တရားနောက်က မုဆိုးစကား




တိုးဝှေ့ ဝင်လာတဲ့ လေသံသဲ့သဲ့
နားစည်မှာ တီးတိုးစွာရိုက်ခတ်
တရားသံလား မုဆိုးသံလား
အယဥ်လား အရိုင်းလား
အရေခြုံထားတဲ့ စကား
တရားနောက်က ပစ်လိုက်တဲ့ မုဆိုးစကား။
.
ကလိမ်စေ့ကို ငြမ်းဆင်လို့
ဘုရားတည်ပြတဲ့ ပြယုဒ်
အပွေးမြင်ရုံနဲ့ အပင်မသိနိုင်ဘူး
မိစ္ဆာမြားဟာ အဆိပ်ပြင်းလို့
ဖြူစင်သူတွေ အတုံးအရုံးကျရှုံးရတယ်။
.
မြန်မာဟာ နှစ်ပိုင်းကွဲသွားတယ်ဆိုရင်
တဖက်က ငရဲ၊ တဖက်က နတ်ပြည်
အလင်းနဲ့ အမှောင်၊ ယင် နဲ့ ယန်
ဘယ်ဖက်ခြမ်းမှာ နေကြမလဲလို့
ရွေးချယ်ခွင့် ပေးခဲ့ရင်
"မင်းတပ်” ကလူတွေ ရီကြလိမ့်မယ်
"အထက်အညာ"ကလူတွေ ရီကြလိမ့်မယ်
အရိုးပြာပုံဖြစ် ချောင်းမှာသွေးစီးလို့
"သေသော်မှတည့် သြော် ကောင်း၏" ဆိုတဲ့
ရွေးချယ်တဲ့လမ်း ရှောက်လှမ်းသူကို
လှမ်းမျော်ကြည့်ရင်း သိမ်ငယ်မိသည်။
.
လောကဓံလည်း နောကျေလို့
ရီသံနောက်က ငိုသံတွေ
ငိုသံနောက်က ရီသံတွေ
ခွဲခြားကြည့်ရင်း
နားထောင်မိတယ်
တရားနောက်က မုဆိုးစကား။

ညိုစိမ့်

ညိုစိမ့်သည် စိတ်ကူးယဥ်သက်သက်ဟု ဆိုသော်လည်း ကြားသိရသည့် အဖြစ်အပျက်မှန် အပိုင်းအစတို့ကို ပေါင်းစပ် ဖန်တီးထားသူလည်း ဖြစ်သည်။ 

ရသစာ မရေးတာ ကြာတော့ စကားလုံးတွေကို စိတ်တိုင်း မကျ။ တခုခု လိုနေသည်ဟု အမြဲတမ်း ခံစားရသည်။ သို့သော်လည်း ရသသည် အထိန်းအကွပ်မဲ့နေတတ်သော နှလုံးသားဆင်ကို ချွန်းအုပ်ပေးလေ့ရှိတတ်သည် မဟုတ်ပါလော။ 

ညိုစိမ့် ဆိုသည့် နာမည်လေးကို နှစ်သက်မိသည်။ 

 ညိုညက်ကလေးကို လက်ဖက်ရည်ဆိမ့်ဆိမ့်လေး နဲ့ တွဲပြီး ကြည့်နေ ရသလိုမျိုး။ 

 ထို့ကြောင့် ဆိမ့်ကို စိမ့် လို့ ပြောင်းသုံးလိုက်သည်။ 

 ချစ်ခြင်းမေတ္တာတို့ စိမ့်စမ်းရေလို စီးကျတတ်‌စေသား။
အခန်းတံခါးဆီမှ "တီ" "တီ" ဆိုပြီး တီးသံ သဲ့သဲ့ မြည်သည်။ 

နာရီကြည့်လိုက်တော့ ည ၉-နာရီထိုးလုပြီ။ 

ဆေးလက်စ ထမင်းအိုးကို ခဏချပြီး ကိုဘမောင်ကို လှမ်းပြောရသည်။ 

"ကိုဘမောင် ကျွန်မ သွားတော့မယ်.. ထမင်းအိုးကို ဆက်တည်ထားလိုက်အုံး" ပြောလည်း ပြော၊ ခြေလှမ်းက အလှပြင်ခုံဘက် လျှောက်သွားရင်း ကုန်လုနီးပါး လက်ကျန် မိတ်ကပ်ဖူး ကို စဥ်းစားမိသည်။ 

"ဒီမိတ်ကပ်ဖူးလေးကိုတော့ ချန်ထားအုံးမှ၊ ပွဲရှိရင် တက်ရအောင်လို့" ဆိုပြီး တွေးမိသည်။ 

ရွာမှာ ဒီအချိန်ဆို ပွဲတွေ ရှိတတ်သည်။ အခုများတော့ ရွာပျက်လို့ တရွာလုံးက ရွာခံလူတွေ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်ပြီလည်း မသိတော့ချေ။ မိသားစုတွေ ဥကွဲလို့ သိုက်ပျက်ကုန်ကြသည်။ 


"ပွဲတက်ရအောင် ရန်ကုန်မှာ ဘယ်ပွဲကို တက်ရမှာလဲ" လို့ အတွေးမျှင်တန်းတွေ တသီကြီး ဆွဲဆန့်ရင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ 

"‌ပေါင်ဒါ မှုန့် လောက်နဲ့ပဲ မျက်နှာတို့ပြီး လိုက်သွားတော့မယ်လို့" လို့ ညိုစိမ့် တွေးမိသည်။ မိတ်ကပ်ဖူးသစ် ထပ် မဝယ်နိုင်သေး။ ရှိတာလေးနှင့် လှအောင်တော့ ညိုစိမ့် ပြင်ဆင်တတ်သည်။ 

အရာရာသည် ဇာတ်တိုက်ထားသလို။ ဘဝရဲ့ ဇာတ်ညွှန်းရေးထားသလို အလုပ်တွေ တခုပြီး တခု ဆက်တိုက်လုပ်ရသည်။ 

ဘဝမှာ ရှင်သန်ဖို့ဟာ အဓိက မဟုတ်ပေဘူးလား။ 



သူကိုယ်သူ လှမှန်း ညိုစိမ့်သိသည်။ 

 ညိုစိမ့်တွင် ဆန့်ကျင်ဖက်လိင်တို့ကို ဆွဲဆောင်နိုင်သော အလှရှိသည်။ အထက်အညာမှာမွေးပြီး ကျေးလက်မှာ ကြီးပြင်းလာခဲ့တာဆိုပေမဲ့ သူ့ အသားအရည်က ချောမွေ့ ပြေပြစ်သည်။ 

 နေလောင်ဒဏ် အမြဲတမ်း ထိထားသည့် အသားအရည်မျိုး မဟုတ်။ အညာသူလို့ ဆိုပေမဲ့ ညိုပြာညက် မဟုတ်ပဲ အသားအရည်က ညိုဝင်းသည့်ဖက်ကို ကူးသွားသည်။ 
မျက်လုံးရွဲရွဲတို့ဖြင် စွေကြည့်တတ်သေးသည်။ 

ဘဝပေး ကုသိုလ်ကြောင့်လားမသိ။ အမေက နာမည်ပေးထားတာက ညိုစိမ့်။ 

 ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို နာမည်ကြောင့် လူက လှသွားတာလား။ အသက်သုံးဆယ်အရွယ်အထိ ခြေတံ လက်တံတို့ သွယ်စင်း နေတုံး။ လုံးကြီးပေါက်လှဖက်ကို ကူးမသွားသေးချေ။ 

ဖေ့ဘုတ်ကတွေ့သမျှ ဆောင်ရန် ရှောင်ရန် ကျန်းမာရေး ပညာပေးမှန်သမျှ ညိုစိမ့် အကုန်လိုက်လုပ်သည်။ 

 ညိုစိမ့်က အတန်းပညာ ၄-တန်းတောင် မအောင်ပေမဲ့ ဖေ့ဘုတ် ကောင်းကောင်း သုံးတတ်သည်။ 
ကိုဘမောင်နဲ့ က ငယ်ချစ်။ ရွာမှာ အတူတူကြီးပြင်းလာကြတဲ့ အတွင်းသိ အစင်းသိတွေ။ ငယ်ငယ် ရွယ်ရွယ်နှင့် အိမ်ထောင်ကျသည်။ ညိုစိမ့်တို့ လင်မယား နှစ်ယောက်လုံး ပျော်သည်။ 

ဘဝသည် ပြီးပြည့်စုံသည်လို့ ထင်မှတ်ထားခဲ့သည်။ ညိုစိမ့် လို အချောအလှကို ရထားတော့ ကိုဘမောင်သည် ရွာထဲမှာ ဂုဏ်အယူဆုံး လူသား။ ထိုပျော်ရွင်မှုတို့ တာရှည်မခံ။ 

သူတို့ ဘဝအိမ်တွေ ကျိုးပဲ့ ပျက်စီးရသည်။ ပြည်တွင်းစစ်မှာ သူတို့ ရွာ ဗုံးကြဲခံရသည်။ 
လူမမယ်ကလေးကအစ သေကြေပျက်ဆီးကြရသည်။ 

 ညိုစိမ့်တို့ မိဘတွေလည်း ဗုံးဒဏ်သင့်လို့ ဘဝနိဂုံး ချုပ်ငြိမ်းကြသည်။ အသက်ရှင်ကျန်သူတို့မှာကား သေသူထက် ဆိုးသည်။ 
သေသူတို့က ဘဝမီးအိမ် ချုပ်ငြိမ်းသွားကြရသော်လည်း ရှင်သူတို့ မှာကား ဘဝမီးအိမ် လောင်မြိုက်လို့ ကျန်ခဲ့သည်။ မွေးဖွားရာ ကျေးလက်ဇာတိကို စွန့်ခွာကြရသည်။ 

 ဘဝမီးအိမ်က လောင်မြိုက်လို့ ကောင်းတုံး။ သွားလေရာ ဘဝအပူမီးက တောက်လောင်လို့ နေသည်။ 

ဘဝဇာတ်ဆရာ အလိုကျ ဇာတ်ညွှန်းအတိုင်း ဘဝမှာ ကပြ အသုံးတော် ခံကြရအုံးမည်။ 


ညိုစိမ့်တို့ လင်မယား ရန်ကုန် ရောက်လာကြသည်။ ပိုင်ဆိုင်မှုဆိုတာ ဘာမှ မရှိ။ ဆွေမျိုး အသိဆိုတာလည်း မရှိ။ 

အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်။ ဘဝမှာ ပေါက်တဲ့ နဖူး မထူးတော့ဘူးရယ်လို့ ဆုံးဖြတ်ချက် ချပြီး လာကြသည်။ သေလည်း မထူး၊ နေလည်း မထူးတော့သည့် ညိုစိမ့်တို့လိုလူတွေ ပြည်တွင်းစစ် လှိုင်းပုတ်လို့ ဘဝပင်လယ်ပြင်မှာ ကူးခတ်ကြရအုံးမည်။ 

ဘဝမီးအိမ် လောင်မြိုက်တာ ရှင်သူတို့ ငရဲခံနေရသည့် အလား။ ညိုစိမ့်တို့က ပညာမတတ်။ 

ရန်ကုန်ရောက်တော့ ကြုံသလို အဆင်သင့်တဲ့ နေရာမှာ တဲထိုးနေရသည်။ ပြည်တွင်းစစ် လှိုင်းပုတ်လို့ ကမ်းပေါ်တင်လာတဲ့သူ အချင်းချင်း စုပေါင်းနေကြရသည်။ 

ရန်ကုန်ရောက်တော့ ကိုဘမောင်က ကုန်ထမ်းသည်။ ညိုစိမ့် ဘာမှ မလုပ်တတ်။ 

 လမ်းဘေးတဲထဲမှာ နေပြီး ဘမောင် အိမ်ပြန်လမ်းကို အမြဲလှမ်းမျှော်ကြည့်ရသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာကို ဖြည့်ရသည်။ အလျင် မမှီ။ 

အစာ စားရသည့် ရက်တွေ ရှိသလို အစာငတ်လို့ ဗိုက်မှောက်ပြီး နေရသည့် ရက်တွေ လည်း ရှိပြန်သည်။ 

ရက်တွေ ကုန်ဆုံးလို့ လတွေ ချီလာခဲ့သည်။ 
 ဘာလိုလိုနှင့် ညိုစိမ့်တို့ ရန်ကုန်ရောက်တာ ခြောက်လကျော် ပြီ။ 

တစ်ရက် ကိုဘမောင် အိမ်ပြန်လာတာ လူနာတင် ကားနဲ့။ အလုပ်မှာ ကုန်ပိလို့ ခြေထောက်ကျိုးသည်။ 
 ဆေးခန်းသွားပြီး ဆေးကုသဖို့ ပိုက်ဆံ မရှိလို့ အိမ်ပြန်ပို့ခံရသည်။ 

အော် ဘဝဇာတ်ဆရာရဲ့ ဇာတ်ညွှန်းက ဒီလိုလားလို့ ရင်ပတ်စည်တီး မချိတင်ကဲ ဖြစ်ရသည်။ 

 ညိုစိမ့်တို့ လင်မယား ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံမှာ ကပြ အသုံးတော် ခံရအုံးမည်။ 

ရှင်သန်ဖို့သာ အဓိကလို့ ဆိုကြတယ်ဆိုလျင် ဆာလောင်ခြင်း ဝေဒနာတွေနှင့်အတူ ရှင်သန်နေရတဲ့ ဘဝကို လူတွေ မသိကြသေးလို ဖြစ်ပါလိမ့်မည်။ 


ကိုဘမောင် ခြေထောက် ကျိုးတော့ ဝင်ငွေ မရှိ။ 
စားစရာ မရှိ။ 
မျက်နှာကို အောက်ကျို့ လို့ ဘေးအိမ်က မလှတင်တို့ မိသားစုကို အားကိုးရသည်။ 

ဘေးအိမ်လို့ဆိုတာ မလှတင်တို့ မိသားစုလည်း သူတို့လို ဘဝတူတွေ ဖြစ်သည်။ 
မလှတင်တို့က ရခိုင်ဖက်က ‌ထွက်ပြေးလာတာလို့ ပြောဖူးသည်။ ယောင်္ကျား မရှိ။ 

မအေတစ်ခု သမီးတစ်ခု နှစ်ယောက်တည်း။ ဆွေမျိုး မရှိသူတွေ ဒီလိုပဲ သင့်တော်ရာမှာ တဲထိုး နေကြရင်း သိကျွမ်းကြရသည်။ 

မလှတင်တို့က အစားအသောက် ပုံမှန် စားနိုင် သောက်နိုင်ကြသည်။ 
 ရံဖန်ရံခါ သူတို့ကျွေးလို့ ဘဲကင် ဆိုတာလည်း စားဖူးသည်။ ဟော့ပေါ့ ဆိုတာလည်း ချိုင့် နဲ့ ထည့်ပြီး လာကျွေးလို့ စားဖူးပြီ။ မလှတင် သမီးက ပိုက်ဆံရှာပြီး ကျွေးနေတယ်လို့ သိရသည်။ 

ညနေဆိုလျင် ကားလေးတစ်စီးလာခေါ် ပြီး မလှတင်သမီး ပါသွားတတ်သည်။ 
သူ့ သမီးက အလွန်ဆုံး ရှိမှ ၁၈-နှစ်ကျော်ပေါ့။ 

မလှတင်တို့ ကျွေးတာ စားနေရတာ ကြာလာတော့ တနေ့ မလှတင် စကားဆိုသည်။ 
"ညိုစိမ့် ညည်း ငါ့ သမီးနဲ့ ညနေ လိုက်သွားပါလား" တဲ့. 

ထိုနေက ညိုစိမ့် တစ်ယောက် မလှတင်နဲ့ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ 

ကိုဘမောင်က အိမ်ရာထဲမှာ လှဲလို့ နေရတုံး။ မှတ်မှတ်ရရ. မလှတင် ပြောတဲ့ စကား။ 
"ရှင်သန်ခြင်းဖို့က အရေးကြီးတယ် အေ့" တဲ့။ 

 သူတို့လို လူတွေ အတွက် ရွေးချယ်စရာ များများစားစား မရှိ။ 

ကိုယ်ကျင့်တရားတွေ ၊ မြင့်မြတ်တဲ့ ဘာသာရေး အတွေးအခေါ် တွေက သူတို့နှင့် လားလားမှ မသက်ဆိုင်သလို။

ထိုနေ့ည အိမ်ပြန်တော့ မလှတင် သမီးယူလာတဲ့ အသားကင်ချောင်းနဲ့ ကိုဘမောင်ကို ကျွေးရသည်။ 

 ဆာလောင်နေတဲ့ သူတို့ ဝမ်းကို ဘယ်လို ဖြည့်တင်းရမလဲဆိုတာကို နေ့စဥ် အဖြေရှာနေကြဆဲ။ 

မလှတင်နဲ့ ပြောခဲ့တဲ့ စကားတွေကို ကိုဘမောင်ကို ပြောပြတော့ ကိုဘမောင် မျက်လုံးတွေက အသက်ဝိဉာဥ်ကင်းမဲ့ နေသလို။ 

အပြင်ကို ငေးကြည့်ပြီး အသက်မပါတဲ့ သူ့ မျက်လုံးတွေဟာ သဘောတူတာလား။ သ‌ဘောမတူဘူးလား ဆိုတဲ့ အ‌ဖြေကို သူ မရှာတတ်ချေ။ 
အသားကင်ကို တဖြည်းဖြည်းဝါးစားရတော့ ဆာလောင်နေတဲ့ ဗိုက် သက်တောင့် သက်တာ ရှိဟန်တူသည်။ 

လင်မယား နှစ်ယောက် အသားကင်ကို တစိမ့်စိမ့် စားရင်း မျက်နှာချင်းဆိုင် အသံတိတ် စကားတွေ ပြောဖြစ်ကြသည်။ 
ပါးစပ်မှ စကားလုံးတွေ ထွက်မလာသော်လည်း အဓိပ္ပာယ်ရှိသော စကားလုံး မြောက်များစွာ ယိုစီးကျလာခဲ့သည်။ 
အခန်းထဲမှာ ကြေကွဲသံ၊ နာကျည်းသံ၊ ဝမ်းနည်းသံ၊ ခံပြင်းသံတို့ အသံတိတ် မြည်ဟိန်းလျက် ရှိသည်။ 

ဝိဉာဥ်မဲ့ညစား စားပြီတဲ့အချိန် ညသည် တိတ်ဆိတ်လို့ နေသည်။ 
သူတို့ တဲထိုးနေကြသည့် ချောင်းဘေးဆီက ပုရစ်အော်သံတို့ ကြားရတတ်သည်။ 

ဖရောင်တိုင် မီးက ကုန်လု ကုန်ခန်း အရှိန်ပြင်းပြင်းနဲ့ တိုးပြီး လောက်ကျွမ်းနေဆဲ။ 
ဖရောင်းခဲတို့ အခြေမှာ ပျော်ကျပြီး မီးစာက မြုတ်လု မြုတ်ခင် ရှိလှသည်။ 

ညိုစိမ့် အဝတ်အစားတို့ကို အသာအယာ ချွတ်ချလိုက်သည်။ 
ဖရောင်တိုင် မီးရောင်က ညိုစိမ့် အလှကို မကွယ်ဝှက်နိုင်ခဲ့ချေ။ လင်းတလှဲ့ ၊ မှိန်တလှဲ့ နှင့်။ 

ကိုဘမောင် ညိုစိမ့်ကို လှမ်းကြည့်နေသည့် အကြည့်တို့သည် သူတို့ မင်္ဂလာဦးညတုံး အတိုင်းပင်။ 
 အကြည့်တို့ သည် အချစ်ရည်တို့ ဖြင့် ရွှန်းလဲ့နေဆဲ။ 

 ညိုစိမ့် ကိုဘမောင် နံဘေးမှာ အသာအယာ လှဲလှောင်းလိုက်သည်။ သူ့ ခန္ဓာကိုယ်ကို ကိုဘမောင်ဆိုသည့် အချစ် နတ်ဘုရားဆီမှာ အပြီးတိုင် နောက်ဆုံး အနေဖြင့် ပူဇော်ပလိုက်သည့် ည။ 

 ဖရောင်တိုင်းမီး ငြိမ်းသွားသည့်အခါ ညိုစိမ့်တို့ ညသည် ပိန်းပိတ်အောင် မှောင်နေသည်။ 

 ညိုစိမ့်တို့ လင်မယား ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံမှာ ကပြ အသုံးတော် ခံရအုံးမည်။ 

ချစ်ခြင်းမေတ္တာဆိုတာ ခန္ဓာကိုယ် သန့်စင်ခြင်း၊ မသန့်စင်ခြင်း၊ အမျိုး မြင့်မြတ်ခြင်း မမြင့်မြတ်ခြင်းတို့ နှင့် တိုင်းတာကြတယ်ဆိုလျင် ညိုစိမ့်တို့ လင်မယားသည် လူ့ လောက စည်းဘောင် အပြင်ဖက်မှာ နေရသူတွေဖြစ်လိမ့်မည်။ 


ညိုစိမ့်တို့ တိုက်ခန်းလေး ငှားပြီး နေနိုင်တာ တနှစ် ရှိပြီ။ 

ကိုဘမောင်ကတော့ လမ်းလျှောက်သည့်အခါ ဂျိုင်းထောက်နှင့်။ 
ဆေးခန်းကို အမြဲ ပုံမှန် မပြနိုင်သေးသော်လည်း ထမင်းကို နှပ်မှန်အောင် စားနိုင်လာသည်။ 
ညိုစိမ့်တို့ လင်မယား သူလို ငှာလို လက်ကိုင်ဖုန်းကို ကိုင်သုံးနိုင်လာသည်။ 

လက်ကိုင်ဖုန်းကို ကိုင်နိုင်တော့ သူတို့ လင်မယား ဖေ့ဘုတ်ကိုလည်း သုံးတတ်ပြီ။ 
ဖေ့ဘုတ်သုံးဖို့ အင်တာနက်ဖိုးပိုက်ဆံကို သပ်သပ်ဖယ်ပြီး သုံးရသည်။ 
ညိုစိမ့်တို့ လင်မယား ဒီဘဝရောက်ရသည့် အကြောင်းအရင်းကို လုံးဝ မမေ့။ နာကျည်းကြသည်။ 
ရွာက အဖြစ်အပျက်တို့သည် ခြောက်လန့်နေဆဲ။ 

ဗုံးကြဲသံတို့သည့် နားထဲမှာ မြည်ဟိန်းလို့ နေဆဲ။ နိုင်ငံခြားမှ နိုင်ငံရေးပညာရှင်များပြောသည့် စကားကို အမြဲ နားစွင့် နားထောင်နေလေ့ရှိသည်။ 
 သူတို့ ရွာကို ပြန်ချင်ပြီ။ ဒီဘဝကို ထားခဲ့ ချင်ပြီ။ 

နိုင်ငံခြားမှလူတွေက ဖေ့ဘုတ်သုံးပြီး ဝင်ငွေရအောင် လိုက်ခ် လုပ်ဖို့၊ ရှယ်လုပ်ဖို့ အကူအညီတောင်းတိုင်း ညိုစိမ့်တို့ လင်မယား တာဝန်အမြဲကျေသည်။ 

ထိုအတွက်လည်း အင်တာနက်ဖိုးပိုက်ဆံကို လစဥ် သပ်သပ်ဖယ်ပြီး ဖေ့ဘုတ် သုံးသည်။ 

ညနေဆိုလျင် လာခေါ် သည့် ကားနှင့် ညိုစိမ့် ပါသွားတတ်သည်။ 

ညိုစိမ့် ကားနှင့် ပါသွားတိုင်း ကိုဘမောင် မျက်ဝန်းတို့ စိုစွတ်နေတတ်သည်။ 
နားထင်ကြောတို့ တင်းမာလို့ ပေါက်ကွဲလုမတတ် ရှိတတ်ပြန်သည်။ 
တုန်ရင်နေသော လက်တို့သည် စိတ်ခံစားချက်ကြောင့်လား၊ ကျန်မာရေးကြောင့်လားဆိုတာ ကိုဘမောင် ကိုယ်တိုင်ပဲ သိလိမ့်မည်။

 ညိုစိမ့်တို့ လင်မယား ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံမှာ ကပြအသုံးတော် ခံနေကြတုံး။ 

ကောင်းခြင်း ဆိုးခြင်း မှားခြင်း မှန်ခြင်း၊ ကိုယ်ကျင့်တရား အလင်း နဲ့ အမှောင် နှစ်ခုကြားမှာ ရှင်သန်ရုန်းကန်ဖို့ဆိုသည့် စည်းကလေး တစ်ခုသာ ခြားထားသည်။ 
ထိုစည်းပေါ်မှာ တည်ငြိမ်အောင် လျှောက်နိုင်ဖို့ ပညာခွန်အား၊ ဥစ္စာခွန်အား တို့ ညိုစိမ့်တို့တွင် မရှိ။ 

ဆာလောင်ခြင်း ဝေဒနာကို ခံစားနေရသူတိုက မြင့်မြတ်သော ကိုယ်ကျင့်တရားကို အားနာစွာ တောင်းပန်ထားရအုံးမည်။ 

ချစ်ခြင်းမေတ္တာကို ဖေါ်ကျုးကြသော ကဗျာဆရာတို့သည်လည်း ညိုစိမ့်နှင့် ကိုဘမောင်တို့ အကြားမှာ ရှိတဲ့ မေတ္တာတရားအကြောင်းကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ ခက်နေအုံးမည်သာ။ 


ဘကောင်း

ငါးကျည်းခြောက်နဲ့ ထမင်းစားခြင်း

မြန်မာပြည်မှ မှာထားသော စားစရာများ ဒီနေ့ ရသည်။ ရခိုင်သူရောင်းတဲ့ဆီက မှာစားသည်။ မှာတုံးက မျက်စိအာရုံထဲ မြင်သမျှကို ဟိုဟာစားမယ်၊ ဒီဟာလည်း စားမယ် လက်ညိုးထိုးပြီး မြင်သမျှကို လိုချင်သော ကလေးတယောက်သဖွယ် မှာခဲ့သည်။ ဘာတွေမှာခဲ့မှန်း မသိ။ ငါးနဲ့ ပတ်သက်တာတွေ မှန်းတော့ သိသည်။ ငါးပိ၊ ငါးခြောက်ကို ပုံစံ အမျိုးမျိုး ထောင်း၊ ကြော် လုပ်ထားတာတွေ ဖြစ်သည်။

အလေးချိန် ဘယ်လောက်မှာတယ်။ အခကြေးငွေ ဘယ်လောက်ကျသလဲကို တွက်ချက်ဖို့ ဦးနှောက်အာရုံထဲတွင်တော့ နေရာ မရှိ။ နေ့စဥ် အလုပ်တွေ လုပ်နေရသည့် အားလျော်စွာ ဘဝမှာ တော်တန် ကိစ္စတွေ တွက်ချက် သုံးသပ်ဖို့ အာရုံမရှိတော့တာလည်း ဖြစ်သည်။ ယနေ့ ထက်တိုင် အိမ်ဘေးပတ်လည်က လမ်းနာမည်တွေကို မသိသေးချေ။ သို့သော် အတွေ့အကြုံအရ အကြင်သူတပါး စိတ်နေစိတ်ထား ဘယ်လိုရှိမယ် ခန့်မှန်းတွက်ချက်တတ်သည်။ စားစရာကို မှာသည့် အခါ စျေးဝယ်က စျေးရောင်းသူထံမှ ဝယ်ရသည့် သဘောမဟုတ်ပဲ ကိုယ့်နှမ၊ ကိုယ့်အမ ဆွေမျိုးသားချင်းကို ဟိုဟာစားချင်တယ်။ ဒီဟာစားချင်တယ်။ ချက်ပေးပါ ပူဆာတဲ့ သဘောမျိုးဖြစ်သည်။  
ထိုခံစားချက် ဖြင့် စားရသော အရသာကို စားချင်တာလည်း ဖြစ်သည်။ အခကြေးငွေ ပို့ဆောင်ခ ထိုအရာတို့သည် အသေးအမွှား အရေးမကြီးတော့ချေ။ ဒီလို စားရဖို့ အခွင့်အရေးဆိုတာ ဘဝမှာ ရံဖန်ရံခါ မှသာ ကြုံရတတ်သည်။ ထို အခွင့်အရေးကို လက်လွတ်ခံလို့ မရ။

တပတ်အတွင်း စားစရာတွေ ရသည်။ ပြည်ပမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး နေလာသူ တစ်ယောက်က ဘာကြောင့် မြန်မာပြည်က အစားအစာ အထူးသဖြင့် အခုလို ဆွေမျိုးသားချင်သဖွယ် ချက်ပြုတ်ကြော်လှော်ပေးသော အစားအစာကိုမှ တောင်းတရပါသလဲလို့ မေးခွန်း မေးဖွယ် ရှိသည်။ အစားအစာ အရည်အသွေးကောင်းကောင်းကိုမှ စားချင်သည့် လျှာ၊ စီးပွားဖြစ် ထုပ်လုပ်ရောင်းချသည့် အသင့်စား စားစရာအထုပ်တွေကို မစားရဲတာလဲ ဖြစ်သည်။ ဆော်လမွန်ငါး၊ ကားဗီရား ငါးဥ၊ ကျောက်ပုစွန် အစရှိသည့် စားကောင်းသောက်ဖွယ်များ ရှိပါလျက်နဲ့ မြန်မာပြည်မှ အစားအစာကို တောင့်တရသည်မှာ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်သားဖြစ်မှ ထို အစားရမ္မက် တောင်းတမှုကို နားလည်ပေလိမ့်မည်။

အထုပ်တထုပ်ကို ဖောက်လိုက်သည်ံ။ ငါးကျည်းခြောက်ကြော်ထုတ်ဖြစ်နေသည်။ ဘဝမှာ ငါးကျည်ခြောက်ကြော် စားခဲ့ဘူးတာ များလှပြီး။သို့သော် ဒီငါးကျည်းခြောက်ကြော်က ငါးကျည်း ငါးဖတ်တို့ ထင်းကနဲ၊ ဝင်းကနဲ မြင်နေရသည်။ ထမင်းခူးလိုက်သည်။ တရိပ်ရိပ် ကြီးထွားလာသော ခန္တာကိုယ်ကို သက်ညှာသော အားဖြစ် ထမင်းမစားတာကြာပြီ။ သို့သော် ဒီနေ့ကတော့ ချွင်းချက်။ ခန္တာကိုယ်ကို အလို လိုက်အုံးမည်။
ထမင်းပေါ်  ငါးကျည်းခြောက်ကို ပုံလိုက်သည်။ အတွေ့ အကြုံ အရ လတ်ဆပ်နေမှန်း သိသည်။ ငါးကျည်းသားဖတ်တို့ အရသာရှိလိုက်သည့် ဖြစ်ခြင်း။ ထမင်းတစ်ပန်းကန် ကုန်သွားသည်။ အမှန်တော့ ရပ်သင့်ပြီး။  သို့သော်  ရသာတဏှာကို မလွန်ဆန်နိုင်ခဲ့။ နောက် တစ်ပန်းကန် ထပ်စားဖြစ်သည်။
စားရင်းနဲ့ မဖောက်ရသေးသော အခြားဟင်းထုပ်များကို မျက်စေ့က ကြည့်ရင်း ဘယ်နေ့မှာ ဘယ်အထုပ်ကို ဖောက်စားရင် ကောင်းမလဲလို့ တွေးတော နေမိသည်။ 

ပြည့်အင့်နေသော ဗိုက်ကို ပွတ်ရင်း ငါးကျည်းခြောက်ထုတ်ကို ဘူးထဲ ပြောင်းထဲ့ရသည်။ ငါးကျည်းတစ်ဖတ် လွှင့်စင်ပြီး ကြမ်းပြင်ပေါ် ကျသွားသည်။ နမြောတသသော စိတ်က အမြန်ကောက်စားလိုက်လို့ ပြောသည်။ ကောက်စားလိုက်သည်။ ငါးစက္ကန့်အတွင်း ကောက်စားလို့ ရတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသည်။ ပန်ကန်းမှာ ကပ်နေသော လက်ကျန် ကြက်သွန်ဖတ်၊ ငါးကျည်းဖတ်တို့ကို လျှာဖြင့်လျှက်လိုက်သည်။ အရသာရှိလိုက်သည့် ဖြစ်ခြင်း။ လေးလံနေသော  ဗိုက်ကို အသာအယာပွတ်ပြီး ညစာကို အဆုံးသပ်လိုက်သည်။

မဖောက်ရသေးသော အခြားဟင်းများ နောက်ရက်မှာ စားအုံးမည်လို့ တေးမှတ်ထားလိုက်သည်။

ကျွန်တော်ကို စားစရာများ ချက်ပြုတ် ကြော်လှော်ပေးလိုက်သော  မဇင်ဇင်တို့ ညီမကို ကျေးဇူးတင်မိပါသည်။ သူရို့တွေ ပင်ပင်ပန်းပန်းနဲ့ ပြင်ဆင်ပေးလိုက်သော စားစရာကို စားခွင့်ရသည်မှာ ကောင်းချီးမင်္ဂလာ တစ်ပါလည်း ဖြစ်သည်။

ငါးကျည်းခြောက်နဲ့ ထမင်းစားတာကို ရေးတာ စာက ဒီလောက် ရှည်နေရင် ကျန်တဲ့ ဟင်းတွေ နဲ့ စားတဲ့ အကြာင်း ရေးရရင် ဘယ်သို့ ဘယ်ပုံ ဖြစ်မယ် မသိသေးချေ။ ဒီညအဖို့ စာရေးရင်း ဟင်းအသစ်တွေကို စားရဖို့ နေရက်တွေကို လက်ချိုး ရေတွက်နေမိသည်။ ဟားဟား

ဒီက မှာစားလိုက်တာ. 

ဘကောင်း

government shutdown

အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင် (government shutdown)နိုင်တဲ့ ပြဿနာဟာ နှစ်တိုင်း ဖြစ်နေတယ်။ စက်တင်ဘာလကုန်လို့ နောင်နှစ်အတွက်  ငွေကြေး အသုံးစရိတ်ပြဌာန်းသတ်မှတ်တဲ့ အခါတိုင်း အစိုးရမှာ လိုငွေပြနေတယ်။ အစိုးရမှာ လုံလောက်တဲ့ ပိုက်ဆံ ရှိမနေဘူး။

အရင်တုံးကတော့ သိပ်ပြီး အာရုံ မစိုက်ဘူး။ အချိန်တန်ရင် ညှိနှိုင်းလို့ ရသွားလိမ့်မယ်။ ထုံးစံအတိုင်း အစိုးရက ငွေချေးပြီး နှောင်နှစ်အတွက် အစိုးရ အလုပ်တွေ လည်ပတ်နိုင်အောင်၊ ဝန်ထမ်းတွေ လစာပေးနိုင်အောင် လုပ်လိမ့်မယ်လို့ တွက်ဆထားတယ်။

သို့သော် အစိုးရ‌ချေးငွေက နှစ်စဥ် တဖြည်းဖြည်းနဲ့ များလာတယ်။ ကိုယ်တိုင် Department of Defense မှာ နည်းပညာ contractor တစ်ယောက်အနေနဲ့ ဝင်လုပ်တော့မှ အဲဒီ ရိုက်ခတ်မှုကို သိလာတယ်။

အစိုးရနဲ့ ဆိုင်တဲ့ ရုံးတွင်း စာတွေ ကို ဖတ်လာရတယ်။ အစိုးရ အသုံးစရိတ်အတွက် လိုအပ်တဲ့ ချေးငွေ ပမာဏကို ကွန်ဂရက် လွတ်တေ် နဲ့ သမ္မတ သဘောတူညီချက် မရရင် ဘာတွေ ပြင်ဆင်ထားရမယ်၊ သဘောတူညီချက် ရခဲ့သော် ဘာတွေ ပြင်ဆင်ထားရမယ် ဆိုတဲ့ အကြောင်းတွေပေါ။

သို့သော် ကျွန်တော်က နည်းပညာနဲ့ လုပ်နေတဲ့ အတွက် ကျွန်တော်ရဲ့ အစိုးရအလုပ်က ထိခိုက်မှု မရှိဘူးလို့ ပြောရမည်။ မရှိမဖြစ် (essential) အလုပ်လို့ သူတို့က သတ်မှတ်ကြသည်။ သို့သော် ကျွန်တော်တို့ နည်းပညာတွေကို အသုံးပြုမည့် အစိုးရ ဝန်ထမ်းတွေ (nonessential government employees)ကတော့ အစိုးရ အသုံးစရိတ် မရှိခဲ့သော် အလုပ်နားရမယ်။ လစာ မရဘူး အစရှိသည့် ဆိုးကျိုးတွေ ရှိလာနိုင်သည်။ ထိုမှ တဆင့် သူတို့ ရဲ့ အိမ်ကြွေး၊ ကားကြွေး၊ လစဥ် မှီခိုနေရသော လစာ တို့ အခက်အခဲ ရှိလာနိုင်သည်။ ဘဏ်လုပ်ငန်းတို့ လည်း အစိုးရ ဝန်ထမ်းတို့ အတွက် အတိုးအလျော့ လုပ်ရတော့ မည်။

နှစ်စဥ် နှစ်တိုင်း ကွန်ဂရက် လွတ်တော် မှာ ရီပတ်ပလစ်ကန်နှင့် ဒီမိုကရက် တို့ ညှိနှိုင်းရသည်။ အကြမ်းဖြင်းအားဖြင့် ဒီမိုကရက်တို့  အစိုးရချေးငွေကို တိုးမြှင့်ပြီး ဝန်ထမ်းတွေကို အလုပ်မပျက် ပိုနေမြဲ ကျားနေမြဲ ဖြစ်စေချင်သည်။ ထိုအခါ ရီပန်ပလစ်ကန်တို့က အစိုးရချေးငွေကို တိုးမြှင့်ယူချင်ရင် အခြား အသုံးစရိတ်တွေကို လျောရ မည်လို့ အကျပ်ကိုင်သည်။ ဥပမာ ကျောင်းသားတွေရဲ့ အကြွေးကို လျော်ပစ်တာမျိုး မလုပ်ဖို့ တောင်ဆိုကြသည်။

ဥပဒေက သတ်မှတ်ထားသည်။ အစိုးရအနေဖြင့် အသုံးစရိတ်အတွက် သတ်မှတ်ထားသော အတိုင်းအတာ ပမာဏ အထိသာ ငွေချေးယူလို့ ရသည်ဟု။ နှစ်စဥ် နှစ်တိုင်း ထိုပမာဏကို တိုးမြင့် လာခဲ့သည်။ သမ္မတနှင့်လွတ်တော်က အသုံးစရိတ်အတွက် ဘောတူညီ ချက်ရပါက ဥပဒေက ခွင့်ပြုရသည်။ 
သဘောတူညီချက် မရလို့ အစိုရတွင် ပိုက်ဆံမရှိခဲ့ပါက အစိုးရက ပေးစရာရှိသည့် ဝန်ထမ်းလစာများ၊ အစိုးရ ကန်ထရိုက် လုပ်အားခများ ကို မပေးနိုင်တော့ ချေ။ ထိုအခါ တိုင်းပြည် အနေဖြင့် အကြွေးမဆပ်နိုင်ခြင်း defaulting ဖြစ်သည်။ 

ထိုသို့ အစိုးရက အကြွေးမဆပ်နိုင်သည့် အခါ စီးပွားရေးအရ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်သည်။

စိတ်ဝင်စားစရာ ကောင်းတာက နောက်တက်လာမည့် သမ္မတသစ် ထရမ့်က လိုအပ်တဲ့ ချေးငွေ ပမာဏသတ်မှတ်ချက်ကို တိုးမြင့်ပြီး အစိုးရ ယန္တရားကို ပုံမှန်အတိုင်း ဆက်သွားချင်သည်။ 

ထို့အပြင် ထရမ့်က ထိုကဲ့သို့  ချေးငွေ ပမာဏ သတ်မှတ်ချက်ကို ဖျက်ပစ်ချင်သည်။ ချေးငွေ ပမာဏ မရှိတော့ပါ အစိုးရအနေဖြင့် ကြိုက်သလောက်ယူ၊ ကြိုက်သလောက် သုံး ဆိုသည့် သဘောမျိုး လည်း ဖြစ်သည်။ အစိုးရက အကြွေးမဆပ်နိုင်သည့် အဖြစ်မျိုးလည်း မဖြစ်တော့ဘူးလို့ ယေဘူယ ယူဆလို့ ရသည်။ 


ဇီဝအရင်းအမြစ်ခိုးယူမှု သို့မဟုတ် biopiracy

ဇီဝအရင်းအမြစ်ခိုးယူမှုအကြောင်းကို လေ့လာတော့ မေးခွန်းတွေ အများကြီး ရှိခဲ့သည်။ လူ့အဖွဲ့အစည်း တိုးတက်ပြောင်းလဲရေး ရှု့ထောင့်၊ နည်းပညာ ဆန်းသစ်တီထွင်ရေး ရှု့ထောင့် အစရှိသဖြင့် ဖက်ပေါင်းစုံမှ မေးခွန်းများကို သဟဇာတဖြစ်အောင် မေးခွန်းထုတ်မိသည်။

သို့သော်ငြားလည်း ဇီဝအရင်းအမြစ်ခိုးယူမှုအကြောင်းကို အကျဥ်းရုံး၍ခြုံငုံသုံးသပ်ကြည့်မိသည့်အခါ  လွတ်လပ်သောအတွေးအခေါ် ၊ ကျယ်ပြန်သော အမြင်ရှု့ ထောင့်၊ စာနာ နားလည်တတ်သော လူမှုရေးကျင့်ဝတ်တို့ ရှိရမည်လို့ အခြေခံအားဖြင့် နားလည်မိ သဘောပေါက်မိသည်။

နိုင်ငံအမျိုးမျိုး၊ မျိုးနွယ်စုအသီးသီး၊ နေရာဒေသအစုံစုံတို့တွင် နှစ် ရာပေါင်းများစွာ မျိုးဆက် တဆက်ပြီးတဆက် လက်ဆင့်ကမ်း အမွေဆက်ခံလာသော အသိပညာများ၊ အတတ်ပညာများ၊ ဇီဝပိုင်းဆိုင်မှု သဘာဝ အရင်းအမြစ်များ ရှိကြသည်။

ဥပမာ အနည်းငယ်မျှ ပြောရသော်

၁။ ဒန်ပေါက်ဆန်ဟုခေါ် သော ဗတ်စမတီဆန် (Basmati rice) သည် အန္ဒိယနိုင်ငံမှလယ်သမားတို့ မျိုးရိုးစဥ်ဆက် ပိုင်ဆိုင်ပြီး စိုက်ပျိုးသော ဆန်မျိုးစိတ်ဖြစ်သည်။ 
၂။ စံပယ်ဆန်မွှေးဟုခေါ်သော ဟောင်းဟော်မလိ(Jasmine rice) သည် ယိုးဒယားနိုင်ငံရဲ့ မူလပိုင် ဆန်မျိုးစိတ်ဖြစ်သည်။ 
၃။ သနပ်ခါးသည် နေပူဒဏ်ကို ကာကွယ်ပေးသည့် မြန်မာရိုးရာ အရည်ပြားလိမ်း၊ မျက်နှာလိမ်း အလှကုန် အမျိုးအစားဖြစ်သည်။

ထိုကဲ့သို့ပင် နှစ်ပေါင်းများစွား မျိုးရိုးစဥ်ဆက်အလိုက် သုံးစွဲလာသော သဘာဝတိုင်းရင်းဆေးများ၊ သဘာဝ ဟင်းခတ် အမွေးအကြိုင်များ၊ ဒေသထွက် အသီးအနှံပင်များလည်း ရှိကြသည်။ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း အမွေဆက်ခံလာသော အသိပညာ၊ အတတ်ပညာ၊ သဘာဝ မျိုးစိတ်တို့သည် ထိုဒေသ၊ ထိုလူမျိုးတို့၏  ယဥ်ကျေးမှု အမွေအနှစ်လည်းဖြစ်သလို ‌ဒေသပိုင် ဇီဝအရင်းအမြစ်လည်း ဖြစ်ကြသည်။

သို့ရာတွင် ခေတ်မှီတိုးတက်သော နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်တို့သည် အခြားနိုင်ငံ ဒေသတို့မှ မျိုးနွယ်စု လူမျိုးတို့ရဲ့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း အမွေဆက်ခံလာသော ပညာရပ်၊ သဘာဝ အရင်းအမြစ်တို့ကို လွယ်လင့်တကူ ခိုးယူကြသည်။ အခြားနိုင်ငံမှ မျိုးစိတ်တို့ကို ယူပြီး နည်းပညာဖြင့် ပြုပြင်ပြောင်းလဲကြသည်။ 

တနည်းအားဖြင့်ဆိုရသော် အခြားနိုင်ငံမှာ ရှေးဟောင်းပညာရပ် အသိပညာတို့ကို အခြေပြုပြီး ဆန်းသစ်ထီထွင်ကာ နိုင်ငံတကာစျေးကွက်တွင် အကျိုးအမြတ်ရအောင် ထုပ်လုပ်ရောင်းချကြသည်။ ထိုမှ တဆင့် မျိုးစိတ်ပိုင်ဆိုင်မှု၊ ဆေးပညာပိုင်ဆိုင်မှု အစရှိသဖြင့် တဦးတည်းပိုင်ဆိုင်မှု မူပိုင်ခွင့် ကို လုပ်ယူကြသည်။

ထင်ရှားသော သာဓကများမှာ

၁။ Yves St. Laurent လို့ ခေါ် တဲ့ ပြင်သစ်နိုင်ငံမှ ကမ္ဘာကျော်ရေမွှေးကုမ္ပဏီ တခုသည် ဖိလစ်ပိုင်နိုင်ငံမှ Ylang-Ylang (Cananga odorata) ဟုခေါ်သော စကားဝါပန်းကို အသုံးပြုပြီး နှစ်ပေါင်း ၂၀-‌ကျော် ရေမွှေးထုပ်လုပ်ရောင်းခဲ့သည်။ စကားဝါပန်းသည် အရှေ့ တောင်အာရှနိုင်ငံများရဲ့ မျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပေက်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပေါက်သော စကားဝါပန်သည် အမွှေးဆုံးဖြစ်သည်ဟု ဆိုကြသည်။ 

သို့သော် Yves St. Laurent ကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံမှ စကားဝါပန်း မျိုးစိတ်ကိုယူပြီး အာဖရိကတွင် ပြောင်းလဲစိုက်ပျိုးခဲ့သည်။ စိုက်ပျိုးခွင့် မူပိုင်ခွင့်ကိုလည်း ထိုကုမ္ပဏီမှ တဦးတည်း ယူခဲ့သည်။

၂။ တမ်ပေး (Tempeh) ဟုခေါ်သော အစားအစာတမျိုးသည် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားလူမျိုးစုများ ရှေးအစဥ်အဆက်မှ စားသုံးသော အစားအစာတမျိုးဖြစ်သည်။ ပဲပုတ်ကို ကြာရှည်ခံအောင် အချဥ်ဖေါက်ပြီး လွယ်လင့်တကူ ကြော်စား၊ကင်စာလို့ ရအောင် အပြားထူထူး လုပ်ထားသော စားစရာတမျိုး ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ ပဲပုတ် အချဥ်ဖေါက် လုပ်ငန်းမူပိုင်ခွင့် အများအပြားကို ဂျပန်နိုင်ငံမှ ကုမ္ပဏီများက ရယူထားကြသည်။

၃။ စတီ‌ဗီးယား (stevia) လို့ ခေါ်တဲ့ သကြား အစားထိုး စားစရာအပင်မျိုးစိတ်ဟာ ပါရာဂွေးနိုင်ငံမှ ဒေသခံလူမျိုးစုတွေ ရှေးနှစ်ပေါင်များစွာကတည်းက လက်ဆင့်ကမ်းအမွေဆက်ခံခဲ့သော စားစရာမျိုးဖြစ်သည်။ စတီ‌ဗီးယားအပင်သည် ပါရာဂွေးနိုင်ငံ ဒေသခံကုန်းမြေတွင် အလေ့ကျပေါက်လေ့ရှိပြီး အရွက်သည် အချိုဓါတ်ကို ပေးသည်။ စတီ‌ဗီးယားအပင်ကို ဒေသခံလူမျိုးစုတို့ ရှေးအစဥ်အဆက်မှ သဘာဝဆေးပင်အဖြစ် အသုံးပြုကြသည်။ 

သို့သော် ယခုအခါ မြေ‌‌‌ဧကအမြောက်အမြားကို စက်မှုလုပ်ငန်းရှင်ကုမ္ပဏီတို့က ဝယ်ယူပြီး အခြားစားသုံးသီးနှံပင်များ စိုက်ပျိုးကြသည်။ ပါရာဂွေးနိုင်ငံ ဒေသခံကုန်းမြေတို့တွင် စတီ‌ဗီးယားအပင်တို့ မျိုးတုံးပြီး လုပ်ငန်ရှင်တို့က စတီ‌ဗီးယားအပင်မျိုးစိတ်ကို အခြားနေရာဒေသတွင် စီးပွားဖြစ် အမြောက်အမြား စိုက်ပျိုးကြသည်။

အရင်းရှင် စီးပွားရေးလုပ်ငန်းတို့သည် နိုင်ငံအသီးသီးမှ ဒေသခံလူမျိုးစုတို့၏ ရှေးအစဥ်အဆက် ကျင့်သုံးသော အသိပညာရပ်များ၊ ဇီဝမျိုးစိတ်တို့ကို လွယ်လင့်တကူ  ယူငင်အသုံးချပြီး ပိုမိုကောင်းမွန်အောင် တီထွင်ကာ မူပိုင်ခွင့်ကို ရယူကြသည်။ ထိုမှတဆင့် အရင်းရှင်စီးပွားရေး စျေးကွက်အရ အကျိုးအမြတ်ရအောင် လုပ်ဆောင်ကြသည်။ 

သို့သော် ထိုနှစ်ပေါင်းများစွာ မျိုးဆက်လိုက် ထိန်းသိမ်းလာခဲ့သောပညာအတွက် မူလလူမျိုးစုတို့ ဘာအကျိုး အမြတ်မှ မရရှိချေ။ 

ရံဖန်ရံခါ အငြင်းပွားဖွယ် မေးခွန်တို့ ရှိနိုင်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်တို့က သိပ္ပံနည်းကျကျ ပိုမိုကောင်းမွန်အောင် ဆန်းသစ်ထီထွင်ကြသည်။ ထိုအတွက် အကျိုး အမြတ်ကို လုပ်ငန်ရှင်တို့ ရယူထိုက်သည်လို့ ယူဆကောင်း ယူဆနိုင်ဖွယ်ရှိသည်။ မူပိုင်ခွင့်ကိုလည်း ရယူပိုင်ခွင့်ရှိသည်ဟု ထင်မှတ်ဖွယ်ရှိသည်။

သို့သော် ကျွန်တော် အထက်မှာပြောပြခဲ့သလို လွတ်လပ်သောအတွေးအခေါ် ၊ ကျယ်ပြန်သော အမြင်ရှု့ ထောင့်၊ စာနာ နားလည်တတ်သော လူမှုရေးကျင့်ဝတ်တို့နှင့် ချိန်ထိုး တွက်ဆကြည့်သည်အခါ အရင်းရှင် စီးပွားရေးလုပ်ငန်းတို့ ထိုကဲ့သို့ ဇီဝအရင်းအမြစ်ကို အလွယ်တကူခိုးယူ အသုံးချမှုသည် မှားယွင်းသည်လို့ သိမြင်လာလိမ့်မည်။

ဒန်ပေါက်ဆန် နှင့် စံပယ်ဆန်မွှေး တို့ကို အမေရိကန်နိုင်ငံမှ ကုမ္ပဏီက လက်ဝါးကြီးအုပ် မူပိုင်ခွင့်ကို ယူလိုက်သည့်အခါ မူလဒေသနိုင်ငံမှ ဆန်တင်ပို့ ရောင်းချသူတို့ ၊ စိုက်ပျိုးရေး လယ်သမားတို့ နစ်နာရသည်။ 

စတီ‌ဗီးယား (stevia) ကို သကြားအစားထိုးစားသုံးကုန်အဖြစ် တီထွင်ထုပ်လုပ်ရောင်းချသော အရင်းရှင်ကုမ္ပဏီတို့ အကျိုးအမြတ် မြောက်မြားစွာ ရရှိကြသော်လည်း ထို စတီ‌ဗီးယား (stevia) အပင်မှ အချိုဓါတ် ထုပ်ယူလို့ ရသည်ဆိုသော ရှေးဟောင်း အသိပညာကို ပိုင်ဆိုင်သော လူမျိုးစုတို့ အတွက်မူကာ ဘာအကျိုးအမြတ်မှ မရရှိခဲ့ချေ။

ထိုကဲသို့သော လူမျိုးနွယ်စုတို့ရဲ့ ယဥ်ကျေးမှု အသိပညာ၊ သဘာဝအရင်းအမြစ်တို့ကို ရယူပြီး အကျိုးအမြတ်ထုတ်ယူမှုတို့ကို ဇီဝအရင်းအမြစ်ခိုးယူမှု သို့မဟုတ် biopiracy ဟု သတ်မှတ်ကြသည်။

၁။ လူမျိုးနွယ်စုတို့ နေထိုင်သော ဒေသမှ သစ်ပင်၊ ပန်းပင်၊ ရိုးရာ ကုထုံး အစရှိသည့် အသိပညာ၊ အတတ်ပညာတိုကို့  ယူဆောင်သွားပြီး မူလလူမျိုးနွယ်စုတို့၏ ခွင့်ပြုချက် မရယူပဲ အကျိုးအမြတ်ရအောင်လုပ်ယူခြင်းသည် ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။

၂။ လူမျိုးနွယ်စုထံမှာ မျိုးစေ့များ၊ ဆေးကုထုံးများကို ပုံတူကူးယူကာ ကိုယ်ပိုင်မူပိုင်ခွင့် လုပ်ယူမှုသည်လည်း  ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။

၃။ လူမျိုးနွယ်စုထံမှာ မျိုးစေ့များ၊ ဆေးကုထုံးများကို ပုံတူကူးယူကာ ဓါတ်ခွဲခန်းများတွင် လေ့လာမှုများ ပြုလုပ်ပြီး မျိုးရိုးဗီဇပြုပြင် ပြောင်းလဲမှုလုပ်၊ ကိုယ်ပိုင်မူပိုင်ခွင့် လုပ်ယူမှုသည်လည်း ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။

၄။ ထိုကဲ့သို့ ကိုယ်ပိုင်မူပိုင်ခွင့် လုပ်သည့်အခါ မူလဒေသ လူမျိုးနွယ်စုတို့ထံမှာ ရိုးရာပညာ၊ မျိုးစေ့များကို နမူနာယူ ကိုးကားရည်ညွှန်းမှုများ လုပ်ဖို့ ဥပဒေအရ လိုအပ်ပါသည်။ သို့မဟုတ်ပါက ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။

၅။ မူပိုင်ခွင့် ဥပဒေအရ  မူလဒေသ မျိုးနွယ်စုများကို အကျိုးအမြတ် ခွဲဝေပေးဖို့ လိုအပ်ပါသည်။ သို့မဟုတ်ပါက ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။

ထို့ကြောင့် နာဂိုရာသဘောတူညီချက် (Nagoya protocol) ဟုခေါ်သော နိုင်ငံတကာ သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။ နာဂိုရာသဘောတူညီချက်အရ လုပ်ငန်းရှင်ကုမ္ပဏီတို့သည် ရရှိသော အကျိုးအမြတ်မှ သင့်တော်သော အမြတ်အချိုးအစားပမာဏကို မူလဒေသ လူမျိုးနွယ်စုတို့၏ လူမှုရေးအကျိုးစီးပွားအတွက် ပြန်လည်ပေးဆပ်ရမည်လို့ သတ်မှတ်ထားသည်။ 

သို့သော် နာဂိုရာ သဘောတူညီချက်သည် လျော့တိလျော့ရဲရှိလှပြီး မပီပြင်သေးသော သဘောတူညီချက် အနေဖြင့်သာ တည်ရှိနေသေးသည်ဟု ကျွန်တော် ထင်မြင်မိသည်။

မူလ လူမျိုးနွယ်စုတို့အတွက် အကျိုးစီးပွားရရှိရန် ကုမ္ပဏီများမှ ပြန်လည်ပေးဆပ်မှုတို့သည် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသေးသည်။ အရင်းရှင်လုပ်ငန်းတို့အတွက် နိုင်ငံအလိုက် ဥပဒေရေးရာအရ   ဘက်လိုက်မှုတွေ အများကြီး ရှိနေသေးသည်။

လူမျိုးနွယ်စုတို့ဖက်မှလည်း ယဥ်ကျေးမှု အသိပညာများ၊ သဘာဝအရင်းအမြစ်ပိုင်ဆိုင်မှု ယဥ်ကျေးမှု အစရှိသည်တို့သည် ၎င်းတို့၏ နဂိုမူလ ပိုင်ဆိုင်မှုဖြစ်သည်ဟု အဆိုပြုသက်သေပြနိုင်ရန် ရှေးပညာရပ်တို့၏ လက်ဆင့်ကမ်းအမွေ အချက်အလက်တို့အား သေချာစွာမှတ်တမ်းတင်ပြုစုထားဖို့ လိုအပ်သည်။ 

နူတ်မှ ပါးစပ်မှ ငါတို့ ပိုင်ဆိုင်မှု ဖြစ်သည်ဟု အော်ဟစ်တောင်းဆိုမှုသည် ဥပဒေ ရှု့ထောင်မှ ကြည့်လျင် အရာမထင်ချေ။

ထို့ကြောင့် နိုင်ငံတိုင်းတွင် ကိုယ်ပိုင်ယဥ်ကျေးမှုအတွက်၊ သဘာဝအရင်းအမြစ်တွေအကြောင်း သုသေသန စာတမ်းပြုစု ထားရှိမှုတို့သည် အထူးအရေးပါ အရာရောက်သည်ဟု ကျွန်‌တော်ထင်မြင်မိပါသည်။ 

ရိုးရာ ယဥ်ကျေးမှု ဆေးပညာရပ်များ၊ သစ်ပင် ပန်းမာန်တို့ အသုံးဝင်ပုံ‌အကြောင်းကို မျိုးဆက်အလိုက် အသုံးပြုသည့် မှတ်တမ်းမှတ်ရာများ ပြုစုထားရှိပါက နာဂိုရာသဘောတူညီချက်ကို အမှီပြုပြီး ဒေသတိုးတက်ကြီးပွားရေးအတွက် ထိုက်သင့်သော အကျိုးအမြတ်ကို တောင်းဆိုရနိုင်ပါသည်။

ဥပမာတခု ပြရသော် သနပ်ခါးဆိုသည်မှာ မြန်မာပြည်ရဲ့ တခုတည်းသော မြန်မာရိုးရာ အရည်ပြားလိမ်း၊ မျက်နှာလိမ်း အလှကုန် အမျိုးအစားဖြစ်သည်။ သို့သော် ထိုမြန်မာသနပ်ခါးကို နိုင်ငံခြားတိုင်းပြည်အချို့က အလှကုန်ပစ္စည်းအနေဖြင့် ထုတ်လုပ်ရောင်းချကြသည်။ အကြမ်းအားဖြင့်ကြည့်လျင် မြန်မာသနပ်ခါး ကမ္ဘာမှာ ပြန့်ပွားအောင် လုပ်တယ်လို့ ဂုဏ်ယူစရာဟု တချို့က ထင်ကြလိမ့်မည်။

ထို့အပြင် မြန်မာပြည်မှာ မြန်မာသနပ်ခါးကို ယဥ်ကျေးမှုတရပ်အဖြစ် ကိုယ်စားပြုသော အဖွဲ့အစည်းမျိုးလည်း မရှိချေ။ ထို့ကြောင့် ဇီဝအရင်းအမြစ်ခိုးယူမှု ဥပဒေရှု့ထောင့်မှာ ပြန်ကြည့်သည့်အခါ ဒီသနပ်ခါးကို ဘယ်သူက ကိုယ်စားပြုပြီး တရားစွဲမလဲဆိုတဲ့ မေးခွန်းရှိသည်။ အဲဒီသနပ်ခါး ယဥ်ကျေးမှုနဲ့ ပတ်သက်ပြီး အကျိုးအမြတ်၊ ဒေသခံလူမူရေး တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်သည့် တာဝန်ခံ အဖွဲ့အစည်းများလည်း မရှိသေးချေ။ နိုင်ငံခြားတိုင်းပြည်တို့တွင် စတီ‌ဗီးယား သကြားအစားထိုး ထုပ်ကုန်ပစ္စည်းကို ကိုယ်စားပြု ထိန်းချုပ်သော အဖွဲ့အစည်း ရှိသည်။ စတီ‌ဗီးယားနှင့် ပတ်သက်သော အချက်အလက်များလည်း စုဆောင်းထားသည်။ 

သနပ်ခါးသည် လွတ်လပ်သော ယေဘူယ အများပိုင် သဘောမျိုးအဖြစ်သာ ရှိသည်။ တချိန်မှာ မြန်မာလူမျိုးတယောက်က နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်လိုသည့်အခါ ထိုမူပိုင်ခွင့်ကို ဘယ်သူ ရယူထားသလဲဆိုတဲ့ မေးခွန်းများ ဥပဒေရေးရာများ ရှိလာနိုင်သည်။ ထိုမူပိုင်ခွင့်ကြောင့် စီးပွားရေအရ နောက်ဆုတ်သွားရမည့် မြန်မာလူမျိုးများလည်း ရှိလာနိုင်သည်။


မေတ္တာဖြင့်

ဘကောင်း

မြန်မာပြည် စစ်အာဏာရှင်တော်လှန်ရေးအတွက် ဆင်ခြင်သုံးသပ်စရာ



နှစ်ပေါင်းရှစ်ဆယ်နီးပါး ကြာမြင့်လှပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တကယ့်ကို အဆုံးအဖြတ်ပေးမည့်ဆုံမှတ်ကို ရောက်နေပြီလို့ဆိုရမည်။ အခုတကြိမ် မအောင်မြင်ရင် နောင်ဘယ်တော့မှ မအောင်မြင်တော့ဘူးလို့တောင် ပြတ်ပြတ်သားသား သုံးသပ်ရလိမ့်မည်။ ဒါမှမဟုတ် လက်ရှိပြည်တွင်းစစ်ဟာ နောင်နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဆက်လက်တည်ရှိနေအုံးမည်လော။ စိတ်မချမ်းသာစွာ သုံးသပ်ရသည်။

ဒီတခါဖြစ်တဲ့ ပြည်တွင်းစစ်ဟာ အရင်တုံးက ဖြစ်နေခဲ့သော ပြည်တွင်းစစ်နဲ့  မတူညီချေ။ နှစ်ပေါင်းများစွာ တော်လှန်နေခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ယခုအခါ တစုတစည်းတည်း ပေါင်းစည်းမိကြသည်။ မြန်မာနိုင်ငံသူ၊နိုင်ငံသားအများစုသည်လည်း စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးအတွက် စည်းလုံးညီညွှတ်မိကြသည်။ ထိုအတွက် အကျိုးရလဒ်က ပြည်သူ့ကာကွယ်ရေးစစ်တပ်ဆိုပြီး ထွက်ပေါ်လာခဲ့သည်။ ပြည်သူ့ကာကွယ်ရေး စစ်တပ်ကို ပြည်တွင်း ပြည်ပမှ ပြည်သူပြည်သားများ ဝိုင်းဝန်းထောက်ပံ့ကြသည်။

သို့သော် အများစုရဲ့ ကြံ့ကြံ့ခံတွန်းလှန်လိုမှုစိတ်ဓါတ်၊ တော်လှန်ရေးအောင်မြင်ရမည်ဟု ယတိပြတ်သန္နိဋ္ဌာန်ချထားကြသော်ငြားလည်း ထိုတော်လှန်ရေးအောင်မြင်ဖို့အတွက် နှောင့်နှေးကြန့်ကြာစေမည့် အခက်အခဲ ရင်ဆိုင်စရာတွေ ကျန်ရှိနေသေးသည်။

အမိုင်းကြောင်း ရေးရာများနှင့် ခေတ်ပြိုင် ကမ္ဘာ့ တော်လှန်ရေး အဖြစ်အပျက်များ
စစ်အာဏာရှစ်စနစ်ဆိုတာ ဘယ်တော့မှ ထာဝရ မတည်မြဲဘူး။ တနေ့တချိန်တော့ ကျရှုံးရမည်လို့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြသည်။ အနောက်တိုင်းမှ ခေါင်းဆောင်အချို့လည်း ထိုကဲ့သို့ပင် ယုံကြည်ကြသည်။ ထိုကဲ့သို့ ယုံကြည်မှုကြောင့်ပင် နိုင်ငံတကာအနှံ့မှာ တော်လှန်ရေးလှုပ်ရှားမှုတွေကို အားကောင်းစေခဲ့တာ မဟုတ်ပါလော။ မြန်မာပြည်သူ ပြည်သားတို့လည်း ထိုအတိုင်းပဲ ယုံကြည်ခဲ့ကြသည်။ ထိုယုံကြည်ချက် အတွေးအခေါ်ကို စွဲကိုင်ထားသည်။ သို့သော်ငြားလည်း သမိုင်းအဖြစ်အပျက်တို့က ကျွန်တော်တို့အား ပြန်လည် ဆင်ခြင်သုံးသပ်ရမည့် သင်ခန်းစာများပေးခဲ့သည်။

အီရတ်နိုင်ငံကိုကြည့်ပြီး သုံးသပ်ရလျင် ၂၀၀၃-ခုနှစ်ကာလတုံးက စစ်အာဏာရှင် ဆဒမ်ဟူစိန်ကို အနောက်တိုင်း အင်အားစုများက ဖြုတ်ချခဲ့ကြသည်။ အကျိုးဆက်က အီရတ်နိုင်ငံအတွင်း အာဏာမဲ့ကွက်လပ် (power vacuum) ကို အခိုက်အတန့် ဖြစ်ပေါ်စေခဲ့သည်။ ဖြစ်ပေါ်လာတဲ့ ထိုအာဏာမဲ့ကွက်လပ်နေရာကို ဆူနီနှင့် ရှီးရိုက် စစ်အုပ်စုတို့က အလျင်အမြန် ဝင်ရောက်နေရာယူပြီး အစ္စလာမ်ဘာသာရေးပြည်နယ် (Islamic State) အဖြစ် တည်ထောင်ကြသည်။

အလားတူပင် နေတိုးအုပ်စု ထောက်ပံ့ထားသော တော်လှန်ရေးသမားများက လစ်ဗျားနိုင်ငံမှ အာဏာရှင် ဂဒါဖီကို ၂၀၁၁-ခုနှစ်တွင် ဖြုတ်ချခဲ့ကြသည်။ စစ်အာဏာရှင် ပြုတ်ကျသွားခဲ့သော်ငြားလည်း လစ်ဗျားနိုင်ငံသည် တည်ငြိမ်မှု မရှိ၊ တိုးတက်ကြီးပွားသော နိုင်ငံဖြစ်မလာခဲ့ချေ။ 

မှတ်ချက်။ ထို နိုင်ငံတို့ကို ကြည့်ပြီး သုံးသပ်ကြည့်ခြင်းမျှသာ ဖြစ်သည်။ 

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးသည်လည်း ထိုကဲ့သို့သော မမြော်လင့်နိုင်သည့် ဆိုးကျိုးရလဒ်များ ရှိလာနိုင်သည်။ နိုင်ငံတကာမှ အထောက်အပံ့များ လွယ်လင့်တကူ မရခဲ့သော်၊ သို့တည်းမဟုတ် စစ်အာဏာရှင်ပြုတ်ကျသွားခဲ့ပြီး နောက်ပိုင်းကာလမှာ အာဏာပြိုင်ဆိုင်မှုများ ဖြစ်လာနိုင်ချေရှိသည်။ ထိုမှ အကျိုးဆက်သည် တိုင်းပြည် မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနိုင်သေးသည်။ ထိုအတွက် သင်ခန်းစာကတော့ ရှင်းပါတယ်။ စည်းလုံးညီညွတ်မှု၊ ကြံ့ခိုင်သန်မာသော ခေါင်းဆောင်မှုတို့ မရှိပါက တော်လှန်ရေးသည် နှစ်ရှည်လများ ကြာမြင့်ပြီး ရှုပ်ထွေးပွေလီမှုတို့ ဖြင့် ခရီးဆက်သွားရလိမ့်အုံးမည်။ 

လျော့နည်းလာတဲ့ အနောက်တိုင်းရဲ့ လွမ်းမိုးမှုနှင့် မြန်မာနိုင်ငံ တနိုင်ငံတည်းအဖြစ် တသီးတခြားဖြစ်တည်မှု
လွန်ခဲ့သော နှစ်ကာလများနှင့် မတူညီတာက အနောက်တိုင်းနိုင်ငံများဟာ စစ်အာဏာရှင်အုပ်စိုးတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ တိုက်ရိုက် ဝင်ရောက်စွတ်ဖက်ဖို့ စိတ်ဝင်စားမှု မရှိကြတော့တာပဲ ဖြစ်သည်။ အနောက်နိုင်ငံတို့ရဲ့ ပြည်တွင်းရေးကိစ္စတွေဖြစ်တဲ့ နိုင်ငံအတွင်း နိုင်ငံရေးအယူအဆ ကွဲပြားမှု၊ စီးပွားရေး ဆုပ်ယုတ်ကျဆင်းလာမှု၊ နိုင်ငံရေးဒုက္ခသည် အမြောက်အမြား ခိုဝင်လာမှုတို့ကြောင့် သူတို့နိုင်ငံတို့ရဲ့ အဓိကနိုင်ငံရေးမူများက ပြည်တွင်းရေးကိစ္စများအပေါ်  ပိုမိုပြီး အာရုံစိုက်ကြတော့သည်။ နိုင်ငံတကာကိစ္စကို စစ်ရေးအရ ကိုယ်တိုင် ဝင်ရောက်စွတ်ဖက်တာထက်စာရင် စစ်အာဏာရှင် ဆန့်ကျင်ဖက်အင်အားစုတို့ကို ငွေကြေးထောက်ပံ့ခြင်း၊ စစ်လက်နက်တပ်ဆင်ပေးမှုနှင့် စစ်ရေးလေ့ကျင့်ပေးမှု အနေဖြင့် သွယ်ဝိုက်သော နည်းဖြင့်သာ ထောက်ပံ့ကြတော့သည်။ 

ဆီးရီးယား ပြည်တွင်းစစ်ကို ဥပမာအနေဖြင့် ကြည့်ရလျင် ဆီးရီးယားသမ္မတဟောင်း ဗာရှား အာဆပ်က ဆီးရီးယားပြည်သူတွေအပေါ် ဓာတုလက်နက်သုံးစွဲ တိုက်ခိုက်မှုရှိခဲ့သည်။ ထိုကိစ္စကို အကြောင်းပြုပြီး အရင်အမေရိကန်သမ္မတဟောင်း အိုဘားမားအုပ်ချုပ်ရေးက ဆီးရီးယား စစ်အာဏာရှင်ကို လေကြောင်းမှ တိုက်ခိုက်ချေမှုန်းရန် စဥ်းစား စီစဥ်ခဲ့သေးသည်။ ထို့နောက်မှ ဆီးရီးယားသမ္မတဆန့်ကျင်ဖက်အင်အားစုတို့အား ပံ့ပိုးမှုများ အမြာက်အမြား ပေးခဲ့သည်။ ထိုကြောင့် ရှည်လျားကြာမြင့်လှသော ဆီးရီးယားပြည်တွင်းစစ်ကို ဖြစ်ပေါ် စေခဲ့ရုံသာမက၊ မြောက်မြားစွာသော စစ်ဘေးဒုက္ခသည်များကို ဖြစ်ပေါ် စေခဲ့သည်။ ထိုစဥ် အခါတုံးက သမ္မတဟောင်း အိုဘားမားကိုယ်တိုင် မှားယွင်းခဲ့တယ်လို့ ဝန်ခံ့ခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံတကာမှ ဆီးရီးယားသမ္မတဆန့်ကျင်ဖက်အင်အားစုတို့အား တစိုက်မတ်မတ်ပံ့ပိုးပေးမှုဖြင့် စစ်အာဏာရှင်ဟောင်း ဗာရှား အာဆပ်ကို နှစ်ပေါင်း ၁၃-နှစ် ကြာမြင့်ပြီးနောက် ယနေ့အခါ  ဖြုတ်ချနိုင်ခဲ့ကြသည်။ သို့သော်လည်း ဆီးရီးယားနိုင်ငံ တည်ငြိမ်အေးချမ်းသော နိုင်ငံအဖြစ်အသွင်ကူးပြောင်းသွားဖို့ စိန်ခေါ် မှု များ ရှိနေသေးသည်။ 

ဆီးရီးယားနဲ့ မတူတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်အခြေအနေက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများအား ဆီးရီးယားကိုထောက်ပံ့သလို ပြည်ပမှ စစ်ရေးထောက်ပံ့ပေးမှုများ မရှိချေ။ ပြည်သူ့ ကာကွယ်‌ရေးတပ်များသည် ပြည်တွင်းနှင့် ပြည်ပမှ မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ လှူဒါန်းငွေဖြင့်သာ တော်လှန်ရေးကို ဆင်နွဲရသည်။ လက်နက်အင်အား ပြည့်စုံသော မြန်မာစစ်တပ်ကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ အတွက် ပြည်သူ ပြည်သားတို့ လှူဒါန်ငွေသည် အင်အားကောင်းမွန်သောလက်နက်တပ်ဆင်ပြီး ပြည်သူ့စစ်အင်အားတည်ဆောက်ဖို့၊ စစ်လက်နက် သယ်ယူပို့ဆောင်ဖို့ ဆိုတာ လက်တွေ့မှာ လုံးဝ မလုံလောက်ချေ။

ထို့အပြင် ထိုလှူဒါန်ငွေတို့အား ဘယ်လို အသုံးချသလဲဆိုတာ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် တော်လှန်ရေး ထောက်ပံ့သူများအကြား ဝေဖန်မှုများ၊ ယုံကြည်မှုမဲ့လာမှုများလည်း ရှိလာသည်။ 

ပြည်ပအင်အားစုများရဲ့ အခန်းကဏ္ဍ
မြန်မာစစ်တပ်သည် နိုင်ငံရေးမဟာမိတ်ဖွဲ့ထားတဲ့  ရုရှားနှင့် တရုတ် နိုင်ငံတို့ရဲ့  အထောက်အပံ့များ ရရှိနေတာဟာလည်း အရေးပါပြီး ဂရုစိုက်ရတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ လက်နက်၊ နည်းပညာ အရင်းအမြစ်၊ နိုင်ငံရေးအရ တရားဝင်ထောက်ခံမှုများ ရနေတာကြောင့် တော်လှန်ရေး အင်အားစုတွေအတွက် အောင်မြင်နိုင်ဖို့ အရွေ့ဟာ ပိုမို ခက်ခဲနေရသည်။
ထိုကဲ့သို့ နိုင်ငံရေးအရ တရားဝင်ထောက်ခံမှုများရရှိနေသည့်အပြင် မြန်မာစစ်တပ်သည်  လိုသလို ချယ်လှယ်နိုင်စွမ်းသော ဥပဒေ နှင့် အစိုးရ ယန္တရားတို့ဖြင့် ထိန်းချုပ်ထားပြန်သည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို တန်ပြန်ပြီး အနောက်တိုင်နိုင်ငံများ နှင့် အရှေ့‌တောင်အာရှနိုင်ငံများမှ ထောက်ပံ့မှုများ မရရှိ၍ တော်လှန်ရေးသည် စစ်ရေးအရ တဖက်စောင်းနင်း  အင်အားနည်းနေအုံးမည်။



ခေါင်းဆောင်မှု စိန်ခေါ် မှုများနှင့် မြော်လင့်ချက် အမှားများ

မြန်မာ တော်လှန်ရေးအင်အားစုများရဲ့ အဓိက အားနည်းချက်က ‌ခေါင်းဆောင်မှု အားနည်းခြင်းနှင့် စည်းလုံးညီညွှတ်သော ခေါင်းဆောင်မှုမရှိခြင်းတို့ ဖြစ်သည်။ အကျိုးရှိရှိ အောင်မြင်မှု ရရှိဖို့ ရာအတွက် ရှင်းလင်းပြတ်သားသော လမ်းညွှန်မှု၊ တိကျမှန်ကန်သော နည်းဗျူဟာနှင့် လက်တွေ့ကျသော ရည်မှန်းချက်တို့ ချမှတ်တတ်ဖို့ လိုအပ်သည်။ သို့တိုင်အောင် တော်လှန်ရေးအင်အားအများစုသည် လူမှုကွန်ယက် အခန်းကဏ္ဍမှာပင် ဟစ်‌ကြွေးနေသည့်အဖြစ်ဖြင့်သာ တည်ရှိနေသေးသည်။ နိုင်ငံရေးအတွေးအမြင်၊ စိတ်ခံစားကို လိုက်ပြီး တော်လှန်ရေး ခံယူချက်တို့သည် တကယ့်လက်တွေ့ကျသောတော်လှန်ရေးထက် ပိုပြီးအလေးသာနေသည့် သဘောမှာ ရှိသည်။ ထိုအရာတို့က အင်တာနက်အပေါ်တွင် တော်လှန်ရေး ယစ်မူးခြင်းနှင့် မြေပြင်မှ လက်တွေ့ကျသော တော်လှန်ရေး လုပ်ငန်းတို့နှင့်  မတူညီသောကြောင့် ထိုအရာနှစ်ခု ချိတ်ဆက်လို့ မရတော့ချေ။ ပြည်သူပြည်သားတို့အကြား မလိုလားအပ်သော တော်လှန်ရေး အတုအယောင် မြော်လင့်ချက်များ ဖြစ်ပေါ်လာ‌စေသည်။

ထို့ အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ် လာခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် သည်လည်း ကိုယ်ပိုင် စိန်ခေါ် မှုများ ရှိခဲ့သည်။ ပြည်တွင်းစစ်ကာလ  စစ်အာဏာရှင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဘတပြန် ကျားတပြန် အားပြိုင်နေစဥ်ကာလအတွင်း တောင်တန်းဒေသမှာ အာဏာမဲ့ကွက်လပ် ဖြစ်ပေါ် စေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်ကြသော ရခိုင်၊ ကိုးကန့်နှင့် ပလောင် တပ်မတော်တို့က ထိုအခွင့်အရေးကို အလျင်အမြန် ဝင်ရောက်နေရာယူပြီး အကျိုးအမြတ်ရခဲ့သည်။ ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်များ အင်အားကြီးထွားလာခြင်းကလည်း တော်လှန်ရေးအင်အားစုတို့ အလံတစ်ခုတည်းအောက်မှာ စုစုစည်းစည်း တော်လှန်ဖို့ ပိုမိုခက်ခဲစေခဲ့သည်။ ပိုပြီး ကွဲပြားသော လက်နက်ကိုင် အင်အားစုတို့ကို ဖြစ်ပေါ် စေခဲ့သည်။

ရှေ့ အနာဂတ်
မြန်မာ တော်လှန်ရေးအင်အားစုများအတွက် မသေချာ မရေရာသော အခက်အခဲ အတားအဆီး များစွာ ရှိနေသေးသည်။ ခိုင်မာသော ပြည်ပမှ အထောက်အပံ့၊ ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှု၊ ရှင်းလင်းပြတ်သားသော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ မရှိခဲ့ပါက တော်လှန်ရေးလှုပ်ရှားမှုသည် ကျရှုံးသွားနိုင်သည်။ ထိုကဲ့သို့ စိန်ခေါ် မှုများအပေါ် ထပ်ဆင့်စိန်ခေါ်သည့်အရာများသည် စစ်အာဏာရှင်ရဲ့  ကြံ့ကြံ့ခံနိုင်မှု၊ ရုရှားနှင့် တရုတ်တို့ရဲ့ ထောက်ပံ့မှုတို့ အပြင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော စစ်အုပ်ချုပ်ရေး ဖြစ်သည်။ 

တိုက်ပွဲတွေပြီးဆုံးပြီး မြန်မာပြည်လွတ်မြောက်ဖို့အတွက်  အချိန်တွေ အများကြီးကြာအုံးမည်။ ဆူးငြောင့် ခလုတ်တို့ဖြင့် ပြည့်နှက်နေသော ခက်ခဲသော လမ်းကို လျောက်လမ်းကြရအုံးမည်။ အောင်မြင်ဖို့ရာအတွက် မြော်လင့်ချက်နှင့် စိတ်ဓါတ်ပြတ်သားမှုတို့လောက်နှင့်  မလုံ‌လောက်ချေ။ လက်တွေ့ကျသော နည်းလမ်းများနှင့် တစိုက်မတ်မတ် နိုင်ငံတကာ အထောက်အပံ့ရဖို့ လိုအပ်သည်။ သို့မဟုတ်ပါက မြန်မာနွေဦးတော်လှန်ရေးသည် ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရရှိရေးအတွက် အရင်တုံးက တည်ဆောက်ခဲ့သော တော်လှန်ရေးကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် အခန်းကဏ္ဍ အဖြစ်ကျန်ခဲ့လိမ့်မည်။ 

တဖန် စစ်ရေးကိစ္စတွေအတွက် နိုင်ငံတကာ အထောက်အပံ့ရနိုင်ပါမည်လားဟု မေးခွန်တွေ ရှိပြန်သည်။ မြန်မာပြည်တွင် များပြားလှစွာသော တိုင်းရင်းသားလက်နိုင်ကိုင်တပ်များနှင့် အသစ်ပေါ်ပေါက်လာသော ပြည်သူစစ်တပ်ရဲ့ နိုင်ငံရေး သမိုင်းကြောင်းနဲ့ အနာဂါတ် နိုင်ငံ‌ရေးကို နိုင်ငံတကာမှ တွက်ဆကြလိမ့်မည်ဟု သုံးသပ်ရသည်။

ဒီမိုကရေစီ လူ့အခွင့်အရေးကို အဓိကထားသော နိုင်ငံများနှင့် ကျွန်တော်တို့ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ ထောက်ခံသော အင်အားစုများက စစ်အာဏာရှင်ကျဆုံးရေးကို လိုလားကြသည်။

အနောက်အင်အားစု နိုင်ငံ (အထူးသဖြင့် အမေရိကန်နိုင်ငံ)မှ လက်နက်တပ်ဆင်ပေးလိုက်လို့ တချိန်မှာ ၎င်းတို့ရဲ့ အထိန်းအကွပ်မဲ့ကာ ကျားပျံဖြစ်သွားသော နိုင်ငံတကာမှ တော်လှန်ရေးအုပ်စုများ၊ မူးယစ်ရာဇာဂိုဏ် များစွာရှိခဲ့သည်။ 

ထို့ပြင် အရင် အစိုးရလက်ထက် ဖြစ်ပျက်ခဲ့သော ရိုအင်ဂျာ အရေးသည်လည်း အနောက်အင်အားစုအတွက် လက်နက်အင်အားထောက်ပံ့ပေးဖို့ စဥ်းစားစရာ လက်တွန့်စရာလည်း ဖြစ်သည်။ လူ့အခွင့်အရေး ကျူးလွန်သည့် ကိစ္စများ ထပ်မံပေါ်ပေါက်ခဲ့သော် မျက်နှာပျက်စရာ၊ လက်ညိုးထိုး အပြစ်တင်ခံရဖွယ်ရှိသည်။ 
ထောက်ပံ့လိုက်သော လက်နက်များက လက်ရှိ တိုင်းရင်းသား လက်နိုင်ကိုင် အုပ်စု လက်ထဲ မရောက်သွားနိုင်ဘူးလို့ ဘယ်သူမှ တာဝန် မခံနိုင်ချေ။ အနောက်အင်အားစုက စစ်ကောင်စီကို အားမပေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များကိုလည်း မထောက်ခံသော မူကို ကျင့်သုံးကြသည်။

ထို့ကြောင့် စစ်ရေးကိစ္စတွေအတွက် နိုင်ငံတကာ အထောက်အပံ့ရနိုင်မလားဆိုသည့် မေးခွန်းသည် မဖြစ်နိုင်လို့ပင် သုံးသပ်ရလိမ့်မည်။ မြန်မာနိုင်ငံအ‌ရေးသည် နိုင်ငံဒီမိုကရေစီအတွက် အန္တရာယ် အနှောက်အယှက်ပေးနိုင်သည့် အခြေအနေမဟုတ်ဟု အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံတို့က တွက်ဆမိလိမ့်မည်။ စစ်ရှောင်ဒုက္ခသည်များ အိမ်နီးချင်းနိုင်ငံအတွင်းသို့ တိုးဝင်ရောက်ရှိလာခြင်းသာ လတ်တလော ရင်ဆိုင်ရသည့် ခုတည်းသော ပြဿနာအနေဖြင့် သာရှိလိမ့်အုံးမည်။

အဲဒီတော့ ကျွန်တော်တို့ ရွေးချယ်စရာ မြော်လင့်ချက်က ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှု၊ ရှင်းလင်းပြတ်သားသော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ သာ ကျန်တော့သည်။

(မှတ်ချက်။ အင်္ဂလိပ်လို အရင်ရေးပြီးမှ တဖန် မြန်မာဘာသာအဖြစ် အသွင်ပြောင်းယူ ရေးသားရသည့်အတွက် မြန်မာစာ အရေးအသားတို့ကို စိတ်တိုင်းမကျမိချေ။ သို့သော်ငြားလည်း အချိန်နာရီကို ကြည့်မိသည့်အခါ ညဥ့်နက် သန်းခေါင်ကျော်လို့ မျက်ခွံတို့ လေးလံပြီး ငိုက်မြည်းစ ပြုလာသည်။ စာလည်း ရှည်လှပြီ။ တော်အုံးမည်။)

မေတ္တာဖြင့်
ဘကောင်း

Why Myanmar Revolution Faces the Risk of Failure


Myanmar's ongoing civil war, which has persisted for nearly eight decades, has reached a critical juncture. It is also a “now or never” movement, or perhaps could still be ongoing endeavor for many years to come. 

In response, the "People's Defense Forces" (PDFs) have emerged, bolstered by support from both local communities and the Myanmar diaspora abroad. However, despite this broad-based resistance, high morale and determination, significant challenges remain that could hinder the revolution's success.


The Weight of History and Global Parallels 

For decades, there has been a prevailing belief that authoritarian regimes cannot endure indefinitely. And some Western leaders still seem to think that way. In fact, this optimism fueled revolutionary movements worldwide. People of Myanmar truly believed it, and clinging onto that ideology. Yet, history offers sobering lessons.

In Iraq, the ousting of Saddam Hussein by Western forces in 2003 created a power vacuum, quickly filled by Sunni and Shiite militias, ultimately giving rise to the Islamic State. Similarly, Libya descended into chaos after NATO-supported rebels toppled Muammar Gaddafi in 2011. Neither country emerged more stable or prosperous after their dictators’ fall.

Myanmar’s revolution faces a similar risk. The absence of robust international support and the potential for a post-junta power vacuum could plunge the nation into further instability. The lesson is clear: without cohesive planning and strong leadership, revolutions often devolve into protracted chaos.

Waning Western Influence and Myanmar’s Isolation

Unlike previous decades, Western nations are now less willing to intervene directly in conflicts involving authoritarian regimes. Domestic issues such as political polarization, economic downturns, and immigration challenges have shifted their focus inward. Instead of direct military intervention, Western powers increasingly support opposition groups indirectly, providing funding, training, and arms—when they engage at all.

During the Syrian civil war, for example, the Obama administration considered airstrikes against President Bashar al-Assad’s regime following its use of chemical weapons on civilians. This led to a protracted civil war and a massive refugee crisis. It was only after 13 years of conflict and international involvement that the Assad regime was dismantled. However, the transition to stability remains fraught with challenges.

Myanmar, in contrast, lacks the same level of external support. The PDF (People Defense Force) relies almost entirely on donations from citizens at home and abroad, which are insufficient to fund the sophisticated weaponry and logistics needed to counter the well-equipped military junta.

Moreover, there is little transparency regarding how these funds are used, further eroding trust among supporters.

The Role of Foreign Powers

Another critical factor is the support Myanmar’s junta receives from powerful allies such as Russia and China. Their backing provides the military with weapons, resources, and political legitimacy, making it even harder for the revolution to gain traction. Without counterbalancing support from Western nations or regional powers, the revolutionaries remain at a disadvantage.

Leadership Challenges and False Hope

A key weakness in Myanmar’s revolution is the lack of strong, unified leadership. Effective movements require clear direction, cohesive strategy, and realistic goals. Yet, many revolutionaries appear stuck in the echo chambers of social media, where optimism often outweighs practicality. This disconnects between online fervor and on-the-ground feasibility risks disillusioning the population.

Additionally, the emergence of the PDF after the 2021 coup has created its own set of challenges. The power vacuum in highland areas has been swiftly exploited by ethnic armed groups like the Arakan, Kokang, and Palaung. Their growing influence complicates efforts to unify the revolution under a single banner and raises the specter of further fragmentation.

The Road Ahead

Myanmar’s revolutionaries face an uphill battle fraught with uncertainty. Without substantial foreign support, better leadership, and clearer accountability, the movement risks faltering. Compounding these challenges is the junta’s resilience, bolstered by international allies and decades of entrenched power.

The fight for freedom in Myanmar is far from over, but it is a long, treacherous road ahead. Success will require not just hope and determination but also pragmatic solutions and sustained international support. Otherwise, Myanmar’s revolution, like others before it, risks becoming another tragic chapter in the struggle for self-determination


Note: I am a current supporter of LPDF.


Metta,

bk

Myanmar conscription law


The military regime unfolded one of its tactical cards by enacting the conscription law – effectively sparking widespread concern among the nation's youth. Myanmar endow a significant young population.

It is apparent that the introduction of the conscription law serves a dual purpose: to legalize forced recruitment to avoid scrutiny from ASEAN and Western nations. ASEAN, prioritizing the semblance of peace and adherence to local laws, and therefore find itself predicament where it must navigate its interests alongside those of the military regime, which has escalated what began as a Spring revolution into a full-blown civil conflict. What can we expect from ASEAN when birds of a feather flock together with similar interest?

Drawing from my experiences in organizational management and social dynamics, it is evident that outsiders perceive the situation in Myanmar as conflict and dire. Realistically, it seems implausible to enforce conscription on every eligible individual. However, this move likely lays the groundwork for bolstering the military presence in regions engaged in conflict with Ethnic Armed Organizations (EAO) and People's Defense Forces (PDF).

With approximately 20% to 30% of the population falling within the conscription age range, the number of affected young people is staggering.



Understandably, many young people may opt to leave the country to evade military service. Unfortunately, not everyone, particularly those who lack access to higher education, enjoys the privilege of this choice. While it may not offer remotely close to a practical solution, my advice remains consistent: prioritize education and knowledge acquisition. By fostering critical thinking and discernment, individuals in Myanmar can cultivate the intellectual capacity to discern between right and wrong amidst these turbulent times.

DEI Impact


သမ္မတ‌ဟောင်း ဒေါ်နယ်‌‌ဒရမ့် တစ်ယောက် တရားရေးရာကိစ္စတွေ ရင်ဆိုင်နေရကတည်းက သူ့အကြောင်း မကြည့်ဖြစ်တာ ကြာပြီ။ ဟိုး အရင်းတုံးကတော့ တပါးသူအပေါ် စော်ကားမော်ကား ပြောဆိုတတ်တဲ့ သူ့အကြောင်းတွေ ကြည့်ဖြစ်သည်။ သူက ဘာလဲ‌ပေါ့။ လူအရတော့ သူ့ ကို ထောက်ခံစရာ အကြောင်း မရှိချေ။ အမေရိကန် သမ္မတ‌ဟောင်းတွေ အကြောင်းတွေ ကြည့်တဲ့ အခါ သမ္မတဟောင်းအိုဗားမားရဲ့ အိမ်ဖြူတော် နောက်ဆုံး ညစာစားပွဲကို အနှစ်သက်ဆုံးဖြစ်သည်။ လက်ရှိသမ္မတကတော့ ပျင်းစရာကောင်းလွန်းလှသည်။ သို့သော်လည်း ကိုယ်မဲပေးခဲ့တဲ့ ပါတီတွေ အနိုင်မရတာ နှစ်ကြိမ်ရှိသွားပြီ။ စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယနွယ်ဖွား နစ်ကီဟေလီက ရီပါပလစ်ကမ် ပါတီဝင်။ အင်္ဂလန် ဝန်ကြီးချုပ် ရီရှီစူးနား ကလည်း ကွန်ဆာဗေးတစ် ပါတီဝင်။ ထိုပါတီတွေရဲ့ နိုင်ငံရေး မူဝါဒက အခြေစိုက် ပြောင်းအ‌ရွေ့နေထိုင်လိုသူ (immigrant) နိုင်ငံခြားသားတွေအတွက် ကောင်းကျိုးသိပ်မရှိလှဘူး။ ဘာကြောင့်များ အိန္ဒိယနွယ်ဖွားတွေ နိုင်ငံရေးမှာ ကွန်ဆာ‌ဖေးတစ် အယူအဆ ယိမ်းသွားကြသလဲဆိုတာ စဥ်းစားမိသေးသည်။ မြန်မာ နွယ်ဖွား အချို့ ကွန်ဆာ‌ဖေးတစ် အယူအဆ ယိမ်းသွားကြတာ အကြမ်းအားဖြင့် နားလည်လို့ ရသည်။

၁။ သူရို့ မျိုးဆက်မှာ ပင်ပင်ပန်းပန်း အလုပ်ကို ကြိုးစား၊ အခွန်အထုတ်တွေ ပေးဆောင်ခဲ့ပြီးမှ နောက်မှာ ဝင်ရောက်လာတဲ့ အခြေစိုက်သူတွေက အစိုးရထံမှ လက်ဖြန့်ပြီး တောင်းစားကြတာကို မ‌ကျေနပ်ကြတာ။ general burmese mentality. (oh no no. don't say it. wawwiwa)

၂။ ဒီမိုကရက်အချို့ တွေ လက်ဝဲ အရမ်း ယိမ်းကြတဲ့ အခါ စိတ်ပျက်တာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲတပတ်ပြန်လည်လာတာနဲ့ အတူ၊ မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန်နိုင်ငံကို အခြေစိုက်ဖို့ ရွှေ့ ပြောင်းလာကြတဲ့ မြန်မာနွယ်ဖွား နိုင်ငံသားတို့ အကြောင်း၊ မြန်မာ လူမူကွန်ယက်မှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက် (content) တွေ (sex joke, sex education,sex insult, ..etc) တွေ့ရဖန်များလာတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ လူ့အဖွဲ့အစည်းမှာ ပြောင်းလဲလာတဲ့ လူမှု့ရေး ပုံစံ (social landscape) နဲ့ ၎င်းတို့ရဲ့ ဖြစ်လာနိုင်ချေ ရှိတဲ့ ရိုက်ခတ်မှု (potential social impact) တို့ကို စဥ်းစားမိသည်။ sex education ပေးတယ် ဆိုတဲ့ ခေါင်းစဥ် အမိုးအောက်မှာနေတဲ့ လူအချို့ရဲ့ အပြောအဆိုက ပညာပေးတာထက် ဒါက ဒီလို လုပ်လို့ရပါတယ်ဆိုတဲ့ ရေးလာမြောင်းပေးတဲ့ သဘောကို ဆောင်တာ တွေ့ရသည်။ လူမှုကွန်ယက်ကို သုံးတဲ့ အသက် ၁၆-နှစ်အောက် ကလေး တွေ အများကြီး ရှိကြသည်။ ၎င်းတို့အတွက် ရင်လေးမိသည်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကပင် ဖလော်ရီဒါ ပြည်နယ်မှ ဥပဒေ တစ်ခု အတည်ပြု ခဲ့သည်။ အသက် ၁၆-နှစ် အောက် ကလေးတွေကို လူမှုကွန်ယက် ပေးမသုံးရဆိုတဲ့ ဥပဒေ။ ရီပါပလစ်ကမ်တွေ လွှမ်းမိုးတဲ့ လွတ်တော်ကနေ အတည်ပြုခဲ့တာကိုး။တူမလေးက မြန်မာနိုင်ငံက ပညာရေး၊ လူမှုရေး အတွေးအခေါ် အယူအဆ အစရှိတာတွေနဲ့ ထိတွေ့ အခြေခံပြီး ပညာရေး အဆင့်အတန်း နိမ့်ကြတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာရမှာကိုး။ မြန်မာ ယဥ်‌ကျေးမှုကို မည်သို့ပင် ဖက်တွယ်နေပါစေ၊ လက်တွေ့မှာ သူကလေးရဲ့ အနာဂက်က မှောင်မှိက်လွန်းလှသည်။ တကယ်တော့ ယဥ်ကျေးမှုဆိုသည်ကား လူတဦးချင်းရဲ့ အမူအကျင့်တွေ ပေါင်းစပ်ပြီးမှ ဖြစ်ထွန်းလာကြတာ မဟုတ်ပါလော။

အပြောင်းအလဲများလွန်းပြီး ရှုပ်ထွေးလွန်းလှတဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်း (sophisticated society) မှာ ကျင်လည်ဖို့ (navigate) အတွက် မြင့်မားသော ပညာအရည်အချင်း၊ အတွေးအခေါ် ၊ ရှု့ မြင်သုံးသပ်ဖို့ လိုအပ်သည်။ ကျား မ တန်းတူ အခွင့်အရေး (gender equality) ရဖို့ တောင်းဆိုနေကြတဲ့ ကြားထဲမှာ လိင်တူနဲ့ လိင်အပြောင်းအလဲလုပ်ထားသူတွေ (gender neutral, gender identity) ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတစ်နိုင်ငံအတွက် လူဝင်မှု ပြဿနာ (immigration crisis) တွေ အကြာင်း၊ နိုင်ငံရေး အပြောင်းအလဲမှာ ဖြစ်လေ့ရှိတဲ့ အပြောင်းအလဲ (social norm) တွေ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပညာရှင်တို့ရဲ့ မတူကွဲပြားတဲ့ ရပ်တည်ချက် ခံယူချက်တွေကို နားလည်နိုင်မှ ယနေ့ လူ့အဖွဲ့အစည်းမှာ အဆင့်အတန်းမြင့်မြင့် ကျင်လည်နိုင်မည်။

ဆိုခဲစေ မြဲစေဆိုတဲ့ စကားရှိပေမဲ့လည်း ကိုယ်ပြောသည့် စကား၊ ကိုယ်ရေးသည့် စာ၊ အသုံးအနှုံးတို့သည် အထက်က ‌‌ပြောခဲ့သည် လူမှု ရေးပြဿနာတို့နဲ့ အစဥ် ချိန်ထိုး တွက်ဆပြီး ပြောတတ်၊ ဆိုတတ်ရသည်။ ပစ်လွတ်လိုက်တဲ့ နူတ်ထွက်စကားတို့သည် ဘူမာရမ် (boomerang) လို ကိုယ်စီ တစ်ပတ်ပြန်လည်လာတတ်တဲ့ သဘောရှိသည်။ သက်သေ သာဓကအဖြစ် ရိုအင်ဂျာအရေးကဲ့သို့သော မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိသည်။ နိုင်ငံရေး စီပွားရေး မူဝါဒ၊ လူမှုရေး အတွေးအခေါ် အယူအဆတို့သည်လည်း ဘူမာရမ် ကဲ့သို့ပင်။

မနေ့က ဒေါ်နယ်‌‌ဒရမ့် မဲဆွယ်ပွဲမှာ ပြောတာ ကြားလိုက်ရသည်။ သူသာ သမ္မတ ဖြစ်ခဲ့ပါက DEI (diversity, equity, and inclusion) program တွေ ရပ်ပစ်မည်လို့ ကြိမ်းဝါးထားသည်။ ဒီမိုကရက် သမ္မတ လက်ထက်မှာ လူတိုင်း တန်းတူ အခွင့်အရေး ရအောင် DEI မူဝါဒတွေကို ပညာရေးနယ်ပယ်၊ အစိုးရ လုပ်ငန်းတွေ မှာ ထဲထဲဝင်ဝင် ချမှတ်ထားသည်။ ပုဂ္ဂလိက နယ်ပယ်တွေဖြစ်တဲ့ ကိုအော်ပရိတ် (corporate) ကုမ္ပဏီတွေလည်း အများပြည်သူအလိုက် ထို မူဝါဒကို လိုက်လျောရသည်။ လက်တွေ့ DEI သဘောသဘာဝက အရည်အချင်း တော်တာ တတ်တာထက်၊ ယောင်္ကျား မိန်းမ အရည်အတွက် မျှမျှတတ၊ အသားရောင်မတူညီတဲ့လူ အရည်အတွက် မျှမျှ တတ ရှိဖို့က ဦးစား‌‌ပေးပထမအဆင့် ဖြစ်သည်။ ပြီးတော့မှသာ အရည်းအချင်းကို ဒုတိယဦးစားပေးအနေ ဖြင့် စဥ်းစားရသည်။ ထို နိုင်ငံရေး မူဝါဒ ဘူမာရမ် ကိုတော့ ပစ်လွတ်လိုက်ကြသည်။ ထို မူဝါဒရဲ့ ကောင်းကျိုး ဆိုးကျိုး ကို ကျွန်တော်တို့ စောင့်ကြည့် သုံးသပ်ကြည့်နေကြဆဲပင်။

နယူးယောက်မြို့ မှာ ရပ်ကွက်အလိုက် ကျောင်းကောင်းတယ်၊ မကောင်းဘူး ဆိုပြီး ရှိကြသည်။ DEI မူအရ မြို့တော်ဝန်က အောင်ချက်မ‌ကောင်းသောကျောင်းမှ ကျောင်းသူ ကျောင်းသားများကို အောင်ချက်ကောင်းသော ကျောင်းများဆီသို့ ပိုပြီး ကျောင်းသူ ကျောင်းသားများကို မျှတအောင် ရောမွေ ပစ်လိုက်သည်။ အောင်ချက်ကောင်းသော ကျောင်းမှ ကျောင်းသား မိဘများက မကျေနပ်ကြချေ။ သူရို့ သားသမီးတွေကို ဆိုးသွမ်းသော ကျောင်းသားများနှင့် အတူတကွ စာသင်ယူရသည် မကြိုက်ကြ ချေ။ အချို့ ကျောင်းသားတွေကလည်း ဆရာ ဆရာမကို အနိုင်ကျင့်သည် အထိ ဆိုးကြသည်။ ဥပ‌ဒေက ဘာမှ လုပ်လို့ မရ။ ရုပ်ရှင်ထဲကလို လူစွမ်းကောင်းဆရာတွေ လက်တွေ့ မှာ မရှိကြချေ။

တက္ကသိုလ်ဝင်ခွင့် လျှောက်ကြသည့် အခါတွင်လည်း DEI မူအရ အသားအရောင်အလိုက် လူဦးရေ မျှတအောင် ရွေးချယ်ကြရသည်။ အာရှနွယ်ဖွား ကျောင်းသူကျောင်းသား မိဘတို့ ငြီးတွားကြသည်။ ကျောင်းတွေက လက်ခံသည့် လူဦးရေကို အသားရောင် မတူညီသော လူမျိုးနွယ်တို့ အလိုက် ရွေးချယ်လက်ခံကြသည်။ မည်သို့ပင် အရည်အချင် ပြည့်မီပါစေ ကိုယ့်အသားရောင် ကိုယ့်လူမျိုးစုအတွက် လူပြည့်သွားပါက ကျောင်းဝင်ခွင့် ရလိမ့်မည် မဟုတ်ချေ။ လူ့အဖွဲ့အစည်းကို အဲလို တည်ဆောက်ဖို့ အစိုးရ မူက လမ်းကြောင်း ချပေးထားတာကိုး။ အ‌ကောင်းဆုံးဆိုတဲ့ လူ့အဖွဲ့အစည်း နှင့် မျှတသော လူအဖွဲ့အစည်းတို့ရဲ့ လွန်ဆွဲ အားပြိုင်မှု ပုံရိပ်ပင်။ ထိုမူတွေရဲ့ ကောင်းကျိုး ရှိသလို ၊ ဆိုးကျိုးတွေ လည်း ရှိသည်။

မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲဖြစ်တိုင်း နိုင်ငံခြားသို့ ပြောင်းရွှေ့ အခြေချတဲ့ မြန်မာနိုင်ငံသားတို့ အများ အပြား ရှိခဲ့သည်။ ဦးသန့် အရေးအခင်းမှ စလို့၊ ၈၈ အရေးအခင်း၊ ၉၆ အရေးအခင်း၊ ရွှေဝါရောင်မှစလို့ လက်ရှိ နွေဦးတော်လှန်ရေး။ ကျွန်တော်တို့ နိုင်ငံ တော်လှန်ရေးသည် နှစ်ရှည်ကြာအုံးမည်။ အရေးအခင်းတိုင်းမှာ ကိုယ်ယုံကြည်ရာ နိုင်ငံရေး ရပ်တည်ချက်အတွက် အသက်ပေးဆပ်ခဲ့ရသူတွေ အများကြီးရှိခဲ့သည်။ လည်တဲ့သူ သို့မဟုတ် လည်လည်ဝယ်ဝယ်ရှိတဲ့သူတွေ နိုင်ငံခြားရပ်ခြား လွတ်မြောက်ရာကို သွားနိုင်ကြသည်လို့ ပြောရမည်။ လည်လည်ဝယ်ဝယ် မရှိတဲ့ သူတွေက စောင့်နေကြတုံး။ မဆီမဆိုင် ကန်တတ်ကီပြည်နယ်မှာ နေတုံးက သိကျွမ်းခဲ့တဲ့ ကိုစောဆီးကို သတိရမိသေးသည်။ သူ့နာမည် အရင်းက ကိုလှမောင်၊ အညာသား။ ကရင်နာမည်ကို နယ်စပ်ကနေ သူဝယ်ခဲ့တာတဲ့။

ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တော်လှန်သူတို့ အခက်အခဲ ဆင်းရဲ ဒုက္ခခံလျက် အသက်ပေး တိုက်ပွဲဝင်နေကြဆဲပင်။ ပြီးခဲ့သော အရေးအခင်း အဆက်ဆက်တို့ကို အခြေပြုပြီး ဘဝသစ်ကို တည်ဆောက်ကြသော အခြေစိုက် မြန်မာ(myanmar immigrant) တို့ရဲ့ ဘဝတည်ဆောက်မှု၊ အပြောင်းအလဲတို့ကို ခန့်မှန်း သုံးသပ်ရသည်။ အခြေစိုက် မြန်မာလူမျိုးတို့သည် အများစုက နိုင်ငံရေး ခိုလှုံခွင့်ဖြင့် တရားဝင် နေထိုင်ခွင့်ကို ပြောင်းယူကြရသည်။ အများ မိုးခါရေ သောက်သည့်အခါ သူရို့ လည်း သောက်ကြရတာကိုး။ မည်သို့ပင် ဆိုစေကာမူ တောင်အမေရိကမှ ဝင်ရောက်လာသည့် လူမျိုးစု၊ တရုတ်နိုင်ငံက ဝင်ရောက်လာသည် တရုတ်နိုင်ငံသား အရည်အတွက်တို့နှင့် နှိုင်းယှဥ်သည့် အခါ မြန်မာလူမျိုး ပြောင်းရွှေ့ အခြေစိုက်နေထိုင်သူရသူတို့ အလွန်နည်းကြသေးသည်။ တောင်အမေရိကမှ တရားမဝင် ဝင်လာသောအခြေစိုက်သူ (immigrant) တို့ကို ကိုင်တွယ်‌ဖြေရှင်းဖို့ မူဝါဒများကိုလာမည့် အမေရိကန် သမ္မတ‌ရွေးကောက်ပွဲတွင် ဆုံးဖြတ်ကြရအုံးမည်။ သမ္မတ‌ဟောင်း ဒေါ်နယ်‌‌ဒရမ့် လက်ထက်တွင် H1-b နှင့် ခေါ် ယူသော ပြည်ပ အလုပ်သမား ဦးရေ အများကြီး လျော့ချခဲ့သည်။

ယနေ့ အချိန်တွင် မြန်မာပြည်ရဲ့ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ အချက်ကောင်းလို့ သုံးသပ်မိသည်။ ၎င်းတို့ ရည်ရွယ်ချက် အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့ကြသည်။ နယ်မြေစိုးမိုးမှု နဲ့ အတူ၊ သြဇာအာဏာသည်လည်း အတူဒွန်တွဲ ပါလာသည် မဟုတ်ပါလော။ သူ့ရို့သည် သူရို့ တိုက်ယူရရှိသည့် နယ်မြေအတွက် သြဇာအာဏာကို ဆုတ်ကိုင်ထားကြလိမ့်အုံးမည်။ တနေ့က ဝ၊ ကိုးကန့် လူမျိုးတို့အကြာင်း မှတ်တမ်းတင်ထားသော (documentary) ရုပ်ရှင်ကို ကြည့်မိသည်။ ၎င်းတို့၏ ယဥ်ကျေးမှု၊ အုပ်ချုပ်မှု စနစ်တို့သည် မြေပြန့် မှ တိုင်းရင်းသားတို့ (ကျွန်တော်အပါအဝင်) ပါးစပ်အဟောင်းသားနဲ့ ကြည့်ရအောင် အလှမ်းဝေးလွန်းလှသည်။ ရခိုင်ပြည်နယ် လွတ်‌မြောက်ခဲ့မည် ဆိုရင်တောင် အနည်းဆုံး ရခိုင်ပြည်မှ အဘုချေ အကြောင်းကို ကျွန်တော်သိလိမ့်အုံးမည်။ မြန်မာနိုင်ငံရေးအကြောင်း ‌ပြောချင်ပေမယ့် ပြည်ပမှာ လွတ်မြောက်နေသူ တစ်ယောက်အနေဖြင့် ပြောချင်သည့်အရာအချို့ မြိုသိပ်ရသည်။ ပြည်တွင်းကို ပြန်ရောက်လို့ ရင်ဖတ်ချင်း နီးတဲ့အခါမှ အိတ်သွန်ဖာမှောက် ခံစားချက်တို့ကို ပြောတော့ မည်။

နှမ အလတ်မလေး အမေရိကန်နိုင်ငံ နေထိုင်ခွင့်ကံစမ်းမဲ‌ပေါက်လို့ အမေရိကန်နိုင်ငံရောက်စက ‌ပြောသည့် စကားကို မှတ်မိသည်။ နောက် သုံးနှစ်လောက်နေတဲ့ အခါ မြန်မာပြည် ပြန်မည်လို့ ကြွေးကြော်ခဲ့သည်။ ကျွန်တော်က ပြုံးပဲ ကြည့်နေခဲ့သည်။ ထိုစကားကို ကြားခဲ့ရတာ လွန်ခဲ့သော ဆယ်နှစ်‌ကျော်က။ ယနေ့ ထက်တိုင် သူကလေး ဒီနိုင်ငံမှာ ရှိနေသေးသည်။ လူ့လောက လူ့ဘဝတွေအကြောင်း နားလည် သိတတ်လွန်းလို့ အရာရာကို အပြုံးဖြင့် နားလည်စွာ ကြည့်တတ်ခဲ့ရသည်။ ခံစားချက်တို့နှင့် လက်တွေ့ ဘဝသည် အလှမ်းဝေးလွန်းလှသည်။ မည်သို့ပင် ဆိုစေ ကံစမ်းမဲပေါက်လို့ ရောက်သည်ပဲ ဖြစ်ဖြစ်၊ အတု လက်ထပ်လို့ ရောက်သည်ပဲ ဖြစ်ဖြစ် (ဟိုတလောက ဒေါ်လာ သုံးသောင်းနဲ့ လိင်တူချင်း အတုလက်ထပ်ပြီး ခေါ် လို့ရတယ်ဆိုတဲ့ သတင်းကြားမိလို့ စိတ်ဝင်တစား နားထောင်မိသေး သည်။ နောက်မှာ အော် ငါနဲ့မှ မဆိုင်တာ ဆိုပြီး စိတ်လျော့ လိုက်ရသေးသည်)၊ အများ မိုးခါရေ သောက်သလို ခိုလုံခွင့်နှင့်ပဲ နေနေ ။ အားလုံးကို ချစ်ခင်စွာ ကြိုဆိုမိသည်။ ရံဖန်ရံခါ ကျွန်တော်က ခင်ဗျားထက် စောရောက်တာ ကြာနေပြီး ဆိုပြီး နှစ်တွေ လာကြွားသူကို တွေ့ ရတတ်သည်။ ကျွန်တော်တို့ အားလုံးသည် အတူတူနှင့် အနူနူ ပဲ မဟုတ်ပါလော။ အနူနူကို လက်မခံပါက ကျွန်တော်ပဲ နူလိုက်ပါရစေ။

အဲဒီတော့ ပြောကြ ဆိုကြ ရေးကြတဲ့ အခါ အပြစ်လွတ်တဲ့ စာ၊ အပြစ်လွတ်တဲ့ စကား ဘယ်လို လုပ်ရ ပါ့လို့ မေးစရာ ရှိတာပေါ့။ ပိန်တာ၊ ဝတာ၊ အိုတာ ပျိုတာ၊ ယောင်္ကျား မိန်းမ၊ လိင်တူ လိင်ကွဲ အသားရောင် မတူတာတွေကို အပြစ်လွတ်တဲ့ စကား ပြောတတ်ဖို့ လေ့ကျင့် ယူရသည်။ လေ့လာရသည်။ တဖြည်းဖြည်းချင်းနဲ့ အပြစ်လွတ်တဲ့ စကားကို ပြောတတ်လာလိမ့်မည်။ သို့ မဟုတ်ပါ ကျွန်တော်တို့ မြန်မာ လူအဖွဲ့အစည်းသည် နွံထဲမှာ နစ်သထက် နစ်နေ အုံးမည်။ ယဥ်ကျေးမှု နောက်ကောက်ကျ ကျန်နေ အုံးမည်။

The rise of UWSA

Over the past two years, I have been following Wa Channel and Wa State TV media anticipating insights into the activities of the United Wa State Army (UWSA). Throughout this period, UWSA has maintained a relatively low profile on social media, behaving pretty well I would say, not doing anything falan falan on social media, even in the aftermath of the Myanmar military coup in February 2021, where they are sidelining their military strength.

I also wanted to see how Tun Myat Naing’s ambition align with the de facto state of Wa and his adaptation on how Wa state was shielding its territory against the arbitrary despotism of the Myanmar regime. 

Recently, it seems that the UWSA is inching closer to wielding its sovereignty and bolstering its military capabilities. I applaud for that. However, the governing principles of the state and their commitment to upholding the rule of law remain largely unknown to the Burmese people. 

I am skeptical that UWSA's inclination to extend its military campaigns to the lowlands and establish authority there. The substantial cultural differences and the unpredictable behavior of the Burmese people pose significant challenges to such an expansion. 

In revisiting the latest iteration of the United States' Burma Act, now incorporated into the National Defense Authorization Act (NDAA) 2023, I noted substantial differences from the original version introduced in the Senate and passed by the House of Representatives. This revised Burma Act appears to lend support to the National Unity Government (NUG) but does not explicitly endorse Ethnic Armed Organizations (EAOs) or People's Defense Forces (PDFs). I wonder what would entail with the latest swing of NUG’s foreign policy towards China, but I do not think it matters either way. 

Washington's political stance on Myanmar reflects a stringent criterion: anyone, be it activists, politicians, or lobbyists, who approach Washington must pass the "Rohingya exam." United States Agency for International Development's (USAID) announcement of an additional $87 million to support Rohingya refugees in December 2023. The Biden administration has also declared $116 million in humanitarian assistance for the people in Myanmar, Bangladesh, and the region. It is apparent that the U.S. aims to decisively resolve the Rohingya crisis, ensuring it does not recur. Given that this financial aid is sourced from taxpayers, it is likely that Republicans will seek to shift their focus towards domestic affairs in the long run

The Novice

If I recollect my fading memories in the most nostalgic way; longing the friendship we had, it was one of mellow and slow-moving days toward the end of summer time in Nara; the city I personally find certain resemblance of my hometown, Mandalay, in many different ways. For instance, people of Nara speak distinct dialog different from Tokyo for that one could only fathom how the culture of past monarchy in the region still influence in ordinary daily life. We were just strolling along side of deer park where deer were freely roaming around occasionally in close contact with human visitors. Her eyes were glistering with excitement and full of curiosity about me. On contrary, I was quite and shy one at the receiving end by simply answering the series of questions throwing at me without seemingly to stop.

“Chris-san. were you a monk when you are young?” she asked. “You mean novice?” understanding what she meant to ask and confirming her question.

She said, “yes”. To my pleasant surprise with a bit of bewilderment and amusement to her question while my mind was processing every possible social misfortune whether I had revealed my protected childhood memory to someone she might know.

I asked. “How do you know?”

“Every Burmese men have to be a monk when they are young, right?”. She must have done her homework about Burmese men and culture.

“Ah. so desu ne”. I confessed in her language while my mind was slipping away to my childhood when I was a novice simply following the cultural footsteps of every Burmese boy who entered into novicehood at the age of 10 to 20 years old.

I was only 10 years old when I became a little monk wearing saffron robe.

It was a very important ceremony and big event for my parents. A month before the ceremony, I was sent to monastery in order to understand Buddhist teachings and learn prayers.

My grandmother used to offer rice, and occasionally combine with dishes whenever there was a special event, to every monk who stop by at the front door of our house every morning before I was born. I was told that one of those monks who received my grandmother’s offering became the head monk of the monastery after a few years. He also became a regular monk receiving my mother’s offerings every morning after my grandmother retired from her daily routine.

The time comes when I reached 10 years old, my parents started planning to ordain me as a young monk along with my sister and cousins. Girls will be prepared for becoming nun, but all focus are on boys who be entering into young monkhood officially. Head monk took me as his disciple and guided me with moral principles according to Buddhist way of teaching a month before my ordain ceremony.

It was a very foundation of Burmese society how religion and ordinary citizens are knitted together. It can also be reckoned as a sense of how Buddhist monk repaying their obligation to the families of offering charitable deeds to them, and therefore in return they preach Buddhism and teach Buddhist way of living.

I was regarded as the most intelligence one among other disciples by head monk. I could recite Buddhist prayers both basic and advanced ones. Buddhist prayers are composed of Pali language, classical and liturgical language of the Theravāda Buddhist canon, a Middle Indo-Aryan language of north Indian origin akin to Sanskrit dialects. The same way how Catholic monk reciting prayers in Latin.

It was a grand ceremony according to our lower-middle class family standard. Free flow of foods was served to everyone along with family, friends, and relatives who came and observed me as a little boy going to become a novice. My head was shaved in front of the monk while my parents were holding each end of the shaving cloth to collect my hairs. Once my head was shaved, I squatted down in front of the monk and held my saffron robe and reciting prayers in a way of asking permission to wear the holy robe. The head monk gave his blessing, and I was officially ordained to be a novice.

I was sent to a monastery at the age of 10 after the ceremony, and it was the first time I was supposed to sleep away from my parent especially from my grandmother. I did not know how to handle the loneliness. I was just only a child among other novices whom I did not know anyone. Traditionally, I was expected to stay in monastery at lest seven days but as soon as the light went down, I run away from monastery and went back home to sleep with my grandmother as usual. The next morning, I was playing with my friend outside of my house. My holy saffron robe was gone, and I became a layboy again. I do not know how much money my parents spent for that day just for only I lasted one night being as a novice.

To this day, Buddhist Burmese men are still regarded and expected to be a novice or monk at some point of their life. Some goes extra length and never come back to become a layperson again. Some only latest a few hours. Nevertheless, there are always certain people, outside of Burmese culture, who are always fascinated about Burmese culture and our way of thinking

EAOs advancement



I have been cautiously following the recent orchestrated large-scale military campaign launched by coordination between ethnic armed organizations and people defense forces against Myanmar military, police, and militia groups across northern Shan State. I do not know the level of collaboration between ethnic armed organizations and people defense forces in term of financial and tactical weapons, but the alliance of EAOs, which includes the Myanmar National Democratic Alliance Army (MNDAA), Ta’ang National Liberation Army (TNLA) and Arakan Army (AA), is claiming victory over hundreds of Myanmar’s military strongholds and took control of several towns, including strategic areas and key border crossings with China. 

There has been speculation among certain groups of political commentators saying that China was backing up behind the attack which is utterly unlikely the case in my opinion. In fact, on the other contrary, prolonged civil war is hindering the progress of Beijing’s investment and businesses in Myanmar. Nevertheless, the victory of the recent campaign was applauded by the people of Myanmar and saw it as a sign of hope after Myanmar military’s bloody crack down and inhumane tactic on citizens who oppose regime. 

It is absolutely crucial that EAOs shall maintain their strong foothold and defense the cities they captured from potential counterattack by military regime. The question is how EAOs will do it? For decades, ethnic armed groups (EAOs) in Myanmar have created various money streams to expand their troops and buy tactical weapons by mean of extorting “protection” payments, ဆတ်ကြေး, from smugglers, engaging in illicit logging and jade mining projects, and trafficking drugs. With the implementation of “Business for Peace” (B4P) platform back in 2013, Myanmar has greatly suffered massive environmental degradation due to deforestation and unregulated mining. 

The quid pro quo agreement between EAOs and former Myanmar’s governments to adopt B4P only benefited to the elite group of people for decades. 

It is an inevitable fact that EAOs are in desperate need of fundings and additional resources to sustain their victory over time. The same goes to Myanmar military regime as well. The news streaming from northern Myanmar about MNDAA’s practice, similar tactic as Myanmar military regime, by kidnapping ordinary citizens and asking for ransom money to raise their funding was very concerning as it has already been causing dislike and major concern among local people. I came to aware a few weeks ago that my loved ones were forced to make extorting “protection” payments. Instead, it should have been volunteered funding to support the cause of the downfall of Myanmar’s military. 

In order to resolve this dire situation, EAOs has no other way except trafficking drugs which would ethically outweigh our educated conscious mind. Donation alone is not a sustainable solution in the long run. The longer this war is dragging on, the unintended consequences are unprecedented and paramount in the future

အပိုင်းဆက် မသိတဲ့ မြကြည်

ညသည် တိတ်ဆိတ်လွန်းလှသည်။ အထူးသဖြင့် လျှပ်စစ်မီး အစဥ်ပြတ်တောက်လေ့ရှိတဲ့ လောင်းကြီးပုတီးကုန်ရွာမှာ ပိုပြီး တိတ်ဆိတ်လွန်းလှသည်ဟုထင်သည်။ လျှပ်စစ်မီးကို အမှီသဟဲပြုရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ညရဲ့ သဘာဝအောက်မှ အတုံးအရုန်း ရှုံးနိမ့်ကြဆုံးကုန်ကြရသည်။ လရောင်တွေ ဂုဏ်တက်တဲ့ည။ ကြယ်ရောင်တွေ မြူးတူးခုန်ပေါက်တဲ့ ညတွေလည်းဖြစ်သည်။ မြန်မာပြည် ကျေးလက်တောရွာတနေရာက တဲအိမ်တစ်အိမ်ရဲ့ ကွတ်ပြစ်ပေါ်မှာ လှဲလျောင်းနေရင်း အနောက်တိုင်းတေးဂီတ ပေါ့တစ်(ရှ်)ဟတ်တီဝိုင်းရဲ့ သံစဥ်နားထောင်နေသူ သူမအတွက် မတူညီတဲ့ ယဥ်ကျေးမှုနှစ်ခု အားပြိုင်အလဲထိုးကြသည့် ကြိုးဝိုင်းထဲက ဒိုင်လူကြီးတစ်ယောက်လိုခံစားရသည်။ အမြင်အာရုံက ဆူးပုတ်၊ ထနှောင်းပင်တို့ ဝန်းရံထားတဲ့ ကျေးလက်ကရွာ။ နေ့လည်ခင်းက နွားလှည်းတို့ ဖြတ်မောင်းထားသော ဖုန်းထူထူနှင့်မြေလမ်းသည် ညကြတော့ တိတ်တဆိပ် လှဲလျောင်းနေသည်ကို ကွတ်ပြစ်‌ပေါ်က လှမ်းကြည့်ရင်း မြင်ရသည်။ သစ်တိုသစ်စတို့နှင့် ကျိုးပဲ့နေတဲ့ ခြံစည်းရိုးက ခြံဝင်းထဲ လူဝင်ရင်တောင် သူရို့နှင့် မဆိုင်သလို မသိကျိုးကျွံပြုကြသည်။ အိမ်နောက်ဖေး နွားတင်းကုတ်က နွားခြေးနံ့က ညလေတိုက်တဲ့အခါ အိမ်ရှေ့အထိ လွင့်ပါလာလေ့ရှိသည်။ ထိုအမြင်နှင့် အနံ့အာရုံ နှစ်ခုကြားထဲမှာ ညင်ညင်သားတိုးဝင်လာတဲ့ အကြားအာရုံရဲ့ ခံစားချက်က လုံးလုံးကြီး အပ်စပ်လို့ မရ။ ဆွဲဆွဲမြေ့မြေ့ သီဆိုနေတဲ့ အနောက်တိုင်းသူ အဆိုတော်တစ်ယောက်ရဲ့ ခံစားချက်က ပိုပြီး ထူးဆန်းတဲ့ ရသကိုပေးနေတယ်လို့ မြကြည် ခံစားရသည်။ ထိုအရသာကို ကြိုက်သည်။ ထူးဆန်းပြီး ဆန်းသစ်တယ်လို့ ထင်သည်။ မောင့်ကိုတောင် ပြောပြဖူးသည်။ ခေတ်မှီတိုးတက်တဲ့ နိုင်ငံမှာခရီးသွားနေတုံး နိုင်ငံခြားကအမြန်ရထားပေါ်မှာ နေလင်း‌အောင်ရဲ့သိုင်းဝတ္ထုဖတ်တဲ့ လူတစ်ယောက်အကြောင်း။ အဲဒီလူအကြောင်းပြောပြီး ဟာသလုပ်ခဲ့အမျှ။ အခုတော့ ကာလဝိပါက် နောက်ပိုးတက်ပြီး ကံကြမ္မာရဟတ်တစ်ပတ်လည်တယ်ထင်ပါရဲ့။



တိုးတိုးညင်းညင်း ဖွင့်ထားတဲ့ သီချင်းသံကို နားထောင်နေရင်း မောင့်ကို သတိရမိသည်။ မောင်နဲ့ စသိတော့ မောင်နားထောင်တဲ့ သီချင်းတွေကြောင့် အံသြမိသည်။ မောင်က ရိုးရိုးသာမန် လူသိထင်ရှားမရှိတဲ့ အဆိုတော်တွေနဲ့ သူတို့ တီးခတ်တဲ့ သံစဥ်တွေကို မြတ်မြတ်နိုးနိုး နားထောင်လေ့ရှိသည်။ ရံဖန်ရံခါ အမျိုးသမီးတေးသံရှင်တွေကိုလည်း စွဲစွဲမြဲမြဲ နားထောင်သည်။ မောင့်က ယောင်္ကျားလေးဖြစ်ပြီး ဘာဖြစ်လို့ မိန်းမတွေဆိုတဲ့ သီချင်းတွေ နား‌ထောင်တာလဲလို့ မြကြည်က စကားနာထိုးတော့ မောင်က တဟားဟား အော်ရီသည်။ မောင်က ရီမောစရာရှိရင် လူတွေကြားထဲလည်း ခွက်ထိုးခွက်လှန်ရီမောလေ့ရှိသည်။ မိန်းမတွေ သီဆိုတဲ့ သီချင်းနဲ့ သူရို့ခံစားချက်ကို နားထောင်တတ်ရဖို့ ယောင်္ကျားမိန်မ မရွေး လူရဲ့ နှလုံးသားက လိုအပ်တယ်လို မောင်က ပြောတယ်။ မြကြည်နားထောင်တဲ့ သီချင်းတွေကြည့်ပြီး မောင်က ကလီရှေး(clichéd) လို့ ပြောရင် မြကြည် မကျေနပ်။ မောင့်ရဲ့ ဂီတရသ အကြိုက်တွေနဲ့ မြကြည် ထိတွေ့ နားလည်ထားတဲ့ တေးဂီတ၊ စာပေတို့က လားလားမျှ မတူညီကြချေ။ မြကြည် မထိတွေ့ မခံစားဖူးတာကြောင့်လည်း ဖြစ်သည်။

မောင်ရှိမှ မြကြည် လုံခြုံမှုကို ခံစားရသည်။ ညတွေ ညဥ့်နက်အထိ အလုပ်လုပ်လို့ အလုပ်ပြီးမှ အိပ်ခန်းထဲဝင်လာတဲ့ မောင့်ခြေသံကြောင့် "မောင်"လို့ယောင်ရမ်းအော်ခေါ်ပြီး မြကြည် လန့်နိုးတဲ့အခါ "ကလေး" လို့ မောင့်ရဲ့ ညင်သာပြီး ကြင်နာမှုအပြည့်ပါတဲ့တုံ့ပြန်သံကြားမှ စိတ်ချလက်ချ ပြန်ပြီးအိပ်ပျော်လေ့ရှိသည်။

သူများတွေ အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေး ဒီကမ္ဘာမှာ မရှိသေးဘူးဆိုတဲ့အကြောင်း ငိုကြွေးငြီးတွားပြီး သီချင်းလုပ်ပြီးဆိုနေတဲ့အချိန် မောင်မှာ အဲဒီဆေးတွေကို ဘူးကြီး ဘူးငယ်တွေနှင့် အပြည့် ရှိနေသည်။

ဘာသာရေးရဲ့ ရိုက်ခတ်မှုများ

ကျွန်တော်တို့ မြန်မာယဥ်ကျေးမှုတွင် တဆင့်စကား တဆင့်နားဆိုသည့် သဘောသဘာဝသည် အများကြီးသက်ရောက်သည်။ စီးပွားရေး သဘောတရား၊ ပညာရေး သဘောတရားတို့တွင် အောက်ခြေမှ စတက်ရတယ်ဆိုတဲ့ ပညတ်တွေရှိသည်။ ဘာသာရေးတွင်လည်း ထိုသဘောတရားနှင့် မလွတ်ချေ။ တန်ခိုးကြီး ဘုရားများ၊ တရားဟောပုဂ္ဂိုလ်တို့သည်လည်း သာမန် နတ်ကွန်းဆန်ဆန်၊ သာမန် ကျမ်းစာဖတ် ပုဂ္ဂိုလ်အဆင့်မှ တက်ရသည်။ ဘုရင်တွေ၊ ဧကရာဇ်တွေကြောင့် ဖြတ်လမ်းမှတက်ပြီး တန်ခိုးကြီးသွားသော ဘုရားဆင်းတု၊ တရားဟောပုဂ္ဂိုလ်များ ရှိသလို၊ တစ်ခေတ်ပြီးမှ တစ်ခေတ် တန်ခိုးဖြည်းဖြည်းချင်းတက်ရသော ဘုရားဆင်းတုများလည်းရှိကြသည်။ 

အရင်တုံးကတော့ ဆိုက်ကားသမားကိုးကွယ်သည်။ ဆိုက်ကားသမားက စွမ်းတယ်၊ မှန်တယ်လို့ ညွှန်းလိုက်လို့ ကျောင်းဆရာကိုးကွယ်သည်။ ကျောင်းဆရာက စွမ်းတယ်၊ မှန်တယ်လို့ ညွှန်းလိုက်လို့ ကျောင်းသားမိဘ ကိုးကွယ်သည်။ တဖန် ကျောင်းသားမိဘက စွမ်းတယ်လို့ ညွှန်းလိုက်လို့ မင်းဆရာ မိန်းမကိုးကွယ်သည်။ မင်းဆရာမိန်းမ ကိုးကွယ်လို့ ရုပ်ရှင်မင်းသား ကိုးကွယ်သည်။ ရှပ်ရှင်မင်းသား ကိုးကွယ်လို့ ဆိုက်ကားသမား တစ်ရပ်ကွက်လုံးလိုက်ပြီးကိုးကွယ်ကြသည်။ ဒီလိုနှင့် တဖြည်းဖြည်းချင်းတက်ရသည်။ တကယ့်ဖြစ်စဥ်ကတော့ ပိုပြီး သိမ်မွေ့ ရှုပ်ထွေးတာပေါ့။ ၎င်းတို့၏ မူလဘူတကို တကူးတက မည်သူကမျှ ဝေဖန်ဆန်းစစ်ခြင်း လုပ်မနေတော့ချေ။ အရှိသဘောကိုပဲ လွယ်လင့်တကူလက်ခံတတ်ကြသည့် သဘောရှိသည်။ 

ဘာသာရေးကို အရေခြုံ၊ နီးစပ်ရာ အသိုင်းအဝိုင်းကို စွမ်းတယ်လို့ လှုံ့ဆော်ခိုင်းလိုက်ခြင်းဖြင့် လွယ်လင့်တကူ တန်ခိုး သြဇာ ရအောင်လုပ်လို့ရနိုင်သည့် လူ့ပတ်ဝန်းကျင်ဖြစ်သည်။ မျက်လွှာချပြီး သိမ်သိမ်မွေ့မွေ့ တရားစကားပြောပါက စျာန်ရပုဂ္ဂိုလ်အဖြစ် အထင်ခံရနိုင်ဖွယ်ရှိသည်။ သို့သော် တကယ့်ပိုမိုကျယ်ပြန့်သည့် လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ယျထာဘူတကျကျ ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည် မရှိကြချေ။ စစ်ကိုင်းတောင်ရိုး သီတဂူချောင်ထွက် ဘာသာရေးပုဂ္ဂိုလ်သည်လည်း ထိုနည်းနှင်နှင်ပင်။ ငယ်စဥ်က ရပ်ကွက်တရားဟောပွဲများတွင် တွေ့ဖူး ကြုံဖူးသည်။ လူတို့သည် တန်ခိုး သြဇာ အခြွေအရံတို့ ရှိလာသည့်အခါ မာန်တက်တတ်သည့် သဘောရှိသည်။ စီပွားရေး အောင်မြင်သူတို့ စီးပွားရေးမာန်တတ် တတ်ကြသည်။ ပညာထူးချွန်သူတို့ ပညာမာန်တတ်တတ်ကြသည်။(ဖောလိုဝါများသူတို့ ဖေ့ဘုတ်မာန်တက်သလိုပင်။ 😁ခိ) ထိုသဘောပင်။ 

ထိုကဲ့သို့ ဘာသာရေးမာန်ရှိသည့် တရားဟော ပုဂ္ဂိုလ်တို့သည် ယဥ်ကျေးမှုအရ သိမ်မွေ့ နှိမ့်ချသော ဘာသာရေးကိုင်းရှိုင်းသူတို့၏ ကျောကုန်းကို လှေကားထစ်သဖွယ် အသုံးချပြီး ၎င်းတို့ ဘာသာရေး ပန်းတိုင်ကို တက်ကြရသည်။ 

ရုပ်ထု၊ ပန်ချီရုပ်ပုံလွှာတို့သည် ခေတ်ရေစီးကို အံတုနိုင်သည့် သဘောသဘာဝလည်း ရှိသည်။ ထို့ကြောင့် တရားဟောဆရာ တော်တော်များများသည် ၎င်းတို့ ပုံတူ ရုပ်တု၊ ပန်ချီကားတို့ကို ဖန်တီးလိုကြသည်။ ၎င်းတို့ ကိုးကွယ်ခံရမှု သမိုင်းကို အဒွန့်ရှည်စေလိုသည်။ ဖြစ်လေ့ဖြစ်ထရှိသည့် လူ့သဘော၊ လူ့အတ္တဖြစ်သည်။ သရီးဒီနည်းပညာကို စမ်းသပ်သည့် ကာလတုံးက ၎င်းတို့ ပုံတူ ထုဆစ်လိုသော ဘာသာရေး တရားဟောဆရာများကို ကြုံရသည်။ 

 လွတ်လပ်မှုတို့ ပျောက်ဆုံးပြီး အခြေခံလူ့အခွင့်အရေးတို့ ဆုံးရှုံးလို့ ခိုကိုးရာမဲ့တဲ့အခါ ဘာသာရေး တရားဟောဆရာတို့ လက်ခမောင်း တဖျောင်းဖျောင်းခတ်ရသည့် ခေတ်ဖြစ်သည်။ လောက သစ္စာတရားကိုကြတော့ စိုးစင်မျှမသိကြချေ။ ကျမ်းစာအုပ်ဖတ်ပြီးဟောသော တရားထက် ပလက်ဖောင်း‌ခေါင်းခုအိပ်ပြီး လောကနိယာမ ပညတ်တွေကို သိရှိနားလည်သူကို ပိုပြီး သဘောကျသည်။ 

ဒီလိုပြောလို့ ဘာသာရေး တရားဟောဆရာတိုင်းကို မဆိုလိုချေ။ ဉာဏ်ရည်အဆင့် ပြည့်ဝပြီး လူ့လောက ပရမတ်သဘောကို နားလည်သော တရားဟောဆရာတစ်ယောက်ကို ကြုံဖူးသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြတော့ ကျွန်တော်လေးစားသည်။ . စန္တရားတွင် ခလုတ်များစွာရှိသည်။ ခလုတ်တိုင်းတွင် ၎င်းတို့ ကိုယ်ပိုင်သံစဥ်လှိုင်းများရှိသည်။ မေဂျာကော့ (major cords) များကို ပျော်ရွှင် လန်းဆန်းတဲ့ ‌ကော့များအဖြစ် သတ်မှတ်လေ့ရှိကြပြီး မိုင်နာကော့ ( minor cords) များကို ဝမ်းနည်း ပူဆွေးစရာ များအဖြစ် သတ်မှတ်ကြသည်။ ကျွန်တော်စာရေးသည့်အခါ အစွန်းမရောက်အောင် ရေးလေ့ရှိသည်။ ဒီမိုကရက်တွေ ကြီးစိုးတဲ့ နယူးယောက်မှာ လူမျိုးရေး၊ ကျားမတန်းတူ ဖြစ်ရေး၊ ကျားမ မခွဲခြားတဲ့ စကားလုံး အသုံးပြုပုံ အစရှိတဲ့ ပညာပေးတွေ ခဏခဏ တက်ရလို့ ထင်ပါရဲ့။ .

 သို့သော် ဒီနေ့တော့ မိုင်နာကော့တွေကို တစ်လှေကြီး တီးခတ်ပြီး စာရေးမိသည်။