I. George Orwell [Childhood & Student]


စာရေးသူသည် ပြီးခဲ့သည့် နှစ်များက ဂျန်ပန်ပြည် တိုကျိုမြို့တွင် နေထိုင်စဉ် ကာလအတွင်း သူငယ်ချင်းတစ်ယောက် အတွက် ကူညီ၍ သူမ၏ အနောက်တိုင်း စာပေယဉ်ကျေးမှု မာစတာ ဘွဲ့အတွက် George Orwell ကို လေ့လားရေးသားခဲ့ကြ ပါသည်။ ပြုစုရေးသားခဲ့သည် စာတမ်းကို စာဖတ်သူများ အား ဖောက်သည်ချလိုသည့် အတွက် ပြန်လည်ရှာဖွေကာ ဖေါ်ပြပေးထားပါသည်။

Biography

1.Childhood
The genuine name of George Orwell was Eric Arthur Blair. He was born on 25th June, 1903 in Bengal State (Motihari), India. His father, Richard Blair, was Scottish English and worked for Indian civil service. Mother, Ida Mabel Limouzin, was daughter of French timber merchant and English mother in Burma. Eric had two sisters, who were five years older and younger.

When Eric was three years old, the family apart from his father moved to Henley, the town beside Thames River, and then to London. Orwell’s memories of his childhood in Henley were bright and detailed. He remembered the seemingly endless days devoted to such innocent pursuits as swimming, climbing trees, playing with tin soldiers, strolling along the towpath, bird-nesting and picking blackberries in narrow lanes. Whatever the realities of Edwardian life may have been, he preferred to judge it according to his experience of the stable, prosperous environment in Henley.

When he was eight years old, his father resigned from job and returned to his native country. After his father resignation and back to England, they all had to live with just little pension. His family can be described as the life of low-upper-middle class and he grew up from ordinary existence of family life.

He was a chubby boy in his childhood, with few physical talents. And he was indeed a sensitive child. He liked to stay alone and always reflected on himself. He learned to read at an early age and spent his free time with many books.
Looking back on my own childhood, after the infant years
were over, I do not believe that I ever felt love for any
mature person, except my mother, and even her, I did not
trust, in the sense that shyness made me conceal most of
my real feelings from her.Such, Such Were the Joys: The
Orwell Reader, 454.

His early literatures were the consequence of his isolated childhood and imagination of conversation with imaginary persons. His mother was the first to understanding his talent of words, and she supported to using it. He composed a poem when he was only four or five years old. His first published poem appeared in a local newspaper when he was eleven years old.

Eric had always desired his father’s good opinion, but he had never been able to establish a close relationship with him, in large part because they had spent so little time together during Eric’s childhood. Until he was eight he hardly saw his father, who was always away in India. By the time his father returned home to enjoy his retirement, he was already away at boarding school, and their later together during school holidays was short and generally uncomfortable. He wrote that his father had appeared to him as;
I knew very well that I merely disliked my own father, whom
I had barely seen before I was eight and who appeared to me
simply as a gruff-voiced elderly man forever saying “Don’t.”
Such, Such Were the Joys: The Orwell Reader,448.

When Eric turned eight, it was decided that he was ready to leave home. Recognizing her son’s intellectual potential, Mrs Blair worried to place him in a preparatory school with a good record of sending boys to Eton or to one of the other famous public schools. Most of his childhood can be symbolized as a very normal and uncomplicated boy growing under the roof of family.

2. Student
He entered Saint Cyprian’s private school located in southeast area of England at eight years old. The school was only allowed high class and the best for preparation to enter most famous public schools. He joined one of such schools and the class he attended was lower stratum of upper middle class but no lower class.

The reason he joined to the school was simply for prestige and pride. Even there were much trouble with expensive cost to learn magnificent education. Most of middle class parents wanted their children to learn such education system and to their children be able to involve in higher class. His parents also wished him to enter this school.

Recognizing that he was a bright boy who might bring credit to the school. Therefore, the head master of Saint Cyprian’s had accepted him at half-fees. According to him, he was made to suffer for this ostensible act of charity.

Furthermore, primary school aged has mostly no sympathy for humble student but just bullying and contempt. Everyday he felt troublesome as most of the children from rich and high class family in his school were usually favored, and they bully other poor and low class students.

As Orwell wrote it in ‘Such, Such Were the Joys’, St Cyprian’s appeared to have been a prison camp slyly disguised as a supremely preparatory school.
It was not only money that mattered: there were also
strength, beauty, charm, athleticism and something called
‘guts’ or ‘character’, which in reality meant the power to
impose your will on others. I did not possess any of these
qualities.Until I was about thirty I always planned my life
on the assumption not only that any major undertaking was
bound to fail, but that I could only expect to live a few
years longer. Such, Such Were the Joys: The Orwell
Reader,446

And he described in ‘Keep the Aspidistra Flying’,
Probably the greatest cruelty one can inflict on a child is to
send it to school among children richer than itself. A child
conscious of poverty will suffer snobbish agonies such as a
grown-up person can scarcely imagine. In those days,
especially at his preparatory school, Gordon’s life had been
one long conspiracy to keep his end up and pretend that his
parents were richer than they were. Ah, the humiliations of
those days! That awful business, for instance, at the
beginning …or more. And the time when the others found
out that Gordon was wearing a ready-made suit which had
cost thirty-five shillings!,Keep the Aspidistra Flying.49

During six years in this preparatory school, he got not benefit but his loneliness, stunt and disgust became more severe. One unforgettable thing was that severe filthy feeling grew as mechanical process of cramming facts into young mind due to strict discipline, administrative system, rules and regulations of the school. Summer camp for competition, underfeeding and rare bath in hostel, such plenty disciplines cause great trouble for him.

Based on his disgusting student life, it was reasonable that he hate systematization and regulation so much. That was also because he was not a type who can enjoy in systematized organization, and not a friendly person who could make a good relationship immediately.

Eric was nine and twelve years old, his family lived in the small village of Shiplake, which occupied a peaceful spot along the Thames some two miles south of Henley. Eric loved Shiplake. There were beautiful fields and woods could be seen and the river banks reached on foot within a short moment.

Eric won the school’s Classics Prize before he left St. Cyprian’s. And in June 1916, the news arrived that he was the first runner up in the Harrow History Prize. In March 1917, he had finally received his scholarship at Eton, but he did not accept it.

I | II | III | IV | V | VI | VII | VIII

တရုတ်ပြည် အား ဘယ်လိုအုပ်ချုပ်ထားသနည်း။ (၁)


နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ် တည်ဆောက်ပုံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြပါ။ ထိုမတူညီမှုများ ထဲမှ တရုတ်ပြည် ကို အုပ်ချုပ်ထားပုံ နည်းစနစ်များကို သိရှိစေရန် ဦးစွာ ဖေါ်ပြပေးထားပါသည်။ အကြောင်းအရာ အပိုင်းအခြားများကို အလျင်းသင့်သလို့ ဆက်လက် ရေးသားပေးသွားပါမည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီသည် လွန်ခဲ့သော ၁၉၄၉-ခုနှစ်မှ စတင်၍ တိုင်းပြည်တွင် မည်သည့်ဆန့်ကျင်ဘက် အဖွဲ့အစည်းများကိုမျှု ခွင့်ပြုတည်ထောင်ခွင့်မပေး၊ ရံဖန်ရံခါ ရက်စက်ပြင်းထန်သော နှိမ်နင်းမှုများဖြင့် အုပ်ချုပ်ခဲ့ပါသည်။

တရုတ်ပြည်၏ အဓိက အကျဆုံးသော ဆုံးဖြတ်ချက်များကို ပေါလစ်ဗျုရိုမှ ချမှတ်ပါသည်။ ပြည်နယ်များ၊ အလုပ်ခွင်များ၏ ထိပ်ဆုံးတွင် ပေါလစ်ဗျုရိုက အဆုံးစွန်သော အချုပ်အချာ အာဏာဖြင့် အုပ်ချုပ်ထားသည်။

၎င်းတို့၏ ပါတီအတွင်း တွင် မှားသည့်အရာကို ပြောမိရုံနှင့် ရာသက်ပန်အကျဉ်းကျခံရတတ်ခြင်း၊ သို့တည်းမဟုတ် ပိုမိုဆိုးဝါးသော အပြစ်ဒဏ်ကို ခံရတတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေရှိသည့် ပါတီအတွင်းတွင် အဖွဲ့ဝင်များသည် ၎င်းတို့အား ထောက်ခံသူများ၊ မိမိ၏ စွမ်းဆောင်ရည်များ၊ နိုင်ငံရေး လိမ္မာပါးနပ်မှုများဖြင့် ၎င်းတို့ပါတီ ထိပ်ဆုံးသို့ ရောက်ရှိနေစေရန် လုပ်ဆောင်ကြပါသည်။ ဤနည်းဖြင့် ပါတီအဖွဲ့ဝင်များအား ယှဉ်ပြိုင် တိုက်ခိုက်မှု ရွေးချယ်မှုများ ကိုဖယ်ရှားခဲ့ကြသည်။

ပေါလစ်ဗျုရိုတွင် တရားဝင် ဖွဲ့စည်းတည်ဆောက်ထားပုံအရ အဖွဲ့ဝင်များ၏ အာဏာသည် ၎င်းတို့၏ ရာထူးအလိုက် အထက်မှ အောက်ခြေအထိ ခွဲဖြာ ခြားနားကြပါသည်။ သို့ရာတွင် ပိုမို၍ အာဏာ ရာထူးနေရာရှိသော လူနှင့် ခင်မင်ရင်းနှီး အကျွမ်းဝင်မှုသည် သာမန်ရာထူး နေရာရှိခြင်းထက် အာဏာသည် ပိုမို ထိရောက်လေ့ရှိသည်။ ခေါင်းဆောင်တစ်ယောက်သည် အာဏာကို ၎င်းအပေါ်တွင် နှစ်ပေါင်းများစွာ သစ္စာရှိသော လူများဖြင့် တည်ဆောက်ထားပါသည်။

ဤနည်းအားဖြင့် တိန့်ရှောင်ဖိန်သည် တိုင်းပြည်၏ ရာထူး နေရာများမှ အနားယူသွားခဲ့သော်လည်း အချိန်ကြာမြင့်စွာ သူသည် တိုင်းပြည်၏ အဆုံးစွန်း အချုပ်အချာ ခေါင်းဆောင်တစ်ယောက်အဖြစ် ဆက်လက် တည်မြဲခဲ့ပါသည်။ ထိုကဲ့သို့ဖြင့် ပါတီ၏ အဖွဲ့ဝင်များသည် အသက်ကြီးရင့်လာသော်လည်း အဓိကဆုံးဖြတ်ချက်များ ချရာ အခန်းကဏ္ဍတွင် ပါဝင် စွတ်ဖက်လေ့ရှိကြသည်။

ပေါလစ်ဗျုရီုသည် တိုင်းပြည်၏ အဓိက အရေးပါ အရာရောက်ဆုံး ကဏ္ဍကြီး သုံးခုကို ချုပ်ကိုင်ထားကာ အမြဲတမ်း ချုပ်ကိုင်ထားနိုင်မည့် လမ်းကြောင်းပေါ်တွင် ပါတီအား တည်ရှိစေပါသည်။
ထိုကဏ္ဍကြီး သုံးခုမှာ ၁။ စစ်အင်အားကို ချုပ်ထိန်းထားသော စစ်ရေးစစ်ရာ ကော်မစ်ရှင်အဖွဲ့ ၂။ ပြည်သူ့လွှတ်တော် ပါလီမန် ၃။ အစိုးရ၏ စီမံခန့်ခွဲမှု အင်အားကို ကိုယ်စားပြုသော ပြည်နယ် အုပ်ချုပ်ရေး ဋ္ဌာန တို့ ဖြစ်ကြသည်။

ကွန်မြူနစ်ပါတီ
တရုတ်ပြည် ကွန်မြူနစ်ပါတီ သည် အဖွဲ့ဝင်ပေါင်း ၇၃-သန်း ဖြင့် ဖွဲ့စည်းထားကာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော နိူင်ငံရေးပါတီ တစ်ခုဖြစ်ပါသည်။ ၎င်း၏ တင်းကျပ်သော အစည်းအရုံးနှင့် အညှာအတာကင်းမဲ့ မှုတို့က ပါတီအား အမြဲတမ်း အာဏာရရှိစေ၏။

ပါတီသည် လူပေါင်းမြောက်မြားစွာတို့၏ လူနေမှု ပုံစံ အမျိုးမျိုး၊ ကျောင်းတွင် ပညာသင်ယူပုံ၊ ရုပ်မြင်သံကြား ကြည့်ရှု့ခြင်းမှ အစ ပြည်သူတို့၏ အလုပ်ခွင်၊ အိမ်ယာတည်ဆောက်မှု၊ ထိုမှတဆင့် မိသားစုများတွင် ခွင့်ပြုထားသော သားသမီး အရေအတွက်သာရှိရေး စီမံကိန်း အစရှိသဖြင့် ထိန်းချုပ် လွမ်းမိုးထားသည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီသည် အစိုးရ အရာရှိများ၊ စစ်တပ် အရာရှိများ၊ စံပြအလုပ်သမား လူတန်းစားများ ဖြင့် ဖွဲ့စည်းသော အကောင်းစား အဖွဲ့အစည်း အုပ်စုတစ်ခုဖြစ်ပါသည်။ ယခုအခါတွင် စီးပွားရေး လုပ်ငန်းရှင် လူတန်းစားကို လည်း ရာထူးအလိုက် ပါတီအတွင်းသို့ ဖိတ်ခေါ်လျက်ရှိပါသည်။

ပါတီသည် တရုတ်ပြည်ကြီးတစ်ခုလုံး အတွက် တိုင်းပြည်ကို ကိုယ်စားပြုသော ပါတီတစ်ခုဟု ပြော၍ မရပါ။ အဘယ်ကြောင့် ဆိုသော် ပါတီအဖွဲ့ ဝင် အမျိုးသမီးအရေအတွက်သည် ၂၀ ရာခိုင်နှုန်း သာရှိသည်။ ထို့အပြင် ၇၇ ရာခိုင်နှုန်းသည် အသက် ၃၅-နှစ် အထက်များ သာ ဖြစ်၍၊ ၃၁ ရာခိုင်နှုန်းလောက်သည် ကောလိပ် ကျောင်းဆင်း ပညာတတ်များသာဖြစ်သည်။ ပါတီအနေဖြင့် အာဏာ ကို ရစ်မူးနေကာ၊ ၎င်းတို့၏ အခွင့် အာဏာ အချုပ်အချာကို ထိပါးလားမည့် သူများကို ဖိနှိပ်ချုပ်ချယ် နှိမ်နှင်းခြင်းဖြင့် ၎င်းတို့၏ စွမ်းဆောင် မှုများကို ခြိမ်းခြောက် ပြသကြပါသည်။

ပါတီနှင့် ဆက်သွယ်ကာ ပါတီအဖွဲ့ဝင် ဖြစ်ခြင်းသည် ထူးကဲ့သော အခွင့်ထူး အခွင့်လမ်းများကို ခံစားရရှိစေပါသည်။ ဤနည်းဖြင့် ပါတီ အဖွဲ့ ဝင်အရေအတွက်သည် တိုးပွားလျက်ရှိနေပါသည်။ ပါတီအဖွဲ့ဝင်များ အတွက် ပိုမိုကောင်းမွန်သော သတင်းအချက်အလက်များကို ရရှိခြင်း၊ သားသမီးများအတွက် ပိုမိုကောင်းမွန်းသော ပညာရေးရရှိခြင်း၊ အလုပ်အကိုင် အခွင့် အလန်းများ ပေါများခြင်းတို့ ရရှိစေပါသည်။

တရုတ်ပြည်၏ ထူးခြားသော အခြေအနေတစ်ခုမှာ မိမိ၏ အထက်အရာရှိနှင့်သိကျွမ်းပတ်သက်၍ ဆက်ဆံရေး အဆင်ပြေခြင်းသည် မိမိ လုပ်ဆောင်နိုင်သော အရည်းအချင်းထက် ပိုမို၍ အရေးကြီးပါသည်။ အထက်အရာရှိကြီး၏ ဆုံးဖြတ်ချက်များသည် ပါတီအဖွဲ့ဝင်များ၏ စီပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်း အသီးသီတို့အပေါ်တွင် လွှမ်းမိုး ချုပ်ကိုင်ထားလေ့ရှိသည်။

ပိရမစ်ကဲ့သို ဖွဲ့စည်းတည်ဆောက်ထားပုံ
ပါတီတွင် အဖွဲ့ဝင် တစ်ယောက် ဖြစ်ဖို့ရန် လျှောက်ထားသူတစ်ယောက်သည် လက်ရှိအဖွဲ့ဝင်၏ ထောက်ခံပေးမှု၊ ဒေသစိတ် အစည်းအရုံးမှ ဆင့်ကဲဆင့်ကဲ့ စုံစမ်းစစ်ဆေး မေးမြန်းမှုများ မြောက်မြားစွာသော လုပ်ဆောင်ချက်များကို အောင်မြင်ဖို့လိုအပ်ပါသည်။ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီနှင့် တစ်နှစ်တိတိ စောင့်ကြည့် အကဲဖြတ်ခြင်း ခံရကာ ထပ်မံ၍ လိုအပ်သော လေ့ကျင့်မှုများကို လုပ်ဆောင်ကြရပါသည်။

ပါတီသည် တိုင်းပြည်အဝှမ်း သန်းနှင့်ချီရှိနေသော ဒေသစိတ် အစည်းအရုံးလေးများကို အခြေခံကာ ၎င်းတို့ အထက်ကြီးမားသော ရာထူး အာဏာရှိသူ။ ထိုမှတဆင့်ပိုမိုကြီးမားသော အာဏာရှိသူက အဆင့်ဆင့်အုပ်ချုပ်ကာ နောက်ဆုံး အမြင့်မားဆုံး အချုပ်အချာ အာဏာကို ပေကျင်း တွင်ရှိသော အဖွဲ့အစည်းမှ ချုပ်ကိုင်ထားပါသည်။

အယူအဆ သဘောအရ အမြင့်မားဆုံး အချုပ်အချာ အာဏာသည် ပြည့်သူ့လွှတ်တော် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ကို ၅-နှစ်တစ်ကြိမ် နိုင်ငံတဝှမ်း ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀၀၀ ကျော်ခန့် ပါဝင် ပေါင်းစည်းကာ ကျင်းပကြရပါသည်။

လွှတ်တော်၏ အဓိက တာဝန်သည် အများသဘောတူညီချက်ဖြင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်အရေအတွက် ၂၀၀၊ အလုပ်အမှုဆောင် အဖွဲ့ဝင် အရေအတွက် ၁၅၀ တို့ကို ရွေးကောက်တင်မြှောက်ရန် ဖြစ်သော်ငြားလည်း ထိုရွေးချယ်ခံရမည့် ပုဂ္ဂိုလ်များသည် ကြိုတင်၍ ရွေးချယ်ပြီး ဖြစ်နေလေ့ရှိသည်။

ထိုမှတဆင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်များ၏ အဓိက အလုပ်တာဝန်သည် ပေါလစ်ဗျုရို အသစ်ရွေးချယ် ရန်နှင့် ၎င်း၏ သေးငယ်သော အမှုဆောင် အဖွဲ့အစည်းတို့ကို ရွေးချယ်ရန်ဖြစ်ပါသည်။

ပေါလစ်ဗျုရိုနှင့် ၎င်း၏ အမှုဆောင်တို့တွင်သာ ဆုံးဖြတ်ပိုင်ခွင့် အာဏာများ တည်ရှိကြသည်။

ဆက်လက်ဖေါ်ပြရန်..

စီမံခန့်ခွဲခြင်း နှင့် အုပ်ချုပ်မှု (၂)


စာရေးသူသည် ၁၉၉၈ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ စ၍ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်အကိုင်များကို လေ့လာ လုပ်ကိုင်ခဲ့ပါသည်။ ထိုမှတဆင့် အမေရိကန်နိုင်ငံ နယူဂျာစီပြည်တွင် ၂ နှစ်ခွဲ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂နှစ် နီးပါး နှင့် ဂျပန်နိုင်ငံ တိုကျို မြို့ နှင့် အိုဆာကာ မြို့တွင် ၂ နှစ်ကျော်မျှ အလုပ်များ လုပ်ကိုင်လာကာ ယနေ့ စင်ကာပူနိုင်ငံတွင် ၁နှစ်ခွဲကျော်မျှ အလုပ်များကို လုပ်ကိုင် လျှက်ရှိပါသည်။ ထိုကဲ့သို နိုင်ငံ တစ်နိုင်ငံမှ တစ်နိုင်ငံသို ကူးလူးသွားလာ၍ အလုပ်များ လုပ်ကိုင်ရာတွင် ပုံစံမတူ မူကွဲသော အလုပ်ခွင် အနေအထားများ၊ စီမံခန့်ခွဲ အုပ်ချုပ်ပုံများ၊ အလုပ်သမားများ ၏ အလုပ်အပေါ် ထားရှိသော၊ ခံယူသော သဘောသဘာ၀ အမြင်များသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွြဲပားခြားနားကြသည်ကို လေ့လာတွေရှိရပါသည်။

နိုင်ငံတကာတွင် အလုပ်အကိုင် အခွင့်အလန်းများ ဖွင့်ပေးလာသည်နှင့် အမျှ အလုပ်ခွင် တစ်ခု တွင် မတူညီသော ယဉ်ကျေးမှု နှင် ဘာသာစကား ပြောကြားမှုများ အနည်းဆုံး နှစ်ခုမှ သုံးခုနည်းပါး ရှိတတ်ကြပါသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင် အနေအထားများတွင် လူများအား ခေါင်ဆောင် နိုင်ရန် စီမံခန့်ခွဲမှု(Human Resource Management) နှင့် သတင်းအချက် အလက် စုစည်း ဖြန့်ဝေမှု (Communication Management) များသည် အလွန်တရာမှ အရေးကြီးသည် အခန်းကဏ္ဍမှ ပါဝင် ပါသည်။ စီမံခန့်ခွဲမှု တစ်ခု၏ ၉၀ရာခိုင်နူန်းသည် သတင်းအချက် အလက် စုစည်း ဖြန့်ဝေမှု (Communication Management) များ ပြုလုပ် လုပ်ဆောင်နေရပါသည်။

မိမိ စင်ကာပူရောက်စ စင်ကာပူတွင် အလုပ်လုပ်နေသူ စင်ကာပူနိုင်ငံသားများအပါအဝင်၊ လူမျိုးပေါင်းစုံထံမှ ညည်းတွားသံများ၊ မကျေနပ်မှုများကို ကြားနေရပါသည်။ သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုမိုအလုပ် လုပ်ရမှု၊ အလုပ်၌ ပင်ပန်းနွမ်းနယ်မှု၊ အလုပ်ရှင်၏ မတရား အလုပ်ခိုင်းမှုများ၊ ယဉ်ကျေးမှု ဓလေ့ကွာခြားမှု(Culture Conflicts) များ လုပ်ငန်းခွင်မျိုးစုံမှ ရင်ဖွင့်သံများသည် ဟိုမှ ဒီမှ ပွင့်အံထွက်လာပါသည်။ စင်ကာပူ အစိုးရသည် လုပ်ငန်းကိုင်ခန်း အခွင့်အလန်းများ၊ ပရော့ဂျက်များကို ဖန်းတီးပေးထားပါသည်။ တရုတ်၊ အိန္ဒိယ နိုင်ငံများနှင့် ယှဉ်ပြိုင်၍ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုများ ရရှိနိုင်ရန် စင်ကာပူအစိုးရအနေဖြင့် အစွမ်းကုန်ကြိုးစားရပါသည်။ ပရော့ဂျက်များလည်း တစ်ခုပြီး တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပါသည်။ သို့ရာတွင် စင်ကာပူတွင် အခြေခံသော ပြည်တွင်းလုပ်ငန်းရှင်များ၏ လောဘသည် ရရှိသမျှ အခွင့်အလန်း ပရော့ဂျက်များကို ဖမ်းယူ၍ အချိန်တို အတွင်း လျင်မြန်စွာ ပြီးမြောက်စေရန် အစွမ်းကုန် မောင်းနှင်ကြပါတော့သည်။ အလုပ်သမား အများစုသည် အထက်မန်နေဂျာက ပေးလာသော မလောက်မငှ အချိန်တိုလေးအတွင်းတွင် အလုပ်များကို ပြီးမြောက်အောင် အားသွန်ခွန်စိုက် လုပ်ကြရပါသည်။ မန်နေဂျာအများစုကလည်း စည်းစနစ်ကျနသော အုပ်ချုပ်မှုနည်းဗျုဟာဖြင့် လုပ်ဆောင်ခြင်းမရှိပဲ အလျင်းသင့်သလို့ အလုပ်များကို သင့်တော်သလို့ ခိုင်းစေကြပါသည်။ ထိုသို့သော အခါ စီမံအုပ်ချုပ်သူနှင့် အလုပ်သမားအကြား မကျေနပ်မှုများ၊ အလုပ်အပြောင်းအလဲများ အလွန်များပြားလာပါသည်။ အလုပ်ရှင်အနေနှင့် ထူးချွန်သော အလုပ်အမားကို ထိန်းသိမ်းထားဖို့ လိုအပ်သလို၊ အလုပ်သမားအတွက်လည်း ရေရှည် ခိုင်မာ၍ မျှတသော Job Security ကို လိုအပ်ပါသည်။

သမာသမတ် မျှတသော အလုပ်ချိန် Schedule ကို အလုပ်သမားများအတွက် ဘယ်လို သတ်မှတ်ပေးရမည်နည်း။ အလုပ်သမားက တောင်းဆိုသမျှ အချိန်ပမာဏ Schedule ကို ခွင့်ပြုရမည်လော။ သို့တည်းမဟုတ် အချိန်ကို မိမိစိတ်ကြိုက် တဖတ်သတ်ဆုံးဖြတ်၍ သတ်မှတ်မည်လော။ ထိုကဲ့သိုသော အခြေအနေများတွင် စီမံခန့်ခွဲမှု နည်းဗျုဟာများ ကို အသုံးချရပါမည်။ အလုပ်သမားများဘက်မှလည်း ယထာဘူတ ကျသော အလုပ်ချိန် Schedule ကို အကျိုး အကြောင်းစုံလင်စွာနှင့် တောင်းဆိုနိုင်သလို၊ အထက် စီမံခန့်ခွဲသူအနေဖြင့် အမှန်တကယ်လိုအပ်၍ စစ်မှန်သော အချိန်ပမာဏကို ချိန်ဆ တွက်ချက်နိုင်ပါသည်။

၁။ အစပျိုးခြင်း (Initiating)
Project တစ်ခု အစပျိုးခြင်းသည် ဘယ်သို့ ဘယ်ပုံ စတင်ကြပါသနည်း။ Project Management Office (PMO) သည် customer ၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး Kick Off အစည်းအဝေး လုပ်ပြီးသွားသည်နှင့် လိုအပ်သော သဘောတူညီချက်၊ လုပ်ဆောင်ပေးရမည့် လုပ်ငန်းအတိုင်းအဆပမာဏ(Project Scope)၊ Project တွင်ပါဝင် ပတ်သက်မည့် Stakeholders၊ Communication Channels များကို သတ်မှတ်နိုင်ခဲ့ကြပါသည်။ ထို့နောက် Project တစ်ခုကို PMO မှ ချမှတ်ပေးပါသည်။

(ထို့ကြောင့် အလုပ်တစ်ခုကို လုပ်တော့မည်၊ အင်တာဗျုးတွင် ပြောကြဆိုကြပြီ ဆိုလျှင် အရေးကြီးသော အချက်သည် လုပ်ငန်းတစ်ခု၏ ဖွဲ့စည်း တည်ဆောက်ပုံ(Organization Structure) ကို မေးမြန်းဖို့ လိုအပ်ပါသည်။ မိမိ လုပ်ကိုင်ရမည့် အလုပ်သည် ဘယ်လို လုပ်ဆောင်မှု(Process) များကို ဖြတ်သန်း၍ လာမည်နည်း။ ဘယ်သူ့ကို မိမိက Report ပေးရမည်နည်း။ ကိုယ့်လက်အောက်တွင် မည်သူတွေ ရှိမည်နည်း။ ထိုဖွဲ့စည်းတည်ဆောက်ပုံ (Organization Structure) တွင် မိမိက ဘယ်နေရာတွင် ရှိမည်နည်း။ နောင် အနာဂတ်အတွက် မိမိသည်ဘယ်နေရာများတွင် အမြင့်ဆုံး ရောက်ရှိနိုင်မည်နည်း။ ထို့ကြောင့် အလုပ်တစ်ခု၏ စည်းစနစ်ကျသော ဖွဲ့စည်းတည်ဆောက်ပုံသည် အလွန်အရေးကြီးပါသည်။)

PMO မှ သဘောတူညီ၍ Project တစ်ခုကို သတ်မှတ်ပေးလိုက်ပြီဆိုလျှင် Project Charter ဆိုတာ ထွက်လာပါသည်။ ထိုအဆင့်သည် အစပျိုးခြင်းအဆင့်(Initiating) ဖြစ်ပါသည်။ Project Charter သည် Project တစ်ခု၏ ကနဦးဆုံး အစပျိုးခြင်း ဖြစ်ပါသည်။ Project Charter တွင် Project Manager ကို ရွေးချယ် သတ်မှတ်ပေးထားပါသည်။ Project ကို လုပ်ဆောင်ရမည့် Methodology၊ Objective၊ Stakeholders၊ (ယူဆချက်များ)Assumptions and (ခက်ခဲသော အရာများ)constraints ဟူ၍ ယေဘူယ ပါရှိပါသည်။ ထို့နောက် Preliminary Project Scope Statement ကို ရေးသားပြင်ဆင်ရပါမည်။

စာရေးသူ ပြုလုပ်ခဲ့သော နောက်ဆုံး ပရောဂျက် တစ်ခုတွင် KickOff Meeting မစ ခင် တရက်အလိုတွင် Customer ဘက်မှ Stakeholders များ၏ Personalities များကို လေ့လာထားရပါသည်။ ထို့အပြင် ထိုသူများက Project အပေါ် အတိုင်းအတာ မည်မျှ အထိ လွှမ်းမိုး(Influence) နိုင်သနည်း၊ ထိုသူများကို မည်သို့ တုံ့ပြန်ရမည်နည်းဟု ပြင်ဆင်ရပါသည်။

ဤသည်မှာ အစပျိုးခြင်း(Initiating) အဆင့် အကြမ်းဖျင်း သဘောတရားဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြရန်..

Mudra (Eastern religious art)


In Eastern religious art, there are various body postures, hand and leg positions with different symbolic meanings. They express the mood and meaning of images of Buddhist, Hindu or Jain deities. Images of Buddha are made standing, seated,

There are three standing positions: straight upright, a twofold contraposto called (abhanga), and a threefold posture called (tribhanga). An upright figure with one foot forward and the other slightly bent behind is the walking position.
AbhangaTribhangaUprightWalking

In reclining postures, the position of the head resolve the meaning. The head pointing toward north denotes attaining nirvana or death. The rest are simple recumbent figures at leisure.
NirvanaLeisure
Most common is the seated postures (asanas). When one leg is placed on top of the other, the sole of the right foot facing upwards and resting on the left leg is called the half lotus position (virasana). Legs crossed with both soles turned upward and resting on thighs is known as the full lotus position (padmasana). The adamantine yogi seated posture is called (vajrasana). Seated with one the knee of one leg up and the other knee down is called a royal posture (rajaliasana). One knee up and the other leg dangling down is the at ease posture (lalitasana). Not very common but an image seated with both legs down in European fashion is known as the (pralambanasana).

   Virasana

     Vajrasana

     Rajaliasana

     Lalitasana

Hand gestures are known as mudras. If the right hand is down and palm face inward, the gesture is known as the earth touching attitude or calling the earth for witness (bhumiphasa mudra). When the hand is raised with palm outward, facing the viewer, it is the gesture of protection (abhaya mudra). If the hand has palms outward but the hand pointing downward, it is the gesture of bestowing (varada mudra). When thumb and index finger are joined in a circle, the gesture means teaching or having a discussion (vitarka mudra).
If the two hands are placed face to face with the index of one hand touching the circle joined by the thumb and the index finger of the other hand, it is the gesture of turning the wheel of the law of motion (dharmachakra mudra). When a seated image has both hands placed palms upward and rest on the lap, it is the gesture of meditaion (dhyana mudra). Both hands clasped and raised to the chest is the gesture of obeisence (anjali mudra).

 Abhaya mudra

 Varada mudra

Vitarka mudra

   Dharma-chakra mudra


Bhumiphasa mudra

Dhyna mudra

Anjali mudra


Metta,
Ba Kaung

စီမံခန့်ခွဲခြင်း နှင့် အုပ်ချုပ်မှု (၁)


ဒီအကြောင်းအရာ ခေါင်းစဉ်အောက် မှာ ရေးမည် ဆိုကတည်းက အသုံးအနူန်းတာ်တော်များများဟာ မြန်မာလို မပြန်ယူပဲ အင်္ဂလိပ်လို တိုက်ရိုက်အသုံပြုမှ သင့်တော်လိမ့်မယ်။ စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှုဆိုတာ တကယ်တော့ Project Management ကို ပြောချင်တာပါ။ Project ဆိုတာ တကယ်တော့ အဆောက်အဦးကြီးတွေ ဆောက်မှ၊ ငွေကြေး အမြောက်အမြား ရင်းနှီးမြုတ်နှံမှု နဲ့ လူပေါင်းများစွာ ပါဝင် လုပ်ဆောင်နေမှ Project ဖြစ်တာ မဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေ၊ လူတွေကို စည်းရုံးရေး ဆင်းတာတွေ၊ ရည်မှန်းချက်တစ်ခုကို ရအောင်၊ ရောက်ရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲ အစရှိတဲ့အရာအားလုံးကို Project Management နည်းဗျုဟာတွေနဲ့ အသုံးချလို့ရပါတယ်။

ခေါင်းဆောင်မှု၊ စီမံအုပ်ချုပ်မှု အခြေခံတွေဟာ မြန်မာလူငယ် ကျောင်းသူ ကျောင်းသားေတွေမှာ အားနည်းတတ်ကြပါတယ်။ ငယ်စဉ်က စဉ်မြင့်တွေပေါ်တက် လူအများရှေ့တွင် ပြောရဲ ဆိုရဲခြင်း၊ စကားပြောစာ ဟောစာများ ရေးသားခြင်း၊ ကိုယ်တိုင်ဖန်တီး ရေးသားခြင်းများသည် ဦးဆောင်ဦးရွက်လုပ်ငန်းများ အတွက် အလွန်တရာမှ အရေးကြီးသော အခြေခံ အလေ့အကျင့်များ ဖြစ်ပါသည်။ လူပုံအလယ်တွင် ခြင်္သေ့၏ရဲရင့်မှု မာန် တုန်လှုပ်မှုကင်းသော အသံဖြင့် မှန်ရာကို ပြောရဲ ဆိုရဲသော မြန်မာလူငယ်များကို တွေ့နေရပါသည်။ သို့ပေမယ့် လူတိုင်း ဖြစ်မလာသေးပါ။
မိမိကိုယ်ကိုယ် ယုံကြည်မှု အားအင် တည်ဆောက်ရာ တွင် အလွန်တရာ မှန်ကန်သော နည်းလမ်းတစ်ခုရှိပါသည်။ မိမိ ကျွမ်းကျင်ရာ ၊ စိတ်ဝင်စား ဝါသနာပါသော ဘာသာရပ် အကြောင်းအရာ တစ်ခုကို တဘက်ကမ်းခတ် ကျွမ်းကျင်အောင် လုပ်လိုက်ပါ။ မိမိ မသိသော အရာများကို အခြားကျွမ်းကျင်သူများက ပြောဟောလာလျှင် လေးစားသမှုနှင့် နားထောင်ပါ၊ သူတပါး ကျွမ်းကျင်မှုကို အသိအမှတ်ပြု တန်ဖိုးထားပါ။ ထူးချွန်ပြောင်မြောက်သော လူတော်တွေအများအပြား ကို မြန်မာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်လျက် ရှိနေပါသည်။ အရေအတွက် အမြောက်အမြားနှင့် ခေါင်းဆောင်ကောင်းတွေ၊ နောက်လိုက်ကောင်းတွေ မွေးထုတ်ဖို့လည်း လိုအပ်နေပါသည်။ မိမိတို့ ခံယူချက်များ ကို ပြောင်းလဲကြပါ။ မြန်မာနှင့် ကမ္ဘာ ကွာခြားမှုကို ကြည့်ပါ။ ဘာတွေ ကွာခြားနေပါသနည်း။ မြန်မာတွေ ဘာတွေ ဖြည့်စွက်ရပါမည်နည်း။

မြန်မာပြည် စစ်အစိုးရသည် မြေပုံပေါ်တွင် အရုပ်ကလေးများတင်၊ တုပ်ကလေးတစ်ချောင်းနှင့် ဟိုရွှေ့ သည်ရွှေ့ လုပ်ကာ မြန်မာပြည် ဆန္ဒပြသူများကို နှိမ်နှင်းဖို့ အတွက် စစ်နည်းပရိယာယ် ဗျုဟာများ ရှိပါသည်။ ထိုကဲ့သို့သော နည်းဗျုဟာများ ကို ခန့်မှန်းတွက်ဆကာ Master Mind များက တန်ပြန်နည်းဗျုဟာများဖြင့် မြန်မာပြည် စစ်အစိုးရကို တန်ပြန်ရပါလိမ့်မည်။ ယနေ့ မြန်မာပြည် အခြေအနေ ဒီမိုကရေစီတောင်းဆိုမှုများ ဖြစ်လာစေရန် ကြိုတင်စီစဉ်ခဲ့ကြပါတယ်။ ပြည်သူများကို လှုံဆော်ခဲ့ကြပါသည်။ အံသြစွာပင် Information Technology၊ Blogger များ၏ အခန်းကဏ္ဍ သည် အလွန်အကျိုးရှိစွာ ပါဝင်ခဲ့ကြပါတယ်။ သို့ရာတွင် အခြေအနေသည် အဖျားရှုးဖြစ်မသွားဖို့ လိုပါသည်။ မြန်မာပြည် စစ်အစိုးရ၏ တုန့်ပြန်မည့် နည်းပရိယာယ်များသည် အကြမ်းဖျင်း တွက်ဆလို့ရပါသည်။ အိန္ဒိယပြည်လွတ်လပ်ရေးအတွက် ဂန္ဓီသည် အနုနည်းဖြင့် ဆန္ဒ ပြရာတွင် ပြည်သူများ အားလုံး ပါဝင်နိုင်အောင် စည်းရုံး လုံ့ဆော်နိုင်ခဲ့ပါသည်။ အကျဉ်းထောင်များကို ပြည့်လျှံအောင်လုပ်ကာ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ဖျက်ဆီးခဲ့ပါသည်။ အခြေအနေ၊ အချိန်အခါ နိုင်ငံရေး ပြောင်းလဲမှုများကို မျက်ခြေမပျက် စောင့်ကြည့်ကာ နည်းပရိယာယ်သစ်များကို ကြံဆကြရပါမည်။ ဒီမိုကရေစီတိုင်းပြည်များမှ အတွေ့အကြုံရင့်ကျက်သော ခေါင်ဆောင်များ၏ နည်းနာ နိဿယများ ယူရပါမည်။ သို့ရာပင် မြန်မာပြည်၏ ယဉ်ကျေးမှု၊ မြန်မာများ၏ စိတ်နေ စိတ်ထား၊ အတွင်းကျကျ ခံစားချက် အခြေအနေကို မြန်မာများသာ နားလည်ပါသည်။

ယခု Project Management ဟု ဆိုရာတွင် Project ဆိုတာ ဘာလဲဟု ရှင်းလင်းဖေါ်ပြပါမည်။ လူတိုင်းနားလည် လေ့လာနိုင်သော ဘာသာရပ်တစ်ခုဖြစ်သည့်အတွက် အကျိုးကျေးဇူးရှိစေရန် အလို့ငှာ မြန်မာ့ဟန်ဖြင့် ရေးသားထားပါသည်။
Project ဆိုတာကို Project Management Institute (PMI) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့
၁။ Project တစ်ခုဟာ ယာယီ (temporary) ပဲ ဖြစ်ရမည်။ (ဆိုလိုတာက အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ပြီးဆုံးရမယ်ပေါ့)
၂။ Project တစ်ခုဟာ သေချာပြတ်သားတဲ့ အဖြေတစ်ခု၊ အကျိုးတစ်ရာ တစ်စုံတခုကို ပေးစွမ်းနိုင်ရမည်။ (Deliver unique service, or result)
၃။ Project တစ်ခုဟာ အချိန်နဲ့ အမျှ ရည်မှန်းချက် ပန်းတိုင်ဆီကို ပြီးဆုံးသည် အထိ တိုးတက်ပြောင်းလဲ သွားရမည်။ (Progressive Elaboration)
၄။ Project တစ်ခုဟာ စတင်တဲ့ အချိန် နဲ့ ပြီဆုံးရမယ့် အချိန် ရှိရမယ်။ (Start Date ~ End Date)
၅။ Project တစ်ခုဟာ တိကျပြတ်သား ရှင်းလင်းတဲ့ ရည်းမှန်းချက်ပန်းတိုင်ရှိရမည်။ (Clear Objective)
ထိုကဲ့သို့သော အကြောင်းအရာများနှင့် ပတ်သက်၍ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရှိအောင် လုပ်ဆောင်သွားရာတွင် စနစ်ကျသော နည်းဗျုဟာများကို အသုံးချခြင်းအားဖြင့် မိမိတို့ အလိုရှိရာ အောင်မြင်မှုကို ရရှိနိူင်ပါသည်။ Project Management ဟုဆိုရာတွင် မိမိအိမ်နံရံ ဆေးသုတ်ဖို့ စီမံခန့်ခွဲ ခြင်းက အစ လကမ္ဘာသို့ လူဘယ်လိုရောက်အောင်သွားမည် အထိ ရည်မှန်းချက်များ(Objectives) ကျယ်ပြန့်နိုင်ပါသည်။စီမံခန့်ခွဲရေး လုပ်သည် ဆိုရာမှာ စီမံခန့်ခွဲလုပ်ဆောင်သူ၏ အရေအချင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်များတွင် အသုံးချမှု၊ အစရှိသဖြင့် ရည်ရွယ်လုပ်ဆောင်မည့် လုပ်နည်း လုပ်ဟန်များ ကွဲပြားသွားနိုင်ပါသည်။ သို့ရာတွင် စည်းစနစ်ကျနသော နည်းဗျုဟာများ ဖြင့် ချဉ်းကပ်ပါ အောင်မြင်မှုရရှိရန်အတွက် အများကြီး အာမခံချက်ပေးပါလိမ့်မည်။

Project တစ်ခုသည် အောက်ပါ အဆင့်များကို တဆင့်ပြီး တဆင့် တိုးတက်ပြောင်းလဲသွားရပါသည်။
၁။ အစပျိုးခြင်း (Initiating)
၂။ အစီအစဉ် များ ပြုလုပ်ခြင်း၊ ရေးဆွဲခြင်း (Planning)
၃။ပြုမူ လုပ်ဆောင်ခြင်း (Executing)
၄။စောင့်ကြည့်နေခြင်း နှင့် လမ်းကြောင်းမှန်သို့ တည့်မတ်ပေးနေခြင်း (Monitoring and Controlling)
၅။ပြီးဆုံးခြင်း(Closing)

အထက်ပါ အဆင့်များကို တဆင့်ပြီး တဆင့် ပြောင်းလဲ လုပ်ဆောင်သွားရာတွင် သင့်တင့်လျောက်ပတ်သော စီမံခန့်ခွဲခြင်း နည်းဗျုဟာများ ကို အလျင်းသင့်သလို့ အသုံးချတတ်မှုသည် အလွန်တရာမှ အရေးကြီးပါသည်။ အောက်ပါ နည်းဗျုဟာများ ကို မှန်ကန်စွာ အသုံးချပါက စီမံခန့်ခွဲမှုများသည် ဘက်ပေါင်းစုံ၊ ရှု့ထောင့်မျိုးစုံမှ စီမံကာကွယ်ပြီး ဖြစ်ပါလိမ့်မည်။

၁။ အချက်အလက်၊ လုပ်ငန်းငယ် များကို ပေါင်းစည်းခြင်း စီမံခန့်ခွဲမှု (Integration Management)
၂။ လုပ်ဆောင်ရမည့်လုပ်ငန်း အတိုင်းအဆ ပမာဏအား စီမံခန့်ခွဲမှု (Scope Management)
၃။အကန့်အသတ်နှင့်ရသောအချိန်ကို စီမံခန့်ခွဲမှု(Time Management)
၄။ကုန်ကျရန် ခန့်မှန်ထားသော ငွေကြေး ပမာဏအား စီမံခန့်ခွဲမှု(Cost Management)
၅။အောင်မြင်မှု အရည်အသွေးမြင့်မားရန် စီမံခန့်ခွဲမှု(Quality Management)
၆။လူများအား ခေါင်ဆောင် နိုင်ရန် စီမံခန့်ခွဲမှု(Human Resource Management)
၇။သတင်းအချက် အလက် စုစည်း ဖြန့်ဝေမှု (Communication Management)
၈။ဖြစ်နိုင်ခြေ ရှိသော၊ နောင်ဖြစ်လာနိုင်သော အနှောက် အယှက်၊ အဖျက်အဆီး များအား စီမံခန့်ခွဲမှု (Risk Management)
၉။ပြင်ပမှ လိုအပ်သော သဘောတူညီချက်များ၊ အကူအညီများ၊ စီပွားရေးဆိုင်ရာ အဆက်အသွယ် များကို စီမံခန့်ခွဲမှု(Procurement Management)

အထက်ဖေါ်ပြပါ နည်းဗျုဟာ စီမံခန့်ခွဲမှုများသည် Project Management တစ်ခုတည်း အတွက်သာ ဖြစ်ပါသည်။ မိမိတို့ လုပ်ကိုင်နေသော အလုပ်များ အဆင်ပြေရန် အလို့ငှာ စနစ်ကျသော နည်းများဖြင့် ချဉ်းကပ်ရန် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြရန်..

စီမံခန့်ခွဲမှု နည်းပညာ


စီမံခန့်ခွဲမှု နည်းပညာတွေ က အများကြီးပါ။ မိမိကိုယ်ကို ကိုယ်တိုင်စီမံ ခန့်ခွဲမှု၊ အိမ်ထောင်ရေးစီမံခန့်ခွဲမှု ကနေ Project အသေး အငယ် အလတ် အကြီး စီမံခန့်ခွဲမှု၊ အသင်းအဖွဲ့ စီမံခန့်ခွဲမှု၊ နိုင်ငံတော် ကို အုပ်ချုပ် စီမံခန့်ခွဲမှုထိ ရှိတာပေါ့။ ဒီအကြောင်းတွေ ရေးဖို့ ဖန်လာတာက မြန်မာတွေ စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ လမ်းကြောင်းမှန်ကို သွားကြတော့မယ် ဆိုရင် ခေါင်းဆောင်ကောင်းတွေ ရှေ့ဆောင်လမ်းပြကောင်းတွေ နောက်လိုက်ကောင်းတွေ လိုလာပြီလေ။

ငယ်ငယ်ကတည်းက ထမင်းကို မိဘက ခွန့်ကျွေးတာကို အစားခံလာခဲ့၊ ကိုယ့်ဘဝရဲ့ ရှေ့အနာဂတ်လမ်းကြောင်းတွေကို မိဘတွေကပဲ ဆုံးဖြတ်ပေးခဲ့ ထိုကဲ့သို့သော မှီခိုရသော ပတ်ဝန်းကျင် အသိုင်းအဝိုင်း ယဉ်ကျေးမှုတွေ အောက်မှာ ကြီးပြင်လာခဲ့ကြတဲ့ မြန်မာလူမျိုးတွေမှာ တုံတိုက်တိုက် ကျားကိုက်ကိုက် အရေးကြီးတဲ့ ဆုံဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချရမဲ့ နေရာတွေမှာ အားနည်းနေတတ်ကြတယ်။ ဧဝရက်တောင်ထိပ်ကို စွန့်စွန့်စားစားတက်တဲ့ထဲမှာ မြန်မာတွေ မပါသေးဘူး။ ကမ္ဘာကြီးကို ကုန်းတတန်၊ ရေတတန် ပတ်တဲ့ထဲမှာ မြန်မာတွေ မပါသေးဘူး။ ကမ္ဘာကိုရင်ဘောင်တန်းနိုင်မဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ သိပ္ပံပညာရှင်ကြီးတွေ အရေအတွက်က လက်ချိုးရေစရာတောင် မရှိဘူး။ မြန်မာစာသင်ကျောင်းတွေမှာလည်း ပညာသင်ကြားရေးစနစ်က လိုအပ်ချက်တွေ လွဲချော်မှုတွေရှိနေတယ်။ ဆရာ ဆရာမတွေက တစ်နှစ် တစ်တန်း အတန်းပညာ အောင်မြင်ရေးကိုပဲ ဦးစားပေးတယ်။ အဲဒီတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ တစ်နေ့ ၂၄ နာရီရှှိတဲ့အထဲက မနက် မိုးလင်းကနေ မိုးချုပ် အထိ ကျောင်းစာနဲ့ပဲ လုံးပန်းရတယ်။ အားကစားတို့၊ ပတ်ဝန်းကျင်လေ့လာရေး ခရီးတို့ ဆိုတာ ဘယ်ရှိမလဲ။ ဒါတွေဟာ သူငယ်တန်း ကလေး ဘဝကနေ တက္ကသိုလ်ကျောင်းသား ဘဝရောက်တဲ့အထိ ဖြစ်ပျက်နေတာ။ ကျုရှင်ယူရတယ်၊ စာကျက်ဖို့တောင် လူငှားရတယ်ဆိုတော့ ကိုယ့်ကိုယ် ကို အားကိုးဖို့ စိတ်ဓာတ်တွေက ပျက်စီးနေပြီလေ။ ကျောင်းသူကျောင်းသားတွေမှာလည်း ကိုယ်ခံကြံခိုင်မှုတွေ အားနည်းကြတယ်။ နေ့စဉ် နွားနို့ ပုံမှန် သောက်နိုင်တဲ့ မြန်မာမိသားစုက အလွန်တရာ နည်းလွန်းတယ်။ ဒုတိယ ကမ္ဘာစစ်လောက် တုန်းက မြန်မာတွေ ခေါ်ခဲ့တဲ့ ဂျပန်ငပုဆိုတာ ယခုခေတ် မမှန်တော့ဘူး။ ယနေ့ ဂျပန်တွေ အရပ် ၅ပေကျော် ၆ပေ ပျမ်းမျှ ဝန်းကျင်မှာ ရှိကြတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ဂျပန်တွေ အစစ အရာရာ အမေရိကန်တွေ ကို မှီအောင် အစီအစဉ်ချ ကြိုးစားလာခဲ့ကြတာ ယနေ့ထက်တိုင်ပဲ။

အနောက်တိုင်းက၊ ဂျပန်က ကျောင်းတွေမှာ ငယ်ငယ်လေး ကတည်းက မိမိကိုယ်ကို စီမံခန့်ခွဲ အုပ်ချုပ်တတ်ဖို့ လေ့ကျင့်ပေးလာတာ ကြီးပြင်းလာတော့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့ဆိုတာက အလိုအလျောက် အခြေအနေတွေပေါ်မူတည်ပြီး ဦးဆောင်တတ်နေပြီ။ ခေါင်းဆောင်မှုကို ရင်းနှီး အကျွမ်းဝင်နေတဲ့ သူတွေအတွက်လည်း နောက်လိုက် လုပ်ဖို့ မခက်ဘူး။ ခေါင်းဆောင်ကောင်း ကို လေးစားတယ်။ ခေါင်းဆောင်က ချပြတဲ့ မူတွေကို နားလည်တယ်ပေါ့။ ခေါင်းဆောင်နဲ့ နောက်လိုက် သဟဇာတ မျှ ကြတယ်။ မြန်မာ လူမျိုးတွေ မှာ အလွန်တရာ စိတ်ပျက်ဖို့ ကောင်းတဲ့ ဝသီတစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာတွေ အချင်းချင်း ခွက်စောင်း ခုတ်ကြခြင်းပဲ။ ဘယ်နဲ့ ကိစ္စတစ်ခုခု ပေါ်လို့ ခေါင်းဆောင်တွေ ထွက်လာကြရင် တစ်ယောက်နဲ့ တစ်ယောက် ခွက်စောင်းခုတ် ခွတ်နေကြတာနဲ့ အဓိက ဦးတည်ချက် ရည်မှန်းချက်တွေ ကို မှန်မှန် ကန်ကန် မချနိုင်ကြတော့ဘူး။ ခေါင်းဆောင်းကောင်းတွေ ဖြစ်ဖို့ အပြင် နောက်လိုက်ကောင်းတွေဖြစ်ဖို့လည်း လိုပါတယ်။

မြန်မာပြည်မှာ စစ်တပ်က သင်ကြားပေးနေတဲ့ တက္ကသိုလ်ပညာရေး စနစ်နဲ့ အပြင်မှာ သာမန်ပြည်သူ ကျောင်းသူကျောင်းသားတွေ တက်ကြရတဲ့ တက္ကသိုလ်ပညာရေးစနစ် ဆိုပြီး ရှိပါတယ်။ စစ်တပ်က လေ့ကျင့်သင်ကြားပေးနေတဲ့ ပညာရေး စနစ်မှာ ရုရှားကို နယူကလီယားပညာ လေ့လာဖို့ လွတ်ထားတဲ့ လူတွေရှိတယ်။ တနှစ် တနှစ် ဂျပန် အစိုးရက စရိတ်စက အစစ အရာရာ တာဝန်ယူ သူ့နိုင်ငံခေါ်ပြီး ပညာရေး နယ်ပယ်တော်တော်များများကို သင်ကြားပေးနေတာလည်း ရှိတယ်။ ဂျပန် အစိုးရ က ငွေကြေးအင်အားတောင့်တင်း ခိုင်မာတော့ မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ ပညာရေးမှာ အကူအညီတွေ ပေးပါတယ်။ ဒါပေမယ့် ဂျပန်မှာ ပညာ သင်ကြားနိုင်ဖို့ အခွင့် အရေး ရကြတာက စစ်တပ်နဲ့ ပတ်သက်တဲ့ လူတွေပဲ ရကြလေ့ ရှိတယ်။ သာမန် အပြင်တက္ကသိုလ်တွေက ထွက်လာတဲ့ ဘွဲ့ရလူငယ်တွေ အတွက် ဘဝအာမခံချက် အလုပ်အကိုင် ဘာမှ မရှိဘူး။ တက္ကသိုလ်က ပြီးတဲ့ ကျောင်းသားတစ်ယောက် အင်္ဂလိပ် စာကို အဆင်ပြေ ချောမွေ့အောင် မရေးတတ်ဘူး။ အင်္ဂလိပ်စကားပြော မကောင်းတာတော့ ထားပါတော့။ တိုင်းပြည် ကမှ တော်တဲ့ အင်္ဂလိပ်ဆရာ ဆရာမတွေကို မငှားနိုင်တာ။ ဒါတောင် ဗိုလ်ချုပ်အောင်ဆန်း၊ အဓိပတိ ဦဘမော်တို့ဆိုတာ အင်္ဂလိပ်စကားပြော ကို ကိုယ်တိုင်လေ့ကျင့်လာတဲ့ သူတွေ။ နိုင်ငံရေးမှာ နိုင်ငံခြားသားတွေနဲ့ သူတတင် ကိုယ်တတင် ပြောနိုင်ကြတဲ့ သူတွေ။ အင်္ဂလိပ်စကားမှာ အပြောအဆို လေယူလေသိမ်းက လိုသေးတာကိုး။ ပဲခူးဆောင်မှာ နေတုန်းက ဗိုလ်ချုပ်နေခဲ့တဲ့ အခန်းနဲ့ ကပ် နေရလို့ တခါတရံ ဗိုလ်ချုပ်ကို အာရုံသွင်း သူနေခဲ့တဲ့ အခန်းထဲက အင်္ဂလိပ်စာအုပ်ကိုကြည့်ပြီး အင်္ဂလိပ်စာ သူလိုဖြစ်မဟေ့လို့ ကိုယ့်ကိုယ် ကို ကြိမ်းဝါးခဲ့တာပေါ့။ ဒါတောင် William Ernest Henley ရဲ့ Invictus ကဗျာကို ဗိုလ်ချုပ်ဘာသာပြန်ခဲ့တဲ့ အနိုင်မခံ ဆိုတဲ့ ကဗျာကိုကြည့်ပြီး ကိုယ်ကိုယ်တိုင် ဘာသာပြန်ဆို ဗိုလ်ချုပ်လို့ ကောင်းမွန်ပြည့်စုံပြီး မာန်ပါအောင် ပြန်တတ်မှာ မဟုတ်ဘူး။

အဲဒီတော့ နောက် ၁၀နှစ် တိုင်းပြည် အုပ်ချုပ်ဖို့ လူတွေ တက်လာကြ၊ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ယှဉ်ပြိုင်မှုတွေ လုပ်လာကြတဲ့ အခါ စစ်တပ်က ထွက်လာမဲ့ လူတွေ ရှိမယ်။ စစ်တပ်မဟုတ်တဲ့ တက္ကသိုလ်ပညာရေးက ထွက်လာမယ့် လူတွေရှိမယ်။ ဒါပေမယ့် အပြင် တက္ကသိုလ်ပညာရေးက ထွက်လာမယ့် လူတန်းစားက ပညာရေးမှာ အားနည်းနေတယ်။ ပညာရေးဆိုတာ အရေးကြီးတယ်။ အဆင့်အတန်း မြင့်မားတဲ့ ပညာရေး အခြေခံအုပ်မြစ် မရှိပဲနဲ့ နိုင်ငံကို ဘယ်လို ဦးဆောင်မလဲ။ ဘယ်လို အုပ်ချုပ်မလဲ။ စစ်တပ်ပညာရေးမှာ အနည်းဆုံး စစ်တပ်ဆန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံကို သင်ကြားပေးတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ပြီး ယနေ့ လူငယ်တွေ ဒီမိုကရေဒီဆန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံတွေ၊ ခေါင်းဆောင်မှုနည်းပညာတွေ၊ မြန်မာ ပြည်မှာ လေ့လာလို့ မရတဲ့ နိုင်ငံရေးသိပ္ပံပညာတွေကို လေ့လာဖို့ လိုအပ်နေပြီ။ နိုင်ငံတကာနဲ့ ဆက်သွယ် ပြောဆိုဖို့ ဘာသာစကားတွေကို လေ့လာဖို့လည်း လိုပါသည်။ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် အစရှိတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ နိုင်ငံရေးသိပ္ပံပညာတွေကို လေ့လာ၊ ခေါင်းဆောင်တွေ ထွက်လာပြီး စည်းကမ်းရှိရှိ နည်းပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးပညာတွေနဲ့ မြန်မာနိုင်ငံကို စစ်အစိုးရဆီက ပြန်ယူရမည်။ ထို့အတူ ဒီမိုကရေစီနိုင်ငံကြီးတွေဆီကလည်း မြန်မာပြည်အတွက် ရှေ့အနာဂတ် ဒီမိုကရေစီခေါင်းဆောင်တွေကို မွေးထုတ်ပေးဖို့ အကူအညီတွေအများကြီးလိုပါတယ်။ မြန်မာနိုင်ငံကို စီပွားရေးပိတ်ဆို့လာသည်နှင့် အမျှ မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပြည်ပထွက် ရှာကြရပါသည်။ မြန်မာပြည် စစ်အစိုးကလည်း နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ ထံမှ အဆမတန် အခွန် တောင်းခံခြင်းဖြင့်သော်၎င်း၊ တရုတ် အန္ဒိယ အိမ်နီးချင်းနိုင်ငံများဖြင့် စီးပွားရေး ကူလူဖလှယ်ခြင်းဖြင့်သော်၎င်း စီးပွားရေး ပိတ်ဆို့မှုကို ဖြုံမည် မဟုတ်ပါ။ ထိုကဲ့သို့သော အခြေအနေတွင် စီမံခန့်ခွဲမှု နည်းပညာ၊ ခေါင်းဆောင်မှုနည်းပညာများသည် မြန်မာလူမျိုးများ ပျက်ဆီးနေသော စီတ်ဓာတ်ကို ပြန်လည် ပြင်ဆင်ပေးဖို့ တဖက်တလမ်းမှ အထောက်အကူ ပြုပါလိမ့်မည်။ မည်သူမျှ မွေးလာကတည်းက ထိုပညာများကို မတတ်ပါ။ လေ့ကျင့်ယူကြရသည်။

စီမံခန့်ခွဲမှု နည်းပညာ နဲ့ ခေါင်းဆောင်မှုကို မြန်မာပြည်သား လူငယ်များ လေ့လာနိုင်စေရန် အလို့ငှာ Project Management Institute မှာ ပြဋ္ဌာန်းသော Project စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ဖေါ်ပြသွားပါမည်။


အနန္တမေတ္တာဖြင့်
ဘကောင်း

Eternally Unforgiven - ကမ္ဘာမကြေဘူး


မနေ့က ဂျပန်သတင်းထောက် တစ်ယောက်က လိုချင်ပါတယ် ရှာပေးပါဆိုလို ကိုဝင်းကျော်ကို အကူအညီတောင်းပြီး အမ်ပီသရီး ဖိုင်ကို ပို့ပေးလိုက်တယ်။ မပို့ခင် နားထောင်ရင်းနဲ့ အရှိုက်ကို လာထိတာနဲ့ ငါတော့ မဖြစ်ချေဘူး ဆိုပြီး အာရုံလွှဲတဲ့ အနေနဲ့ အင်္ဂလိပ်လို ဘာသာ ကောက်ပြန်လိုက်တာ။ လူမျိုးခြားတွေ လည်း ဖတ်ပြီး နားလည်အောင်လို့ပါ။ အာဘော် နဲ့ ဟန်ကတော့ ကျွန်တော့် ဟန်ပါ။ အဆင်သင့်သလို ဘာသာပြန်ယူလို့ ရပါတယ်။

http://bakaung.googlepages.com/EternallyUnforgiven.pdf
http://bakaung.googlepages.com/01-kabar-ma-kyay-bu.mp3