုင်ကို တက်ကြရသည်။ 

ရုပ်ထု၊ ပန်ချီရုပ်ပုံလွှာတို့သည် ခေတ်ရေစီးကို အံတုနိုင်သည့် သဘောသဘာဝလည်း ရှိသည်။ ထို့ကြောင့် တရားဟောဆရာ တော်တော်များများသည် ၎င်းတို့ ပုံတူ ရုပ်တု၊ ပန်ချီကားတို့ကို ဖန်တီးလိုကြသည်။ ၎င်းတို့ ကိုးကွယ်ခံရမှု သမိုင်းကို အဒွန့်ရှည်စေလိုသည်။ ဖြစ်လေ့ဖြစ်ထရှိသည့် လူ့သဘော၊ လူ့အတ္တဖြစ်သည်။ သရီးဒီနည်းပညာကို စမ်းသပ်သည့် ကာလတုံးက ၎င်းတို့ ပုံတူ ထုဆစ်လိုသော ဘာသာရေး တရားဟောဆရာများကို ကြုံရသည်။ 

 လွတ်လပ်မှုတို့ ပျောက်ဆုံးပြီး အခြေခံလူ့အခွင့်အရေးတို့ ဆုံးရှုံးလို့ ခိုကိုးရာမဲ့တဲ့အခါ ဘာသာရေး တရားဟောဆရာတို့ လက်ခမောင်း တဖျောင်းဖျောင်းခတ်ရသည့် ခေတ်ဖြစ်သည်။ လောက သစ္စာတရားကိုကြတော့ စိုးစင်မျှမသိကြချေ။ ကျမ်းစာအုပ်ဖတ်ပြီးဟောသော တရားထက် ပလက်ဖောင်း‌ခေါင်းခုအိပ်ပြီး လောကနိယာမ ပညတ်တွေကို သိရှိနားလည်သူကို ပိုပြီး သဘောကျသည်။ 

ဒီလိုပြောလို့ ဘာသာရေး တရားဟောဆရာတိုင်းကို မဆိုလိုချေ။ ဉာဏ်ရည်အဆင့် ပြည့်ဝပြီး လူ့လောက ပရမတ်သဘောကို နားလည်သော တရားဟောဆရာတစ်ယောက်ကို ကြုံဖူးသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြတော့ ကျွန်တော်လေးစားသည်။ . စန္တရားတွင် ခလုတ်များစွာရှိသည်။ ခလုတ်တိုင်းတွင် ၎င်းတို့ ကိုယ်ပိုင်သံစဥ်လှိုင်းများရှိသည်။ မေဂျာကော့ (major cords) များကို ပျော်ရွှင် လန်းဆန်းတဲ့ ‌ကော့များအဖြစ် သတ်မှတ်လေ့ရှိကြပြီး မိုင်နာကော့ ( minor cords) များကို ဝမ်းနည်း ပူဆွေးစရာ များအဖြစ် သတ်မှတ်ကြသည်။ ကျွန်တော်စာရေးသည့်အခါ အစွန်းမရောက်အောင် ရေးလေ့ရှိသည်။ ဒီမိုကရက်တွေ ကြီးစိုးတဲ့ နယူးယောက်မှာ လူမျိုးရေး၊ ကျားမတန်းတူ ဖြစ်ရေး၊ ကျားမ မခွဲခြားတဲ့ စကားလုံး အသုံးပြုပုံ အစရှိတဲ့ ပညာပေးတွေ ခဏခဏ တက်ရလို့ ထင်ပါရဲ့။ .

 သို့သော် ဒီနေ့တော့ မိုင်နာကော့တွေကို တစ်လှေကြီး တီးခတ်ပြီး စာရေးမိသည်။